၂ဝ၁၂ခုနှစ်
ဒီဇင်ဘာ ၆ရက်နေ့မှာ တရုတ်စာရေးဆရာ Mo Yan ဟာ စာပေနိုဘယ်လ်ဆုကို
လက်ခံရယူဖို့ ဆွီဒင်မြို့တော် Stockholm ကို ရောက်လာခဲ့တယ်။
ဆွီဒင်မှာနေထိုင်တဲ့မိတ်ဆွေ တစ်ဦးက
Mo Yan ရဲ့ဝတ္ထုတစ်ပုဒ်ကို Anna Chenဘာသာပြန်ထားတဲ့ Life and Death Are
Wearing Me Out ဆိုတဲ့ စာအုပ်ကိုယူပြီး Mo Yan ကို
လက်မှတ်ထိုးခိုင်းခဲ့တယ်။ Mo Yan က ခဏလောက်တွေဝေပြီး
"ကျွန်တော်မထိုးတော့ပါဘူး" လို့ဆိုတယ်။ မိတ်ဆက်ကနားမလည်စွာနဲ့ အတင်းထိုးခိုင်းမှ Mo Yan က ရှေ့စာမျက်နှာရဲ့အောက်ဆုံးတ စ်နေရာမှာ လက်မှတ်ထိုးပေးလိုက်တယ်။ အပေါ်စာမျက်နှာအလွတ်နေရာမှာ ဘာသာပြန်သူ Anna Chen လက်မှတ်ထိုးဖို့ ချန်ထားပေးတဲ့သဘောဖြစ်တယ်။
ဆွီဒင်အခြေစိုက်တရုတ်သံရုံး မှာ Mo Yanအတွက်တွေ့ဆုံပွဲလုပ်တော့ အဲဒီဟောပြောပွဲမှာ Mo Yan က "ကျွန်တော် ဒီလို စာပေနိုဘယ်လ်ဆုရတာဟာ နိုင်ငံအသီးသီးက တခြားဘာသာစကားတွေနဲ့ ဘာသာပြန်ဖန်တီးခဲ့မှုတွေကြော င့်ပါပဲ။
တစ်ခါတလေမှာ ဘာသာပြန်တဲ့အလုပ်က မူရင်းထက်ပိုပင်ပန်းပါတယ်။ ကျွန်တော် Life
and Death Are Wearing Me Out ကို ရေးတာ ရက်ပေါင်း ၄၃ရက်သာ ကြာခဲ့ပေမယ့်
Anna Chen က ၆နှစ်လောက်အချိန်ယူ ဘာသာပြန်ခဲ့ရပါတယ်" လို့ဆိုတယ်။
တရုတ်ပြည်ရဲ့ ပထမဆုံးသောစာပေနိုဘယ်လ်ဆုရှ င်ဖြစ်ခဲ့ပေမယ့် Mo Yan ဟာ အများရဲ့ချီးကျူးဂုဏ်ပြုမှုေ အာက်မှာ စိတ်ကြီးမဝင်ခဲ့ပါဘူး။ သူ့ရဲ့အောင်မြင်မှုနောက်ကွယ် မှာ တခြားလူတွေရဲ့ပေးဆပ်မှုရှိတယ်ဆိုတာကို သူနိုးနိုးကြားကြားသိထားခဲ့ ပါတယ်။ ဒါကြောင့်လည်း အဲဒီတခြားလူတွေကို နေရာတစ်ခု၊ လေးစားမှုတစ်ခုပေးဖို့ သူနားလည်ခဲ့ပါတယ်။
ဆွီဒင်အခြေစိုက်တရုတ်သံရုံး
တရုတ်ပြည်ရဲ့ ပထမဆုံးသောစာပေနိုဘယ်လ်ဆုရှ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။