ကွမ်းယာ ကြိုက်တတ်သော စင်ကာပူ ရောက်မြန်မာ များ အတွက် သတင်းဆိုး
စင်ကာပူ ဟာ မြန်မာ ပြည် ကလာတဲ့ ဆေးရွက်ကြီး (ကွမ်းစား ဗမာဆေး အဝါ အနီ) ကိုလည်း နိုင်ငံအတွင်း သယ်ဆောင် ဖြန့်ဖြူးး ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်ပါပြီ
မြန်မာပြည်ကနေ လာလို့ တနိုင်တပိုင် ကွမ်းစားဖို့ ယူလာတဲ့သူတွေ အပေါ် ဘယ်လို ဘယ်ပုံ အရေးယူ မယ် မသိရသေးပေမဲ့ သင်ဟာ ဆေးရွက်ကြီးကို စီးပွားရေး ဆန်ဆန် သယ်ဆောင်လာတာကို တွေ့ရင်တော့ ဒဏ်ငွေအနေနဲ့ စင်ကာပူ ဒေါ်လာ တစ်သန်း ၊ ထောက်ဒဏ် ၈ လ သို့မဟုတ် နှစ်ခုစလုံး ပူးတွဲကျခံ နိုင်ပါတယ် ။
ဒါ့ကြောင့် စင်ကာပူကနေ ရန်ကုန် အပြန်ဖြစ်စေ ရန်ကုန်က နေ စင်ကာပူ အလာဖြစ်စေ လူကြုံပါး၍ ယူလာတဲ့ ပစ်စည်းများ ကို အသေအချာ ဖွင့်ပြီးမှ သယ်ပေးကြပါ ၊ မိမိမှာ ကီလို ပိုနေ၍ ကိလို ရောင်းပြီး သူများ ပစ္စည်း သယ်လာသူများ စင်ကာပူ လေဆိပ်အရောက်မှာ မြန်မာ ဆေးရွက်ကြီး ပါလာတာတွေ့ရင်တော့ မိမိ ပစ္စည်း မိမိတာဝန်ပါ စင်ကာပူ ရဲကတော့ မူးယစ်ဆေးဝါး နဲ့ပက်သက်ရင် ပိုင်ရှင်မဲ့မလုပ်ပါ ။
နောက်တစ်ခုက "ကျန်တော်က ကွမ်းမစားရရင် တစ်ခုခု လိုနေပြီး အလုပ် လုပ်လို့မရဘူးဆိုသူများ နဲ့ ချစ် ရည်းစား ကို ဖြတ်ရင် ဖြတ်မယ် ကွမ်းယာတော့ မပျက်နိုင်ပါဘူး ဆိုသော ကိုကိုမောင်မောင်များ အတွက် တော့ သတင်းဆိုး တစ်ခုပါ စင်ကာပူရှိ မည်သည့် မြန်မာ ဆိုင်ကမျှ ဒဏ်ငွေ ဒေါ်လာ တစ်သန်းကို အံတု ပြီး ကွမ်းယာ ဆက်ရောင်းကြမယ် လို့ ကျန်တော်တော့ မထင်ပါ ။
လောင်အင်း (စင်ကာပူ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။