ပျော်ရွှင်သော ချစ်သူစုံတွဲတွေရဲ့ လျို့ဝှက်ချက်
။။။။။။။။။။။။။။။။။။။။။။။။။။ ။။။။။။။။။။။။။။။။။။။။။။။။။
အချစ်ရေးချစ်ရာတွေမှာ အဆင်ပြေပြေနေထိုင်ရတဲ့ အကြောင်းအရင်း များစွာ ရှိပါတယ်။ နှစ်ဦးနှစ်ဖက် လေးစားမှုနဲ့ယုံကြည်မှု၊ချစ်တ င်းနှီးနှောခြင်း၊
ဝေမျှခံစားခြင်း စတာတွေပေါ့။ ဒါပေမယ့် လေ့လာမှုသစ်တစ်ခုကတော့ မိမိရဲ့
တစ်ယောက်သောသူနဲ့ သူငယ်ချင်းလို နေထိုင်းခြင်းက အခရာကျတဲ့ အချက်တစ်ခုလို့
ဆိုပါတယ်။
လက်တွဲဖော်နဲ့ မိတ်ဆွေဖွဲ့ ခင်မင်ရင်းနှီးမှုကို တန်ဖိုးထားတဲ့ ချစ်သူစုံတွဲတွေ ဟာ အဲဒီလို မနေတတ်တဲ့ သူတွေထက် ပိုမို ခိုင်မြဲကြတယ်၊ ပိုချစ်ခင်ကြပြီး အိမ်ထောင်ရေး သုခကိုလည်း ပိုမိုခံစားကြပါ တယ်။
ပထမလေ့လာချက်ကတော့ Purdue University မှ သုတေသီများက ပျှမ်းမျှ ၁၈ လ ကြာ ချစ်သူရည်းစားဘဝ ဖြတ်သန်းခဲ့ကြတဲ့ ကျောင်းသား/သူ ၁၉၀ ကို အချစ်ရေးမှာ ဘယ်လောက်စိတ်ရှည်ကြလဲ၊ ဘယ်လောက်ထိ အလေးထားမှု ရှိကြလဲ၊ ဘယ်ကို ဦးတည် သွားဖို့ မျှော်လင့်ထားလဲဆိုတာ တွက်ချက် ခန့်မှန်းဖို့ စစ်တမ်းမှာ ထည့်သွင်းပါဝင်စေခဲ့ပါတယ်။
သုတေသနပညာရှင်တွေက အဲဒီနောက် ၄ လ အတွင်းမှာ လေ့လာမှုကို ဆက်လက်ဆောင်ရွက်ပြီး၂၇%ကအရင်လူနဲ့လက်မတွဲတော့တာ
တွေ့ရှိခဲ့ပါ တယ်။ သိပ္ပံရှင်တွေ စစ်တမ်းရလဒ်ကို သေချာ စစ်ကြည့်တဲ့အခါ
အရင်လူနဲ့ ပဲ ဆက်ပြီး လက်တွဲနေကြသေးသူတွေဟာ ခင်မင်ရင်းနှီးမှု၊
ရိုမန်းတစ်ဆန်ဆန် လက်တွဲနေထိုင်ခြင်း၊ ချစ်ခြင်းမေတ္တာနဲ့ ဖိုမကိစ္စသာယာမှု
စတဲ့ချက်တွေကို အလေးထားတဲ့ သူတွေဆိုတာ တွေ့ရပါတယ်။
ဒုတိယလေ့လာမှုကတော့ သုတေသီတွေက အနည်းဆုံး ချစ်သူဘဝ သက်တမ်း ၁၆ လ ရှိသူ ကျောင်းသား/ သူ
၁၈၄ ယောက်ကို မိတ်ဆွေ အပေါင်းအသင်းဖွဲ့ခြင်း၊ ဖိုမကိစ္စ၊ ဘဝလုံခြုံမှု၊
မိမိကိုယ်မိမိ တိုးတက်အောင် လုပ်ခြင်း၊ မိမိလက်တွဲဖော်နဲ့
အတွေ့အကြုံသစ်တွေရယူခြင်းကို ဘယ်လောက် အလေးထားကြောင်း တိုင်းတာဖို့
မေးခွန်းမေးခဲ့ပါတယ်။
အချစ်ရေးမှာ အပေါင်းအသင်း မိတ်ဆွေဖွဲ့ခြင်းက မရှိမဖြစ်အရေးကြီးတယ် လို့ ဖြေကြားသူတွေဟာ ရိုမန်းတစ်ဆန်ဆန် လက်တွဲနေထိုင်ခြင်းနဲ့ ဖိုမ ကိစ္စကျေနပ်ရောင့်ရဲမှု ပိုမိုရရှိသူတွေ ဖြစ်ကြပါတယ်။
အချစ်ရေးမှာ ဆွဲဆောင်မှုရှိခြင်းက အရေးကြီးပေမယ့်လို့ မိမိလက်တွဲဖော်နဲ့ အဓွန့်ရှည်တကယ်လက်တွဲချင်ရင်တော့အမြဲတမ်းခင်ခင်မင်မင် ပေါင်းသင်းနေထိုင်တတ်တဲ့သူတ စ်ယောက်ဖြစ်ဖို့အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
Credit : womenshealthmag,Trendmyanm ar
။။။။။။။။။။။။။။။။။။။။။။။။။။
အချစ်ရေးချစ်ရာတွေမှာ အဆင်ပြေပြေနေထိုင်ရတဲ့ အကြောင်းအရင်း များစွာ ရှိပါတယ်။ နှစ်ဦးနှစ်ဖက် လေးစားမှုနဲ့ယုံကြည်မှု၊ချစ်တ
လက်တွဲဖော်နဲ့ မိတ်ဆွေဖွဲ့ ခင်မင်ရင်းနှီးမှုကို တန်ဖိုးထားတဲ့ ချစ်သူစုံတွဲတွေ ဟာ အဲဒီလို မနေတတ်တဲ့ သူတွေထက် ပိုမို ခိုင်မြဲကြတယ်၊ ပိုချစ်ခင်ကြပြီး အိမ်ထောင်ရေး သုခကိုလည်း ပိုမိုခံစားကြပါ တယ်။
ပထမလေ့လာချက်ကတော့ Purdue University မှ သုတေသီများက ပျှမ်းမျှ ၁၈ လ ကြာ ချစ်သူရည်းစားဘဝ ဖြတ်သန်းခဲ့ကြတဲ့ ကျောင်းသား/သူ ၁၉၀ ကို အချစ်ရေးမှာ ဘယ်လောက်စိတ်ရှည်ကြလဲ၊ ဘယ်လောက်ထိ အလေးထားမှု ရှိကြလဲ၊ ဘယ်ကို ဦးတည် သွားဖို့ မျှော်လင့်ထားလဲဆိုတာ တွက်ချက် ခန့်မှန်းဖို့ စစ်တမ်းမှာ ထည့်သွင်းပါဝင်စေခဲ့ပါတယ်။
သုတေသနပညာရှင်တွေက အဲဒီနောက် ၄ လ အတွင်းမှာ လေ့လာမှုကို ဆက်လက်ဆောင်ရွက်ပြီး၂၇%ကအရင
ဒုတိယလေ့လာမှုကတော့ သုတေသီတွေက အနည်းဆုံး ချစ်သူဘဝ သက်တမ်း ၁၆ လ ရှိသူ ကျောင်းသား/
အချစ်ရေးမှာ အပေါင်းအသင်း မိတ်ဆွေဖွဲ့ခြင်းက မရှိမဖြစ်အရေးကြီးတယ် လို့ ဖြေကြားသူတွေဟာ ရိုမန်းတစ်ဆန်ဆန် လက်တွဲနေထိုင်ခြင်းနဲ့ ဖိုမ ကိစ္စကျေနပ်ရောင့်ရဲမှု ပိုမိုရရှိသူတွေ ဖြစ်ကြပါတယ်။
အချစ်ရေးမှာ ဆွဲဆောင်မှုရှိခြင်းက အရေးကြီးပေမယ့်လို့ မိမိလက်တွဲဖော်နဲ့ အဓွန့်ရှည်တကယ်လက်တွဲချင်ရင
Credit : womenshealthmag,Trendmyanm

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။