ကရင်နှစ်သစ်ကူးနေ့
----------------
ကရင်နှစ်သစ်ကူးနေ့သည်
ကောင်းမြတ်သောကရင်နှစ် ၂၇၅၅ ၏
ပထမနေ့ဖြစ်သည်။ ကရင် နှစ်သစ်ကူးနေ့သည် မြန်မာပြက္ခဒိန် ပြာသိုလဆန်း (၁)ရက်နေ့နှင့် ဆီလျှော်သည့်အတိုင်း ကရင်ပြက္ခဒိန်နှစ်အရ
‘သလေး၊ ထိုက်ခေါက်ဖိုး လဆန်ုး (၁)ရက်
(သို့မဟုတ်) (၂) ရက်တွင် ကျရောက်လေသည်။
နှစ်သစ် အလို့ငှာ ဤနေ့ရက်သို့ ကျရောက်သောအခါ ကရင်အမျိုးသားများသည် ၀ါးအိမ်သစ်များကို တည်ဆောက်ခြင်း၊ ပစ္စည်းဟောင်းများကို ပြုပြင်ခြင်း၊ တောင်ကုန်းထူထပ်သော နေရာသစ်တို့၌ တောင်ယာသစ်များကို သတ်မှတ်ခြင်းတို့ကို ပြုလုပ်ကြသည်။
ရုပ်တုကိုးကွယ်သူ ကရင်များက နတ်များကို ကိုးကွယ်ပသခြင်းဖြင့် လည်းကောင်း၊
ဗုဒ္ဓဘာသာ ကရင်များက ဘုရားရှိခိုးခြင်း၊
ကျောင်း ဇရပ်သွားခြင်း၊ သံဃာတော်များထံမှ တရားနာယူခြင်းတို့ဖြင့် လည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်များက ဆုတောင်း ဘုရားရှိခိုးခြင်း စသည်တို့အပြင်သက်ဆိုင်ရာ ယုံကြည် ကိုးကွယ်မှုအလိုက် ကရင်မျိုးနွယ် အားလုံးသည် ကြီးစွာသော စည်းဝေးခြင်းများ ပြုကြလျှက် စုရုံးကြသော သက်ဆိုင်ရာ ဘာသာရေး ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများကို ကရင်များ နေထိုင်ရာ ဒေသတိုင်းတွင် ပြုလုပ်ကြပေသည်။
ပဲခူးနယ်၊ ဟင်္သာတနယ်၊ တောင်ငူနယ်များတွင် သလေး၊ ထိုင်ခုတ်ဖို၊ ပြာသိုလဆန်း (၁)ရက်နေ့၌ ရှေးအစဉ်အလာအရ ကရင်လယ်သမားများ နှစ်သစ်ကူးပွဲတော် ကျင်းပကြ၏
------
ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြုရေး ၁၉၃၇-ခု ဥပဒေကြမ်းတွင် ကရင်နှစ်သစ်ကူးနေ့မှာ သလေးထိုင်ခုတ်ဖို လဆန်း ၁ ရက်နေ့၊ ၂ ရက်နေ့သည် ပြာသိုလဆန်း(၁)ရက်နဲ့ (၂)ရက်တွင် ကျရောက်သည် ဟု ဆိုထားပေသည်။(The Karen New Year Days fall on the 1st and 2nd days of Thalay Htaik Koppho according to Karen calendar corresponding with the 1st and 2nd waxing days of Pyatho)
မြေပြန့်ကရင်များသည် ပြာသိုလဆန်း(၁)ရက်၊
သလေး၊ ထိုင်ခုတ်ဖို (၁)ရက်နေ့တွင်ကျင်းပကြ၏။
ဖာပွန်နှင့် အချို့တောင်ပေါ်ကရင်များ တပို့တွဲ လဆန်း (၁)ရက်နေ့တွင်ကျင်းပကြ၏။
ဖားအံမြို့နှင့် အခြားကျေးရွာ လဲကယ်ဘာသာဝင် ကရင်များ နယုန်လအတွင်း စနေနေ့ကျသော နေ့တစ်နေ့တွင် ကျင်းပကြ၏။
ဒုံရင်းနယ် လဲကယ်ဘာသာဝင် ကရင်များသည် တန်ဆောင်မုန်း လဆန်း ပထ မစနေနေ့မှာ ကျင်းပကြ၏။
photo by ကရင်ပြည်နယ်ဘားအံမြို့တော်။
ref.မှတ်စုစာအုပ်
ref. တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ
ref.ကရင့်ရာဇ၀င်သမိုင်းစာအု ပ်

ref.ကရင့်ရာဇ၀င်သမိုင်းစာအု

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။