ဘ၀အမောတွေနှင့်ကြုံလာတဲ့အခါ
=======================
တစ်ခါက ဤမဟာဘဒ္ဒကမ္ဘာရဲ့တစ်နေရာမှာ သားအဖနှစ်ယောက်ရှိလေသတဲ့။
တစ်နေ့မှာသမီးလုပ်တဲ့သူက အဖေကိုတိုင်တည်တယ်။
သူ့ဘဝမှာအဆင်မပြေတာတွေများေ နတယ်
ပေါ့။ ဘာလုပ်လုပ်အဆင်မပြေတာတွေချည်းမို့
အားကပြတ်နေပြီး အရာရာကိုလက်လျှော့ချင်စိတ်က ပေါက်နေပြီ ဖေဖေရယ်။
တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာမောလှပါပြီ၊ ပန်းလှပါပြီရှင်။
ပြဿနာတစ်ခုပြေလည်သွားလို့မှ မနားရသေးဘူး နောက်ထပ်ပြဿနာတစ်ခုက ထပ်တက်လာနဲ့
ဘဝဆိုတာ ဒုက္ခတွင်းကြီးထဲဇောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်၊
သမီးတော့စိတ်ညစ်တယ် လူတောင်ဆက်မလုပ်ချင်တော့ဘူး
ဘာညာစသည်ဖြင့်ဖအေကိုတိုင်တည်ရင်း ညည်းရှာတယ်။
ဖအေလုပ်တဲ့လူက စာဖိုမှူးကြီးပါ။ သမီးကလည်း အဲဒီလို
ညည်းညူတိုင်တည်လာရောဖအေက ဘာမပြောညာမပြောနဲ့သမီးကိုလက်ဆွဲပြီး
မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့အိုးသုံးလုံးထဲကိုေ ရတွေဖြည့်ပြီး
မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာတည်လိုက်တယ်။ မကြာပါဘူး။
မီးတွေကပြင်းတော့သုံးအိုးစလုံးထဲကနေရေတွေက ပွက်ပွက်ဆူလာတော့တာပေါ့။
ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုန်လာဥတွေထည့်၊
နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့
လက်ဖက်ခြောက်တွေထည့်လိုက်ပါ တယ်။ ပြီးတော့အိုးတွေကို
ဒီအတိုင်းဆက်တည်ထားလိုက်တယ် ။ စကားတော့တစ်လုံးမှမပြောဘူး။ သမီးလုပ်တဲ့သူက
ဖေဖေ့နှယ်ဘာတွေများလုပ်နေပြ န်တာလဲလို့တွေးရင်းစိတ်ကတယ် မရှည်ချင်ဘူး။
ဒါပေမဲ့ဘာကိုမဆိုအကြောင်းမဲ့ မလုပ်တတ်တဲ့
ဖအေ့အကြောင်းကိုသိထားတော့အံ ကလေးတင်းရင်း
စိတ်မရှည်စွာနဲ့ပဲစောင့်နေရ ပါတော့တယ်။
ဆယ်မိနစ်လောက်ကြာတော့ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကိုသတ်လိုက် ပြီး
ပထမအိုးထဲက မုန်လာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်တစ်အိုးထဲက
ကြက်ဥတွေကိုလည်းဆယ်ပြီးတခြားပန်းကန်ထဲထည့်တယ်။
နောက်ဆုံးအိုးထဲကလက်ဖက်ရည်ြ ကမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။
ပြီးတော့မှ သမီးဖက်ကိုလှည့်ပြီးမေးလိုက်တယ်။
" ကဲ .. သမီးလေးရေ၊ ဒါတွေကဘာတွေလဲ.. "
" မုန်လာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ.. "
သမီးကအဲဒီလိုဖြေလိုက်တော့ဖေ အကသမီးကိုသူ့နားလာခိုင်းပြီး
မုန်လာဥတွေကိုစမ်းခိုင်းတယ် ။ သမီးကဖအေခိုင်းတဲ့အတိုင်း
မုန်လာဥပြုတ်တွေကိုဇွန်းနဲ့ ထိုးကြည့်ပြီးနောက် " ဖေဖေ့မုန်လာဥတွေက
ပျော့ပြဲနေပြီ.. " လို့ပြောလိုက်ပါတယ်။
ဖအေက သမီးစကားကိုအမှုမထားပဲကြက်ဥြ ပုတ်တစ်လုံးကိုယူပြီးသမီးကိုခွဲခိုင်းပြန်တယ်။
အပေါ်ကအကာကိုခွာလိုက်တဲ့အခါမှာတော့
ကောင်းကောင်းကြီးကျက်နေပြီ ဖစ်တဲ့ကြက်ဥပြုတ်ပေါ့။
နောက်ဆုံးမှာတော့ ရေနွေးကြမ်းကိုမြည်းကြည့်ဖို့ဖအေကခိုင်းလိုက်ပြန်တယ်။
သမီးလုပ်တဲ့သူက ပြုံးလိုက်မိနေရင်းကနေ
ဖအေခိုင်းတဲ့အတိုင်းအငွေ့တေ ထာင်းထောင်းထနေတဲ့ရေနွေးကြမ်းပူပူကို
တဖူးဖူးမှုတ်လို့မြည်းလိုက်လိုက်ရပါတယ်။
အင်မတန်မွှေးပျံ့ပြီးအရသာရှိ တဲ့လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း
သတိထားလိုက်မိတယ်။
"ဖေဖေဘာကိုပြောချင်တာလဲဟင်… " လက်ဖက်ရည်ကြမ်းကိုအရသာခံရင်း
သမီးကမအောင့်နိုင်တောပဲ မေးလိုက်ရပါတော့တယ်။
ဖအေကရှင်းပြတယ်။
" မုန်လာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့မတူတဲ့ အရာသုံးမျိုးဟာ
တူညီတဲ့ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်တည်း တစ်ညီတည်း
ထည့်အပြုတ်ခံခဲ့ရတာချင်းအတူ တူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့။
မုန်လာဥဟာရေနွေးထဲမရောက်ခင် တုန်းကတော သန်သန်မာမာ၊
တောင့်တောင့်တင်းတင်းကြီးရယ်၊ အဲ.. ဒါပေမဲ့
ရေနွေးနဲ့လည်းအပြုတ်ခံလိုက် ရရော တစ်ခါတည်းကိုပျော့ဖတ်ပြီး
ချိနဲ့သွားတော့တာပဲ။
ကြက်ဥကကျတော့ ရေနွေးထဲမရောက်ခင်ကအထိမခံဘူး
ထိလိုက်တာနဲ့ဖတ်ခနဲကွဲမှာအေ သအချာနော်။ အပေါ်ခွံပါးပါးလေးက
အထဲကအရည်ကြည်ပျော့ဖတ်ဖတ်လေး တွေကိုကာရံထားရတဲ့အနေအထားပေါ့။
ဒါပေမဲ့ရေနွေးဆူဆူထဲမှာလည်း ကြာကြာလေးနေလိုက်ရရော
အဲဒီပျော့အိအိအတွင်းသားတွေအားလုံးမာကုန်တာပဲမဟုတ်လားသမီးရဲ့..။
အေး.. လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်းရောက်သွားရော
အဲဒီပွက်ပွက်ဆူနေတဲ့ရေကိုပါ လက်ဖက်ရည်အဖြစ်ပြောင်းလဲပစ် လိုက်တယ်။
" ကဲ... အဖေ့သမီးကရော ဘာလဲ ။ မုန်လာဥလား ၊ ကြက်ဥလား ၊ လက်ဖက်ခြောက်လား ။
လောကဓံဆိုတာတော့ လူတိုင်း
ရင်ဆိုင်ကြရတာပဲသမီး ။ အဲဒီလောကဓံနဲ့ နဖူးတွေ့ ဒူးတွေ့
ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘယ်လိုတုံ့ ပြန်လိုက်ချင်သလဲ ။
မုန်လာဥလို တုံ့ ပြန်မလား ၊ ကြက်ဥလို တုံ့ ပြန်မလား ၊ လက်ဖက်ခြောက်လို
တုံ့ ပြန်မလား သမီးဘာသာ စဉ်းစားပေတော့ကွယ် "
ပုံပြင်လေးကတော့ဒါပါပဲကွယ်။ စာဖတ်သူလူကြီးမင်းကရောဘယ်လိုပါလဲ။
အပြင်ပန်းအမြင်မှာတော့ မုန်လာဥလိုမာမာချာချာ တောင့်တောင့်တင်းတင်းကြီးနဲ့ 
လောကဓံနဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့အခါကျရ င်တော့
ပျော့ခွေနွမ်းရိပြီးအားကုန် သွားမယ့်လူစားမျိုးပါလား။
ဒါမှမဟုတ်ကြက်ဥလိုလူစားလား။ အစတုန်းကတော့ ထိလွယ်ရှလွယ်တယ်။
စိတ်ကလည်းပျော့တယ်။ ဒါပေမဲ့သေခြင်းတရားလို ရှင်ကွဲကွဲတာလို
ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို
အပြင်းအထန်ခံစားပြီးရတဲ့နော က်မှာတော့ နင်လားဟဲ့.. လောကဓံဆိုတဲ့စိတ်ဓာတ်၊
ထီမထင်တဲ့စိတ်ဓာတ်နဲ့ မာကျောကျော
တောင့်တင်းတင်းကြီးဖြစ်သွား မယ့်လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့
ပြုတ်ပြီးသားကြက်ဥလိုပဲ အပြင်ပန်းအမြင်မှာသိပ်မကွာလှပေမယ့်
အတွင်းမှာခါးသီးမာကျောနေတဲ့ နှလုံးသားနဲ့လူများဖြစ်နေမှာလား။
ဒါမှမဟုတ်စာဖတ်သူလူကြီးမင်း ဟာ လက်ဖက်ခြောက်လိုလူစားမျိုးလား။ ရေပူ ကို
တောင် အသွင်ပြောင်းပေးနိုင်စွမ်းရှိတာမျိုးလေ။ လက်ဖက်ခြောက်ဆိုတာက
ရေနွေးဆူလေလေ ပွက်လေလေ လက်ဖက်ရည်အရသာကောင်းလေလေပေါ့ ။
လက်ဖက်ခြောက်လိုလူဆိုတာကလည်း ဒုက္ခသုက္ခတွေ အရှိန်တက်လေလေ
အရည်အချင်းတွေပိုရှိလာလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက်
ပိုကောင်းတဲ့အခြေအနေကို ဖန်တီးပေးနိုင်သူဖြစ်နေပါလိ မ့်မယ်။
ကဲ.. စာဖတ်သူ လူကြီးမင်း လောကဓံကို ဘယ်လိုရင်ဆိုင်မယ် စိတ်ကူးပါသလဲ ။
စာဖတ်သူဟာ လူ မုန်လာဥလား ၊ လူ ကြက်ဥလား ၊ လူ လက်ဖက်ခြောက်လား ။
Shwe Myo Taw မှ
#သုတဇုန်
http://www.thutazone.com/ 2016/01/blog-post_1.html
=======================
တစ်ခါက ဤမဟာဘဒ္ဒကမ္ဘာရဲ့တစ်နေရာမှာ သားအဖနှစ်ယောက်ရှိလေသတဲ့။
တစ်နေ့မှာသမီးလုပ်တဲ့သူက အဖေကိုတိုင်တည်တယ်။
သူ့ဘဝမှာအဆင်မပြေတာတွေများေ
ပေါ့။ ဘာလုပ်လုပ်အဆင်မပြေတာတွေချည
အားကပြတ်နေပြီး အရာရာကိုလက်လျှော့ချင်စိတ်က
တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာမောလှပါပြီ၊ ပန်းလှပါပြီရှင်။
ပြဿနာတစ်ခုပြေလည်သွားလို့မှ
ဘဝဆိုတာ ဒုက္ခတွင်းကြီးထဲဇောက်ထိုးဆင
သမီးတော့စိတ်ညစ်တယ် လူတောင်ဆက်မလုပ်ချင်တော့ဘူး
ဘာညာစသည်ဖြင့်ဖအေကိုတိုင်တည
ဖအေလုပ်တဲ့လူက စာဖိုမှူးကြီးပါ။ သမီးကလည်း အဲဒီလို
ညည်းညူတိုင်တည်လာရောဖအေက ဘာမပြောညာမပြောနဲ့သမီးကိုလက
မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့အိုးသုံးလုံးထဲကိုေ
မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာတည်လိုက်တယ
မီးတွေကပြင်းတော့သုံးအိုးစလ
ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုန်လာဥတွေထည့်၊
နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့
လက်ဖက်ခြောက်တွေထည့်လိုက်ပါ
ဒီအတိုင်းဆက်တည်ထားလိုက်တယ်
ဖေဖေ့နှယ်ဘာတွေများလုပ်နေပြ
ဒါပေမဲ့ဘာကိုမဆိုအကြောင်းမဲ
ဖအေ့အကြောင်းကိုသိထားတော့အံ
စိတ်မရှည်စွာနဲ့ပဲစောင့်နေရ
ဆယ်မိနစ်လောက်ကြာတော့ဖအေလုပ
ပထမအိုးထဲက မုန်လာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်တစ်အိုးထဲက
ကြက်ဥတွေကိုလည်းဆယ်ပြီးတခြာ
နောက်ဆုံးအိုးထဲကလက်ဖက်ရည်ြ
ပြီးတော့မှ သမီးဖက်ကိုလှည့်ပြီးမေးလိုက
" ကဲ .. သမီးလေးရေ၊ ဒါတွေကဘာတွေလဲ.. "
" မုန်လာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ.. "
သမီးကအဲဒီလိုဖြေလိုက်တော့ဖေ
မုန်လာဥတွေကိုစမ်းခိုင်းတယ်
မုန်လာဥပြုတ်တွေကိုဇွန်းနဲ့
ပျော့ပြဲနေပြီ.. " လို့ပြောလိုက်ပါတယ်။
ဖအေက သမီးစကားကိုအမှုမထားပဲကြက်ဥြ
အပေါ်ကအကာကိုခွာလိုက်တဲ့အခါမ
ကောင်းကောင်းကြီးကျက်နေပြီ
နောက်ဆုံးမှာတော့ ရေနွေးကြမ်းကိုမြည်းကြည့်ဖု
သမီးလုပ်တဲ့သူက ပြုံးလိုက်မိနေရင်းကနေ
ဖအေခိုင်းတဲ့အတိုင်းအငွေ့တေ
တဖူးဖူးမှုတ်လို့မြည်းလိုက်လ
အင်မတန်မွှေးပျံ့ပြီးအရသာရှိ
သတိထားလိုက်မိတယ်။
"ဖေဖေဘာကိုပြောချင်တာလဲဟင်…
သမီးကမအောင့်နိုင်တောပဲ မေးလိုက်ရပါတော့တယ်။
ဖအေကရှင်းပြတယ်။
" မုန်လာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့မတူတဲ
တူညီတဲ့ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်တည်း တစ်ညီတည်း
ထည့်အပြုတ်ခံခဲ့ရတာချင်းအတူ
မုန်လာဥဟာရေနွေးထဲမရောက်ခင်
တောင့်တောင့်တင်းတင်းကြီးရယ
ရေနွေးနဲ့လည်းအပြုတ်ခံလိုက်
ချိနဲ့သွားတော့တာပဲ။
ကြက်ဥကကျတော့ ရေနွေးထဲမရောက်ခင်ကအထိမခံဘူ
ထိလိုက်တာနဲ့ဖတ်ခနဲကွဲမှာအေ
အထဲကအရည်ကြည်ပျော့ဖတ်ဖတ်လေး
ဒါပေမဲ့ရေနွေးဆူဆူထဲမှာလည်း
အဲဒီပျော့အိအိအတွင်းသားတွေအ
အေး.. လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်းရောက်သ
အဲဒီပွက်ပွက်ဆူနေတဲ့ရေကိုပါ
" ကဲ... အဖေ့သမီးကရော ဘာလဲ ။ မုန်လာဥလား ၊ ကြက်ဥလား ၊ လက်ဖက်ခြောက်လား ။
လောကဓံဆိုတာတော့ လူတိုင်း
ရင်ဆိုင်ကြရတာပဲသမီး ။ အဲဒီလောကဓံနဲ့ နဖူးတွေ့ ဒူးတွေ့
ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘယ်လိုတုံ့ ပြန်လိုက်ချင်သလဲ ။
မုန်လာဥလို တုံ့ ပြန်မလား ၊ ကြက်ဥလို တုံ့ ပြန်မလား ၊ လက်ဖက်ခြောက်လို
တုံ့ ပြန်မလား သမီးဘာသာ စဉ်းစားပေတော့ကွယ် "
ပုံပြင်လေးကတော့ဒါပါပဲကွယ်။
အပြင်ပန်းအမြင်မှာတော့ မုန်လာဥလိုမာမာချာချာ တောင့်တောင့်တင်းတင်းကြီးနဲ
လောကဓံနဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့အခါကျရ
ပျော့ခွေနွမ်းရိပြီးအားကုန်
ဒါမှမဟုတ်ကြက်ဥလိုလူစားလား။
စိတ်ကလည်းပျော့တယ်။ ဒါပေမဲ့သေခြင်းတရားလို ရှင်ကွဲကွဲတာလို
ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို
အပြင်းအထန်ခံစားပြီးရတဲ့နော
ထီမထင်တဲ့စိတ်ဓာတ်နဲ့ မာကျောကျော
တောင့်တင်းတင်းကြီးဖြစ်သွား
ပြုတ်ပြီးသားကြက်ဥလိုပဲ အပြင်ပန်းအမြင်မှာသိပ်မကွာလ
အတွင်းမှာခါးသီးမာကျောနေတဲ့
ဒါမှမဟုတ်စာဖတ်သူလူကြီးမင်း
တောင် အသွင်ပြောင်းပေးနိုင်စွမ်းရ
ရေနွေးဆူလေလေ ပွက်လေလေ လက်ဖက်ရည်အရသာကောင်းလေလေပေါ
လက်ဖက်ခြောက်လိုလူဆိုတာကလည်
အရည်အချင်းတွေပိုရှိလာလေဖြစ
ပိုကောင်းတဲ့အခြေအနေကို ဖန်တီးပေးနိုင်သူဖြစ်နေပါလိ
ကဲ.. စာဖတ်သူ လူကြီးမင်း လောကဓံကို ဘယ်လိုရင်ဆိုင်မယ် စိတ်ကူးပါသလဲ ။
စာဖတ်သူဟာ လူ မုန်လာဥလား ၊ လူ ကြက်ဥလား ၊ လူ လက်ဖက်ခြောက်လား ။
Shwe Myo Taw မှ
#သုတဇုန်
http://www.thutazone.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။