ဘယ်သူနဲ့ သင်အတူရှိနေသလဲ
-------------------------- ------
စကားတစ်ခွန်းက ဒီလိုဆိုပါတယ် --
သင် ဘယ်သူလဲဆိုတာ အရေးမကြီးဘူး.. အရေးကြီးတာက သင် ဘယ်သူနဲ့အတူ ရှိနေသလဲပဲဖြစ်တယ်။
ဟောင်ကောင်သန်းကြွယ်သူဌေးကြီး
Li Ka-shing ရဲ့ ကားမောင်းသူဟာ Li Ka-shing ဆီမှာ နှစ်ပေါင်း
၃ဝကျော်ကားမောင်းခဲ့တယ်။ ပင်စင်ယူခါနီးမှာ သူ့ရဲ့ရိုးသားကြိုးစားမှုနဲ့
တာဝန်ကျေပွန်ခဲ့မှုအတွက် Li Ka-shing က သူ့ကို ဆုငွေ သိန်း၂ဝ
လက်ဆောင်ပေးခဲ့တယ်။ ဒါကို ကားမောင်းသူက ငြင်းဆန်ခဲ့ပြီး
သူ့ဆီမှာစုထားတဲ့ငွေကြေးတွေ သိန်း ၁ဝဝ၊ ၂ဝဝ လောက်တော့ရှိတယ်လို့ဆိုတယ်။
ဒါကို Li Ka-shing အရမ်းအံ့သြသွားတယ်။ ကားမောင်းတဲ့လခက တစ်လမှ ၅ထောင်
၆ထောင်လောက်ပဲရတာကို ဘယ်လိုလုပ်ပြီး ငွေဒီလောက်အများကြီး စုမိသလဲဆိုတာကို
သူဌေးကြီးက သိချင်ခဲ့တယ်။
ကားမောင်းသူက "သူဌေးကြီးကို ကားမောင်းပေးနေချိန်မှာ သူဌေးက ဒီမြေကွက်ကိုဝယ်လိုက်၊ ဟိုမြေကွက်ကိုဝယ်လိုက်လို့ ဖုန်းပြောတာတွေကို ကျွန်တော်ကြားခဲ့ရပါတယ်။ သူဌေးဝယ်တဲ့ မြေကွက်အနီးနားမှာ ကျွန်တော်လည်း နည်းနည်းဝယ်တတ်ပါတယ်။ သူဌေးက ဘယ်စတော့ကိုဝယ်လိုက်ဆိုရင် ကျွန်တော်လည်းနည်းနည်းလိုက် ဝယ်ခဲ့ပါတယ်။ အဲဒီကနေတဆင့် ငွေကြေးတွေကို ကျွန်တော်စုဆောင်းခဲ့မိပါတယ်" လို့ ပြန်ဖြေပါတယ်။
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုသလို ကောက်ရိုးတစ်ပင်ဟာ ဟင်းရွက်ပေါ်စည်းထားရင် သူဟာ ဟင်းရွက်တန်ဖိုးဖြစ်ပြီး ဂဏန်းပေါ်စည်းထားရင် သူဟာ ဂဏန်းတန်ဖိုးဖြစ်ပါတယ်။ ယင်ကောင်နောက်လိုက်ပြီး မစင်တွင်းထဲဝင်မလား၊ ပျားပိတုန်းနောက်လိုက်ပြီး ပန်းရနံ့တွေရှုရှိုက်မလား၊ နေရောင်နဲ့တူတဲ့လူနဲ့အတူနေရ င် သင်လည်းတဖြည်းဖြည်းနေရောင်လို လင်းလက်လာပါတယ်။
လူ့ဘဝမှာ ကံကောင်းခြင်းသုံးကြိမ်ရှိတ ယ်လို့ တချို့ကပြောကြတယ်။
ကျောင်းတက်စဉ် ဆရာကောင်းနဲ့ဆုံရခြင်းက ကံကောင်းခြင်း၊
အလုပ်လုပ်စဉ် ဆရာသမားကောင်းနဲ့ဆုံရခြင်းက ကံကောင်းခြင်း၊
အိမ်ထောင်ကျစဉ် ဒိုးတူပေါင်ဖက် အခြားတစ်ခြမ်းနဲ့ဆုံရခြင်းက ကံကောင်းခြင်းပါတဲ့။
ကောင်းမွန်တဲ့စိတ်က လှုံ့ ဆော်မှုတစ်မျိုးကိုဖြစ်ပေါ်ေ စတယ်။ ကြိုးစားတဲ့လူနဲ့အတူနေရင် အနည်းဆုံးတော့ သူတို့နောက် သင်အမီလိုက်ချင်မှာပဲ။ တိုးတက်လိုစိတ်မရှိသူနဲ့အတူ နေရင် လှေကားအဆင်းကိုပဲ သင်ဆင်းနေလိမ့်မယ်။ ဆင်းလေ အောက်ရောက်လေပဲဖြစ်နေပါလိမ့်မယ်။
-------
ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်
နိုင်းနိုင်းစနေ (Dec 8 2015)
--------------------------
စကားတစ်ခွန်းက ဒီလိုဆိုပါတယ် --
သင် ဘယ်သူလဲဆိုတာ အရေးမကြီးဘူး.. အရေးကြီးတာက သင် ဘယ်သူနဲ့အတူ ရှိနေသလဲပဲဖြစ်တယ်။
ဟောင်ကောင်သန်းကြွယ်သူဌေးကြ
ကားမောင်းသူက "သူဌေးကြီးကို ကားမောင်းပေးနေချိန်မှာ သူဌေးက ဒီမြေကွက်ကိုဝယ်လိုက်၊ ဟိုမြေကွက်ကိုဝယ်လိုက်လို့ ဖုန်းပြောတာတွေကို ကျွန်တော်ကြားခဲ့ရပါတယ်။ သူဌေးဝယ်တဲ့ မြေကွက်အနီးနားမှာ ကျွန်တော်လည်း နည်းနည်းဝယ်တတ်ပါတယ်။ သူဌေးက ဘယ်စတော့ကိုဝယ်လိုက်ဆိုရင် ကျွန်တော်လည်းနည်းနည်းလိုက်
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုသလို ကောက်ရိုးတစ်ပင်ဟာ ဟင်းရွက်ပေါ်စည်းထားရင် သူဟာ ဟင်းရွက်တန်ဖိုးဖြစ်ပြီး ဂဏန်းပေါ်စည်းထားရင် သူဟာ ဂဏန်းတန်ဖိုးဖြစ်ပါတယ်။ ယင်ကောင်နောက်လိုက်ပြီး မစင်တွင်းထဲဝင်မလား၊ ပျားပိတုန်းနောက်လိုက်ပြီး ပန်းရနံ့တွေရှုရှိုက်မလား၊ နေရောင်နဲ့တူတဲ့လူနဲ့အတူနေရ
လူ့ဘဝမှာ ကံကောင်းခြင်းသုံးကြိမ်ရှိတ
ကျောင်းတက်စဉ် ဆရာကောင်းနဲ့ဆုံရခြင်းက ကံကောင်းခြင်း၊
အလုပ်လုပ်စဉ် ဆရာသမားကောင်းနဲ့ဆုံရခြင်းက
အိမ်ထောင်ကျစဉ် ဒိုးတူပေါင်ဖက် အခြားတစ်ခြမ်းနဲ့ဆုံရခြင်းက
ကောင်းမွန်တဲ့စိတ်က လှုံ့ ဆော်မှုတစ်မျိုးကိုဖြစ်ပေါ်ေ
-------
ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်
နိုင်းနိုင်းစနေ (Dec 8 2015)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။