Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 7, 2016

သင့်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုတိုးတက်စေမယ့်နည်းလမ်း(၁၀)ခု

သင့်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုတိုးတက်စေမယ့်နည်းလမ်း(၁၀)ခု

======================================

ယနေ့ခေတ်မှာ လူတွေဟာ သူတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ အသက်မွေးဝမ်းကြောင်း ပြောင်းလဲမှု (၄) ကြိမ်ခန့် ပြုလုပ်ချင်ကြတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ပညာရေး စနစ်ဟာ အဲလိုပြောင်းလဲမှုတွေ လုပ်ဖို့ ကြိုတင်မပြင်ဆင်ပေးခဲ့ပါဘူး။ သင်ကော သင့်ရဲ့ အသက်မွေးဝမ်းကြောင်းမှုကို ထိန်းချုပ်ဖို့နဲ့ အသစ်အသစ်သော ကျွမ်းကျင်မှုများကို တိုးတက်အောင်ပြုလုပ်ဖို့အတွက် သင့်ရဲ့ရွေးချယ်မှုများ ကို ဘယ်လိုမျိုး စူးစမ်းရှာဖွေ မှာပါလဲ ? Satu Kreula က ထိပ်တန်းအကြံပေးချက် (၁၀) ချက်ကို ယခုလို ပြောကြားထားပါတယ်။

(၁) သင့်အိမ်မက်တွေနဲ့ စိတ်အားတက်ကြွမှုတွေကို ရှင်သန်နေအောင် ထိန်းသိမ်းထားပါ

ကျွန်မတို့ အများစူဟာ အသက်ကြီးလာတာနဲ့အမျှ အိမ်မက်တွေနဲ့ စိတ်အားတက်ကြွမှုတွေကို အားလျော့လိုက်လေ့ရှိပါတယ်။ ကျွန်မတို့ ဟာ ကလေးဘဝတစ်လျှောက်လုံးမှာ အဲဒီအရာတွေကို ငယ်ရွယ်နုနယ်တဲ့ အိမ်မက်တွေအဖြစ် (ဒါမှမဟုတ်) အဓိပ္ပါယ်မရှိတဲ့ အရာတွေ အဖြစ် ဘေးဖယ်ထားတတ်ကြပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ ဒါတွေဟာ သင်တို့ရဲ့ အခြေခံကျတဲ့ နှစ်သက်မြတ်နိုးမှုတွေကို ကိုယ်စားပြု ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ သူတို့ကို ဘေးမှာဖယ်မထားသင့်ပါဘူး။ အိမ်မက်တွေနဲ့ စိတ်တက်ကြွမှုတွေကု ခံစားကြည့်ပြီး သူတို့နဲ့အတူ အသက်ရှင်နေထိုင်ကြည့်ပါ။



(၂) သင့်ရဲ့ကျွမ်းကျင်မှုနဲ့ ပင်ကိုယ်စွမ်းရည်ကို သိပါ

သင်သာ သင့်ရဲ့ကျွမ်းကျင်မှုနဲ့ ပင်ကိုယ်စွမ်းရည်ကို မသိဘူးဆိုရင် ဘယ်သူကသိအုံးမှာပါလဲ? အမျိုးမျိုးသော နယ်ပယ်အသီးသီးမှာရှိတဲ့ သင့်ရဲ့ ကျွမ်းကျင်မှုတွေနဲ့ ပင်ကိုယ်စွမ်းရည်တွေကို အဆက်မပြတ် သတိပြုထားပါ။ ဒါ့အပြင် သင့်မှာမရှိပေမယ့်လည်း သင်နှစ်သက်မယ် လို့ ယူဆတဲ့ ကျွမ်းကျင်မှုတွေကို တိုးတက်အောင် ပြုလုပ်ပါ။



(၃) မိမိကိုယ်ကို သတိထားပါ - မိမိရဲ့ အားနည်းချက် အားသာချက်တွေကို သိပြီး မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရှုမြင်သုံးသပ်ပါ

ကျွန်မတို့အားလုံးမှာ ဖွံဖြိုးတိုးတက်ဖို့အတွက် အခန်းတစ်ခန်းရှိပါတယ်။ အချို့သော အထောက်အပံ့တွေ ရရှိဖို့အတွက် ဘယ်နေရာမှာ အသုံးချပါသလဲ? အဲဒီ အပေါ်မှာရော ဘယ်လိုတုန့်ပြန်မှုတွေ ရရှိပါသလဲ?



(၄) အခြားသော လူတွေဘာလုပ်နေလဲဆိုတာ သိဖို့အတွက် လူအများနဲ့ စကားပြောကြည့်ပါ- သင့်ရဲ့ကိုယ်ပိုင်ရွေးချယ်ခွင့်ကို ရှင်းလင်းအောင် ထိန်းသိမ်းထားပါ

ကျွန်မတို့တစ်တွေကို အံ့သြဖွယ်ကောင်းတဲ့ သယံဇာတအရင်းအမြစ် များက ဝန်းရံထားကြပါတယ်။ လူတိုင်းလူတိုင်းမှာ ကျွန်မတို့ ကြုံတွေ့ခဲ့သလိုပဲ တူညီတဲ့ ဒုက္ခတွေနဲ့ အခက်အခဲတွေကို ရှိမယ်လို့ ကျွှန်မတို့တွေမကြာခဏ ယူဆလေ့ ရှိကြပါတယ်။ အဲဒီ ထင်မြင် ယူဆချက်ကို စမ်းသပ်ကြည့်ဖို့အတွက် လူတွေကို ရှာဖွေပြီး သူတို့ဘာတွေလုပ်ဆောင်နေတယ် ၊ ဘယ်လိုလုပ်ဆောင်နေယတ်ဆိုတာကို အမှန်တကယ် ရှာဖွေကြည့်ပါ။ သင့်ရဲ့ ရွေးချယ်မှုနဲ့ သင့်ရဲ့ စိတ်ကိုတော့ ရှင်းရှင်းလင်းလင်း ထားရှိပေးထားဖို့တော့ လိုအပ်ပါတယ်။



(၅) အမျိုးမျိုးသော စာအုပ်များနှင့် မဂ္ဂဇင်းများကို ဖတ်ရှုပါ

ဒါဟာ အထက်ပါ အချက် (၄) မှာ ပြောခဲ့သလိုပါပဲ။ ဘာတွေဖြစ်နိုင်ပါသလဲ? အခြားသူတွေကော ဘာတွေလုပ်ခဲ့ပါသလဲ? သူတို့တွေ ဘယ်လို အတားအဆီးတွေနဲ့ ကြုံတွေ့ခဲ့ပါသလဲ? အဲဒီအရာတွေကို သူတို့ဘယ်လို ကျော်ဖြတ်ခဲ့ပါသလဲ? အတ္ထုပ္ပတ္တိများ နှင့် ကောင်းမွန် သော ဝတ္ထုများဟာ ဥာဏ်ကွန့်မြူးဖို့အတွက် အကောင်းဆုံး သတင်းရင်းမြစ်များပဲ ဖြစ်ပါတယ်။



(၆) ပညာရပ်များ ဆက်လက်လေ့လာရန်နှင့် သင့်ကိုယ်တိုင်လေ့ကျင့်နိုင် ရန်အတွက် သင်တန်းများနှင့် ဆွေးနွေးပွဲများ တက်ရောက်ပါ

သင်ဘာကို စိတ်ဝင်စားပါသလဲ? ဒါမှမဟုတ် သင်အမြဲတမ်း မည်သည့် အရာကို ကြိုးစားလေ့လာလိုပါသလဲ? သင့်ဘဝအတွက် မည်သည့် ကျွှမ်းကျင်မှုများက သင့်အတွက် အကျိုးရှိစေပါသလဲ? အကြောင်းအရာ အဖြစ်အပျက် အများစုဟာ ကျွှန်မတို့ဘဝ အစိတ် အပိုင်း အားလုံးကို ပြောင်းလဲပေးနိုင်ပါသလား? သင်ဘာတွေကို လေ့လာနိုင်ပါသလဲ?



(၇) သင့်ကိုယ်သင် ကိုယ်ရေးနည်းပြအဖြစ် ထားရှိပါ

အကယ်၍ သင်အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ အချိန်မှာ သင့်ကိုယ်ပိုင် အရည်အချင်းတွေကို အသုံးပြုနိုင်ဖို့အတွက် သင့်ကိုယ်သင် ကိုယ်ရေးနည်းပြအဖြစ် ထားရှိခြင်းဟာ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။



(၈) အခြားဘက်ကမြက်ပင်တွေဘယ်လိုစိမ်းနေလဲဆိုတာသိအောင် စုံစမ်းထောက်လှမ်းပါ

လူကြိုက်များတဲ့ ရွေးချယ်မှု တိုးတက်လာခြင်း - မိတ်ဆွေသူငယ်ချင်းများ (သို့မဟုတ်) အသိအကျွမ်းများမှ တစ်ဆင့် အမျိုးမျိုးသော အလုပ်အကိုင်များလုပ်ကိုင်နေခြင်းဖြင့် ဘယ်လိုကောင်းကျိုးတွေ ရရှိနိုင်မလဲဆိုတဲ့ နည်းလမ်းများကို ရှာဖွေပါ။



(၉) အတွေ့အကြူံ ရရှိနိုင်ဖို့နဲ့ အဘက်ဘက်မှာ နှံ့စပ်နိုင် ဖို့အတွက် စေတနာ့ဝန်ထမ်း လုပ်ပါ

စေတနာ့ဝန်ထမ်း လုပ်ခြင်းအားဖြင့် အသစ်အသစ်သော ကျွှမ်းကျင် မှုများတိုးတက်ဖို့အတွက် အခွင့်အလမ်းများလည်း အမှန်တကယ် ရရှိလာနိုင်မှာ ဖြစ်ပါတယ်။



(၁၀) မနက်ဖြန်ကို စောင့်မနေဘဲ ယနေ့ပဲ စတင်လိုက်ပါ

သင်ကိုယ်တိုင် ဘာတွေလုပ်နိုင်လဲဆိုတာ သင် အလုပ်ကနေ အနားယူတဲ့အချိန်အထိ သင့်ကိုယ်သင် မရှာဖွေချင်တဲ့အတွက်ကြောင့် ယနေ့ပဲ စတင်လိုက်ပါ။

Myanmar-Network

#သုတဇုန်
www.thutazone.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။