Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 4, 2016

နားလည်မှုနဲ့ စွဲမြဲတဲ့အိမ်ထောင်ရေး (၂)

နားလည်မှုနဲ့ စွဲမြဲတဲ့အိမ်ထောင်ရေး (၂)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အိမ်ထောင်ရှင်မဆိုတော့ အပျိုတုန်းကလောက် မိမိကိုယ်ကိုပြင်ဆင်ဖို့ အချိန်မရတော့ပေမယ့် ကလေးတွေအရွယ်ရလာရင် ရလာသလို တပတ်တရက် ၊ နှစ်ရက် (အထူးသဖြင့် ခင်ပွန်းရုံးပိတ်ရက်တွေမှာ) အပျိုတုန်းကလို ပြင်ပြင်ဆင်ဆင် လန်းလန်းဆန်းဆန်းလေးနေပြီး ခင်ပွန်းနဲ့ မိသားစုအတူ နေ့လည်စာ ၊ ညနေစာ ဈေးဝယ်ထွက်ရင်း စားနိုင်ဖို့ မိသားစုအချိန်ဆိုတာလေးကို ဖန်တီးပါ။ ဘယ်မှမထွက်လည်း ခင်ပွန်းအကြိုက်တွေ ဒီရက်ကလေးမှာ ဂရုတစိုက် လုပ်ကျွေးနိုင်ဖို့ ကြိုးစားပါ။ အပတ်စဉ်မဟုတ်တောင် တပတ်ခြား ၊ နှစ်ပတ်ခြား တခါလိုမျိုး ခင်ပွန်းအကြိုက် အလိုက်သိစွာချက်ကျွေးပါ။ ဒါတွေဟာ ကိုယ်သူ့ကို ဂရုစိုက်တုန်း ၊ သူ့အကြိုက်တွေကို မမေ့မလျော့ သိနေတုန်း ၊ ဖြည့်ဆည်းဖို့ ကြိုးစားနေတုန်းဆိုတာကို ပြောတာထက်ပိုသိစေတယ်လေ။
 
အလုပ်ကလည်းမအား ၊ အိမ်အလုပ်တဖက် ၊ သားသမီးတာဝန် ၊ ခင်ပွန်းတာဝန်တွေနဲ့ မအားလပ်ပေမယ့် ခင်ပွန်းနဲ့ ညအိပ်ရာဝင်ချိန်မှာ တပတ်တစ်ကြိမ်လောက်တော့ဖြင့် ကိုယ်လက် နှိပ်နယ်ပေးလို့ သူ့စိတ်ကို ဖြေဖျောက်မှုတွေပေးပါ။ ဒီအချိန်ဟာ ရှေးဟောင်းနှောင်းဖြစ်တွေ ၊ ဟာသတွေ ပြောဖို့အကောင်းဆုံးအချိန်ပဲ။ လက်ရှိတွေ့ကြုံနေရတဲ့ နေ့တဓူဝဟာသလေးတွေ ၊ သူနဲ့ကိုယ်ရဲ့ အတိတ်က ဟာသလေးတွေ ပြန်ပြောင်းပြောရင်း နှစ်ဦးဆက်ဆံရေး နွေးထွေးမှုထိန်းသိမ်းနိုင်အောင် ကြိုးစားပါ။
 
မယားဝတ္တရားအရ ကိုယ်စိတ်ပါသည်ဖြစ်စေ ၊ စိတ်မပါသည်ဖြစ်စေ ခင်ပွန်းစိတ်ပါတဲ့အချိန်မှာဖြစ်ဖြစ် ၊ မစပ်ယှက်တာ ကြာလာရင်ပဲဖြစ်ဖြစ် သူ့သွေးသားဆန္ဒဆိုတာကို အလိုက်တသိ ဖြေထုတ်ခွင့်ပေးပါ။ ကိုယ့်ဆီမဖြေထုတ်ရင် တခြားမှာ သွားဖြေထုတ်နိုင်တာကို သတိချပ်ပါ။ အသက်တွေရလာပေမယ့် ၊ အိမ်ထောင်သက်ကြာလာပေမယ့် ကာမဆန္ဒဟာလည်း လူ့ဆန္ဒတခုပေပဲမို့ လူ့သက်တမ်းအိုမင်းလို့ မနိုင်တော့တဲ့အထိတော့ ဆက်တည်နေဦးမှာပဲလေ။
 
ကလေးတွေအကြောင်း ၊ ကိုယ့်အကြောင်း အကောင်းအဆိုး မျှမျှတတ ဖြစ်ပျက်နေတာကို အိမ်ထောင်ဦးစီးဖြစ်တဲ့ သူသိထားအောင် ပြောတတ်ဖို့လည်း လိုပါတယ်။ စိတ်ဖိစီးစရာကြီးပဲတော့ ဘယ်သူမှ မကြားချင်ဘူးလေ။ ကလေးတွေရဲ့ကောင်းကွက်ကလေးတွေလည်းပြော ၊ ကိုယ်တွေကြုံနေတဲ့ အခက်အခဲတွေလည်း သူနားလည်အောင် ပြောပြတတ်ဖို့လိုပါတယ်။ ဒါတွေက အိမ်ရှင်မတွေရဲ့ စကားပရိယာယ်အပေါ် မူတည်ပြီး အိမ်ထောင်ဦးစီးရဲ့ စိတ်နှလုံးကို ဆွဲဆောင်ထိန်းသိမ်းထားနိုင်ပါတယ်။
နောက်ဆုံးမှာ ကိုယ်ဟာ ကိုယ့်နုပျိုမှုတွေကို ဒီမိသားစုအတွက် ဘယ်နှစ်နှစ်တာ ပေးဆပ်ထားခဲ့လို့ ဘယ်လိုရုပ်ဖြစ်သွားပြီ ၊ ဘယ်လိုကိုယ်ဖြစ်သွားပြီဆိုတာ ကိုယ့်ခံစားမှုအတိုင်းလည်း မျှဝေနိုင်ပါတယ်။ ဒါမှလည်း ဒီမိသားစုအတွက် ကိုယ့်ပေးဆပ်မှုတွေကို သူသတိထားမိလာမှာပါ။ သူလည်း အရင်လိုရုပ်သွင်မဟုတ်တော့သလို ကိုယ်လည်း အရင်လိုရုပ်သွင်မဖြစ်တော့တာဟာ သဘာဝပါ။ ဘယ်သူမဆို အိုမှာ ၊ နာမှာ ၊ သေမှာပဲလေ။ အိုသွားလို့ ၊ နာလာလို့ ဆိုပြီး မအို ၊ မနာသေးတဲ့ အပျို လေးတွေနဲ့ အပျော်ထွက်ရှာတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ သူယုံကြည်မှ သူဟာ ပြင်ပမှာ အပျော်ရှာတာမျိုးတွေ မရှိတော့မှာဖြစ်ပါတယ်။
 
 မေတ္တာတရားနဲ့ တည်ဆောက်ခဲ့တဲ့ ဒီအချစ်ရိပ်မြုံလေး ကာလတွေ ကြာသထက်ကြာအောင် မြဲမြံဖို့ဆိုရင် သစ္စာတရားနဲ့ ဆက်တည်ဆောက်ပါမှ ဒီအသိုက်အမြုံထဲက ခင်ပွန်းလည်းပျော်မယ် ၊ ဇနီးလည်းပျော်မယ်။ သားသမီးတွေလည်းပျော်နိုင်မှာဖြစ်ပါတယ်။ မိရင်း ၊ ဖရင်း သွေးသားရင်ထက် ဘယ် မိထွေး ၊ ပထွေးမှ မကောင်းနိုင်ဘူးလေ။ ဘယ်သူတရားပျက်ပျက် ကိုယ်တရား မပျက်ဖို့ပိုအရေးကြီးပါတယ်။ သူ့အရိပ်သူ့နောက်လိုက်မှာဖြစ်ပြီး ကိုယ့်အရိပ် ကိုယ့်နောက်လိုက်မှာဖြစ်ပါတယ်။
သူ့ရဲ့ နုပျိုမှုတွေ ဝါးမြိုစားခဲ့တဲ့ကိုယ် ၊ ကိုယ့်သွေးသားတွေကို ပြုစုပျိုးထောင်ရင်း အလှပျက်ပြယ် လာတဲ့သူကို မလှတော့လို့ ၊ နှစ်လိုဖွယ်မရှိတော့လို့ အလန်းလေးတွေနဲ့ ပျော်ပါးနေတယ်ဆိုတာ ဖြစ်သင့်ပါရဲ့လား ။
 
ဒါတွေလုပ်နေတဲ့ကိုယ်ဟာ လူ့ကျင့်ဝတ်အရရော ၊ ဘာသာတရားအဆုံးအမအရရော မိသားစု အပေါ်မှာ တရားပါရဲ့လား။ အချိန်မနှောင်းခင် ပြင်နိုင်ပါတယ်။ ဇနီးနဲ့သားသမီးတွေက ကိုယ့်ကို အိမ်ထောင့်ဦးစီးအဖြစ် မှီခိုအားထားနေရတာလေ။
 
ကိုယ်မရှိရင်လည်း အဆင်ပြေပါတယ် ၊ အဆင်ပြေမှာပါလို့ တွေးထင်နေတဲ့ သူနဲ့ကိုယ်ဟာ ကိုယ်ဆိုတဲ့ အိမ်ထောင်ဦးစီးမရှိရင် ဒီကလေးတွေရဲ့စိတ် ၊ ခံစားချက် ၊ ဒီမိသားစုတွင်းက ပျော်ရွှင်မှုတွေဟာ ဘယ်လိုဖြစ်သွားမလဲ ပြန်သုံးသပ်လို့ မိမိ မိသားစုသာ မိမိအတွက် အကောင်းဆုံး ရဲဘော်ရဲဘက်တွေပါလို့။
Credit : ရတု (Burmesehearts.com)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။