🎶 ဒိုးလုံး (သို့မဟုတ်) သူ့ကိုသိစေချင်တယ် 🎶
ဒိုးလုံးကို ကျွန်တော်သိနေခဲ့တာကြာပါပြီ ။ ဒါပေမယ့် လူချင်းတွေ့ဆုံကြဖို့ဆိုတဲ့ နေရာမှာ
ကျွန်တော်က စိတ်ကသာ ရောက်နှင့်နေတတ်ပြီး လူက တော်တော်နှင့်ကို
မရောက်ဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ပေါ့ ကျွန်တော့်ဘက်က ကြန့်ကြာနေတဲ့ အခိုက်မှာ
သူကတော့ သူရဲ့ အဓိကရည်ရွယ်ချက်တွေကို တစ်စတစ်စနဲ့ အကောင်အထည် ဖေါ်လာလိုက်တာ
အခုဆိုရင် သူသိပ်လုပ်ချင်ခဲ့တဲ့ ဂီတလမ်းကြောင်းပေါ်မှာ သူဟာ ရှိနေခဲ့ပါပြီ။ Aiternative အပေါ်မှာတော့ လူကတကယ့်ကိုပဲ အရိုးထိအောင် ရူးခဲ့တဲ့သူနဲ့ ဆုံဖြစ်ကြတဲ့အခါ...။
Q- အရင်ဆုံး ဒိုးလုံးရဲ့ နောက်ဆုံးတစ်ကိုယ်တော်အခြွေ ဖစ်တဲ့ " တစ်ယောက်သော ချစ်သူ" ရဲ့ အခြေအနေလေး သိပါရစေ။
A- ဒီအခွေရဲ့ အခြေအနေလေးက မဆိုးဘူးပေါ့။ အောင်မြင်မှုရှိပါတယ်။ မပေါက်သေးတာတစ်ခုပဲ။
Q- တေးရေးဆရာတွေက။
A- ကျွန်တော်ရယ် MM ရယ်၊ လှိုင်ဦးမော်ရယ်ပါ။
Q- တစ်ယောက်သောချစ်သူမှာပါတဲ့ သီချင်းတွေဟာ ကိုယ့်အကြိုက်ကိုပဲ ဦးစားပေးပြီး ရွေးချယ်ခဲ့တာလား။
A- သီချင်းတွေက ပရိသတ်ကြိုက်တဲ့ သီချင်းမျိုးတွေပါသလို ကျွန်တော်ကြိုက်တဲ့ သီချင်းပုံစံတွေလည်း ပါပါတယ်။ ရာခိုင်နှုန်းအားဖြင့် (၅၀) စီပေါ့။
Q- ရှိုးပွဲ အတွေ့အကြုံတွေ ပြောပါဦး။
A- ရှိုးပွဲတွေကတော့ နည်းသေးတယ်ဗျ။
Q- တစ်ယောက်သောချစ်သူမှာပါတဲ့ သီချင်းတွေဟာ...။
A- အဲ.. ကျွန်တော့်ရင်ထဲကလာတဲ့ အကြောင်းအရာတွေပါပဲ။
Q- ဒီကနေ့ Alter ပရိသတ်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ။
A- Alter ပရိသတ်ကတော့ တစ်နေ့ထက်တစ်နေ့ တိုးတိုးလာပါတယ်။
Q- ဒီအခွေနဲ့ဆို ဘယ်နှစ်ခွေ ရှိသွားပြီလဲ။
A- တစ်ယောက်သောချစ်သူ၊ အရိုးထိအောင်ရူး၊ ဒိုးလုံးဆိုပြီး သုံးခွေ ထွက်ပြီးပါပြီး။ Singal အနေနဲ့ပေါ့။
Q- အကုန်လုံး ကိုယ်ပိုင်သံစဉ်တွေ ချည်းပဲလား။
A- ဟုတ်ကဲ့။ အားလုံး ကိုယ်ပိုင်သံစဉ်တွေ ချည်းပါပဲ။
Q- ကော်ပီသံစဉ်တွေရော။
A- အခုအချိန်ထိတော့ ကော်ပီတွေကို ကျွန်တော် မဆိုဖူးသေးပါဘူး။ ကိုယ်ပိုင်သံစဉ်တွေကို ကိုယ်တိုင်ဖန်တီး သီဆို ရတာကိုက ကျွန်တော့်ရဲ့ Creation တွေ ပေါ့ဗျာ။
Q- ဒီလိုဆိုရင် ကော်ပီသံစဉ်တွေအပေါ် ဘယ်လိုမြင်မိလဲ။
A- အခုအချိန်ထိတော့ ကျွန်တော်တို့ဆီမှာ ဒီကော်ပီသံစဉ်တွေ ခေတ်စားနေတုန်းပါပဲ။
Q- ဒိုးလုံး ကိုယ်တိုင်ရေးတဲ့ သိချင်းတွေအားလုံးဟာ ဒိုးလုံးရဲ့ ဘဝ ဖြတ်သန်းမှုတွေပဲလား။
A- ဟုတ်ပါတယ်။ ကျွန်တော့်သီချင်းတွေ အားလုံးဟာ ကျွန်တော် တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းလာရတဲ့ ဘဝ အတွေ့အကြုံတွေပါပဲ။ ရင်ထဲမှာ ထားထားပြီးတော့ အခုလို သီချင်းတွေ ဖြစ်လာခဲ့ပါတယ်။
Q- အခု ဒီအခွေပြီးရင် တခြား ဘာအစီအစဉ်တွေ ရှိသေးလဲ။
A- ကျွန်တော်နဲ့မျိုးကျော့မြို င်နဲ့ Rap Alter တစ်ခွေ စီစဉ်နေပါတယ်။
Q- ဘယ်အနေအထား ရှိသွားပြီလဲ။
A- စတာကတော့ သုံးလလောက် ရှိပါပြီး။ အခြေအနေက အဆိုပိုင်းပဲ ကျန်တော့တယ်။
Q- ဒီလို အတွဲခွေတွေ ဖြစ်သွားရတဲ့ အကြောင်းကလေးကို ပြောပါဦး။
A- အတွဲခွေလုပ်ဖို့က ၁၉၉၆/၉၇ လောက်ကတည်းက စိတ်ကူးရှိခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေ အမျိုးမျိုးကြောင့် အခုမှ လုပ်ဖြစ်တာပါ။ Heart က ကိုမောင်မောင်ထွေးရဲ့ စီစဉ် ပေးမှုကြောင့်လည်း ပါပါတယ်။
Q- ဒီလို မျိုးကျော့မြိုင်နဲ့ တွဲလုပ်ဖို့ စိတ်ကူးက အရင်ကတည်းက ရှိထားလား။
A- ကျွန်တော်နဲ့မျိုးကျော့မြို င် အတွဲက အရင်ကတည်းက စိတ်ကူးရှိပါတယ်။ အဲဒီစိတ်ကူးကို အခုဟာ အကောင်အထည် ဖေါ်လိုက်တယ် ဆိုပါတော့။
Q- အခုလို Rapper ခေါင်းဆောင်တစ်ယောက်နဲ့ Alternative အပေါ် အရိုးထိအောင်ရူးတဲ့ သူနဲ့တွဲတော့ ထူးခြားမှုတွေ ရှိမလား။
A- ထူးခြားမှုကတော့ အသေအချာပါပဲ။ မျိုးကျော့မြိုင်ရော ကျွန်တော်ရော နှစ်ယောက်စလုံးက ဖန်တီးမှုအပိုင်းတွေမှာ အားသန်တဲ့အတွက် လိုင်းသစ် ပုံစံသစ် တစ်ခုတော့ဖြစ်မှာ အသေအချာပါ။
Q- သီချင်းတွေကို အကုန်လုံး နှစ်ယောက်တွဲပြီးတော့ပဲ ဆိုကြမှာလား။
A- တစ်ယောက်တည်းဆိုတဲ့ သီချင်းတွေ ပါသလို နှစ်ယောက်တွဲဆိုတဲ့ သီချင်းတွေလည်း ပါပါမယ်။
Q- အဲဒီလို နှစ်ယောက်တွဲဆိုမယ့် သီချင်းတွေကို ဘယ်သူကရေးလဲ။
A- ရေးတော့ နှစ်ယောက်တွဲ ရေးကြပါတယ်။
Q- Music အပိုင်းတွေမှာကျတော့ရော။
A- Music အပိုင်းတွေမှာ ကွန်ပျူတာနဲ့ ပေါင်းလုပ်တဲ့ Music တွေ ပါသလို ရင်ထဲကလာတဲ့ Music ခံစားမှုတွေလည်း ပါပါတယ်။
Q- အသံသွင်းယူတဲ့ စတူဒီယိုနဲ့ တီးခတ်ပေးကြတဲ့ သူတွေကို ပြောပါဦး။
A- စတူဒီယို D နဲ့ Max မှာ အသံဖမ်းပါတယ်။ တီးခတ်ပေးကြသူတွေကတော့ Drum မရခိုင်၊ Guitar ကိုဘွိုင် (Boy)၊ Bass - ကိုကျင်ပိ၊ K.B ဥက္ကာတို့ပါ။
Q- ဒီအခွေနဲ့ နံမည်ကို ဘယ်လိုပေးထားလဲ။
A- "စားသုံးကြည့်" လို့ ပေးထားပါတယ်။
Q- အရင်တစ်ခါ လုပ်ခဲ့ဖူးတဲ့ အတွဲခွေနဲ့ အခုအတွဲခွေ ကွာခြားမှု ရှိမလား။
A- ဟုတ်ကဲ့။ အရင်က တွဲလုပ်ဖူးတဲ့ အခွေနဲ့တော့ မတူပါဘူး။ ထူးခြားမှုကတော့ ကျွန်တော်တို့ဆီမှာဆိုရင် ဒါဟာ ပထမဆုံး Rap Alter လို့ ပြောရင် ရပါတယ်။ နှစ်ယောက်စလုံးကလည်း တေးရေးတေးဆိုတွေဆိုတော့ အထူး ပြောစရာကို မလိုတော့ပါဘူး။
Q- ဘယ်လို သီချင်းမျိုးလေးတွေ ပါမလဲ။
A- အေးအေးလေးတွေကော ကြမ်းကြမ်းကြီးတွေကော ပါပါတယ်။
Q- ဒီအခွေကို ဘယ်ဆိုင်က ဖြန်ွှချီမှာလဲ။
A- Heart Music ကပဲ ဖြန့်မှာပါ။ နောက်နှစ်လ၊ သုံးလလောက်ဆိုရင်တော့ ဖြန့်ဖြစ်လိမ့်မယ် ထင်ပါတယ်။
Q- ဒီ "စားသုံးကြည့်" အပြင် ဘာအစီအစဉ်တွေ ရှိသေးလဲ။
A- "အရိုးထိအောင်ရူး" ကို ဒုတိယအကြိမ် ပြန်ထုတ်ဖို့ ရှိပါတယ်။ ပရိသတ်တော်တော်များများက ဒီအခွေကို ရှာမရဘူး ဖြစ်နေလို့ ဒီလို စီစဉ်ရတာပါ။
Q- ဒါဆို အရင်အတိုင်းပဲ ပြန်ဖြန့်မှာလား။
A- အဲဒီလို အရင်အတိုင်းတော့ မဟုတ်တော့ဘူး။ Version အသစ်ပေါ့။ အရင်သီချင်းတွေ ဆိုပေမယ့် Edit အသစ်နဲ့ပေါ့။ အရည်အသွေး ပိုကောင်းလာအောင်လို့ပေါ့။ Mixdown လည်း ပြန်ဆွဲမယ်။
Q- ပရိသတ်ကို ဘာပြောချင်သေးလဲ။
A- ကျွန်တော်တို့ နေ့တိုင်းနေ့တိုင်း စားနေသောက်နေကြရသလို ဒီဂီတ ဆိုတာကလည်း ကျွန်တော်တို့အတွက် မရှိမဖြစ် လိုအပ်မှု တစ်ခုပါလို့ ပြောချင်ပါတယ်။ ဂီတနဲ့အတူ ကျွန်တော် ရှင်သန်နေဦးမှာပါ။
Q- ဒိုးလုံးရဲ့လိပ်စာလေး ပြောပါဦး။
A- အလုံ၊ ဦးလူနီလမ်း၊ တိုက် (၁)၊ အခန်း (B)-၃ ဆိုရင် ရပါတယ်တဲ့။
ဒီလိုနဲ့ ဒိုးလုံးနဲ့ တွေ့ဆုံဖို့ ပံ့ပိုးပေးတဲ့ ဘိုဖြူနဲ့ သူငယ်ချင်းများ၊ ဒိုးလုံးနဲ့ မိဘ မောင်နှမသားချင်းများ၊ ရုပ်ရှင်တေးကဗျာမှ အမှုဆောင်လူကြီးမင်းများ အားလုံးအား ကျေးဇူးအထူးတင်ရင်း။
ကေလင်းသန့်
အတွဲ (၁၇)၊ အမှတ် (၁၀)၊
ရုပ်ရုင်တေးကဗျာ၊ ၂၀၀၁၊ အောက်တိုဘာ။
ဒိုးလုံးသီချင်းများ တစ်ပုဒ်ချင်း
http://thachin.com/tc/ index.php?m=music&a=show&ar id=3252
စားသုံးကြည့်
- https://my.pcloud.com/ publink/ show?code=VZTmkzZOQ1jPGDs5P H2eL53S5fTzVneKhz7
Posted by Ko Naing & Ka Lee
ရော့ခ်နှင့်ပတ်ဝန်းကျင် ဂရုမှ....
ဒိုးလုံးကို ကျွန်တော်သိနေခဲ့တာကြာပါပြီ
Q- အရင်ဆုံး ဒိုးလုံးရဲ့ နောက်ဆုံးတစ်ကိုယ်တော်အခြွေ
A- ဒီအခွေရဲ့ အခြေအနေလေးက မဆိုးဘူးပေါ့။ အောင်မြင်မှုရှိပါတယ်။ မပေါက်သေးတာတစ်ခုပဲ။
Q- တေးရေးဆရာတွေက။
A- ကျွန်တော်ရယ် MM ရယ်၊ လှိုင်ဦးမော်ရယ်ပါ။
Q- တစ်ယောက်သောချစ်သူမှာပါတဲ့ သီချင်းတွေဟာ ကိုယ့်အကြိုက်ကိုပဲ ဦးစားပေးပြီး ရွေးချယ်ခဲ့တာလား။
A- သီချင်းတွေက ပရိသတ်ကြိုက်တဲ့ သီချင်းမျိုးတွေပါသလို ကျွန်တော်ကြိုက်တဲ့ သီချင်းပုံစံတွေလည်း ပါပါတယ်။ ရာခိုင်နှုန်းအားဖြင့် (၅၀) စီပေါ့။
Q- ရှိုးပွဲ အတွေ့အကြုံတွေ ပြောပါဦး။
A- ရှိုးပွဲတွေကတော့ နည်းသေးတယ်ဗျ။
Q- တစ်ယောက်သောချစ်သူမှာပါတဲ့ သီချင်းတွေဟာ...။
A- အဲ.. ကျွန်တော့်ရင်ထဲကလာတဲ့ အကြောင်းအရာတွေပါပဲ။
Q- ဒီကနေ့ Alter ပရိသတ်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ။
A- Alter ပရိသတ်ကတော့ တစ်နေ့ထက်တစ်နေ့ တိုးတိုးလာပါတယ်။
Q- ဒီအခွေနဲ့ဆို ဘယ်နှစ်ခွေ ရှိသွားပြီလဲ။
A- တစ်ယောက်သောချစ်သူ၊ အရိုးထိအောင်ရူး၊ ဒိုးလုံးဆိုပြီး သုံးခွေ ထွက်ပြီးပါပြီး။ Singal အနေနဲ့ပေါ့။
Q- အကုန်လုံး ကိုယ်ပိုင်သံစဉ်တွေ ချည်းပဲလား။
A- ဟုတ်ကဲ့။ အားလုံး ကိုယ်ပိုင်သံစဉ်တွေ ချည်းပါပဲ။
Q- ကော်ပီသံစဉ်တွေရော။
A- အခုအချိန်ထိတော့ ကော်ပီတွေကို ကျွန်တော် မဆိုဖူးသေးပါဘူး။ ကိုယ်ပိုင်သံစဉ်တွေကို ကိုယ်တိုင်ဖန်တီး သီဆို ရတာကိုက ကျွန်တော့်ရဲ့ Creation တွေ ပေါ့ဗျာ။
Q- ဒီလိုဆိုရင် ကော်ပီသံစဉ်တွေအပေါ် ဘယ်လိုမြင်မိလဲ။
A- အခုအချိန်ထိတော့ ကျွန်တော်တို့ဆီမှာ ဒီကော်ပီသံစဉ်တွေ ခေတ်စားနေတုန်းပါပဲ။
Q- ဒိုးလုံး ကိုယ်တိုင်ရေးတဲ့ သိချင်းတွေအားလုံးဟာ ဒိုးလုံးရဲ့ ဘဝ ဖြတ်သန်းမှုတွေပဲလား။
A- ဟုတ်ပါတယ်။ ကျွန်တော့်သီချင်းတွေ အားလုံးဟာ ကျွန်တော် တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းလာရတဲ့ ဘဝ အတွေ့အကြုံတွေပါပဲ။ ရင်ထဲမှာ ထားထားပြီးတော့ အခုလို သီချင်းတွေ ဖြစ်လာခဲ့ပါတယ်။
Q- အခု ဒီအခွေပြီးရင် တခြား ဘာအစီအစဉ်တွေ ရှိသေးလဲ။
A- ကျွန်တော်နဲ့မျိုးကျော့မြို
Q- ဘယ်အနေအထား ရှိသွားပြီလဲ။
A- စတာကတော့ သုံးလလောက် ရှိပါပြီး။ အခြေအနေက အဆိုပိုင်းပဲ ကျန်တော့တယ်။
Q- ဒီလို အတွဲခွေတွေ ဖြစ်သွားရတဲ့ အကြောင်းကလေးကို ပြောပါဦး။
A- အတွဲခွေလုပ်ဖို့က ၁၉၉၆/၉၇ လောက်ကတည်းက စိတ်ကူးရှိခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေ အမျိုးမျိုးကြောင့် အခုမှ လုပ်ဖြစ်တာပါ။ Heart က ကိုမောင်မောင်ထွေးရဲ့ စီစဉ် ပေးမှုကြောင့်လည်း ပါပါတယ်။
Q- ဒီလို မျိုးကျော့မြိုင်နဲ့ တွဲလုပ်ဖို့ စိတ်ကူးက အရင်ကတည်းက ရှိထားလား။
A- ကျွန်တော်နဲ့မျိုးကျော့မြို
Q- အခုလို Rapper ခေါင်းဆောင်တစ်ယောက်နဲ့ Alternative အပေါ် အရိုးထိအောင်ရူးတဲ့ သူနဲ့တွဲတော့ ထူးခြားမှုတွေ ရှိမလား။
A- ထူးခြားမှုကတော့ အသေအချာပါပဲ။ မျိုးကျော့မြိုင်ရော ကျွန်တော်ရော နှစ်ယောက်စလုံးက ဖန်တီးမှုအပိုင်းတွေမှာ အားသန်တဲ့အတွက် လိုင်းသစ် ပုံစံသစ် တစ်ခုတော့ဖြစ်မှာ အသေအချာပါ။
Q- သီချင်းတွေကို အကုန်လုံး နှစ်ယောက်တွဲပြီးတော့ပဲ ဆိုကြမှာလား။
A- တစ်ယောက်တည်းဆိုတဲ့ သီချင်းတွေ ပါသလို နှစ်ယောက်တွဲဆိုတဲ့ သီချင်းတွေလည်း ပါပါမယ်။
Q- အဲဒီလို နှစ်ယောက်တွဲဆိုမယ့် သီချင်းတွေကို ဘယ်သူကရေးလဲ။
A- ရေးတော့ နှစ်ယောက်တွဲ ရေးကြပါတယ်။
Q- Music အပိုင်းတွေမှာကျတော့ရော။
A- Music အပိုင်းတွေမှာ ကွန်ပျူတာနဲ့ ပေါင်းလုပ်တဲ့ Music တွေ ပါသလို ရင်ထဲကလာတဲ့ Music ခံစားမှုတွေလည်း ပါပါတယ်။
Q- အသံသွင်းယူတဲ့ စတူဒီယိုနဲ့ တီးခတ်ပေးကြတဲ့ သူတွေကို ပြောပါဦး။
A- စတူဒီယို D နဲ့ Max မှာ အသံဖမ်းပါတယ်။ တီးခတ်ပေးကြသူတွေကတော့ Drum မရခိုင်၊ Guitar ကိုဘွိုင် (Boy)၊ Bass - ကိုကျင်ပိ၊ K.B ဥက္ကာတို့ပါ။
Q- ဒီအခွေနဲ့ နံမည်ကို ဘယ်လိုပေးထားလဲ။
A- "စားသုံးကြည့်" လို့ ပေးထားပါတယ်။
Q- အရင်တစ်ခါ လုပ်ခဲ့ဖူးတဲ့ အတွဲခွေနဲ့ အခုအတွဲခွေ ကွာခြားမှု ရှိမလား။
A- ဟုတ်ကဲ့။ အရင်က တွဲလုပ်ဖူးတဲ့ အခွေနဲ့တော့ မတူပါဘူး။ ထူးခြားမှုကတော့ ကျွန်တော်တို့ဆီမှာဆိုရင် ဒါဟာ ပထမဆုံး Rap Alter လို့ ပြောရင် ရပါတယ်။ နှစ်ယောက်စလုံးကလည်း တေးရေးတေးဆိုတွေဆိုတော့ အထူး ပြောစရာကို မလိုတော့ပါဘူး။
Q- ဘယ်လို သီချင်းမျိုးလေးတွေ ပါမလဲ။
A- အေးအေးလေးတွေကော ကြမ်းကြမ်းကြီးတွေကော ပါပါတယ်။
Q- ဒီအခွေကို ဘယ်ဆိုင်က ဖြန်ွှချီမှာလဲ။
A- Heart Music ကပဲ ဖြန့်မှာပါ။ နောက်နှစ်လ၊ သုံးလလောက်ဆိုရင်တော့ ဖြန့်ဖြစ်လိမ့်မယ် ထင်ပါတယ်။
Q- ဒီ "စားသုံးကြည့်" အပြင် ဘာအစီအစဉ်တွေ ရှိသေးလဲ။
A- "အရိုးထိအောင်ရူး" ကို ဒုတိယအကြိမ် ပြန်ထုတ်ဖို့ ရှိပါတယ်။ ပရိသတ်တော်တော်များများက ဒီအခွေကို ရှာမရဘူး ဖြစ်နေလို့ ဒီလို စီစဉ်ရတာပါ။
Q- ဒါဆို အရင်အတိုင်းပဲ ပြန်ဖြန့်မှာလား။
A- အဲဒီလို အရင်အတိုင်းတော့ မဟုတ်တော့ဘူး။ Version အသစ်ပေါ့။ အရင်သီချင်းတွေ ဆိုပေမယ့် Edit အသစ်နဲ့ပေါ့။ အရည်အသွေး ပိုကောင်းလာအောင်လို့ပေါ့။ Mixdown လည်း ပြန်ဆွဲမယ်။
Q- ပရိသတ်ကို ဘာပြောချင်သေးလဲ။
A- ကျွန်တော်တို့ နေ့တိုင်းနေ့တိုင်း စားနေသောက်နေကြရသလို ဒီဂီတ ဆိုတာကလည်း ကျွန်တော်တို့အတွက် မရှိမဖြစ် လိုအပ်မှု တစ်ခုပါလို့ ပြောချင်ပါတယ်။ ဂီတနဲ့အတူ ကျွန်တော် ရှင်သန်နေဦးမှာပါ။
Q- ဒိုးလုံးရဲ့လိပ်စာလေး ပြောပါဦး။
A- အလုံ၊ ဦးလူနီလမ်း၊ တိုက် (၁)၊ အခန်း (B)-၃ ဆိုရင် ရပါတယ်တဲ့။
ဒီလိုနဲ့ ဒိုးလုံးနဲ့ တွေ့ဆုံဖို့ ပံ့ပိုးပေးတဲ့ ဘိုဖြူနဲ့ သူငယ်ချင်းများ၊ ဒိုးလုံးနဲ့ မိဘ မောင်နှမသားချင်းများ၊ ရုပ်ရှင်တေးကဗျာမှ အမှုဆောင်လူကြီးမင်းများ အားလုံးအား ကျေးဇူးအထူးတင်ရင်း။
ကေလင်းသန့်
အတွဲ (၁၇)၊ အမှတ် (၁၀)၊
ရုပ်ရုင်တေးကဗျာ၊ ၂၀၀၁၊ အောက်တိုဘာ။
ဒိုးလုံးသီချင်းများ တစ်ပုဒ်ချင်း
http://thachin.com/tc/
စားသုံးကြည့်
- https://my.pcloud.com/
Posted by Ko Naing & Ka Lee
ရော့ခ်နှင့်ပတ်ဝန်းကျင် ဂရုမှ....
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။