“၅ မိနစ်.....”
လွန်ခဲ့ တစ်လ လောက်က..အမျိုးသမီးက ဆံပင်ညှပ်၊ခေါင်းလျှော်ဖို
့သွားတာကို လိုက်ပို့ ဖြစ်ခဲ့ တယ်။ ၄၅မိနစ်/တစ်နာရီ ကြာတော့ 
အမျိုးသားတို့ ထုံးစံအတိုင်း ထိုင်စောင့် ရတာ တော်တော် ပျင်းလာတယ်။ဒါနဲ
့ ပြန်ချင်တာ ဖင်တကြွကြွ ဖြစ်လာတာပေါ့ . သူကတော့  အေးအေးပဲ။ ဒါနဲ “့အရင်
ပြန်နှင့် မယ်.. ဘယ်လောက် လိုသေးသလဲ” လို့ မေးတော့  ..”၅ မိနစ်ဆို
ပြီးပါပြီ”..တဲ့။ အစက ပြန်တော့မလို့ စဉ်းစားတာ၊ဒါပေမယ်
့နေ့ လည်က ဖတ်ခဲ့ရတဲ့ ရုရှက မိသားတစ်စု သတင်းလေး သတိရလို့ ..
မပြန်ဖြစ်တော့ ဘူး။ကိုယ် ရဲ့ မရှည်တဲ့ ”စိတ်” ကို သတိထား မိပြီး
အေးအေးဆေးဆေး ဆက်စောင့် ဖြစ်ခဲ့တယ်...
အဲဒီ ရုရှသတင်းလေးက..မိသားစုတစု
အကြောင်းပါ။ ၆ နှစ်သားအရွယ် သားလေးကို အမေက ကြက်တူရွေးပုံစံ
အမောက်ချွှန်ချွှန် နဲ့ ဆံပင် ညှပ်ပေးလို့  ဖခင်ဖြစ်သူနဲ့  စကားများပြီး
ဖခင်က မိသားစု ၅ ယောက်လုံးကို သတ်ပစ်လိုက်တာတဲ့ ။ အဲဒီအချိန်က
ဘယ်လောက် ဒေါသထွက်နေသလဲဆိုတာ စဉ်းစားကြည့်ပေတော့။ သူလဲ နောက်တော
့သွေးအေးအေးနဲ့  ပြန် စဉ်းစားပြီး မဖြစ်စလောက် ကိစ္စလေးကနေ အကြီးကြီး
ဖြစ်သွားတာကို အခုဆို နောင်တ ရနေလောက်ပြီ.....
အခုလဲ ကျနော် တို့ ကိစ္စ လေးက တကယ် အသေးအမွှားလေး။ဒါပေမယ့်  “ဒီ ၅မိနစ်” ကို ကျနော်က မစောင့် ဖြစ်ပဲ ပြန်သွားခဲ့ ရင် သူကလဲ အပြစ်တင်ကောင်း တင်မယ်၊ ကိုယ်ကလဲ ဒီလောက်ကြာရသလား လို့  ပြန်ပြောကောင်း ပြောမယ်၊ ဒီလို ပြောရင်းဆိုရင်း နဲ့  စကားများရင် များ သွားနိုင်တယ်..ဘာမှ မဖြစ်လောက်တဲ့  ၅မိနစ်က ပြသနာ ဖြစ်ကောင်း ဖြစ်သွားနို်င်တယ်..
ကျနော်ထင်တယ်..မိသားစုအတွင်း
ကတောက်ကဆ ဖြစ်တဲ့ တချို့ ကိစ္စတွေက "အမှိုက်က “စ” ပြာဿဒ် မီးလောင်” ဆိုသလို
အသေးအမွှားလေးကနေ အကြီးအကျယ် ဖြစ်သွားကြတာ .လို့။ဒါနဲ့ ဆက်စပ်ပြီး. EQ
ထဲမှာပါတဲ့  Self-awareness(ကိုယ့် စိတ် မှာ ဖြစ်နေတာကို သတိထားမိတာ) နဲ့ 
Self-Control ( မိမိကိုယ်ကို ထိမ်းချုပ် နိုင်တာ) ဟာ တော်တော်
အရေးကြီးတာပါလား.. လို့ ကျနော်တော့ တွေးမိတယ်...
လွန်ခဲ့ တစ်လ လောက်က..အမျိုးသမီးက ဆံပင်ညှပ်၊ခေါင်းလျှော်ဖို
အဲဒီ ရုရှသတင်းလေးက..မိသားစုတစ
အခုလဲ ကျနော် တို့ ကိစ္စ လေးက တကယ် အသေးအမွှားလေး။ဒါပေမယ့်  “ဒီ ၅မိနစ်” ကို ကျနော်က မစောင့် ဖြစ်ပဲ ပြန်သွားခဲ့ ရင် သူကလဲ အပြစ်တင်ကောင်း တင်မယ်၊ ကိုယ်ကလဲ ဒီလောက်ကြာရသလား လို့  ပြန်ပြောကောင်း ပြောမယ်၊ ဒီလို ပြောရင်းဆိုရင်း နဲ့  စကားများရင် များ သွားနိုင်တယ်..ဘာမှ မဖြစ်လောက်တဲ့  ၅မိနစ်က ပြသနာ ဖြစ်ကောင်း ဖြစ်သွားနို်င်တယ်..
ကျနော်ထင်တယ်..မိသားစုအတွင

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။