တစ်ခုခုမလုပ်ခင် ခဏတော့စဉ်းစားပါ
တစ်ခါတုန်းက ဆာလောင်နေတဲ့ မြေခွေးတစ်ကောင်ဟာ အစာရှာဖို့ ထွက်လာခဲ့ပါတယ်။ သူဘယ်လိုပဲ ကြိုးစားပြီးရှာဖွေခဲ့ပေမယ့်
စားစရာလေးတစ်စိတ်တောင် မရခဲ့ပါဘူး။ အစာရှာမရတဲ့အဆုံး တောအုပ်အစွန်းနားက
လူတွေ ရောက်တတ်တဲ့နေရာမှာ အစာရှာဖို့ အရဲစွန့်ထွက်လာခဲ့ပါတယ်။ တောအုပ်
အစွန်းနားလည်း ရောက်ရော သစ်ခေါင်းပေါက်အကျယ်ကြီးရှိ တဲ့ သစ်ပင်ကြီး တစ်ပင်ကို တွေ့လိုက်ရပါတော့သတဲ့ကွယ်။
သစ်ခေါင်းပေါက်ကြီးထဲကို လှမ်းကြည့်လိုက်တဲ့အချိန်မှာ သစ်ခုတ်သမားတစ်ယောက်ထားသွား တဲ့
စားစရာအပြည့်နဲ့ အထုပ်ကြီးတစ်ထုပ်ကို တွေ့လိုက်ရသတဲ့။ ဆာလောင်နေတဲ့
ဝမ်းရေးကြောင့် ဉာဏ်စွမ်းကိုမသုံးဘဲ သစ်ခေါင်းပေါက်ထဲ ဒိုင်ဗင်ပစ်ဝင်၊
အထုပ်ကိုဖြည်ပြီး စားစရားတွေကို အားရပါးရ စားသောက်နေခဲ့သတဲ့ကွယ်။
စိတ်တိုင်းကျ တစ်ဝတစ်ပြဲ စားသောက်လို့လည်းပြီးရော မြေခွေးဟာ အနီးနားက စမ်းချောင်းလေးမှာ ရေသွားသောက်ဖို့ သစ်ခေါင်းပေါက်ကနေ ထွက်မယ်လို့ပြင်ခဲ့သတဲ့။ ဒါပေမယ့် သူဘယ်လောက်ကြိုးစားပြီး ထွက်ထွက်၊ သစ်ခေါင်းအပြင်ဘက်ကို မရောက်နိုင်ခဲ့ပါဘူး။ ဘာလို့လဲ သိလား။ မြေခွေးက အစားအစာတွေကို နင်းကန်စားပြီး ခန္ဓာကိုယ်က ဝဖြိုးလာတာကြောင့် ဝင်လာတဲ့ သစ်ခေါင်းပေါက်လေးကနေ သူ့ခန္ဓာကိုယ်နဲ့ ထွက်လို့မရလို့ပေါ့ကွယ်။
အဲ့ဒီ့အချိန်မှာ မြေခွေးဟာ အရမ်းကို စိတ်ပျက်ဝမ်းနည်းသွားပြီး “ငါသစ်ခေါင်းထဲမဝင်ခင် နည်းနည်းလောက်တော့ ဦးနှောက်သုံးပြီး စဉ်းစားခဲ့ရမှာ” ဆိုပြီး နောင်တနဲ့အတူ ကိုယ့်ကိုကိုယ် ပြစ်တင်ပြောဆိုနေပါတော့တယ်။
မစဉ်းစားဘဲ ပြုလုပ်ခဲ့မိလို့ ဒုက္ခရောက်တာ ဒီမြေခွေးမိုက်တင် မဟုတ်ပါဘူး စာဖတ်ပရိသတ်ကြီးရေ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာရော ကျွန်မတို့ ကိုယ်တိုင်မှာပါ မစဉ်းစားဘဲလုပ်ခဲ့လို့ ဆိုးကျိုးတွေအများကြီး ကြုံလာခဲ့ရတဲ့ လုပ်ရပ်တွေရှိနေပါတယ်။ ဒါ့ကြောင့် ဘယ်အလုပ်ကိစ္စကိုမဆို မလုပ်ခင်ကတည်းက အကျိုးအပြစ်ကို သေချာစဉ်းစားရင်း အောင်မြင် မှုအကျိုးဆက်တွေကို ခံစားနိုင်ကြပါစေရှင်။
ဂန္တဝင် မဂ္ဂဇင်းမှ
#သုတဇုန်
www.thutazone.com
တစ်ခါတုန်းက ဆာလောင်နေတဲ့ မြေခွေးတစ်ကောင်ဟာ အစာရှာဖို့ ထွက်လာခဲ့ပါတယ်။ သူဘယ်လိုပဲ ကြိုးစားပြီးရှာဖွေခဲ့ပေမယ့
သစ်ခေါင်းပေါက်ကြီးထဲကို လှမ်းကြည့်လိုက်တဲ့အချိန်မှ
စိတ်တိုင်းကျ တစ်ဝတစ်ပြဲ စားသောက်လို့လည်းပြီးရော မြေခွေးဟာ အနီးနားက စမ်းချောင်းလေးမှာ ရေသွားသောက်ဖို့ သစ်ခေါင်းပေါက်ကနေ ထွက်မယ်လို့ပြင်ခဲ့သတဲ့။ ဒါပေမယ့် သူဘယ်လောက်ကြိုးစားပြီး ထွက်ထွက်၊ သစ်ခေါင်းအပြင်ဘက်ကို မရောက်နိုင်ခဲ့ပါဘူး။ ဘာလို့လဲ သိလား။ မြေခွေးက အစားအစာတွေကို နင်းကန်စားပြီး ခန္ဓာကိုယ်က ဝဖြိုးလာတာကြောင့် ဝင်လာတဲ့ သစ်ခေါင်းပေါက်လေးကနေ သူ့ခန္ဓာကိုယ်နဲ့ ထွက်လို့မရလို့ပေါ့ကွယ်။
အဲ့ဒီ့အချိန်မှာ မြေခွေးဟာ အရမ်းကို စိတ်ပျက်ဝမ်းနည်းသွားပြီး “ငါသစ်ခေါင်းထဲမဝင်ခင် နည်းနည်းလောက်တော့ ဦးနှောက်သုံးပြီး စဉ်းစားခဲ့ရမှာ” ဆိုပြီး နောင်တနဲ့အတူ ကိုယ့်ကိုကိုယ် ပြစ်တင်ပြောဆိုနေပါတော့တယ်။
မစဉ်းစားဘဲ ပြုလုပ်ခဲ့မိလို့ ဒုက္ခရောက်တာ ဒီမြေခွေးမိုက်တင် မဟုတ်ပါဘူး စာဖတ်ပရိသတ်ကြီးရေ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာရော ကျွန်မတို့ ကိုယ်တိုင်မှာပါ မစဉ်းစားဘဲလုပ်ခဲ့လို့ ဆိုးကျိုးတွေအများကြီး ကြုံလာခဲ့ရတဲ့ လုပ်ရပ်တွေရှိနေပါတယ်။ ဒါ့ကြောင့် ဘယ်အလုပ်ကိစ္စကိုမဆို မလုပ်ခင်ကတည်းက အကျိုးအပြစ်ကို သေချာစဉ်းစားရင်း အောင်မြင် မှုအကျိုးဆက်တွေကို ခံစားနိုင်ကြပါစေရှင်။
ဂန္တဝင် မဂ္ဂဇင်းမှ
#သုတဇုန်
www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။