မိသားစုကို ပိုင်ဆိုင်ထားရတုန်းမှာ…..
ကျွန်တော်တို့ လက်ထပ်ပြီး ၂၁ နှစ်ကြာတော့….တစ်ရက်မှာ ကျွန်တော့ ဇနီးသည်ကတခြားအမျိုးသမီးတစ် ဦးနဲ့ ညစာအ တူစားပြီးအပြင် အတူသွားဖို့ ထူးထူးခြားခြားပဲ တိုက်တွန်း လာပါတယ်။
“ကျွန်မ ရှင့်ကို ချစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအမျိုးသမီးကလည်း ရှင့်ကိုချစ်ပါတယ်။ သူမက ရှင့်နဲ့အတူအချိန်တွေကုန်ဆုံးဖို့ လိုလားနေတယ်” လို့ ဇနီးသည်က ပြောပါတယ်။
ကျွန်တော့ ဇနီးသည်ပြောတဲ့ တခြားအမျိုးသမီးဆိုတာက အခြားသူတော့ မဟုတ်ပါဘူး။ ၁၉ နှစ်လုံးလုံး မုဆိုးမဘဝနဲ့ တစ်ယောက်တည်း အထီးကျန်ကျန်ဖြတ်သန်းနေခြဲ့ ပီးဖြစ်တဲ့ ကျွန်တော့ရဲ့ မိခင်ပဲဖြစ်ပါတယ်။
ကျွန်တော် အိမ်ထောင်ကျပြီးနောက်ပိုင်း
စားဝတ်နေရေးအ တွက် ရုန်းကန်နေရတဲ့ အလုပ်ကတစ်ဖက်၊ ကလေးသုံး
ယောက်ကတစ်ဖက်နဲ့မို့ အမေနဲ့တောင် အထူးတလည် ထမင်းလက်ဆုံစားတာတွေ၊
အပြင်သွားတာမျိုးတွေ ရန်ဖန် ရန်ခါတောင် မရှိခဲ့ပါဘူး။
ဒီတစ်ညမှာတော့ ကျွန်တော်သူမနဲ့ အတူညစာစားဖို့၊ အတူ ရုပ်ရှင်သွားကြည့်ဖို့ ဖုန်းနဲ့ဆက်ပြီး ပြောလိုက်တဲ့အခါ “ သား ဘာများဖြစ်လို့လဲကွယ်။ အဆင်မှပြေရဲ့လား” လို့ တစ်ဖက်က စိတ်ပူတဲ့လေသံနဲ့ အမေကကျွန်တော့ဖုန်းကို ပြန်ဖြေပါတယ်။
ညကြီးမိုးချုပ်မှ ကျွန်တော့ရဲ့ ဒီလိုမျိုးထူးထူးခြားခြား ထမင်း အတူစားဖို့ အခေါ်ခံရတော့ အမေကစိတ်ပူသွားတယ်ထင်ပါ တယ်။ ဒါနဲ့ ကျွန်တော်လည်း အမေ့ကိုပြန်ရှင်းပြတယ်။
“ ဒီလိုအမေရဲ့၊ အမေနဲ့သား နှစ်ယောက်တည်း အတူထမင်း စားချင်တယ်။ အပြင်တွေလျှောက်သွားချင်လို့ 
အမေ့ကိုလှမ်း ခေါ်လိုက်တာ” လို့ဆိုတော့ အမေက အားရဝမ်းသာစွာပဲ “ ဟယ်
ဟုတ်လားသား။ အမေလည်း သားလေးနဲ့အတူ အပြင် တွေသွားချင်နေတာ။
ဒါဆိုအဆင်ပြေသွားတာပေါ့” တဲ့။
အမေနဲ့ ထမင်းအတူစားဖို့ချိန်းတဲ့ သောကြာနေ့ည။ အလုပ် တွေအားလုံးပြီးသွားတော့ ကျွန်တော်အမေ့ကိုသွားခေါ်ဖို့ 
ကားမောင်းထွက်လာခဲ့ပါတယ်။ အမေ့အိမ်ရှေ့ ကျွန်တော် ကားထိုးရပ်လိုက်တော့
အမေလည်း ကျွန်တော်ရောက်နေ တာကို သတိထားမိသွားတယ်ထင်ပါတယ်။ သူမရဲ့ နောက်
ဆုံး မင်္ဂလာနှစ်ပတ်လည်တုန်းက ဝတ်ခဲ့တဲ့ဝတ်စုံလေးကို ဝတ်ထားပြီး
ပြင်ပြင်ဆင်ဆင်နဲ့ အမေထွက်လာပါတယ်။ နောက် ကျွန်တော့ကိုပြုံးပြပြီး
ကားထဲဝင်ကာ ဘိုကင်လုပ် ထားတဲ့ စားသောက်ဆိုင်ကို မောင်းထွက်ခဲ့ပါတယ်။
စားသောက်ဆိုင်က သိပ်ပြီးတော့ မခမ်းနားပေမယ့် သက် တောင့်သက်သာရှိတယ်။ လူလည်း နည်းနည်းရှင်းတော့ အဆင်ပြေပါတယ်။ အမေလည်း ကျွန်တော့လက်မောင်းကို ချိတ်ပြီး စားသောက်ဆိုင်ထဲကို အတူလိုက်ဝင်လာခဲ့ပါတယ်။
ထိုင်ခုံမှာထိုင်ပြီး စားသောက်စရာတွေမှာမယ်လုပ်တော့
အမေ ကိုယ်တိုင် မမှာနိုင်ခဲ့ဘူးလေ။ အမြင်အာရုံတွေအား နည်းလာတာကြောင့်
စာလုံးတွေသေချာမမြင်ရတဲ့ အမေက ကျွန်တော့ကိုပဲ စားသောက်စရာရွေးချယ်မှာစေခဲ့ ပါတယ်။
အဲ့ဒီနေ့ညက ညစာက နှစ်ယောက်လုံးအတွက် သိပ်ကိုအ ရသာရှိနေခဲ့တယ်လေ။ အမေနဲ့လည်း ဟိုးအရင်တုန်းကအ ကြောင်းတွေပြော၊ ဖြစ်ချင်တာလေးတွေပြော၊ ရီစရာစကား တွေ အများကြီးပြောခဲ့တယ်။ စားသောက်ပြီးတော့လည်းအ မေ့အိမ်နားမရောက်ခင် ကားပေါ်ကဆင်းပြီး လမ်းတွေအများ ကြီး လျှောက်ခဲ့ကြပါသေးတယ်။
အမေ့ အိမ်ရှေ့ရောက်တော့ အမေအိမ်ထဲမဝင်ခင် အမေက ကျွန်တော့ကို နှုတ်ဆက်စကားပြောရင်း “ သား အမေတို့ နောက်တစ်ကြိမ်လောက် ဒီလိုမျိုးထပ်သွားကြရအောင် နော်။ ဒါပေမယ့် သားလေးက ခွင့်ပြုမယ်ဆိုရင် နောက်တစ်ခါဆို ရင်တော့ အမေကဖိတ်မယ်နော်” လို့ဆိုတော့ ကျွန်တော် က သဘောတူလိုက်ပြီး အိမ်ပြန်လာခဲ့တယ်။
အိမ်ပြန်ရောက်တော့ ကျွန်တော့ဇနီးသည်က “ ရှင်တို့ညစာ ထွက်စားကြတာ အဆင်ပြေရဲ့လား” တဲ့မေးတော့ “ အရမ်း ကောင်းတယ်။ ငါထင်ထားတာထက်တောင် အမေနဲ့ငါတို့ ပို ပြီးတော့ သက်တောင့်သက်သာ ပျော်ရွှင်ခဲ့ရပါသေးတယ်” လို့ပြန်ဖြေလိုက်ပါတယ်။
ဒီလိုနဲ့ ရက်အနည်းငယ်ကြာတော့ အမေ့နှလုံးရောဂါက အ ပြင်းအထန်ဖောက်ပြီး အမေဆုံးပါးသွားခဲ့ပါတယ်။ ရုတ်တ ရက်ဆိုတော့ ကျွန်တော့မှာ အမေ့အတွက် ဘာမှမလုပ်ပေး နိုင်ခဲ့ပါဘူး။ အမေ့ကို ဒီ့ထက်ပိုပြီး စိတ်ချမ်းသာအောင်၊ ပျော် ရွှင်အောင်လုပ်ပေးဖို့ ကျွန်တော့ဆီမှာ ဘာအခွင့်အရေးမှမရှိခဲ့ဘူး။
အမေဆုံးပြီး ရက်တွေအတော်လေးကြာပြီးတဲ့ နောက်မှာ ကျွန်တော့ဆီကို အမေနဲ့အတူသွားစားခဲ့တဲ့ စားသောက် ဆိုင်က မီနူးကဒ်ကလေးနဲ့စာလေးတစ်စော င်
ရောက်လာခဲ့ပါတယ်။ စာလေးထဲမှာ ရေထားတာက “မှာထားတဲ့ စားစရာတွေအတွက်
အမေအကုန်ရှင်းပေး ထားပြီးသား။ ဒီတစ်ကြိမ် အမေက သားနဲ့အတူညစာ ထွက် စားဖြစ်၊
မဖြစ်ဆိုတာက သိပ်မသေချာဘူး ဆိုတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။
သားနဲ့အမေပဲဖြစ်ဖြစ်။ အမေမဟုတ် ခဲ့လည်း။ သားမိန်းမနဲ့ ပဲဖြစ်ဖြစ်
အတူညစာစားကြဖို့ အမေနှစ် ယောက်စာကြိုပြီး ငွေရှင်းပေးထားခဲ့တယ်လေ။ သားတော့
သိမယ်မထင်ပါဘူး။ သားနဲ့အမေ ဒီဆိုင်လေးမှာ သွားစားခဲ့ တဲ့ ညတုန်းက
အမေဘယ်လောက် ပျော်ခဲ့ရသလဲဆိုတာကို ပါ။ သားလေးကို အမေ ချစ်တယ်” လို့
ရေးထားတာဖတ်ပြီး တော့ ကျွန်တော့နှလုံးသားတွေ တဆစ်ဆစ်နဲ့ နာကျင်ခံစား
ရပါတယ်။
အမေ့အတွက် အဲ့ဒီည ညစာလေးကအမေနဲ့အ တူစားဖြစ်ခဲ့ တဲ့ နောက်ဆုံးညစာဖြစ်ခဲ့မယ်မှန်းသိခဲ့ရင် ဒီ့ထက်ပိုပြီး အမေ့ကို စိတ်ချမ်းသာအောင်ထားပေးမယ်။
အမေနဲ့ အတူအကြိမ် ပေါင်းများစွာ ဒီလိုမျိုး ထပ်ဆုံကြအုန်းမယ်။ အမေ့ကို
ဒီထက်ပိုပြီး အချိန်တွေအများကြီးပေး ဖြစ်လိမ့်မယ်လို့ တွေးရင်းယူ ကြုံးမရ
ဖြစ်ခဲ့ရပါတယ်။
အဲ့ဒီအချိန်မှာ ကျွန်တော်နားလည်လိုက်တာက ချစ်ခြင်း မေတ္တာဆိုတာက လူတိုင်းလူတိုင်းနဲ့ထိုက်တန်တဲ့
ဆုလာဒ် တစ်ခုပါ။ ကျွန်တော်တို့တွေရဲ့ ဘဝမှာမိသားစုဆိုတာက တခြားအရာတွေထက်
သိပ်ကိုအရေးကြီးပါတယ်။ တခြား အရာတွေဆုံးရှုံးသွားရင် အစားထိုးလို့ရပေမယ့်
မိသားစုဆုံး ရှုံးသွားရင်တော့ ဘယ်အရာနဲ့မှ အစားထိုးလို့ မရနိုင်ပါဘူး။
ဒါ့ကြောင့်မို့လို့ မိသားစုကိုပိုင်ဆိုင်ထားရတု န်း တန်ဖိုးထားပါ။ တခြားအရေးကြီးပါတယ်ဆိုတဲ့ အရာတွေနဲ့ချည်း ကုန်ဆုံးနေတဲ့ ကိုယ့်ရဲ့အချိန်တွေကို မိသားစုကိုလည်းပေးဖို့မမြေ့ ကပါ နဲ့ဆိုတာပါ…………
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ရတဲ့သူတိုင်း မိသားစုကို တန်ဖိုးထားနိုင်ကြပါစေ……..
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
ကျွန်တော်တို့ လက်ထပ်ပြီး ၂၁ နှစ်ကြာတော့….တစ်ရက်မှာ ကျွန်တော့ ဇနီးသည်ကတခြားအမျိုးသမီးတစ်
“ကျွန်မ ရှင့်ကို ချစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအမျိုးသမီးကလည်း ရှင့်ကိုချစ်ပါတယ်။ သူမက ရှင့်နဲ့အတူအချိန်တွေကုန်ဆံ
ကျွန်တော့ ဇနီးသည်ပြောတဲ့ တခြားအမျိုးသမီးဆိုတာက အခြားသူတော့ မဟုတ်ပါဘူး။ ၁၉ နှစ်လုံးလုံး မုဆိုးမဘဝနဲ့ တစ်ယောက်တည်း အထီးကျန်ကျန်ဖြတ်သန်းနေခြဲ့
ကျွန်တော် အိမ်ထောင်ကျပြီးနောက်ပိုင်း
ဒီတစ်ညမှာတော့ ကျွန်တော်သူမနဲ့ အတူညစာစားဖို့၊ အတူ ရုပ်ရှင်သွားကြည့်ဖို့ ဖုန်းနဲ့ဆက်ပြီး ပြောလိုက်တဲ့အခါ “ သား ဘာများဖြစ်လို့လဲကွယ်။ အဆင်မှပြေရဲ့လား” လို့ တစ်ဖက်က စိတ်ပူတဲ့လေသံနဲ့ အမေကကျွန်တော့ဖုန်းကို ပြန်ဖြေပါတယ်။
ညကြီးမိုးချုပ်မှ ကျွန်တော့ရဲ့ ဒီလိုမျိုးထူးထူးခြားခြား ထမင်း အတူစားဖို့ အခေါ်ခံရတော့ အမေကစိတ်ပူသွားတယ်ထင်ပါ တယ်။ ဒါနဲ့ ကျွန်တော်လည်း အမေ့ကိုပြန်ရှင်းပြတယ်။
“ ဒီလိုအမေရဲ့၊ အမေနဲ့သား နှစ်ယောက်တည်း အတူထမင်း စားချင်တယ်။ အပြင်တွေလျှောက်သွားချင်လို
အမေနဲ့ ထမင်းအတူစားဖို့ချိန်းတဲ့ သောကြာနေ့ည။ အလုပ် တွေအားလုံးပြီးသွားတော့ ကျွန်တော်အမေ့ကိုသွားခေါ်ဖို
စားသောက်ဆိုင်က သိပ်ပြီးတော့ မခမ်းနားပေမယ့် သက် တောင့်သက်သာရှိတယ်။ လူလည်း နည်းနည်းရှင်းတော့ အဆင်ပြေပါတယ်။ အမေလည်း ကျွန်တော့လက်မောင်းကို ချိတ်ပြီး စားသောက်ဆိုင်ထဲကို အတူလိုက်ဝင်လာခဲ့ပါတယ်။
ထိုင်ခုံမှာထိုင်ပြီး စားသောက်စရာတွေမှာမယ်လုပ်တေ
အဲ့ဒီနေ့ညက ညစာက နှစ်ယောက်လုံးအတွက် သိပ်ကိုအ ရသာရှိနေခဲ့တယ်လေ။ အမေနဲ့လည်း ဟိုးအရင်တုန်းကအ ကြောင်းတွေပြော၊ ဖြစ်ချင်တာလေးတွေပြော၊ ရီစရာစကား တွေ အများကြီးပြောခဲ့တယ်။ စားသောက်ပြီးတော့လည်းအ မေ့အိမ်နားမရောက်ခင် ကားပေါ်ကဆင်းပြီး လမ်းတွေအများ ကြီး လျှောက်ခဲ့ကြပါသေးတယ်။
အမေ့ အိမ်ရှေ့ရောက်တော့ အမေအိမ်ထဲမဝင်ခင် အမေက ကျွန်တော့ကို နှုတ်ဆက်စကားပြောရင်း “ သား အမေတို့ နောက်တစ်ကြိမ်လောက် ဒီလိုမျိုးထပ်သွားကြရအောင် နော်။ ဒါပေမယ့် သားလေးက ခွင့်ပြုမယ်ဆိုရင် နောက်တစ်ခါဆို ရင်တော့ အမေကဖိတ်မယ်နော်” လို့ဆိုတော့ ကျွန်တော် က သဘောတူလိုက်ပြီး အိမ်ပြန်လာခဲ့တယ်။
အိမ်ပြန်ရောက်တော့ ကျွန်တော့ဇနီးသည်က “ ရှင်တို့ညစာ ထွက်စားကြတာ အဆင်ပြေရဲ့လား” တဲ့မေးတော့ “ အရမ်း ကောင်းတယ်။ ငါထင်ထားတာထက်တောင် အမေနဲ့ငါတို့ ပို ပြီးတော့ သက်တောင့်သက်သာ ပျော်ရွှင်ခဲ့ရပါသေးတယ်” လို့ပြန်ဖြေလိုက်ပါတယ်။
ဒီလိုနဲ့ ရက်အနည်းငယ်ကြာတော့ အမေ့နှလုံးရောဂါက အ ပြင်းအထန်ဖောက်ပြီး အမေဆုံးပါးသွားခဲ့ပါတယ်။ ရုတ်တ ရက်ဆိုတော့ ကျွန်တော့မှာ အမေ့အတွက် ဘာမှမလုပ်ပေး နိုင်ခဲ့ပါဘူး။ အမေ့ကို ဒီ့ထက်ပိုပြီး စိတ်ချမ်းသာအောင်၊ ပျော် ရွှင်အောင်လုပ်ပေးဖို့ ကျွန်တော့ဆီမှာ ဘာအခွင့်အရေးမှမရှိခဲ့ဘူး။
အမေဆုံးပြီး ရက်တွေအတော်လေးကြာပြီးတဲ့ နောက်မှာ ကျွန်တော့ဆီကို အမေနဲ့အတူသွားစားခဲ့တဲ့ စားသောက် ဆိုင်က မီနူးကဒ်ကလေးနဲ့စာလေးတစ်စော
အမေ့အတွက် အဲ့ဒီည ညစာလေးကအမေနဲ့အ တူစားဖြစ်ခဲ့ တဲ့ နောက်ဆုံးညစာဖြစ်ခဲ့မယ်မှန်
အဲ့ဒီအချိန်မှာ ကျွန်တော်နားလည်လိုက်တာက ချစ်ခြင်း မေတ္တာဆိုတာက လူတိုင်းလူတိုင်းနဲ့ထိုက်တန
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ရတဲ့သူတိုင်း မိသားစုကို တန်ဖိုးထားနိုင်ကြပါစေ……..
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။