Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 4, 2016

သင့်အတွေးများကြောင့် ဖြစ်ပေါ်လာသော သင့်ကျန်းမာရေး

သင့်အတွေးများကြောင့် ဖြစ်ပေါ်လာသော သင့်ကျန်းမာရေး
----------------------------------------------------------------

#ဟိုဟိုဒီဒီ_တွေးတောခြင်းကြောင့်
#ဖြစ်နိုင်ခြေ ။ ။ အသက်ရှူမြန်ခြင်း

လမ်းမှာ ကားပိတ်နေတဲ့အခါ လူက ထိုင်နေ၊ ရပ်နေပေမယ့် စိတ်ကတော့ ဟိုဟိုဒီဒီ ပြေးလွှားနေမှာ အမှန်ပါ။ အဲ့ဒီအချိန်မှာ အလုပ်နောက်ကျတော့မယ်၊ ချိန်းထားတဲ့ချစ်သူဆီရောက်ဖို့ နောက်ကျတော့မယ်၊ အရေးကြီးတဲ့ ချိန်းဆိုမှုတွေ
နောက်ကျတော့မယ်ဆိုတဲ့စိုးရိမ်စိတ်တွေ ဖြစ်ပေါ်ရပါတယ်။ ဒီလိုနဲ့ ဒေါသစိတ်တွေလည်း ဖြစ်လာပါတယ်။ ဒေါသကြောင့် အသက်ရှူတွေမြန်ပြီး ပခုံးနဲ့ ၀မ်းဗိုက်ကြွက်သားတွေ တင်းမာလာပါတယ်။

#စိုးရိမ်သောကများကို_တွေးတောခြင်းကြောင့်
#ဖြစ်နိုင်ခြေ ။ ။ အစာအိမ်နာခြင်း

စိုးရိမ်သောကဖြစ်တာက ခန္ဓာကိုယ်ရဲ့ တချို့နေရာတွေပေါ် သီးခြားသက်ရောက်မှု ရှိပါတယ်။ စိုးရိမ်သောကတွေ ခံစားရတဲ့အခါ အစာစားချင်စိတ်မရှိတာ၊ ညဘက် အိပ်မပျော်တာ စတာတွေကြောင့် အစာအိမ်နာတာကို ခံစားရတာပါ။
တချို့တွေမှာ ခြေထောက်နာကျင်မှု ခံစားရတာမျိုး ဖြစ်တတ်ကြပါတယ်။

#၀မ်းနည်းစိတ်ဖြင့်_တွေးတောခြင်းကြောင့်
#ဖြစ်နိုင်ခြေ ။ ။ လည်ချောင်းနာခြင်း

ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့တဲ့အခါ လည်ချောင်းနာတာမျိုး သင်ခံစားဖူးမှာပါ။ အထူးသဖြင့် မိဘဆွေမျိုး ညီအစ်ကို မောင်နှမတွေထဲက တစ်စုံတစ်ဦး ကွယ်လွန်တဲ့အခါမျိုးမှာ ၀မ်းနည်းပူဆွေးမှုတွေ ခံစားကြရ
ပါတယ်။ တချို့လည်း ၀မ်းနည်းပူဆွေးနေမှု အရှိန်က ကြီးမားတာကြောင့် လည် ချောင်းနာတာကို သတိမမူမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

#ပြန်လည်သတိရ_တွေးတောခြင်းကြောင့်
#ဖြစ်နိုင်ခြေ ။ ။ ချွေးပြန်ခြင်း

အတိတ်မှာ ဖြစ်တည်ခဲ့တဲ့ ချစ်ခြင်းကို ပြန်လည်သတိရတာမျိုး သင်ကြုံဖူးမှာပါ။ ဒါပေမဲ့ အတိတ်ကို တသသ လွမ်းဆွတ်နေတာမျိုးကတော့ သက်သောင့်သက်သာ မဖြစ်နိုင်ပါဘူး။ ပျော်ရွှင်စရာ ကောင်းတဲ့အတိတ်နဲ့ လှပတဲ့နေ့ရက်တွေကို
ပြန်လည်ပြီး သတိရနေတာမျိုးက နွေးထွေးပြီး စိတ်အပန်းပြေစေပါတယ်။အတိတ်ရဲ့အရိပ်ဆိုးတွေရှိခဲ့ပြီး အဲ့ဒီအတိတ်ကို တသသဖြစ်နေတဲ့အခါ ချွေးပြန်လာတာ၊ ကြွက်သားတွေ တင်းလာတာတွေ ဖြစ်နိုင်ပါတယ်။ နာကျင်ခဲ့ရတဲ့ အ
တိတ်အကြောင်းတွေ ပြန်တွေးတာမျိုးကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

#မျိုသိပ်ထားသောဒေါသများကို_တွေးတောခြင်းကြောင့်
#ဖြစ်နိုင်ခြေ ။ ။ ခေါင်းကိုက်ခြင်း

တချို့ အခြေအနေတွေမှာ စိတ်ဆိုး ဒေါသထွက်ပေမယ့် မျိုသိပ်လိုက်ရတာမျိုးကြောင့် ခေါင်းကိုက်တာ ဖြစ်နိုင်ပါတယ်။ စိတ်ထဲမှာ တင်းထားတာကြောင့် ကြွက်သားတွေလည်း တင်းအားများလာတဲ့အပြင် ၀မ်းချုပ်တာလည်း ဖြစ်နိုင်ပါတယ်။
မကြာခဏ ဒေါသတွေ မျိုသိပ်ရပါများရင် ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။

#ရုတ်တရက်_ဒေါသပေါက်ကွဲထွက်ခြင်းကြောင့်
#ဖြစ်နိုင်ခြေ ။ ။ နှလုံးတိုက်ခိုက်ခံရခြင်း

ဒေါသတွေ မျိုသိပ်ရပါ များတာကြောင့် ကျန်းမာရေး ထိခိုက်နိုင်သလို အဲဒီမျိုသိပ်ထားရတဲ့ ဒေါသတွေ ရုတ်တရက် ပေါက်ကွဲထွက်တဲ့အခါမျိုးမှာ နှလုံးတိုက်ခိုက်ခံရနိုင်ပါတယ်။ ဒေါသဖြစ်ရတဲ့ အကြောင်းကို တွေးတောနေတာကြောင့် န
ှစ်အနည်းငယ်ကြာတဲ့အခါ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်လာတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

#အဆိုးမြင်စိတ်ဖြင့်_တွေးတောခြင်းကြောင့်
#ဖြစ်နိုင်ခြေ ။ ။ ပါးစပ်အနာဖြစ်ခြင်း

ပါးစပ်အနာဖြစ်တဲ့အခါ မြင်ရသူလည်း ကြည့်မကောင်းသလို ခံစားရသူအတွက်လည်း မသက်မသာဖြစ်ရပါတယ်။ ပါးစပ်အနာသက်သာဖို့အတွက် ၁၀-၁၄ ရက်ကြာတတ်ပြီး ဆိုးရွားပါက ဆေးဝါးကုသဖို့ လိုပါတယ်။ နာကျင်မှုကြောင့်
ဖျားနာတာမျိုးလည်း ခံစားရနိုင်ပါတယ်။ ပါးစပ်အနာဖြစ်စေတဲ့အကြောင်းတွေထဲက တစ်ခုက အဆိုးမြင်စိတ်တွေ ဖြစ်ပေါ်တဲ့အခါမျိုး၊ အမြဲတမ်း အဆိုးမြင်စိတ်ဓာတ်ရှိသူတွေမှာ တွေ့ရတတ်ပါတယ်။

#အားငယ်စိတ်ဖြင့်_တွေးတောခြင်းကြောင့်
#ဖြစ်နိုင်ခြေ ။ ။ နာတာရှည် စိတ်ဖိစီးမှု ခံစားရခြင်း

အဆိုးမြင်စိတ်ရှိသူတွေလိုပဲ စိတ်အားငယ်တတ်သူတွေဟာ နာတာရှည် စိတ်ဖိစီးမှုကို ခံစားရနိုင်ခြေများတယ်လို့ သိရပါတယ်။ စိတ်အားငယ်တာ ကြာရှည်လာတဲ့အခါ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကို ယိုယွင်းလာစေပါတယ်။ အဆိုးမြင်စိတ်ရှိသူတွေလိုပဲ ခေါင်းကိုက်တာအပြင် အစာအိမ်နာတာ၊ မောပန်းနွမ်းနယ်တာတွေကိုလည်း ခံစားရနိုင်ပါတယ်။

#အကောင်းမြင်စိတ်ဖြင့်_တွေးတောခြင်းကြောင့်
#ဖြစ်နိုင်ခြေ ။ ။ ဖျားနာမှုကင်းဝေးခြင်း

အကောင်းမြင်စိတ်ရှိသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသလို လုပ်ဆောင်မှုတိုင်းလည်း အောင်မြင်မှုတွေ ရရှိတာကို တွေ့ရပါတယ်။ အကောင်းမြင် စိတ်ရှိသူတွေဟာ ပျော်ရွှင်သူတွေ ဖြစ်ကြ ပြီး ကျန်းမာရေးလည်း ကောင်းမွန်ကြပါတယ်။ အကောင်းမြင်စိတ်နဲ့ တွေးတောတတ်သူတွေဟာ သွက်လက်တက်ကြွစွာ လုပ်ဆောင်တတ်ကြပြီး ဖျားနာမှုတွေလည်း ကင်းဝေးကြပါတယ်။

#တွေးခေါ်သော_အလေ့အထကြောင့်
#ဖြစ်နိုင်ခြေ ။ ။ မျိုးဗီဇ ပြောင်းလဲခြင်း

စားသုံးလိုက်တဲ့ အစားအစာတွေ၊ ပုံမှန်ပြုလုပ်တဲ့ လေ့ကျင့်ခန်းတွေကြောင့် မျိုးဗီဇတွေ ပြောင်းလဲနိုင်ပါတယ်။ အဲ့ဒီလိုပဲ နေ့စဉ် တွေးခေါ်နေတဲ့ အယူအဆတွေကြောင့်လည်း မျိုးဗီဇတွေ ပြောင်းလဲနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှု
တွေနဲ့ မျိုးဗီဇတွေ ဆက်စပ်မှုရှိတာကြောင့်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

#ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
(Good Health Journal _570)

#Good_Health_Journal_Facebook_Page တွင် ယခုကဲ့သို့ ကျန်းမာရေးနှင့်အလှအပဆောင်းပါးများကို ဖတ်ရှုနိုင်ပါသည်။

https://www.facebook.com/Good-Health-Journal-3907742110236…/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။