နှမ်းစေ့ပေါင်းများစွာ
+++++++++++
တစ်ခါက စန်းစကရစ် Sanskrit (ရှေးဟောင်း ဟိန္ဒူဘာသာရေးကျမ်းများကို ရေးသားခဲ့သော စာပေတစ်မျိုး) စာပေကို လေ့လာသင်ယူနေတဲ့ ပုဏ္ဏားတစ်ဦးရှိပါသတဲ့..။ သူဟာ စာပေကို ပုံမှန် ကျက်မှတ် လေ့လာပေမယ့် တစ်စုံတစ်ခုကိုမှ မမှတ်မိပဲ ဖြစ်နေခဲ့တယ်။ သူဟာ ဥာဏ်မကောင်းတာကြောင့်လည်း ဖတ်ရှုပြီးစာပိုဒ်များဟာ တခဏအတွင်းမှာတင် ပြန်လည် မေ့ပျောက်သွားခဲ့ပါသတဲ့။ အဲဒီလို မှတ်ဥာဏ်အားနည်းတဲ့အတွက် စာပေလေ့လာရေးမှာ များစွာနောက်ကျခဲ့ပါသတဲ့။
တစ်နေ့မှာတော့သူဟာ အကြံဥာဏ်တစ်ခုကို ရရှိခဲ့တယ်။ ပုဏ္ဏားဟာ ဇလုံတစ်ခုထဲကို နှမ်းစေ့တွေနဲ့ ဖြည့်ပြီး ယူလာခဲ့တယ်။ ပြီးတဲ့အခါမှာတော့ ဗူးသီးခြောက်နဲ့ပြုလုပ်ထားတဲ့
ဘူးခွံတစ်ခုကိုပါ ယူဆောင်ခဲ့ပြန်တယ်။ အဲဒီနောက်မှာတော့ သူဟာ စာပေ
စတင်ကျက်မှတ်တော့တယ်။ ပုဏ္ဏားဟာ စာတစ်ပိုဒ်ကို ရွတ်ဖတ်ပြီးတဲ့အခါ ဇလုံထဲက
နှမ်းစေ့တစ်စေ့ကိုယူလိုက်ပြီး ဘူးသီးခြောက်ထဲကို ထည့်ပြန်တယ်။ အဲဒီနောက်မှာလည်း ပထမရွတ်ဆိုခဲ့တဲ့စာပိုဒ်ကို ထပ်မံရွတ်ဆိုပြန်တယ်။ နှမ်းစေ့တစ်စေ့ကို ဘူးသီးခြောက်ထဲထည့်ပြန်တယ်။
အဲဒီလိုနဲ့ ပုဏ္ဏားဟာ စာပိုဒ်တစ်ပိုဒ်ကို နှမ်းစေ့တွေ ကုန်တဲ့အထိ လေ့ကျင့်ရွတ်ဆိုခဲ့တယ်။ အဲဒီလိုနဲ့ နှမ်းစေ့တွေဟာ ဇလုံထဲကနေ ဗူးသီးခြောက်ထဲကို အကုန်ရောက်ရှိသွားပြန်တယ်။ အဲဒီအခါမှာတော့ ပုဏ္ဏားဟာ ဗူးသီးခြောက်ထဲက နှမ်းစေ့တွေကို ဇလုံထဲကို ပြန်လည်မှောက်ချတယ်။ အဲဒီနောက်မှာတော့ စာပိုဒ်အသစ်တစ်ခုကို ပြောင်းလည်းပြီး ပထမနည်းအတိုင်း ကျက်မှတ်ခဲ့ပြန်တယ်။ ပုဏ္ဏားဟာ အဲဒီနည်းကိုကျင့်သုံးပြီး နေ့စဉ်နေ့တိုင်း စာပေတွေကျက်မှတ်ခဲ့တယ်။
နောက်ဆုံးမှာတော့ ပုဏ္ဏားဟာ သူလေ့လာနေတဲ့ ကျမ်းဂန်တစ်ခုလုံးကို ပါဒ တစ်လုံးမကျန် နှုတ်အာဂုံဆောင်နိုင်ခဲ့ပြီး ဆန်းစကရစ်စာပေရဲ့ ပညာတတ်ပါရဂူတစ်ယောက် ဖြစ်လာခဲ့တယ်။ သူနဲ့ယှဉ်ပြိုင်သမျှသူတိုင်းက အံ့သြရလောက်အောင် ကျမ်းဂန်ပါအချက်တွေကို သွက်လက်စွာပြောပြရင်း အနိုင်ယူနိုင်ခဲ့တယ်။ စာပေကျမ်းဂန်ဆွေးနွေးပွဲတွေ မှာလည်း
လူတိုင်းက သူတို့ကိုယ်စား ပုဏ္ဏားကိုသာ ပြောစေခဲ့ကြတယ်။ လူတိုင်းက သူ့ကို
ပါရမီရှင်လို့ ခေါ်ခဲ့ကြတယ်။ သူဟာ ပါရမီကို နှမ်းစေ့တွေနဲ့
လဲလှယ်ခဲ့သူပဲဖြစ်တယ်။
ဒီပုံပြင်လေးက ကျနော်တို့ကို ပြောပြထားတာတွေရှိတယ်။ အဲဒါကတော့ ခိုင်မာတဲ့ သန္နိဌာန်နဲ့ မဆုတ်မနစ်တဲ့ စိတ်ဓါတ် အကြောင်းပဲဖြစ်တယ်။ ကျနော်တို့ဟာ အတတ်ပညာတစ်ခုကို လေ့လာသင်ယူတိုင်း အခက်အခဲများစွာနဲ့ ကြုံတွေ့ရမှာပဲဖြစ်တယ်။ အဲဒီလို အခက်အခဲတွေနဲ့ ကြုံတွေ့လာရတဲ့အခါ "ငါဟာ ဒီအတတ်ပညာမှာ ပါရမီ မပါပါဘူးလေ" ဆိုတဲ့ စကားနဲ့အတူ အောင်မြင်လိုစိတ်တွေ ပျောက်ဆုံးကုန်လေ့ရှိကြပြန်တယ်။ အဲဒီလို စိတ်ဓါတ်ကျတိုင်းမှာ ဒီအဖြစ်အပျက်လေးထဲက ပုဏ္ဏားလို အကြိမ်ကြိမ်လေ့ကျင့်ရင်းနဲ့
အောင်မြင်မှုကို ယူသင့်ကြတယ်။ practice makes perfect ဆိုတဲ့စကားကို
အကြိမ်ကြိမ်ရွတ်ဆိုရင်၊ အဖန်ဖန် လေ့ကျင့်ကြရမှာပဲဖြစ်တယ်။ ကျနော်တို့ဟာ
ငယ်စဉ်ကတည်းက အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့်ရင်းနဲ့ မတ်တတ်ရပ်လာနိုင်၊
လမ်းလျှောက်လာနိုင်တာပဲဖြစ် တယ်။ အဖန်ဖန်လဲကျတိုင်း အကြိမ်ကြိမ် ပြန်လည်ထမြောက်ခဲ့ကြတာပဲဖြစ်တယ်။
"The beginning is the hardest part of anything" ဆိုတဲ့စကားလို အစဦးပိုင်းဟာ အရာရာရဲ့အခက်ဆုံးဖြစ်တာကို သတိမူသင့်တယ်။ အဲဒီလို ခက်ခဲတဲ့နေ့ရက်တွေရဲ့ နောက်ဆုံးမှာ အောင်မြင်ခြင်းရဲ့ ရောင်စဉ်တွေနဲ့ လင်းလက်တဲ့နေ့ရက်တွေဟာ ကျနော်တို့ကို စောင့်ကြိုနေမှာပဲဖြစ်တယ်။
လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေးကံကြမ္မာအရ ကံ၊ ဥာဏ်၊ ၀ီရိယ သုံးပါးဟာ ညီညွတ်လေ့ မရှိကြတဲ့အဖြစ်ကိုလည်း ကျနော်တို့ကောင်းစွာသိထားသင့်တယ်။
တချို့သူများဟာ ဥာဏ်ရည် ကောင်းမွန်ပေမယ်၊ ၀ီရိယ အားနည်းပြန်တယ်။
အချို့ကျပြန်တော့ မွေးရာပါ ကံကြမ္မာကောင်းများနဲ့တကွ လိုတိုင်းတ
ရနိုင်ကြပေမယ့် ဥာဏ်ရည်နဲ့ ၀ီရိယအရာမှာ အားနည်းပြန်တယ်။ အဲဒီလိုအဖြစ်တွေနဲ့
တစ်စုံတစ်ရာအားနည်းကြတဲ့အခါ အောင်မြင်ခြင်းရဲ့ ပန်းတိုင်ဟာ ဝေးကွာမြဲ ဝေးကွာနေတတ်ကြပြန်တယ်။ ပုဏ္ဏားဟာ ဥာဏ်ရဲ့နိမ်ကျခြင်းကို ၀ီရိယနဲ့ဖြည့်စွက်ခဲ့သူဖြစ် တယ်။ အဲဒီအဖြစ်မျိုးလိုပဲ ကျနော်တို့ဟာ ကံကြမ္မာနဲ့၊ ဥာဏ်ရည် အားမကောင်းတဲ့အခါ အကြိမ်ကြိမ်အဖန်ဖန် ကြိုးစားလေ့ကျင့်ခြင်းဆိုတဲ့ 
ဝီရိယအားကို ဆပွားစိုက်ထုတ်သင့်လှတယ်။ အကြိမ်တိုင်းမှာ စိတ်ရဲ့အားမာန်ကို
နှိုးဆွပြီး မဆုတ်မနစ်တဲ့လုံ့လကို ပြုသင့်ကြတယ်။ ကံကြမ္မာနဲ့
ဥာဏ်ရည်ရဲ့အားနည်းချက်ကို ဆပွားလုံ့လနဲ့ ကြေပျက်စေသင့်ကြတယ်။
The difference between a successful person and others is not a lack of strength, not a lack of knowledge, but rather a lack in will.
ဆိုတဲ့စကားလို အောင်မြင်သူနဲ့ အခြားသူတွေရဲ့ ကွာခြားချက်ဟာ ခွန်အားဗလမဟုတ်ဘူး၊ အတတ်ပညာမဟုတ်ဘူး၊ ဇွဲလုံ့လသာလျင်ဖြစ်တယ် ဆိုတဲ့အချက်ကို သတိမူသင့်လှတယ်။ အဖန်ဖန်လေ့ကျင့်၊ အကြိမ်ကြိမ်ကြိုးစားရင်း "ပါရမီရှင်" အဖြစ်ကို အရယူသင့်ကြတယ်..။
အောင်မြင်ခြင်းများလည်း အကြိမ်ကြိမ်ဆွတ်ခူးနိုင်ကြပါစေ
(ဖြိုးသုတ)
+++++++++++
တစ်ခါက စန်းစကရစ် Sanskrit (ရှေးဟောင်း ဟိန္ဒူဘာသာရေးကျမ်းများကို ရေးသားခဲ့သော စာပေတစ်မျိုး) စာပေကို လေ့လာသင်ယူနေတဲ့ ပုဏ္ဏားတစ်ဦးရှိပါသတဲ့..။ သူဟာ စာပေကို ပုံမှန် ကျက်မှတ် လေ့လာပေမယ့် တစ်စုံတစ်ခုကိုမှ မမှတ်မိပဲ ဖြစ်နေခဲ့တယ်။ သူဟာ ဥာဏ်မကောင်းတာကြောင့်လည်း ဖတ်ရှုပြီးစာပိုဒ်များဟာ တခဏအတွင်းမှာတင် ပြန်လည် မေ့ပျောက်သွားခဲ့ပါသတဲ့။ အဲဒီလို မှတ်ဥာဏ်အားနည်းတဲ့အတွက် စာပေလေ့လာရေးမှာ များစွာနောက်ကျခဲ့ပါသတဲ့။
တစ်နေ့မှာတော့သူဟာ အကြံဥာဏ်တစ်ခုကို ရရှိခဲ့တယ်။ ပုဏ္ဏားဟာ ဇလုံတစ်ခုထဲကို နှမ်းစေ့တွေနဲ့ ဖြည့်ပြီး ယူလာခဲ့တယ်။ ပြီးတဲ့အခါမှာတော့ ဗူးသီးခြောက်နဲ့ပြုလုပ်ထားတ
အဲဒီလိုနဲ့ ပုဏ္ဏားဟာ စာပိုဒ်တစ်ပိုဒ်ကို နှမ်းစေ့တွေ ကုန်တဲ့အထိ လေ့ကျင့်ရွတ်ဆိုခဲ့တယ်။ အဲဒီလိုနဲ့ နှမ်းစေ့တွေဟာ ဇလုံထဲကနေ ဗူးသီးခြောက်ထဲကို အကုန်ရောက်ရှိသွားပြန်တယ်။ အဲဒီအခါမှာတော့ ပုဏ္ဏားဟာ ဗူးသီးခြောက်ထဲက နှမ်းစေ့တွေကို ဇလုံထဲကို ပြန်လည်မှောက်ချတယ်။ အဲဒီနောက်မှာတော့ စာပိုဒ်အသစ်တစ်ခုကို ပြောင်းလည်းပြီး ပထမနည်းအတိုင်း ကျက်မှတ်ခဲ့ပြန်တယ်။ ပုဏ္ဏားဟာ အဲဒီနည်းကိုကျင့်သုံးပြီး နေ့စဉ်နေ့တိုင်း စာပေတွေကျက်မှတ်ခဲ့တယ်။
နောက်ဆုံးမှာတော့ ပုဏ္ဏားဟာ သူလေ့လာနေတဲ့ ကျမ်းဂန်တစ်ခုလုံးကို ပါဒ တစ်လုံးမကျန် နှုတ်အာဂုံဆောင်နိုင်ခဲ့ပြီး
ဒီပုံပြင်လေးက ကျနော်တို့ကို ပြောပြထားတာတွေရှိတယ်။ အဲဒါကတော့ ခိုင်မာတဲ့ သန္နိဌာန်နဲ့ မဆုတ်မနစ်တဲ့ စိတ်ဓါတ် အကြောင်းပဲဖြစ်တယ်။ ကျနော်တို့ဟာ အတတ်ပညာတစ်ခုကို လေ့လာသင်ယူတိုင်း အခက်အခဲများစွာနဲ့ ကြုံတွေ့ရမှာပဲဖြစ်တယ်။ အဲဒီလို အခက်အခဲတွေနဲ့ ကြုံတွေ့လာရတဲ့အခါ "ငါဟာ ဒီအတတ်ပညာမှာ ပါရမီ မပါပါဘူးလေ" ဆိုတဲ့ စကားနဲ့အတူ အောင်မြင်လိုစိတ်တွေ ပျောက်ဆုံးကုန်လေ့ရှိကြပြန
"The beginning is the hardest part of anything" ဆိုတဲ့စကားလို အစဦးပိုင်းဟာ အရာရာရဲ့အခက်ဆုံးဖြစ်တာကို သတိမူသင့်တယ်။ အဲဒီလို ခက်ခဲတဲ့နေ့ရက်တွေရဲ့ နောက်ဆုံးမှာ အောင်မြင်ခြင်းရဲ့ ရောင်စဉ်တွေနဲ့ လင်းလက်တဲ့နေ့ရက်တွေဟာ ကျနော်တို့ကို စောင့်ကြိုနေမှာပဲဖြစ်တယ်။
လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေးကံကြမ္မာအရ ကံ၊ ဥာဏ်၊ ၀ီရိယ သုံးပါးဟာ ညီညွတ်လေ့ မရှိကြတဲ့အဖြစ်ကိုလည်း ကျနော်တို့ကောင်းစွာသိထားသင
The difference between a successful person and others is not a lack of strength, not a lack of knowledge, but rather a lack in will.
ဆိုတဲ့စကားလို အောင်မြင်သူနဲ့ အခြားသူတွေရဲ့ ကွာခြားချက်ဟာ ခွန်အားဗလမဟုတ်ဘူး၊ အတတ်ပညာမဟုတ်ဘူး၊ ဇွဲလုံ့လသာလျင်ဖြစ်တယ် ဆိုတဲ့အချက်ကို သတိမူသင့်လှတယ်။ အဖန်ဖန်လေ့ကျင့်၊ အကြိမ်ကြိမ်ကြိုးစားရင်း "ပါရမီရှင်" အဖြစ်ကို အရယူသင့်ကြတယ်..။
အောင်မြင်ခြင်းများလည်း အကြိမ်ကြိမ်ဆွတ်ခူးနိုင်ကြပ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။