ကြောက်စိတ်။
တမနက်မှာ.အိမ်နားနီးချင်းတေ ယာက်ရဲ့သား.(၁၀)တန်းကျောင်း သားလေးတယောက်က.ကျနော့်ကို.ေ မးခွန်းတခုမေးလိုက်ပါတယ်။.သူနာမည်ကို.မောင်ဇော်လို့.အတိုကောက်ခေါ်ရအောင်။
မောင်ဇော်..."ဦးလေး.ကြောက် စိတ်ဆိုတာ.ဘာကြောင့်ဖြစ်ရသလဲ။.ကြောက်စိတ်မရှိအောင်.ဘယ် လိုလုပ်ရမလဲ"တဲ့။
ကျနော်.သူ့မေးခွန်းကို.ဖြေဖို့အတော်ခေါင်းစားသွားပါတယ် ။.သူ့မျက်နှာကြည့်လိုက်တော့ .ကျနော့်ကို.နောက်ပြီးမေးတာ မဟုတ်ပဲ.တကယ့်ကိုသိချင်နေတဲ့ အမူအရာဖြစ်နေတာကို.တွေ့ရတယ်။.ကျနော်အနေနဲ့.ကိုယ့်ကိုအားကိုးတကြီးနဲ့မေးလာတဲ့လူငယ်တယောက်ကို.လက်လွတ်စပယ်.ရမ်းသမ်းနမဖြေချင်သလို.လွယ်လွယ်ကူကူစကားနဲ့ပဲရှင်းပြဖို့. အချိန်ယူရမှာမို.ညနေကျမှ.မင်းအိမ်လာခဲ့မယ်လို့ပြောလိုက်ပါတယ်။
ညနေကျတော့.သူ့အိမ်ရောက်သွား တယ်။.သူ့မိဘတွေနဲ့ခနစကားပြောပြီး.သူနဲ့စကားပြောပါတယ်။
ကျနော်..."အေး.မနက်က.မင်းမေးလိုက်တဲ့မေးခွန်းအကြောင်းေ ပြာကြရအောင်။.အဲဒီမေးခွန်းေ လးပြန်ပြောစမ်းပါအုံး"
မောင်ဇော်..."ကျနော်.သိချင် တာက.ကြောက်စိတ်ဘာကြောင့်ဖြစ်လာတာလဲ။.ကြောက်စိတ်.မဖြစ်ေ အာင်.ဘယ်လိုကာကွယ်ရမလဲဆိုတာ ပါ"
ကျနော်..."အေး.မင်းရဲမေးခွန်းကို.မဖြေခင်.ဦး.မေးခွန်း တခု.အရင်မေးမယ်ကွာ။.ဟုတ်ပြီ လား"
မောင်ဇော်..."ဟုတ်ကဲ့။.မေးပါ.ခင်ဗျာ"
ကျနော်..."ဒီလိုကွာ။.အခု.မင်းနေတဲ့လမ်းမတော်ကနေ.မင်း.အ င်းစိန်က.မင်းတက်နေတဲ့ကျောင်းကို.သွားရမှာ.ကြောက်သလား"
မောင်ဇော်.."ဟာ.ဦးလေးကလဲ.လုပ်ပြီ။.သား.အဲဒီကို.နေ့တို င်းကျောင်းတက်နေတာပဲ။.ဘာလို့ .ကြောက်ရမှာလဲ"
ကျနော်..."ဘာလို့မကြောက်တာလဲ"။.သူခနတွေဝေသွားပြီး.ချက် ခြင်းပြန်ဖြေပါတယ်။
မောင်ဇော်..."ဘာကြောက်စရာရှိလို့လဲ။.အဲဒီကျောင်းအသွား. အပြန်လုပ်နေတာ.နှစ်နဲ့ချီကြာပြီမို့.အဲဒီလမ်းကို.ညဖြစ် ရင်တောင်.မျက်စိမှိတ်လမ်းလျှောက်ရဲတယ်လေ"
ကျနော်..."ဟုတ်ပါပြီ။.နောက် မေးခွန်းတခုထပ်မေးမယ်ကွာ။.မ င်းကို.ညမှောင်မှောင်မှာ.လေ ယဉ်တစင်းပေါ်ကနေ.လေထီးနဲ့ခုန်ချခိုင်းရင်.မကြောက်ဖူးလား "
မောင်ဇော်..."ဟာ.ဦးလေးကလဲ. ကြောက်တာပေါ့ဗျ။.သားက.လေထီး နဲ့.တခါမှ.မခုန်ဆင်းဘူးတာ။. နောက်ပြီး.ညအမှောင်ကြီးထဲမှာ.ခုန်ချရမှာဆိုတော့.အောက်ေ ရာက်ရင်.ဘာရှိမှန်းမသိဘူး။. ကျောက်တုံးကြီးပေါ်ကျပြီး.ြေ ခလက်ကျိုးရင်.ကျိုးမယ်။.သေချင်သေမယ်။.ဒါမှ.မဟုတ်.ပင်လယ်ထဲကျပြီး.ရေနစ်သေချင်သေမယ် ။.သား.က.ရေမကူးတတ်ဘူးဗျ"
ကျနော်...အဲဒါတွေဟာ.မင်းမေး ခွန်းရဲ့အဖြေတွေပဲလေ"
မောင်ဇော်..."ဟာ.ဦးလေးကလဲ. ကျနော်မရှင်းဘူးဗျ"
ကျနော်...."ဒီလိုကွ။.မင်း.အ င်းစိန်ကို.သွားဖို့မကြောက် တာ.အဲဒီကိုသွားတဲ့လမ်းကြောေ တွကို.ကျွမ်းနေလို့လေ။.မင်း .လေထီးခုန်ဆင်းရမှာ.ကြောက်တာ.လေထီးခုန်ဆင်းလိုက်လို့.ေ အာက်မှာ.ဘာရှိတယ်။.ဘာဖြစ်မယ်မသိလို့.မဟုတ်လား"
မောင်ဇော်..."အော်.ဟုတ်ကဲ့။ .ကြောက်စိတ်ကိုသိပါပြီ။.အဲဒါ.မဖြစ်အောင်.ဘယ်လိုလုပ်ရမှာလဲ"
ကျနော်...မင်း.ဖြစ်လာမှာတွေ ကို.ကြိုတင်စဉ်းစာထားပြီး.ြ ကုံလာမဲ့အခက်အခဲတွေကို.ဖြေရှင်းဖို့နည်းလမ်းရှာ.လေ့ကျင့်ရမယ်လေ။.လေထီစစ်သားတွေလဲ. လေယဉ်ပေါ်က.ခုန်ချရဲအောင်.အထ ပ်ထပ်အခါခါကျင့်ရသလိုပေါ့"
မောင်ဇော်..."ဟုတ်ကဲ့။.ကျနော်.သဘောပေါက်ပြီ.ဦးလေး"
ကျနော်..."အခုမှ.သတိရတယ်။.မ င်းအဖေက.ဦးကို.ပြောဖူးတယ်။ .မင်း.အခုလာမဲ့.၁၀တန်းစာမေး ပွဲကြီးဖြေရမှာကို.သိတ်ကြော က်နေတယ်တဲ့။.ဟုတ်လား"
မောင်ဇော်..."ဟုတ်ပါတယ်.ဦး လေး။.ကျနော်.စာမေးပွဲဖြေရမှာ.သိတ်ကြောက်နေတယ်။.စာမေးပွဲမေးခွန်းတွေကို.မဖြေနိုင်လို့.စာမေးပွဲကျမှာ.သိတ်ကြော က်နေခဲ့တာပါ။.အခု.ကျနော်.မေ ကြာက်တော့ပါဘူး"
ကျနော်..."ဟေ.ဘာဖြစ်လို့လဲကွ"
မောင်ဇော်..."စောစောက.ဦြးေ ပာခဲ့တဲ့လေထီးစစ်သားတွေ.လေ့ ကျင့်သလိုပေါ့။.ကျနော်.ဒီနေ့ ကစပြီး.စာတွေကို.သေချာလုပ် တော့မယ်။.စာမေးပွဲအတွက်.အထပ်ထပ်အခါခါ.လေ့ကျင့်ပြင်ဆင်ဖို့.ဆုံးဖြတ်လိုက်လို့ပါ။.ဦးလေးကိုလဲ.အများကြီး.ကျေးဇူးတင်ပါတယ်.ခင်ဗျ"
ကျနော်.သူမိဘတွေကို.နူတ်ဆက် ရင်း.ကျနော့်အိမ်ကို.စိတ်ရွှ င်လန်းတက်ကြွစွာနဲ့.ပြန်လာခဲ့ပါတယ်။.လူငယ်လေးတယောက်က.ကိုယ်ပြောပြ.ရှင်းပြတာကို.သေ ဘာပေါက်နားလည်သွားတာမို့.စိ တ်ထဲမှာလဲ.ပီတိဖြစ်သွားမိတယ်။
ဗန်းမော်သိန်းဖေ
၂၀၁၆၊ဇန္နဝါရီ(၄)ရက်
တမနက်မှာ.အိမ်နားနီးချင်းတေ
မောင်ဇော်..."ဦးလေး.ကြောက်
ကျနော်.သူ့မေးခွန်းကို.ဖြေဖ
ညနေကျတော့.သူ့အိမ်ရောက်သွား
ကျနော်..."အေး.မနက်က.မင်းမေ
မောင်ဇော်..."ကျနော်.သိချင်
ကျနော်..."အေး.မင်းရဲမေးခွန
မောင်ဇော်..."ဟုတ်ကဲ့။.မေးပ
ကျနော်..."ဒီလိုကွာ။.အခု.မင
မောင်ဇော်.."ဟာ.ဦးလေးကလဲ.လ
ကျနော်..."ဘာလို့မကြောက်တာလ
မောင်ဇော်..."ဘာကြောက်စရာရှ
ကျနော်..."ဟုတ်ပါပြီ။.နောက်
မောင်ဇော်..."ဟာ.ဦးလေးကလဲ.
ကျနော်...အဲဒါတွေဟာ.မင်းမေး
မောင်ဇော်..."ဟာ.ဦးလေးကလဲ.
ကျနော်...."ဒီလိုကွ။.မင်း.အ
မောင်ဇော်..."အော်.ဟုတ်ကဲ့။
ကျနော်...မင်း.ဖြစ်လာမှာတွေ
မောင်ဇော်..."ဟုတ်ကဲ့။.ကျနေ
ကျနော်..."အခုမှ.သတိရတယ်။.မ
မောင်ဇော်..."ဟုတ်ပါတယ်.ဦး
ကျနော်..."ဟေ.ဘာဖြစ်လို့လဲက
မောင်ဇော်..."စောစောက.ဦြးေ
ကျနော်.သူမိဘတွေကို.နူတ်ဆက်
ဗန်းမော်သိန်းဖေ
၂၀၁၆၊ဇန္နဝါရီ(၄)ရက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။