ရော်နယ်ဒို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်ရတဲ့ လျှို့ဝှက်ချက်
---------
ရော်နယ်ဒိုတစ်ယောက် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေရတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို သူ့ရဲ့နည်းပြဟောင်း အဲလက်ဖာဂူဆန်က ဖွင့်ပြောလိုက်ပါပြီ။
ရော်နယ်ဒိုဟာ သူ့ရဲ့အိမ်ကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေတာပါလို့ ဖာဂူဆန်က ဖွင့်ချလိုက်ပါတယ်။
တစ်ပတ်ကို ပေါင် နှစ်သိန်းခွဲကျော် ရနေတဲ့ ရော်နယ်ဒိုဟာ သာမန်လူတွေ မမျော်မှန်းနိုင်တဲ့ ဇိမ်ခံ အိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်ပါတယ်။ အဲဒီအိမ်မှာ ရေပူ၊ ရေအေး ရေကူးကန် နှစ်ခုလည်း ရှိပါသတဲ့။ အမှန်တော့ ရော်နယ်ဒိုရဲ့ အိမ်အတွင်းပိုင်ကို ဘယ်သူမှ မြင်ဖူးကြတာ မဟုတ်ပါဘူး။
ရော်နယ်ဒိုရဲ့ အိမ်မှာ ရေကူးကန် နှစ်ခုအပြင် အလွန်ကြီးမားတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းမလည်း ရှိပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းမကြီးဟာ စတမ်းဖို့ဒ်တက္ကသိုလ်က စီးပွားရေးစာသင်ခန်းမ တစ်ဝက်လောက်ရှိတယ်လို့ ဖာဂူဆန်က ပြောတာပါ။
ဒါတင်ပဲလားဆိုတာ မဟုတ်သေးပါဘူး။ အနုတ် ၁၆၀ ဒီဂရီလောက်အထိ အေးခဲလို့ရတဲ့ ရေခဲခန်း တစ်ခုလည်း ရှိပါတယ်။ ရော်နယ်ဒိုက ဘောလုံးပွဲ ကစားပြီးတိုင် အဲဒီရေခဲခန်းထဲမှာ ဆယ်မိနစ်လောက် ဝင်နေတဲ့အတွက် အခုလို ကြံ့ခိုင်မှု အားကောင်းတဲ့ ဘောလုံးသမား ဖြစ်နေတာပါ။
Credit: DuWun
ှSource & Photos :www.givemesports.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။