အင်ဥချက်နည်း
----------------
ရာသီစာ အင်ဥလေးတွေကို ချက်စားရအောင်။ အင်ဥလေးတွေက စားလိုက်ရင် ဖောက်ဖောက် မြည်ပြီး အထဲက အနှစ်လေးတွေကလည်း ဆိမ့်တဲ့ အရသာ ရှိပါတယ်။
အထူးသဖြင့် ၀က်သားနှင့် ချက်လျှင် ပိုစားကောင်းပါတယ်။ ဒါပေမယ့် သူရဲ့ ဆိမ့် တဲ့အရသာကို စားချင်လို့  အသားမပါပဲ ရိုးရိုးလေး ချက်စားပါတယ်။
ငရုတ်သီးစိမ်းမွှေးမွှေးလေးနဲ့  အင်ဥချက်ကို ထမင်းဖြူလေးနှင့် စားရင် အရမ်းကောင်းပါတယ်။
အင်ဥလေးတွေကို သန့် ရှင်းရေးလုပ်ရတာ နည်းနည်းကြာပေမယ့် ချက်နည်းလေးကတော့ လွယ်ကူပါတယ်။
Ingredients:
အင်ဥ နို့ ဆီဘူး ၁လုံး
ကြက်သွန်နီအနေတော် ၃လုံး
ကြက်သွန်ဖြူ ၅မွှာ
ငရုတ်သီးအစိမ်းမှုန့်  ထမင်းစားဇွန်း ၁ဇွန်း
ငရုတ်သီးစိမ်း အနည်းငယ်
နံနံပင် အနည်းငယ်
နနွင်းမှုန့်  အနည်းငယ်
ငါးငံပြာရည် အနည်းငယ်
ဆား အနည်းငယ်
Preparation Method:
၁) ရေဇလုံထဲကို ရေတ၀က်လောက် ထည့်ပြီး အင်ဥလေးတွေကို ဇကာဖြင့် တိုက်ဆေးပါ။ သဲတွေ ပြောင်သွားသည်အထိ ရေလဲလဲပြီး၊ဇကာဖြင့် တိုက်ဆေးပါ။။
၂) အိုးထဲ ရေထည့်ပြီး ဆူအောင်တည်ပါ။ ဆူလာလျှင် အင်ဥလေးတွေကို ထည့်ပြုတ်ပါ။ ပြီးလျှင် ဆယ်ယူပြီး ပါးပါးလှီးပါ။
၃) ကြက်သွန်နီ ကြက်သွန်ဖြူ ၊ငရုတ်သီးအစိမ်းမှုန့် တို့ ကို ညက်နေအောင် ထောင်းပါ။
၎) ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် နနွင်းမှုန့်  အနည်းငယ် ထည့်ပါ။ ထောင်းထားသော အရောကို ဆီသတ်ပါ။
၅) အနံ့ မွှေးလာလျှင် လှီးထားသော အင်ဥတွေကို ထည့်ပါ။ ရေနွေး အနည်းငယ်ထည့်ပါ။
၆) ငါးငံပြာရည်၊ ဆားတို့ ထည့်ပြီး အရသာအပေါ့အငန် ပြင်ပါ။ အင်ဥ မနူးသေးလျှင် ရေနွေး အနည်းငယ် ထပ်ထည့်ပြီး တည်ပါ။
၇) အင်ဥနူးသွားပြီဆိုလျှင် ငရုတ်သီးစိမ်းတွေကို ထက်ခြမ်းခြမ်း ထည်၊့အသာမွှေပြီးလျှင် မီးပိတ်ပါ။
စားခါနီးမှ နံနံပင် အနည်းငယ်တင်လိုက်လျှင် အနံ့ မွှေးမွှေးလေးနဲ့  အင်ဥချက်ဆိမ့်ဆိမ့် လေး ရပါပြီရှင်။
Credit to KaeKae's FoodPalace
----------------
ရာသီစာ အင်ဥလေးတွေကို ချက်စားရအောင်။ အင်ဥလေးတွေက စားလိုက်ရင် ဖောက်ဖောက် မြည်ပြီး အထဲက အနှစ်လေးတွေကလည်း ဆိမ့်တဲ့ အရသာ ရှိပါတယ်။
အထူးသဖြင့် ၀က်သားနှင့် ချက်လျှင် ပိုစားကောင်းပါတယ်။ ဒါပေမယ့် သူရဲ့ ဆိမ့် တဲ့အရသာကို စားချင်လို့  အသားမပါပဲ ရိုးရိုးလေး ချက်စားပါတယ်။
ငရုတ်သီးစိမ်းမွှေးမွှေးလေးနဲ
အင်ဥလေးတွေကို သန့် ရှင်းရေးလုပ်ရတာ နည်းနည်းကြာပေမယ့် ချက်နည်းလေးကတော့ လွယ်ကူပါတယ်။
Ingredients:
အင်ဥ နို့ ဆီဘူး ၁လုံး
ကြက်သွန်နီအနေတော် ၃လုံး
ကြက်သွန်ဖြူ ၅မွှာ
ငရုတ်သီးအစိမ်းမှုန့်  ထမင်းစားဇွန်း ၁ဇွန်း
ငရုတ်သီးစိမ်း အနည်းငယ်
နံနံပင် အနည်းငယ်
နနွင်းမှုန့်  အနည်းငယ်
ငါးငံပြာရည် အနည်းငယ်
ဆား အနည်းငယ်
Preparation Method:
၁) ရေဇလုံထဲကို ရေတ၀က်လောက် ထည့်ပြီး အင်ဥလေးတွေကို ဇကာဖြင့် တိုက်ဆေးပါ။ သဲတွေ ပြောင်သွားသည်အထိ ရေလဲလဲပြီး၊ဇကာဖြင့် တိုက်ဆေးပါ။။
၂) အိုးထဲ ရေထည့်ပြီး ဆူအောင်တည်ပါ။ ဆူလာလျှင် အင်ဥလေးတွေကို ထည့်ပြုတ်ပါ။ ပြီးလျှင် ဆယ်ယူပြီး ပါးပါးလှီးပါ။
၃) ကြက်သွန်နီ ကြက်သွန်ဖြူ ၊ငရုတ်သီးအစိမ်းမှုန့် တို့ ကို ညက်နေအောင် ထောင်းပါ။
၎) ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် နနွင်းမှုန့်  အနည်းငယ် ထည့်ပါ။ ထောင်းထားသော အရောကို ဆီသတ်ပါ။
၅) အနံ့ မွှေးလာလျှင် လှီးထားသော အင်ဥတွေကို ထည့်ပါ။ ရေနွေး အနည်းငယ်ထည့်ပါ။
၆) ငါးငံပြာရည်၊ ဆားတို့ ထည့်ပြီး အရသာအပေါ့အငန် ပြင်ပါ။ အင်ဥ မနူးသေးလျှင် ရေနွေး အနည်းငယ် ထပ်ထည့်ပြီး တည်ပါ။
၇) အင်ဥနူးသွားပြီဆိုလျှင် ငရုတ်သီးစိမ်းတွေကို ထက်ခြမ်းခြမ်း ထည်၊့အသာမွှေပြီးလျှင် မီးပိတ်ပါ။
စားခါနီးမှ နံနံပင် အနည်းငယ်တင်လိုက်လျှင် အနံ့ မွှေးမွှေးလေးနဲ့  အင်ဥချက်ဆိမ့်ဆိမ့် လေး ရပါပြီရှင်။
Credit to KaeKae's FoodPalace
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။