ဒေါ်လာ ၁ သန်းကျော် တန်တဲ့ အာလူးဓါတ်ပုံ
========================== ======
ဒါက အာလူးတစ်လုံးရဲ့ သာမန်ဓါတ်ပုံတစ်ပုံဆိုပေမယ့် 
ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဓါတ်ပုံတွေထဲက တစ်ပုံဖြစ်ခဲ့ပါတယ် ။
ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်က ဒီဓါတ်ပုံကို ဒေါ်လာ ၁ သန်းကျော်
ပေးပြီး ငွေကြေးချမ်းသာတဲ့ စုဆောင်းသူတစ်ယောက်က ၀ယ်ယူသွားခဲ့လို့ပဲဖြစ်ပါတယ် ။
ဒီ ဓါတ်ပုံရဲ့အမည်က Potato #345 (2010) ဖြစ်ပြီး ဓါတ်ပုံဆရာ Kevin Abosch ရဲ့ လက်ရာတွေထဲက တစ်ခုဖြစ်ပါတယ် ။ ကမ္ဘာကျော် နည်းပညာတွေ ထွန်းကားရာ ဆီလီကွန် တောင်ကြားက ထင်ရှားတဲ့ လုပ်ငန်းရှင်တွေရဲ့ Portrait ပုံတွေ ရိုက်ကူးဖို့အတွက် ဈေးကြီးပေးပြီး အလုပ်အပ်ခြင်းခံရ သူလည်းဖြစ်ပါတယ် ။ ငွေကြေးချမ်းသာသူတွေ ၊ ကျော်ကြားသူတွေအနေနဲ့ Abosch နဲ့ ဓါတ်ပုံရိုက်တဲ့ အခါ အလှပုံတစ်ပုံအတွက် ဒေါ်လာ ၁ သိန်းခွဲလောက်ပေးချေ နေကြသလို စီးပွားရေးလုပ်ငန်းသုံးအတွက်ဆိုရင် ဒေါ်လာ ၅ သိန်းအထက်မှာ ရှိပါလိမ့်မယ် ။
Abosch ဟာ Portrait ဓါတ်ပုံသမားတစ်ယောက်အဖြစ်သာ မက Fine Art ပညာရှင်အဖြစ်လည်း အသက်မွေးဝမ်းကျောင်းပြုပါတယ်
။ Kevin အနေနဲ့ အာလူးတွေကို နှစ်သက်သလို ဓါတ်ပုံတွေလည်း အများအပြား
ရိုက်လေ့ရှိပါတယ် ။ ဒီပုံက အကောင်းဆုံး ပုံတစ်ပုံဖြစ်သလို သူ
အကြိုက်နှစ်သက်ဆုံးပုံလည်း ဖြစ်ပါတယ် ။
ငွေကြေးချမ်းသာတဲ့ ဓါတ်ပုံ စုဆောင်းသူတစ်ဦး Paris မြို့မှာ ရှိတဲ့ Abosch ရဲ့ အိမ်ကို ၂၀၁၅ ခုနှစ်တုန်းက အလည်အပတ်ရောက်လာရင်း ဒီ အာလူးဓါတ်ပုံကို တွေ့မိသွားတာဖြစ်ပါတယ် ။ အရွယ်အစား 162 x 162cm ရှိတဲ့ လေးထောင့်စပ်စပ် အလူမီနီယမ်သတ္တုစပ် Dibond ပေါ်မှာ ပုံနှိပ်ထားတဲ့ ဒီ ဓါတ်ပုံကို နံရံတစ်ခုမှာ ချိတ်ဆွဲထားခဲ့ပါတယ် ။ ၀ယ်တဲ့ သူက ဆိုဈေး ယူရို ၁ သန်းကို မဆစ်ပဲ ၀ယ်ခဲ့တယ်လို့ သိရပါတယ် ။ ဒါ့ကြောင့် အမေရိကန်ဒေါ်လာနဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် ကာလတန်ဖိုး ဒေါ်လာ ၁ သန်းအထက်မှာရှိတဲ့ ရောင်းတန်ဝင်ဓါတ်ပုံအဖြစ် သမိုင်းဝင်သွားခဲ့တယ် ။ Abosch အနေနဲ့လည်း ဓါတ်ပုံ တစ်ပုံတည်းကနေ ရောင်းချငွေ အများဆုံး ရရှိခဲ့တာဖြစ်ပါတယ် ။
Abosch ရဲ့ Potato #345 က ဒေါ်လာ ၁ သန်းကျော်တန်ကြေး ရှိခဲ့တယ်ဆိုပေမယ့် Peter Lik ရဲ့ Phantom အမည်ရ ဒေါ်လာ ၆.၅ သန်းတန် ကမ္ဘာ့ဈေးအကြီးဆုံး ဓါတ်ပုံကို မမှီသေးပါဘူး ။ ဒါပေမယ့်လည်း Potato #345 ဟာ ဈေးအကြီးဆုံး ဓါတ်ပုံ ၂၀ စာရင်းဝင်ဖြစ်သွားခဲ့ပါပြီ ။ Kevin Abosch ရဲ့ လက်ရာတွေကို www.kevinabosch.com/ မှာ ၀င်ရောက် ကြည့်ရှုနိုင်တယ် ။
■ Cyra _ (လေ့လာရေးသားမျှဝေသည်)
Digital Camera မဂ္ဂဇင်း @ www.fb.com/myanmardcm
==========================
ဒါက အာလူးတစ်လုံးရဲ့ သာမန်ဓါတ်ပုံတစ်ပုံဆိုပေမယ်
ဒီ ဓါတ်ပုံရဲ့အမည်က Potato #345 (2010) ဖြစ်ပြီး ဓါတ်ပုံဆရာ Kevin Abosch ရဲ့ လက်ရာတွေထဲက တစ်ခုဖြစ်ပါတယ် ။ ကမ္ဘာကျော် နည်းပညာတွေ ထွန်းကားရာ ဆီလီကွန် တောင်ကြားက ထင်ရှားတဲ့ လုပ်ငန်းရှင်တွေရဲ့ Portrait ပုံတွေ ရိုက်ကူးဖို့အတွက် ဈေးကြီးပေးပြီး အလုပ်အပ်ခြင်းခံရ သူလည်းဖြစ်ပါတယ် ။ ငွေကြေးချမ်းသာသူတွေ ၊ ကျော်ကြားသူတွေအနေနဲ့ Abosch နဲ့ ဓါတ်ပုံရိုက်တဲ့ အခါ အလှပုံတစ်ပုံအတွက် ဒေါ်လာ ၁ သိန်းခွဲလောက်ပေးချေ နေကြသလို စီးပွားရေးလုပ်ငန်းသုံးအတွက
Abosch ဟာ Portrait ဓါတ်ပုံသမားတစ်ယောက်အဖြစ်သာ
ငွေကြေးချမ်းသာတဲ့ ဓါတ်ပုံ စုဆောင်းသူတစ်ဦး Paris မြို့မှာ ရှိတဲ့ Abosch ရဲ့ အိမ်ကို ၂၀၁၅ ခုနှစ်တုန်းက အလည်အပတ်ရောက်လာရင်း ဒီ အာလူးဓါတ်ပုံကို တွေ့မိသွားတာဖြစ်ပါတယ် ။ အရွယ်အစား 162 x 162cm ရှိတဲ့ လေးထောင့်စပ်စပ် အလူမီနီယမ်သတ္တုစပ် Dibond ပေါ်မှာ ပုံနှိပ်ထားတဲ့ ဒီ ဓါတ်ပုံကို နံရံတစ်ခုမှာ ချိတ်ဆွဲထားခဲ့ပါတယ် ။ ၀ယ်တဲ့ သူက ဆိုဈေး ယူရို ၁ သန်းကို မဆစ်ပဲ ၀ယ်ခဲ့တယ်လို့ သိရပါတယ် ။ ဒါ့ကြောင့် အမေရိကန်ဒေါ်လာနဲ့ ပြန်တွက်ကြည့်မယ်ဆိုရင် ကာလတန်ဖိုး ဒေါ်လာ ၁ သန်းအထက်မှာရှိတဲ့ ရောင်းတန်ဝင်ဓါတ်ပုံအဖြစ် သမိုင်းဝင်သွားခဲ့တယ် ။ Abosch အနေနဲ့လည်း ဓါတ်ပုံ တစ်ပုံတည်းကနေ ရောင်းချငွေ အများဆုံး ရရှိခဲ့တာဖြစ်ပါတယ် ။
Abosch ရဲ့ Potato #345 က ဒေါ်လာ ၁ သန်းကျော်တန်ကြေး ရှိခဲ့တယ်ဆိုပေမယ့် Peter Lik ရဲ့ Phantom အမည်ရ ဒေါ်လာ ၆.၅ သန်းတန် ကမ္ဘာ့ဈေးအကြီးဆုံး ဓါတ်ပုံကို မမှီသေးပါဘူး ။ ဒါပေမယ့်လည်း Potato #345 ဟာ ဈေးအကြီးဆုံး ဓါတ်ပုံ ၂၀ စာရင်းဝင်ဖြစ်သွားခဲ့ပါပြီ ။ Kevin Abosch ရဲ့ လက်ရာတွေကို www.kevinabosch.com/ မှာ ၀င်ရောက် ကြည့်ရှုနိုင်တယ် ။
■ Cyra _ (လေ့လာရေးသားမျှဝေသည်)
Digital Camera မဂ္ဂဇင်း @ www.fb.com/myanmardcm

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။