မှတ်စုကြမ်း added 4 new photos.
----------
ဒေါသထွက်စဉ် လက်လွတ်စပယ် လုပ်လိုက်မိသော အလုပ်တစ်ခုက ခံရသူ တစ်ဖက်သား အဖို့ တစ်သက်စာ လူတောမတိုးဝံ့တော့ခြင်း ဖြစ်ခဲ့မည် ဆိုလျှင် ထိုလုပ်ရပ်သည် ဘယ်လောက် အတိုင်း အတာ အထိ ယုတ်ညံ့သွားနိုင် မလဲ မိတ်ဆွေတို့ စဉ်းစားကြည့်ပါ။ ပူးတွဲ ဖော်ပြထားသောပုံတို့သည် ငရဲမီး ဖြင့် ပက်ခံ ရသောကြောင့် အလှ ပြင်ချင်သော်လည်း သေချာ လှပအောင် မပြင်နိုင် တော့သည့် အိန္ဒိယ အမျိုးသမီးတစ်ယောက် ၏ ပုံဖြစ်သည်။
မြန်မာ့အခေါ်အားဖြင့် ငရဲမီးသည် ဝတ္ထုပစ္စည်းများကို စားနိုင်သော
အက်ဆစ်များကို ဆိုလိုသည်။ အက်ဆစ် အမျိုးမျိုး ရှိကြသော်လည်း
ယင်းတို့အားလုံးကို ငရဲမီးဟူ၍ မခေါ်ကြ ပေ။ အထူးအားဖြင့် ဆာလဖျူရစ်အက်ဆစ်၊
နိုက်ထရက် အက်ဆစ်၊ ဟိုက်ဒရိုကလိုရစ် အက်ဆစ် တို့သည် ဝတ္ထုပစ္စည်း များကို
စားနိုင်ကြသဖြင့် ယင်းတို့ကို ငရဲမီးဟု ခေါ်လေ့ရှိသည်။
ငရဲမီးတွေကို ရောင်းသည့်အခါ နိုင်ငံသား မှတ်ပုံတင်ကဒ် ပြနိုင်သူတွေ ကိုသာ ရောင်းချသင့်ပြီး၊ ရောင်း ချထားတဲ့ စာရင်းကို နာမည်နဲ့တကွ တစ်နှစ်စာ အနည်းဆုံး သိမ်းဆည်းထားရန် နှင့် ဝယ်သူ များ ဘက်ကလည်း ဘာအတွက်ကြောင့် ငရဲမီး ဝယ်တယ် ဆိုတာ ရှင်းပြရမည် ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံ မှာ စည်းမျဉ်းထုတ်ပြန် ထားပါသည်။
သို့သော်လည်း ထိုသို့ ကြပ်မတ်နေသည့် ကြား မှာပင် အိန္ဒိယ နိုင်ငံ၌ ငရဲမီးဖြင့် ပက်ပြီး တိုက်ခိုက်မှု များ မြင့်တက် နေလျက် ရှိသည်။ နှစ်စဉ် ငရဲမီးဖြင့် တိုက်ခိုက်မှု ၁ ထောင်နီးပါး ဖြစ်ပွားပြီး ခံရသူ အများစု တို့မှာ ကိုယ့်ချစ်သူ၊ ရည်စား၊ ခင်ပွန်းတို့ကို လမ်းခွဲသွား ကြသည့် အမျိုးသမီးတို့  ဖြစ်ကြသည်။
မြန်မာနိုင်ငံ အတွင်းတွင်တော့ ထိုသို့ ငရဲမီးဖြင့် ပက်သည့် မှုခင်း များများစားစား မရှိ၍သာ တော် တော့သည်။ သို့သော်လည်း အခြား မှုခင်းများမှာတော့ နေ့တဓူဝ လိုလိုပင် ဖြစ်နေသေးသည်မှာ ငြင်းမရပေ။
ကိုးကား - wiki (ငရဲမီး)
Photo ©makelovenotscars.org
Via - The Logical Indian
- မှတ်စုကြမ်းမှ ပြုစုရေးသားသည်။ #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။