#ဘာမှမတတ်နိုင်တဲ့အခြအနေတခု ကိုပြောင်းလဲခံစားကြည့်ပါ။
လေယဉ်နဲ့ခရီးသွားဖို့ လေဆိပ်ကိုရောက်လာတယ်။ ပစ္စည်းတွေကို ပေါင်ချိန်ဖို့တန်းစီစောင့် နေတုံးမှာပဲ ကျနော်လိုက်ပါမဲ့လေယဉ်ဟာ.စက်ချွတ်ယွင်းနေလို့.ထွက်ခွာချိန်၎နာရီလောက်နောက်ကျမယ်လို့.အသံချဲ့စက်ကနေ ကြေငြာတာကြားလိုက်ရတယ်။ ကျနော် အတော်လေးဒေါသထွက်သွားတယ်။ ကြိုမဲ့သူတွေက ကျနော်ရောက်လာချိန်ထိလာကိုေ စာင့်ပါ့အုံးမလား။ သွားတက်ရမဲ့အစည်းအဝေးမှီပါ့ အုံးမလားဆိုတာတွေ တွေးမိရင်း ဒေါသဖြစ်သွားတာပေါ့။ ဒါကြောင့် လေကြောင်းလိုင်းကောင်တာကိုသွားပြီး အရေးသွားဆိုမလို့ ထသွားလိုက်တာ ကိုယ့်ရှေ့မှာ ခရီးသည်တွေတပြုံကြီး အော်ဟစ်အရေးဆိုနေကြတာ တွေ့ရတယ်။.ကောင်တာကတာဝန်ရှိ ပုံရတဲ့လူကြီး၂ယောက်ကလဲ ခေါင်းတခါ လက်တကာကာနဲ့ သူတို့လဲဘာမှမတတ်နိုင်ဘူးလို့ အော်ပြီးရှင်းပြနေတာတွေ့လို့ .ကိုယ်ထိုင်နေတဲ့ထိုင်ခုံဆီပြန်လာပြီးထိုင်နေလိုက်တယ် ။
ခနလေးနေတော့ စိတ်ဆိုးနဲနဲပြေသွားပြီး တခုစဉ်းစားမိလိုက်တယ်။ ငါ အခုဒေါသဖြစ်နေလို့ကော.ဘာလုပ်လို့ရမှာလဲ။ လေယဉ်တစီးချက်ခြင်းစီစဉ်ပြီးထွက်ပေးမှာလား။.မဖြစ်နိုင် တာပဲ။ ဘာမှမတတ်နိုင်တဲ့ အခြေအနေမှာ ငါ ဘာလို့စိတ်ဆင်းရဲခံ ဒေါသဖြစ်နေရမှာလဲ။ အချိန်၎နာရီရလို့ လေဆိပ်ထဲမှာလျှောက်ကြည့်ရင်း အိမ်အတွက်လိုတဲ့ပစ္စည်းလေးတွေလိုက်ဝယ်လိုက်အုံးမယ်။
ဒါနဲ့ ပါလာတဲ့လက်ဆွဲအိပ်လေးတွေကို လက်တွန်းလှည်းတခုပေါ်တင်ရင်း လေဆိပ်ထဲမှာအးအေးဆေးဆေးလျှောက်ကြည့်နေမိတယ်။ ဆိုင်တဆိုင်အနားရောက်တော့ ဆိုင်ထဲကထွက်လာတဲ့လူတယောက်ကို
ကြည့်လိုက်မိတယ်။ မျက်မှန်းတမ်းမိသလိုပဲ။ သူက အနားကိုရောက်လာပြီး
ဝမ်းသားအားရလာနူတ်ဆက်တယ်။ အနားရောက်မှ မှတ်မိတော့တယ်။.တက္ကသိုလ်မှာ တုံးက တတန်ထဲ အဆောင်မှာနေတော့လဲတခန်းထဲနေ ခဲ့ကြတဲ့ အခင်မင်ဆုံးသူငယ်ချင်းတယောက်ဖြစ်နေတာကိုး။ ကွဲကွာသွားကြတာလဲ(၁၀)နစ်ကျော်ပြီး.သူက
အတော်လေးဝသွားလို့ ရုတ်တရက်မမှတ်မိလိုက်တာပါ။ တကယ်တော့
တက္ကသိုလ်မှာတုံးက.သူက စာသိတ်မလိုက်နိုင်လို့ ကျနော်က စာအမြဲပြပေးခဲ့ရတာပါ။
သူလေယဉ်ကလဲ နောက်၃နာရီကြာမှထွက်မှာဆိုေ တာ့ စကားအေးအေးဆေးဆေးပြောရအောင် ဆိုပြီး အနားမှာရိတဲ့ဘားတခုထဲမှာ ဝင်ထိုင်လိုက်ကြတယ်။.ပထမတော့  အိမ်ထောင်ကျပြီလား။ ကလေးဘယ်နှစ်ယောက်ရပြီလဲ။ ကလေးတွေ ဘယ်အရွယ်ရောက်နေပြီလဲစတာတွေ ပြောကြတာပေါ့။ စကားတွေ ပြောကြရင်းနဲ့ သူက ကုမ္ပဏီကြီးတခုရဲ့ပိုင်ရှင်တ ယောက်ဖြစ်နေပြီဆိုတာ သိရတယ်။ ကျနော်ကလဲ အခုထိအစိုးရဝန်ထမ်းလုပ်နေတုံးပဲလို့ ပြောမိတယ်။ အဲဒီမှာ.သူက သူ့ကုမ္ပဏီကို တိုးတက်အောင်လုပ်ပေးနိုင်မဲ့  CEO လူတော်တယောက်ရှာနေလို့ သူ့ကုမ္ပဏီမှာလာလုပ်ဖို့ပြော တယ်။ လစာကောင်းကောင်းအပြင် အိမ်၊ကားနဲ့ခံစားခွင့်တွေပေးမယ်လို့ပြောပြီး လက်ခံဖို့အတန်တန်တိုက်တွန်း တယ်။ အတော်ကြာတော့ လေယဉ်ထွက်တော့မှာမို့၂ယောက် သားလမ်းခွဲလိုက်ကြတယ်။
တိုတိုပြောရရင်တော့ နောက်၆လအကြာမှာ သူ့ကုမ္ပဏီမှာ သွားလုပ်ဖြစ်လိုက်တယ်။.အစိုးရအလုပ်တုံးက ကိုယ့်မှာရှိတဲ့ဉာဏ်စွမ်းတွေသုံးခွင့်မရခဲ့တာ သူ့ကုမ္ပဏီရောက်မှ အစွမ်းကုန်အသုံးချလိုက်ရလို့ .ကုမ္ပဏီလဲအကြီးအကျယ်အမြတ်အ စွန်းတွေရပြီး အရမ်းတိုးတက်သွာတယ်။ ကျနော်လဲ အရင်အစိုးရလစာထက်အဆများစွာသာတဲ့ဝင်ငွေတွေရပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်နေပါတယ်။
ဒီအကြောင်းရေးပြတာ ကျနော်ကြီးပွားသွားတဲ့အကြော င်းရေးပြချင်တာ မဟုတ်ပါဘူး။.ကျနော် လေယဉ်ခရီးစဉ်နောက်ကျလို့.ထိုင်ခုံလေးမှာပဲ စိတ်ပျက်လက်ပျက်နဲ့ထိုင်နေခဲ့မယ်၊အိပ်နေခဲ့မယ်ဆိုရင် ကျနော့်ရဲ့ဘဝတိုးတက်ပြောင်း လဲသွားမဲ့အခွင့်အရေးတခုကို လက်လွှတ်ဆုံးရှုံးသွားခဲ့မှာ ပါ။
ဒါကြောင့်ပြောချင်တာက သင် ဘာမှလုပ်လို့မရတဲ့၊ ပြောင်းလဲလို့မရတဲ့အခြေအနေတ ခုနဲ့ကြုံတွေ့နေပြီဆိုရင် အဲဒါကိုတွေးပြီး စိတ်ညစ်နေ၊စိတ်ဆင်းရဲခံနေမဲ့ အစား အဲဒီကိစ္စကိုမေ့လိုက်ပြီး စိတ်အပြောင်းအလဲလုပ်ကြည့်လိုက်ပါ။ သင့်ဘဝမှာ အပြောင်းအလဲဖြစ်လာနိုင်မဲံ့ အခွင့်အရေးရလာနိုင်တယ်။ သင့်ဘဝရဲ့ကြင်ဖေါ်လောင်းတယော က်နဲ့လဲ ကြုံဆုံခွင့်ရနိုင်ပါတယ်။
ဗန်းမော်သိန်းဖေ
၂၀၁၆၊ဇန်နဝါရီ(၂၂)ရက်
လေယဉ်နဲ့ခရီးသွားဖို့ လေဆိပ်ကိုရောက်လာတယ်။ ပစ္စည်းတွေကို ပေါင်ချိန်ဖို့တန်းစီစောင့်
ခနလေးနေတော့ စိတ်ဆိုးနဲနဲပြေသွားပြီး တခုစဉ်းစားမိလိုက်တယ်။ ငါ အခုဒေါသဖြစ်နေလို့ကော.ဘာလုပ
ဒါနဲ့ ပါလာတဲ့လက်ဆွဲအိပ်လေးတွေကို
သူလေယဉ်ကလဲ နောက်၃နာရီကြာမှထွက်မှာဆိုေ
တိုတိုပြောရရင်တော့ နောက်၆လအကြာမှာ သူ့ကုမ္ပဏီမှာ သွားလုပ်ဖြစ်လိုက်တယ်။.အစို
ဒီအကြောင်းရေးပြတာ ကျနော်ကြီးပွားသွားတဲ့အကြော
ဒါကြောင့်ပြောချင်တာက သင် ဘာမှလုပ်လို့မရတဲ့၊ ပြောင်းလဲလို့မရတဲ့အခြေအနေတ
ဗန်းမော်သိန်းဖေ
၂၀၁၆၊ဇန်နဝါရီ(၂၂)ရက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။