အမေရဲ့တောပန်းလေး ကျွန်မ
-------------------------- -----------
ပန်းတိုင်းလှကြတယ်၊ ပန်းတိုင်းမွှေးကြတယ်။ ပန်းတိုင်း လူတွေကို ပျော်ရွှင်မှုအမျိုးမျိုး သယ်ဆောင်ပေးတယ်။
ကျွန်မကို မြို့ငယ်လေးတစ်မြို့မှာ မွေးဖွားခဲ့တယ်။ ကျောင်းကအိမ်ရဲ့ ၁ဝမိနစ်လမ်းလျှောက်တဲ့ အကွာအဝေးမှာရှိတယ်။ ညနေကျောင်းဆင်းတိုင်း အမေတွေက ထမင်းဟင်းတွေပြင်ဆင်ပြီး ကိုယ့်သားသမီး အပြန်ကို စောင့်နေတတ်ခဲ့ကြတယ်။
အဲဒီတုန်းက သားသမီးအပြန်ကို စောင့်တတ်တာ အမေတွေအတွက် သာမန်လုပ်လေ့လုပ်ထ အလုပ်တစ်ခုလို့ ကျွန်မထင်ခဲ့တယ်။ အခုလည်း ဒီလိုပဲထင်နေခဲ့တယ်။
အမေဆိုတာ ကျွန်မအတွက် မနက်စာဆန်းဝှစ်ပြင်ဆင်ပေးမယ်။ ကျွန်မဆွဲထားတဲ့ ပန်းချီကားကို ကြည့်ရှုခံစားပေးမယ်။ အိမ်စာလုပ်ဖို့ ကျွန်မကိုသွန်သင်မယ်ဆိုတာပဲ ကျွန်မသိခဲ့တယ်။ အလုပ်အကိုင်၊ တာဝန်ဝတ္တရားရှိတဲ့ အမေက ကျွန်မကိုမွေးဖွားပြီးနောက် ပိုင်း သူ့အချိန်တွေအားလုံး ကျွန်မပေါ်မှာပဲ ဖြုန်းတီးခဲ့တယ်ဆိုတာကို ကျွန်မတစ်ခါမှ မတွေးတောခဲ့မိဘူး။
နေ့လယ် ကျောင်းဆင်းခေါင်းလောင်းတီး သံကြားရင်
အိမ်ကို ကျွန်မအပြေးပြန်တတ်တယ်။ အမေက တံခါးဝ အပေါ်ဆုံးလှေကားထစ်မှာ ရပ်ပြီး
ကျွန်မကိုစောင့်နေတတ်တယ်။ ကျွန်မကိုစောင့်တဲ့အလုပ်က သူ့အတွက်
အရမ်းအရေးပါတဲ့ ကိစ္စတစ်ခုလိုပဲ။ အမေ့ရင်ထဲက ကြီးမားတဲ့မေတ္တာကို အသက်ငယ်၊
အသိဉာဏ်နည်းတဲ့အရွယ်မှာ ကျွန်မ မမြင်ခဲ့မိဘူး။
ကျွန်မသုံးတန်းနှစ်အရောက် တစ်ခုသောညနေခင်းမှာ ကျောင်းကပွဲအတွက် ကျွန်မပါဝင်ခဲ့ကြောင်း၊ အဲဒီပွဲမှာ ကျွန်မက မင်းသမီးလုပ်ကြောင်း အမေ့ကိုပြောပြခဲ့တယ်။
အဲဒီနောက်ပိုင်း ရက်သတ္တပတ် ကြာတဲ့အထိ ကျွန်မနဲ့အတူ အမေပင်ပင်ပန်းပန်း လေ့ကျင့်ကူခဲ့တယ်။ စာသားတွေ အလွတ်ရွတ်ဆိုခဲ့တယ်။ အမေနဲ့လေ့ကျင့်တုန်းက စာသားတွေကို ကျွန်မချောချောမွတ်မွတ် အလွတ်ရွတ်ဆိုနိုင်ပေမယ့် စင်ပေါ်တက် လေ့ကျင့်တဲ့အခါ အားလုံးမေ့သွားခဲ့တယ်။ ဒါကြောင့် ဆရာမက ကျွန်မကို မင်းသမီးနေရာမှာ မထားတော့ဘဲ ဇာတ်ရံနေရာကို ပို့လိုက်တယ်။ ဆရာမက ကျွန်မကို ညင်ညင်သာသာ နှစ်သိမ့်ပြောခဲ့ပေမယ့် ကျွန်မအရမ်း ဝမ်းနည်းခဲ့မိတယ်။ "မင်းသမီး"နေရာမှာ အစားဝင်တဲ့ကျောင်းသူကိုတွေ့ ရင် ကျွန်မရင်တွေ တဆစ်ဆစ်နာကျင်ခဲ့တယ်။
နေ့လယ်ကျောင်းပြန်ချိန်မှာ အမေ့ကို ဒီအကြောင်း ကျွန်မပြောမပြခဲ့ဘူး။ ဒါပေမယ့် ခါတိုင်းလို အကမကျင့်ချင်တဲ့ကျွန်မရဲ့ ညှိုးငယ်တဲ့မျက်နှာကိုကြည့် ပြီး အမေသိခဲ့တယ်။ ကျွန်မကို အိမ်နောက်ပန်းခြံဆီ အမေခေါ်ခဲ့တယ်။
အဲဒီအချိန်က နွေဦးချိန်ခါဖြစ်တယ်။ နှင်းဆီပင်ကအရွက်တွေ စိမ်းစပြုနေတယ်။ စပျစ်စင်ပေါ်မှာ စိမ်းစိုတဲ့နွှယ်ပင်တွေ ပြည့်နှက်နေတယ်။ မြက်ခင်းပြင်တစ်ခုလုံး အဝါရောင် Dandelionပန်းတွေနဲ့ ခင်းကျင်းထားခဲ့တယ်။ အဝေးကကြည့်ရင် ကျွန်မတို့ရဲ့ မြင်ကွင်းအားလုံးကို ပန်းချီဆရာတစ်ဦးက ရွှေဝါရောင်ဆေးတွေနဲ့ ခြယ်သထားသလား ထင်ရတယ်။
မြက်ခင်းပြင်ပေါ်က Dandelion ပန်းတစ်ပွင့်ကို အမေခူးလိုက်ပြီး ပြောတယ်...
"ဒီပန်းရိုင်းတွေကိုနုတ်ပြီး နှင်းဆီပင်တွေပဲ ချန်ထားရမယ်"
"ဒီပန်းတွေကို ကျွန်မကြိုက်တယ်အမေ... ခြံထဲကပန်းတိုင်း လှကြတယ်။ ဒီသာမန် ပန်းရိုင်းလေးလည်း လှတာပဲ"
ကျွန်မအပြောကြောင့် ကျွန်မကို အမေလှမ်းကြည့်ပြီး လေးလေးနက်နက် စကားစတယ်။
"ဟုတ်တယ်သမီး... ပန်းတိုင်းလှကြတယ်၊ ပန်းတိုင်းမွှေးကြတယ်၊ ပန်းတိုင်း လူတွေကို ပျော်ရွှင်မှုအမျိုးမျိုး သယ်ဆောင်ပေးတယ်"
အမေကဆက်ပြီး....
"လူတွေလည်း ဒီသဘောပဲသမီး.. လူတိုင်း မင်းသမီးမဖြစ်နိုင်ဘူး။ ဒီ့အတွက် ရှက်ရွံ့ဝမ်းနည်းစရာမလိုဘူး "
ကျွန်မစိတ်က အခဲမကျေတာကို အမေရိပ်စားမိဟန်တူတယ်။ အမေ့ကို ကျောင်းမှာဖြစ်ပျက်ခဲ့သမျှ ကျွန်မငိုယိုပြီး ပြောပြလိုက်မိတယ်။ အမေက ပြုံးရင်း ... "သမီး ဇာတ်ရံကောင်းတစ်ယောက်ဖြစ်မယ်ဆိုတာကို အမေယုံကြည်တယ် သမီး။ အရင်က အမေ့ကို သမီးပုံပြင်တွေ ရွတ်ပြတာမှတ်မိသေးလား.. မင်းသမီးတွေလိုပဲ ဇာတ်ရံရဲ့သရုပ်ဆောင်မှုတွေကလ ည်း အရေးပါတယ် သမီး"
အမေရဲ့ အားပေးကူညီမှုကြောင့် ဇာတ်ရံကောင်းတစ်ယောက်ဖြစ်အောင်
ကျွန်မကြိုးစားခဲ့တယ်။ ဇာတ်ရံဖြစ်ရတာကိုလည်း ဂုဏ်ယူမိတယ်။
နေ့လယ်ကျောင်းအားချိန်ကို အမေနဲ့ကျွန်မ ဇာတ်ဝင်စကားတွေ လေ့ကျင့်ရင်း
ကုန်ဆုံးစေခဲ့တယ်။
ကပွဲညမှာ ကျွန်မအရမ်းစိတ်လှုပ်ရှားခဲ့ တယ်။ ပွဲစခါနီးမိနစ်ပိုင်းအလိုမှာ ဆရာမက ကျွန်မကို သမီးရဲ့မေမေက ဒါလေးပေးခိုင်းတယ်ဆိုပြီး Dandelionပန်းတစ်စည်း လှမ်းပေးတယ်။
ပန်းတစ်ချို့ကညိုးနေပြီး တစ်ချို့က ပွင့်ဖတ်တွေ ကြွေနေခဲ့ပြီဆိုပေမယ့် ပန်းကိုမြင်တာနဲ့ စင်အောက်မှာ အမေရောက်နေကြောင်း ကျွန်မသိလိုက်တယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေ ထည့်သွင်းလိုက်မိတယ်။
ကပွဲပြီးဆုံးချိန် ပန်းကို အိမ်အထိယူခဲ့ပြီး စာအုပ်ကြားထဲ ကျွန်မညှပ်ထားလိုက်မိတယ်။
ခုလိုအချိန်မျိုး ညနက်သန်းခေါင်ရောက်တိုင်း ဝါကျင်ကျင်မီးရောင်အောက်မှာ ထိုင်ရင်း
ငယ်ငယ်တုန်းက အမေနဲ့ဖြတ်သန်းခဲ့ဖူးတဲ့ နေ့ရက်တွေကို
ကျွန်မပြန်အောင်းမေ့မိတယ်။ အမေနဲ့အတူရှိနေချိန်တွေ တိုတောင်းခဲ့ပေမယ့်၊
အမေနဲ့အတူ ဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်တွေက နေ့စဉ်ရက်ဆက် ထပ်သလဲလဲ ဖြစ်ခဲ့တာတွေ
ဆိုပေမယ့်၊ အမေနဲ့အတူ ပြုမူခဲ့မိတာတွေဟာ ဘဝထဲက သာမန်သေးမွှားတဲ့ကိစ္စလို့ဆို ပေမယ့် အခုချိန်မှာ အမေ့မေတ္တာကို ကျွန်မလေးလေးနက်နက် ခံစားမိလိုက်တယ်။
မေတ္တာထုကြီးဖြစ်လာဖို့ သေးငယ်တဲ့ သာမန်အသေးအမွှားကိစ္စ၊ အပြုအမူ၊ အမှတ်တရတွေကပဲ စုခဲ့ရတယ် မဟုတ်ပါလား..
ကျွန်မအလုပ်ဝင်ပြီး တစ်ရက်မှာ ကျွန်မကို အမေလာကြည့်ခဲ့တယ်။ အလုပ်က ခွင့်တစ်ရက်ယူပြီး အမေနဲ့အတူ ကျွန်မထမင်းစားဖြစ်ခဲ့တယ်။ လူတွေရှုပ်ထွေးတဲ့ စားသောက်ဆိုင်ထဲမှာ အမေ့ကို ကျွန်မမေးခွန်းတွေ မေးဖြစ်ခဲ့တယ်။
"အမေ... သမီးငယ်ငယ်တုန်းက အိမ်ဝတ်ကိစ္စတွေနဲ့ အမေအလုပ်ရှုတ်ပြီး အိမ်မှာပဲအမေနေခဲ့တာကို သမီးမှတ်မိနေတယ်။ အဲဒီအချိန်တွေကို အမေ စိတ်မပျက်ခဲ့ဘူးလား"
"အင်း... စိတ်ပျက်မိတာပေါ့ သမီး။ အိမ်ဝတ်ကိစ္စတွေက အမေကို စိတ်ပျက်စေပေမယ့် သမီးက အမေကိုဘယ်တော့မှ စိတ်မပျက်စေခဲ့ဘူးလေ"
အမေက နွေးနွေးထွေးထွေး ပြန်ဖြေပေမယ့် ကျွန်မ သိပ်မယုံခဲ့လို့ အမေ့ကိုဆက်မေးမိတယ်။
"ကလေးတွေကို ပြုစုပျိုးထောင်ရတာ တစ်ခြားလုပ်ငန်းတွေလို အားပေးကူညီမှုတွေ အမေရမှာမဟုတ်ဘူးနော်"
"အလုပ်က လူကိုတက်ကြွမှုတွေပေးတယ်၊ အလုပ်တစ်ခုရှိခဲ့လို့ အမေဝမ်းသာမိတယ်။ အလုပ်က ပူစီဖောင်းနဲ့တူတယ်။ လေတွေမပြတ်သွင်းနေမှ ဖောင်းတင်းနေသလိုပေါ့။ ကလေးတွေကျတော့ မျိုးစေ့လေးတွေနဲ့တူတယ်။ ရေလောင်းပေါင်းသင်းပေးရတယ်။ ဂရုစိုက် စောင့်ရှောက်ပေးရတယ်။ ဒါမှ အပင်တွေကြီးထွားပြီး လှပတဲ့ပန်းတွေပွင့်နိုင်မှာ သမီး"
အမေ့စကားကို နားထောင်ပြီး ဟိုးအရင်က အမေနဲ့အတူ ထမင်းဝိုင်းမှာ အတူထိုင်ခဲ့ဖူးတဲ့ ပုံရိပ်တွေကို ကျွန်မပြန်မြင်ယောင်လာမိတယ် ။ စာအုပ်ထဲက ညှိုးနွမ်းခြောက်သွေ့နေတဲ့ Dandelionပန်းကို ဘာဖြစ်လို့ အခုချိန်ထိ ကျွန်မသိမ်းထားမိသလဲဆိုတာကို အခုမှ ကျွန်မသဘောပေါက်မိတော့တယ်။
---------
Dandelion = ဥရောပတွင်ပေါက်သော တောပန်းတစ်မျိုး (နေကြာပန်းနှင့် တူသည်) တက်တိုး အင်္ဂလိပ်-မြန်မာ အဘိဓါန်
မူရင်းရေးသားသူ- Susan Richardson
နိုင်းနိုင်းစနေ (Saturday, May 23, 2009)
--------------------------
ပန်းတိုင်းလှကြတယ်၊ ပန်းတိုင်းမွှေးကြတယ်။ ပန်းတိုင်း လူတွေကို ပျော်ရွှင်မှုအမျိုးမျိုး သယ်ဆောင်ပေးတယ်။
ကျွန်မကို မြို့ငယ်လေးတစ်မြို့မှာ မွေးဖွားခဲ့တယ်။ ကျောင်းကအိမ်ရဲ့ ၁ဝမိနစ်လမ်းလျှောက်တဲ့ အကွာအဝေးမှာရှိတယ်။ ညနေကျောင်းဆင်းတိုင်း အမေတွေက ထမင်းဟင်းတွေပြင်ဆင်ပြီး ကိုယ့်သားသမီး အပြန်ကို စောင့်နေတတ်ခဲ့ကြတယ်။
အဲဒီတုန်းက သားသမီးအပြန်ကို စောင့်တတ်တာ အမေတွေအတွက် သာမန်လုပ်လေ့လုပ်ထ အလုပ်တစ်ခုလို့ ကျွန်မထင်ခဲ့တယ်။ အခုလည်း ဒီလိုပဲထင်နေခဲ့တယ်။
အမေဆိုတာ ကျွန်မအတွက် မနက်စာဆန်းဝှစ်ပြင်ဆင်ပေးမယ်။ ကျွန်မဆွဲထားတဲ့ ပန်းချီကားကို ကြည့်ရှုခံစားပေးမယ်။ အိမ်စာလုပ်ဖို့ ကျွန်မကိုသွန်သင်မယ်ဆိုတာပဲ
နေ့လယ် ကျောင်းဆင်းခေါင်းလောင်းတီး
ကျွန်မသုံးတန်းနှစ်အရောက် တစ်ခုသောညနေခင်းမှာ ကျောင်းကပွဲအတွက် ကျွန်မပါဝင်ခဲ့ကြောင်း၊ အဲဒီပွဲမှာ ကျွန်မက မင်းသမီးလုပ်ကြောင်း အမေ့ကိုပြောပြခဲ့တယ်။
အဲဒီနောက်ပိုင်း ရက်သတ္တပတ် ကြာတဲ့အထိ ကျွန်မနဲ့အတူ အမေပင်ပင်ပန်းပန်း လေ့ကျင့်ကူခဲ့တယ်။ စာသားတွေ အလွတ်ရွတ်ဆိုခဲ့တယ်။ အမေနဲ့လေ့ကျင့်တုန်းက စာသားတွေကို ကျွန်မချောချောမွတ်မွတ် အလွတ်ရွတ်ဆိုနိုင်ပေမယ့် စင်ပေါ်တက် လေ့ကျင့်တဲ့အခါ အားလုံးမေ့သွားခဲ့တယ်။ ဒါကြောင့် ဆရာမက ကျွန်မကို မင်းသမီးနေရာမှာ မထားတော့ဘဲ ဇာတ်ရံနေရာကို ပို့လိုက်တယ်။ ဆရာမက ကျွန်မကို ညင်ညင်သာသာ နှစ်သိမ့်ပြောခဲ့ပေမယ့် ကျွန်မအရမ်း ဝမ်းနည်းခဲ့မိတယ်။ "မင်းသမီး"နေရာမှာ အစားဝင်တဲ့ကျောင်းသူကိုတွေ့
နေ့လယ်ကျောင်းပြန်ချိန်မှာ အမေ့ကို ဒီအကြောင်း ကျွန်မပြောမပြခဲ့ဘူး။ ဒါပေမယ့် ခါတိုင်းလို အကမကျင့်ချင်တဲ့ကျွန်မရဲ့ ညှိုးငယ်တဲ့မျက်နှာကိုကြည့်
အဲဒီအချိန်က နွေဦးချိန်ခါဖြစ်တယ်။ နှင်းဆီပင်ကအရွက်တွေ စိမ်းစပြုနေတယ်။ စပျစ်စင်ပေါ်မှာ စိမ်းစိုတဲ့နွှယ်ပင်တွေ ပြည့်နှက်နေတယ်။ မြက်ခင်းပြင်တစ်ခုလုံး အဝါရောင် Dandelionပန်းတွေနဲ့ ခင်းကျင်းထားခဲ့တယ်။ အဝေးကကြည့်ရင် ကျွန်မတို့ရဲ့ မြင်ကွင်းအားလုံးကို ပန်းချီဆရာတစ်ဦးက ရွှေဝါရောင်ဆေးတွေနဲ့ ခြယ်သထားသလား ထင်ရတယ်။
မြက်ခင်းပြင်ပေါ်က Dandelion ပန်းတစ်ပွင့်ကို အမေခူးလိုက်ပြီး ပြောတယ်...
"ဒီပန်းရိုင်းတွေကိုနုတ်ပြီ
"ဒီပန်းတွေကို ကျွန်မကြိုက်တယ်အမေ... ခြံထဲကပန်းတိုင်း လှကြတယ်။ ဒီသာမန် ပန်းရိုင်းလေးလည်း လှတာပဲ"
ကျွန်မအပြောကြောင့် ကျွန်မကို အမေလှမ်းကြည့်ပြီး လေးလေးနက်နက် စကားစတယ်။
"ဟုတ်တယ်သမီး... ပန်းတိုင်းလှကြတယ်၊ ပန်းတိုင်းမွှေးကြတယ်၊ ပန်းတိုင်း လူတွေကို ပျော်ရွှင်မှုအမျိုးမျိုး သယ်ဆောင်ပေးတယ်"
အမေကဆက်ပြီး....
"လူတွေလည်း ဒီသဘောပဲသမီး.. လူတိုင်း မင်းသမီးမဖြစ်နိုင်ဘူး။ ဒီ့အတွက် ရှက်ရွံ့ဝမ်းနည်းစရာမလိုဘူး
ကျွန်မစိတ်က အခဲမကျေတာကို အမေရိပ်စားမိဟန်တူတယ်။ အမေ့ကို ကျောင်းမှာဖြစ်ပျက်ခဲ့သမျှ ကျွန်မငိုယိုပြီး ပြောပြလိုက်မိတယ်။ အမေက ပြုံးရင်း ... "သမီး ဇာတ်ရံကောင်းတစ်ယောက်ဖြစ်မယ
အမေရဲ့ အားပေးကူညီမှုကြောင့် ဇာတ်ရံကောင်းတစ်ယောက်ဖြစ်အေ
ကပွဲညမှာ ကျွန်မအရမ်းစိတ်လှုပ်ရှားခဲ့
ပန်းတစ်ချို့ကညိုးနေပြီး တစ်ချို့က ပွင့်ဖတ်တွေ ကြွေနေခဲ့ပြီဆိုပေမယ့် ပန်းကိုမြင်တာနဲ့ စင်အောက်မှာ အမေရောက်နေကြောင်း ကျွန်မသိလိုက်တယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေ ထည့်သွင်းလိုက်မိတယ်။
ကပွဲပြီးဆုံးချိန် ပန်းကို အိမ်အထိယူခဲ့ပြီး စာအုပ်ကြားထဲ ကျွန်မညှပ်ထားလိုက်မိတယ်။
ခုလိုအချိန်မျိုး ညနက်သန်းခေါင်ရောက်တိုင်း ဝါကျင်ကျင်မီးရောင်အောက်မှာ
မေတ္တာထုကြီးဖြစ်လာဖို့ သေးငယ်တဲ့ သာမန်အသေးအမွှားကိစ္စ၊ အပြုအမူ၊ အမှတ်တရတွေကပဲ စုခဲ့ရတယ် မဟုတ်ပါလား..
ကျွန်မအလုပ်ဝင်ပြီး တစ်ရက်မှာ ကျွန်မကို အမေလာကြည့်ခဲ့တယ်။ အလုပ်က ခွင့်တစ်ရက်ယူပြီး အမေနဲ့အတူ ကျွန်မထမင်းစားဖြစ်ခဲ့တယ်။ လူတွေရှုပ်ထွေးတဲ့ စားသောက်ဆိုင်ထဲမှာ အမေ့ကို ကျွန်မမေးခွန်းတွေ မေးဖြစ်ခဲ့တယ်။
"အမေ... သမီးငယ်ငယ်တုန်းက အိမ်ဝတ်ကိစ္စတွေနဲ့ အမေအလုပ်ရှုတ်ပြီး အိမ်မှာပဲအမေနေခဲ့တာကို သမီးမှတ်မိနေတယ်။ အဲဒီအချိန်တွေကို အမေ စိတ်မပျက်ခဲ့ဘူးလား"
"အင်း... စိတ်ပျက်မိတာပေါ့ သမီး။ အိမ်ဝတ်ကိစ္စတွေက အမေကို စိတ်ပျက်စေပေမယ့် သမီးက အမေကိုဘယ်တော့မှ စိတ်မပျက်စေခဲ့ဘူးလေ"
အမေက နွေးနွေးထွေးထွေး ပြန်ဖြေပေမယ့် ကျွန်မ သိပ်မယုံခဲ့လို့ အမေ့ကိုဆက်မေးမိတယ်။
"ကလေးတွေကို ပြုစုပျိုးထောင်ရတာ တစ်ခြားလုပ်ငန်းတွေလို အားပေးကူညီမှုတွေ အမေရမှာမဟုတ်ဘူးနော်"
"အလုပ်က လူကိုတက်ကြွမှုတွေပေးတယ်၊ အလုပ်တစ်ခုရှိခဲ့လို့ အမေဝမ်းသာမိတယ်။ အလုပ်က ပူစီဖောင်းနဲ့တူတယ်။ လေတွေမပြတ်သွင်းနေမှ ဖောင်းတင်းနေသလိုပေါ့။ ကလေးတွေကျတော့ မျိုးစေ့လေးတွေနဲ့တူတယ်။ ရေလောင်းပေါင်းသင်းပေးရတယ်။
အမေ့စကားကို နားထောင်ပြီး ဟိုးအရင်က အမေနဲ့အတူ ထမင်းဝိုင်းမှာ အတူထိုင်ခဲ့ဖူးတဲ့ ပုံရိပ်တွေကို ကျွန်မပြန်မြင်ယောင်လာမိတယ်
---------
Dandelion = ဥရောပတွင်ပေါက်သော တောပန်းတစ်မျိုး (နေကြာပန်းနှင့် တူသည်) တက်တိုး အင်္ဂလိပ်-မြန်မာ အဘိဓါန်
မူရင်းရေးသားသူ- Susan Richardson
နိုင်းနိုင်းစနေ (Saturday, May 23, 2009)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။