Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 8, 2015

၂၀၁၅ ခုနှစ်အတွင်းဖြစ်ပွားသည့် အစွန်းရောက်တို့ လုပ်ရပ်ကို ဘာဘာဗန်ဂါ ကြိုတင်ဟောကိန်း ထုတ်ခဲ့ပြီလော။ ၂၀၁၆ အတွက် သူမ ဘာပြောခဲ့သလဲ။


ဗဟုသုတ။ ၂၀၁၅ ခုနှစ်အတွင်းဖြစ်ပွားသည့် အစွန်းရောက်တို့ လုပ်ရပ်ကို ဘာဘာဗန်ဂါ ကြိုတင်ဟောကိန်း ထုတ်ခဲ့ပြီလော။ ၂၀၁၆ အတွက် သူမ ဘာပြောခဲ့သလဲ။
--------------------

၁၉၉၆ ခုနှစ်တွင် သေဆုံးခဲ့သော ဘာဘာဗန်ဂါသည် ဘူလ်ဂေးရီးယားတွင် မွေးဖွားကြီးပြင်းခဲ့သူ တစ်ယောက် ဖြစ် သည်။ သူမ၏ဟောကြားချက် များထဲမှ ၈၅ ရာခိုင်နှုန်းခန့် မှန်ကန် ခဲ့သော ကြောင့် လည်း "ဘော်လ်ကန်ဒေသ၏ အကျော်ကြားဆုံးသော ရှေ့ဖြစ်ဟောဆရာမ" ဟူ၍ ရရှားနှင့် ဥရောပ တစ်ဝှမ်းတွင် သတင်းပျံ့နှံ့နေခဲ့သူ တစ်ယောက် ဖြစ်သည်။

သူမသက်တမ်းတစ်လျှောက် ပြောကြားခဲ့သည့် ရာပေါင်း များစွာသော ဟောကိန်းများထဲတွင် သဘာဝ ဘေးအန္တရာယ် နှင့် ကမ္ဘာကြီး ပူနွေးလာမှုအကြောင်းကို အဓိကထား၍ ပြောကြား သွားခဲ့သည်။

သူမသည် မည်သူတစ်ဦးတစ်ယောက်မျှ Global Warming ဟူသည့် ဝေါဟာရကို အသုံးမပြုသေး သော ၁၉၅၀ ကာလ ကထဲက ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမည့် အကြောင်းနှင့် ရေခဲတောင် အရည်ပျော် လာမည့် အကြောင်း များကို -

"ဧရာမလှိုင်းတို့သည် ကမ်းရိုးတန်း ကြီးငယ် အသွယ်သွယ် တို့ကို သက်ဆင်း စေလျက် လူများ၊ မြို့နယ်များ အားလုံးကို လွှမ်းခြုံကာ အရာအားလုံးကို ရေပြင်၏ အောက်သို့ ဆွဲခေါ် သွားလိမ့်မည်"

ဟူသော ဟောကိန်းဖြင့် ၂၀၀၄ က ဆူနာမီဖြစ်စဉ်ကို ကြက်သီး ထဖွယ် ကွက်ကွက်ကွင်းကွင်း မြင်အောင် ဟောသွားခဲ့ ဖူးသည်။

ယနေ့ကမ္ဘာတွင် အစွန်းရောက် အစ္စလာမ်တို့နှင့် ဖြစ်ပွား နေသော ဘာသာရေး တိုက်ပွဲကြီးငယ်တို့ နှင့် ပဋိပက္ခများ အသွားအလာအရ ဗန်ဂါ၏ ၂၀၁၆ ဟောကိန်း ဖြစ်သော "မွတ်စလင်မ်စစ်ပွဲကြီး" သည် conspiracy theorist တို့နှင့် အစ္စလာမ် ဘာသာရေးသမိုင်း လေ့လာ သူတို့ အကြား အလွန် ရေပန်းစား လျက်ရှိသည်။

ကျောချမ်းဖွယ် ဟောကိန်းအရ ၂၀၁၆ တွင် မွတ်စလင်မ် အစွန်းရောက် များသည် ဥရောပသို့ စတင် ကျူးကျော် တိုက်ခိုက် လိမ့်မည် ဖြစ်ပြီး စစ်မီး၏ အစမှာ ၂၀၁၀ အာရတ် ဒေသမှ စတင် လိမ့်မည် ဟူ၏။ ဆီးရီးယားဒေသတွင် စစ်မက် ဖြစ်ပွားရာမှ အစွန်းရောက် မွတ်စလင်မ်တို့မှ ဓာတု တိုက်ခိုက် ရေး ဗျူဟာ (chemical warfare) ကိုသုံးပြီး ဥရောပဒေသကို ကျူးကျော် လာမည် ဖြစ်သည်။ ၂၀၄၃ ခုနှစ်တွင် ရောမမြို့ကို ကာလီဖိတ် တည်ထောင်ပြီး အခြေချ တပ်စွဲသွားလိမ့်မည် ဟူ၏။

ဗန်ဂါ၏ ဟောကြားချက်အရ ယနေ့ ကျွန်တော်တို့ သိနေသော ဥရောပဒေသသည် နောက်တစ်နှစ်တာ ကာလတွင် စနစ်တကျ လူမျိုးတုံး တိုက်ဖျက်မှုကြောင့် ပျောက်ကွယ် သွားမည် ဖြစ်ပြီး ဘာမှမကျန် တော့သည့် စွန့်ပစ်မြေကဲ့သို့အလား ပျက်သုန်း သွားမည် ဖြစ်သည်။

စာဖတ်သူအနေဖြင့် ဤအချက်သည် စိတ်ကူးယဉ် ဆန်လွန်း သည်ဟု ထင်မြင်က လတ်တလော အဖြစ်အပျက်တို့ကို ပြန် သုံးသပ် ပါလေ။ ဂဒါဖီ မွေးဖွာရာဒေသ သို့မဟုတ် လစ်ဗျား ဒေသ ၏ မြို့တစ်မြို့ ဖြစ်ပြီး ဥရောပနှင့် ကပ်လျက် တည်ရှိသော Sirte ကို အစွန်းရောက် ISIS တို့ သိမ်းပိုက်ထားပြီး ဖြစ်သည် မဟုတ် ပါလား။

ယခုအခါ Sirte ဒေသသည် ရှာရီးယား ဥပဒေအောက်တွင် ရှိသည့် အစ္စလာမစ် နိုင်ငံတော် တစ်ခု ဖြစ်လာသည်။ ထို့အပြင် မြို့လမ်းမအထက်တွင် နေ့တဓူဝ မရေမတွက်နိုင်အောင် လူပေါင်း များစွာ ခေါင်းဖြတ်ခံနေရသည်။

ထိုမျှသာမကသေး ဆီးရီးယားတွင်လည်း ထိုအစွန်းရောက် များပင် တပ်စွဲထားကာ ၎င်းဒေသမှ လူများသည်ပင် ပြင်သစ် အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ ပြီးပြီ မဟုတ်လော။

ဗန်ဂါကို ယုံကြည်သူများ အဖို့ ဤ အဖြစ်အပျက် များကို ၎င်းတို့ ၏ မျက်စိရှေ့တွင်ပင် တစ်ခုပြီးတစ်ခု ဟောကိန်း မှန်နေခဲ့ သည် ကို စိတ်ဆင်းရဲစွာ မြင်တွေ့နေရသည်။
--------------------

[ဘာဘာဗန်ဂါ၏ အကျော်ကြားဆုံးသော ဟောကိန်းများ]

၂၀၀၄ ခုနှစ်၏ ဆူနာမီနှင့် ကမ္ဘာကြီး ပူနွေးလာမည့် အကြောင်း ကို ၁၉၅၀ ကထဲက အောက်ပါအတိုင်း ဟောကိန်းထုတ်ခဲ့သည်။

"အေးသည့်ဒေသများ ပူလာမည်။ အိပ်ပျော်နေသည့် မီးတောင် များ နိုးထလာမည်။ဧရာမ လှိုင်းတို့သည် ကမ်းရိုးတန်း ကြီးငယ် အသွယ်သွယ် တို့ကို သက်ဆင်း စေလျက် လူများ၊ မြို့နယ်များ အားလုံးကို လွှမ်းခြုံကာ အရာအားလုံးကို ရေပြင်၏ အောက်သို့ ဆွဲခေါ်သွား လိမ့်မည်။" "အရာအားလုံးသည် ရေခဲအရည်ပျော် သကဲ့သို့ ပျော်လာတော့မည်။"
----------

၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် Twin Tower အကြမ်းဖက် ခံရမှုကို ၁၉၈၉ ခုနှစ်တွင် အောက်ပါ အတိုင်း ဟောကိန်းထုတ် ခဲ့သည်။

"ကြောက်စရာပဲ! ကြောက်စရာကြီးပါပဲ! အမေရိကန်က ညီနောင် ဟာ သံဌက်တွေ တိုက်ခိုက်ခံရလို့ လဲကျသွားလိမ့်မယ်။ ဝံပုလွေ ဟာ ခြုံပုတ် (bush) ကို ဟောင်ချိန်မှာ အပြစ်မဲ့တဲ့ သွေးချောင်း တွေ စီးကြတော့မယ်။"
----------

၂၀၀၀ ခုနှစ်တွင် နစ်မြုပ်ခဲ့သော ရုရှား နူကလီးယား သင်္ဘော "Kursk" အကြောင်းကို ၁၉၈၀ ခုနှစ်တွင် ဟောကိန်းထုတ် ခဲ့သည်။ (ဖြစ်စဉ်မတိုင်ခင်က "Kursk" ကို ကျွန်းတစ်ကျွန်း ဟုသာ အများက မှတ်ယူထားခဲ့မိသည်။)

"ရာစုတစ်ဆစ်ကွေ့ချိန် ၁၉၉၉ သို့မဟုတ် ၂၀၀၀ ခုနှစ်ရဲ့ သြဂုတ်လ အခါမှာ Kursk ကို ရေတွေ လွှမ်းသွား လိမ့်မယ်။ တစ်ကမ္ဘာလုံး ငိုကြွေးကြလိမ့်မယ်။"
----------

နာမည်အကြီးဆုံးတစ်ခုကတော့ အမေရိကန်နိုင်ငံရဲ့ ၄၄ ယောက် မြောက် သမ္မတကို လူမည်းသမ္မတ ဖြစ်လိမ့်မည် ဟူ၍ ဟောကိန်းထုတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်... သူမ ထပ်မံ ပြောကြားခဲ့သည်မှာ "၎င်း လူမည်းသမ္မတသည်ပင် အမေရိကန်၏ နောက်ဆုံးသော သမ္မတ ဖြစ်လိမ့်မည်" ဟူ၏။
----------

[၂၀၁၆ လွန်ကာလများ အတွက် ဗန်ဂါ၏ ဟောကိန်းများ]

၂၀၁၆: အစွန်းရောက် မွတ်စလင်မ် တို့ ဥရောပ ကို ကျူးကျော် မည်။ ယနေ့ ဥရောပဒေသသည် ဓာတုလက်နက်ဖြင့် စနစ် တကျ လူမျိုးတုံး တိုက်ဖျက်မှုကြောင့် ပျောက်ကွယ် သွားမည် ဖြစ်ပြီး ဘာမှမကျန်တော့သည့် စွန့်ပစ်မြေအလား ပျက်သုဉ်း သွားမည်။

၂၀၂၃: ကမ္ဘာ့ပတ်လမ်း ပြောင်းလဲသွားမည်။ (ဒါဘာအဓိပ္ပာယ်လဲ ဘယ်သူမှ မသိ)

၂၀၂၅: ဥရောပ ဒေသ၏ လူဦးရေသည် သုံညနားသို့ ကပ်သွား လိမ့်မည်။

၂၀၂၈: လူသားတို့ ဗီးနပ်စ်ဂြိုလ်ကို စွမ်းအင်ရှာဖွေရေးအတွက် ခရီးထွက်ခွာလိမ့်မည်။

၂၀၃၃: ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲတောင်များ အရည် ပျော်ကာ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာလိမ့်မည်။ (ဒါ ဖြစ်ပြီး နေပြီ။)

၂၀၄၃: ဥရောပဒေသကို အစ္စလာမ် ကာလီဖိတ်ဒေသ အဖြစ် အသွင်ပြောင်းရေးသည် ပြီးပြည့်စုံပြီ ဖြစ်သည်။ ရောမမြို့သည် မြို့တော်ဖြစ်လာမည်။ ကမ္ဘာ့ စီးပွားရေး လှုပ်ရှားမှု အားလုံးကို မွတ်စလင်မ် တို့ ချုပ်ကိုင် အုပ်စိုးမည်။

၂၀၆၆: အမေရိကန်တို့ ရာသီဥတုပြောင်းလဲရေး လက်နက်သစ် တစ်မျိုးကို ပထမဆုံး အကြိမ် စတင် ထုတ်သုံးကာ ရောမကို ပြန်တိုက်ယူမည်ဖြစ်ပြီး ခရစ်ယာန်ကို ပြန်လည် အသက်သွင်း လိမ့်မည်။

၂၀၇၆: ကွန်မြူနစ်ဝါဒသည် ဥရောပနှင့် အခြားသော နေရာများ တွင်ပါ ပြန်လည် ဦးမော့ လာမည်။

၂၀၈၄: သဘာဝတရား ပြန်လည်ရှင်သန်လာမည်။ (ဤအချက် လဲ မည်သူမျှ နားမလည်သေး)

၂၁၀၀: လူသားတို့ပြုလုပ်ထားသော "နေအတု" သည် ကမ္ဘာ့ ညအခြမ်းကို တောက်ပစွာ အလင်းပေးနိုင်မည်။ (၂၀၀၈ ကထဲ က စတင်နေပြီဖြစ်သည်။ နူကလီယား ဖြူးရှင်းစနစ်ဖြင့် လည်ပတ် မည့် နေတုစီမံကိန်း အကြောင်း ရှာဖတ်ပါလေ။)

၂၁၃၀: ဂြိုလ်သားတို့၏ အထောက်အပံ့ဖြင့် လူသားတို့သည် ရေအောက်တွင် နေထိုင်နိုင် မည် ဖြစ်သည်။

၂၁၇၀: ကမ္ဘာတစ်ခုလုံးအနှံ့ မိုးခေါင်မည်။

၂၁၈၇: ကမ္ဘာ့အကြီးဆုံး မီးတောင်နှစ်တောင် ပေါက်ကွဲခြင်း လုံးဝရပ်တန့်သွားမည်။

၂၂၀၁: နေ၏ စွမ်းအင် ချက်လုပ်မှု နှေးလာသည်နှင့်အမျှ ကမ္ဘာပေါ်သို့ ကျရောက်သော အပူချိန်သည် လည်း ကျဆင်း လာလိမ့်မည်။

၂၂၆၂: ဂြိုလ်များ ပတ်လမ်း ပြောင်းကုန် ကြပြီး မားစ်ဂြိုလ်သည် ဥက္ကာခဲများ၏ အန္တရာယ်ကို ရင်ဆိုင်ရမည်။

၂၃၆၄: နေတုပေါ်တွင် ချို့ယွင်းမှုတစ်ခု ဖြစ်သောကြောင့် မိုးပိုခေါင်လာမည်။

၂၄၈၀: နေတု နှစ်လုံးတိုက်မိသောကြောင့် ကမ္ဘာပေါ်တွင် မှောင်အတိဖြစ်သွားမည်။

၃၀၀၅: မားစ်ပေါ်ရှိ ပဋိပက္ခကြောင့် မားစ်ဂြိုလ်လမ်းကြောင်း ပြောင်းမည်။

၃၀၁၀: လကို ဥက္ကာခဲ အကြီး တစ်ခု ဝင်တိုက်လိမ့်မည်။ ဥက္ကာခဲ အပိုင်းအစများနှင့် ပြာမှုန့်များ ကမ္ဘာကို အကွင်းလိုက် ဝန်းရံ လိမ့်မည်။

၃၇၉၇: ကမ္ဘာပေါ်ရှိ အရာအားလုံး သေဆုံးသွားတော့မည်။ လူသားမျိုးနွယ် တို့သာ နောက်ထပ် အဆင့်ပိုမြင့်သော ကြယ် အစုအဝေးတစ်ခုသို့ လွန်မြောက်သွားနိုင်လိမ့်မည်။

ကိုးကား။ http://www.news.com.au/lifestyle/real-life/news-life/heres-what-blind-prophet-baba-vanga-predicted-for-2016-and-beyond-its-not-good/news-story/6adaca964c9bde14e21103ee7d4fbc1d
--------------------
- မှတ်စုကြမ်းမှ ဘာသာပြန်သည်။ #kyawnge

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။