Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 23, 2015

မယ်စကြ၀ဠာပြိုင်ပွဲနှင့် အမှားတစ်ခု၏ နောက်ဆက်တွဲ ဂယက်များ

 
ဆုရသူ အမည် မှားယွင်းကြေညာပြီးနောက် ၂၀၁၄ မယ်စကြ၀ဠာမယ်က သရဖူကို ကိုလံဘီယာ အလှမယ်ထံမှ ဖိလစ်ပိုင်အလှမယ်အား လွှဲပြောင်းပေးအပ်နေစဉ် (Reuters)
မယ်စကြ၀ဠာ ပြိုင်ပွဲ နောက်ဆုံး အနိုင်ရသူရွေးချယ် ကြေညာစဉ် အကြီးအကျယ်လွဲချော်သွားခဲ့ သည့် ၎င်း၏အမှားကို အစီအစဉ် မှူး စတိဗ်ဟာဗေးက၀န်ခံတောင်းပန်ခဲ့သည်။ သို့သော်လည်းနောက်ဆက်တွဲ ဂယက်များကမူ မျှော်လင့်ထားသည့်အတိုင်း ထွက်ပေါ်လာဆဲဖြစ်သည်။

ဒီဇင်ဘာ ၂၀ ရက်ညက အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ် တွင် မယ်စကြ၀ဠာပြိုင်ပွဲ ကျင်းပ ခဲ့ရာ နောက်ဆုံးဆန်ခါတင်နှစ်ဦးတည်း ကျန်တော့သည့် အခြေ အနေ၌ ဟာဗေးက ပြိုင်ပွဲ၏ အောင်နိုင်သူသည်ကိုလံဘီယာ ကိုယ်စားပြုအလှမယ် အက်ဒရီ ယာနာဂူတီရာရက်ဇ်အာရီဗာလို ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့ ကြောင့် အာရီဗာလိုအား မယ် စကြ၀ဠာသရဖူနှင့် ဂုဏ်ပြုစလွယ်တို့ အပ်နှင်းပြီး အာရီဗာလိုကလည်း ပရိသတ်များနှင့်အောင် ပွဲခံနေစဉ် ဟာဗေးက ၎င်းအနေ ဖြင့် အမှားတစ်ခုပြုလုပ်မိကြောင်း ကြေညာခဲ့သည်။
ထို့နောက် ယခုနှစ်ပြိုင်ပွဲ၏  အမှန်တကယ် ဆုရရှိသူမှာ ဖိလစ် ပိုင်ကိုယ်စားပြု အလှမယ် ပီရာ အလွန်ဇိုဝတ်ဘတ်ခ်ျဖြစ်ကြောင်း ဟာဗေးက ပြောကြားခဲ့ရာအမှတ် မထင် ပြောင်းလဲသွားသည့် အ ခြေအနေကြောင့် အလှမယ်နှစ်ဦး စလုံးရော ကမ္ဘာအရပ်ရပ်မှစောင့်ကြည့်နေသည့် ပရိသတ်သန်းပေါင်းများစွာတို့ပါ စိတ်ရှုပ်ထွေးသွားခဲ့သည်။
ယင်းနောက်တွင် ပြီးခဲ့သည့် နှစ် မယ်စကြ၀ဠာ အလှမယ် ဟောင်းက အာရီဗာလိုထံမှ သရ ဖူနှင့်စလွယ်တို့ကို ပြန်ဖြုတ်သိမ်း ပြီး ပီရာအားလွှဲပေးခဲ့သည်။ အာ ရီဗာလိုသည် အလွန်စိတ်ပျက်သွားသည်ကို အားတင်းဟန်ဆောင် ပြုံးနေရဟန်ရှိပြီး လုံးဝမမျှော်လင့် ထားရာမှ အောင်မြင်မှုပြန်ရရှိ လာသည့် ပီရာကိုယ်တိုင်လည်း အပြည့်အ၀ ပျော်ရွှင်နေဟန် မ တွေ့ရချေ။ ဟာဗေး၏ အမှား သည် မယ်စကြ၀ဠာပြိုင်ပွဲသမိုင်း တွင် အဆိုးဆုံး အခိုက်အတန့် တစ်ခုဟု မီဒီယာများက ဝေဖန် ရေးသားကြသလို လူမှုကွန်ရက် ၀က်ဘ်ဆိုက်များတွင်လည်း အ မေရိကန် အစီအစဉ်မှူး၏ ပေါ့ လျော့မှုကိုပြင်းပြင်းထန်ထန် ရှုတ် ချရေးသားလာကြသည်။
သတင်းအချို့ကမူ ယခုဖြစ် ရပ်တွင် မယ်စကြ၀ဠာပြိုင်ပွဲ၏  ဆုရှင်စာရင်း ရေးသားထားသော ကတ်တွင် အားနည်းချက်များရှိနေ ကြောင်း ထောက်ပြခဲ့သည်။ ဟာ ဗေးက ကတ်ကိုပြသရာတွင် ဒုတိ ယနှင့် တတိယဆုရှင်များကိုဦးစားပေးဖော်ပြထားပြီး ကတ်၏အောက်ထောင့်နေရာတွင်သာ ၂၀၁၅ မယ်စကြ၀ဠာဆုရှင်သည် ဖိလစ်ပိုင်မှဖြစ်ကြောင်း ရေးသားထားသည်။ ကတ်ကို ရုတ်တရက် ကြည့်လိုက်ပါက ဒုတိယဆုရှင်ကိုလံဘီယာ၏ အမည်သည် အလယ်ဗဟိုတွင် ထင်းထင်းကြီးဖြစ် နေသောကြောင့်ဟာဗေးကသတိ လက်လွတ်မှားယွင်းသွားခြင်းဟု ယူဆနိုင်သည်။
မည်သို့ပင်ဖြစ်စေ ယခုနှစ် ပြိုင်ပွဲတွင်ပရိသတ်၏ အာရုံစိုက် မှုကိုအမှန်တကယ်အောင်နိုင်သူ ဖိလစ်ပိုင်မယ်ထက် ဒုတိယဆုရှင် ကိုလံဘီယာမယ်က သိမ်းကျုံးရရှိ သွားသည်။ ပရိသတ်သန်းပေါင်း များစွာက ပီယာအပေါ်ဂုဏ်ပြု စကားထက် အာရီဗာလိုအတွက် စာနာစကားကို ပိုမိုပြောဆိုလာ ကြသည်။
အလွန်ဆိုးရွားသည့် အမှား ကြောင့် နစ်နာခဲ့သည့်တိုင် အာရီ ဗာလိုက ‘‘ကိစ္စတိုင်းကအကြောင်း တရားတစ်ခုကြောင့် ဖြစ်ပျက်လာ တာချည်းပါပဲ။ ဒီတော့ ကျွန်မက ပျော်ပျော်ရွှင်ရွှင်ပါပဲ’’ဟု မျက်  ရည်ဝေ့နေသည်ကို ထိန်းချုပ်ရင်း ဆိုသည်။ ‘‘ကျွန်မကို မဲပေးခဲ့ကြ တဲ့ ပရိသတ်တွေကိုတော့ ကျေး ဇူးတင်ပါတယ်’’ဟုလည်း သူမက ပြောကြားခဲ့သည်။ ထိုအချိန်တွင် ပရိသတ်ထဲမှ တစ်ဦးက ‘‘အာရီ ဗာလိုရေ မင်းကိုငါတို့ချစ်ပါတယ်’’ ဟု အော်ဟစ်အားပေးခဲ့ရာ သူမ က ထိုနေရာဘက်သို့ မျက်နှာ လှည့်ပြီး အပြုံးဖြင့် တုံ့ပြန်ခဲ့သည်။
 မယ်စကြ၀ဠာဆုရှင် ပီရာ ကမူ အခြေအနေနှင့်ပတ်သက်၍ ထိန်းထိန်းသိမ်းသိမ်း မှတ်ချက် ပေးခဲ့သည်။ ‘‘သရဖူအပ်နှင်းတဲ့ အခိုက်အတန့်ကတော့ တော် တော်လေး သမားရိုးကျမဆန်ဘူး ဖြစ်သွားတယ်။ တကယ့် ၂၀၁၅ ပါပဲ’’ဟု သူကဆိုသည်။
ဟာဗေးသည် နောက်ပိုင်း  တွင် ၎င်း၏အမှားကို တောင်းပန် ကြောင်း စာသားများကို Twitter တွင် အကြိမ်ကြိမ်ရေးသား ခဲ့ သည်။ ထို့အပြင် Facebook ပေါ် တွင်လည်း ကြေညာချက်တစ် စောင်ထုတ်ပြန်ခဲ့ရာ ‘‘ကျွန်တော် ဆိုးဆိုးရွားရွားအမှားတစ်ခု လုပ် ခဲ့မိပါတယ်။ မယ်စကြ၀ဠာပြိုင် ပွဲမှာ အနိုင်ရသူနဲ့ ဒုတိယဆုရှင် တို့ရဲ့နာမည်တွေကို မှားကြေညာ  မိတာပါ။ ဒီညအတွက်နိုင်ငံပေါင်း များစွာ၊ ပရိသတ်ပေါင်းများစွာ၊ အထူးသဖြင့် ပြိုင်ပွဲဝင်တွေက ဂုဏ်ယူစိတ်အပြည့်နဲ့ ဘယ် လောက် ပြင်ဆင်ထားကြတယ်ဆို တာကို သိပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါ တယ်။ ပြိုင်ပွဲဝင်အားလုံးက အံ့ သြစရာပါပဲ။ ကျွန်တော့်အနေနဲ့ ကိုလံဘီယာနဲ့ဖိလစ်ပိုင်အလှမယ် တွေကို အထူးပြုပြီး စိတ်ရော ကိုယ်ပါ နောက်ထပ်တောင်းပန် ပါတယ်။ ဒီနှစ်ယောက်စလုံးဟာ ကိုယ့်နိုင်ငံရော၊ ကိုယ့်မိသားစု ရော၊ ကိုယ်ကိုယ်တိုင်အတွက်ပါ အကောင်းဆုံးကိုယ်စားပြု ယှဉ် ပြိုင်ခဲ့သူတွေပါ’’ဟု တောင်းပန် ထားသည်။
ယခုအမှားနှင့်ပတ်သက်၍ ကိုလံဘီယာတွင် ဟာဗေးရော၊ ပြိုင်ပွဲကျင်းပသည့် အဖွဲ့အစည်း အပေါ်တွင်ပါ ဒေါသထွက်မှုများ ရှိနေခဲ့သည်။ ယခုနှစ်မယ်စကြ၀ ဠာပြိုင်ပွဲသည် အခမ်းအနားကျင်း ပရာ ခန်းမထဲတွင် ထိုကဲ့သို့အရှုပ် အထွေးများဖြစ်ပေါ်နေသလို အ ပြင်ဘက်ရှိ လာ့စ်ဗီးဂတ်စ်စထ ရိုက်ပ်တွင်လည်း အမျိုးသမီးတစ် ဦးက ပလက်ဖောင်းပေါ်လမ်း လျှောက်နေသူများကို ရည်ရွယ် ချက်ရှိရှိ ကားဖြင့်ဝင်တိုက်ခဲ့ခြင်း ကြောင့် ပြဿနာများပေါ်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် လူတစ်ဦး သေဆုံးကာ ခုနစ်ဦးမျှအပြင်းအ ထန် ဒဏ်ရာများရရှိခဲ့သည်။
မယ်စကြ၀ဠာပြိုင်ပွဲတွင် အငြင်းပွားစရာအခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းကို ၀င်ရောက်အ မြတ်ထုတ်သူ တစ်ဦးလည်းရှိ သည်။ ယင်းမှာ အမေရိကန်ရွေး ကောက်ပွဲတွင် ရီပက်ဘလေကန် ကိုယ်စားပြု သမ္မတလောင်းအဖြစ် ပါဝင်ခွင့်ရရန် ကြိုးပမ်းနေသည့် ဘီလီယံနာသူဌေးကြီး ဒေါ်နယ် ထရန့်ဖြစ်သည်။ မယ်စကြ၀ဠာ ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းကို ထရန့်က တစ်ချိန်က ပိုင်ဆိုင်ခဲ့ဖူး ပြီး ယခုအခါ ၎င်း၏ရှယ်ယာများ ကို ရောင်းချထားပြီးဖြစ်သည်။
Today Show အစီအစဉ် တွင် ထရန့်က အမေရိကန်ပြည် ထောင်စုအတွင်းရှိ လက်တင် နွယ်ဖွားများသဘောကျလောက် သည့် စိတ်ကူးယဉ်ဆန်ဆန် ဖြေ ရှင်းမှုတစ်ခုကို မှတ်ချက်ပေးသွား ခဲ့သည်။ ယင်းမှာ ဖိလစ်ပိုင်နှင့် ကိုလံဘီယာ အလှမယ်များကို မယ်စကြ၀ဠာဆု ပူးတွဲချီးမြှင့်ရန် ဖြစ်သည်။
‘‘ကျွန်တော်တွေးမိတာကို ပြောရရင်တော့ နှစ်ယောက်စလုံး ကို ပူးတွဲအောင်နိုင်သူတွေအဖြစ် သတ်မှတ်ပေးလိုက်မှာပါ။ ဒါဆို တော်တော်လေး အဆင်ပြေသွား မယ်။ ဒါဆိုရင် ပိုမိုလှပတဲ့ အခမ်း အနားတစ်ရပ် ဖြစ်လာမယ်။ မယ် စကြ၀ဠာရဲ့ အမှတ်တံဆိပ် တန် ဖိုးဂုဏ်ရည်ကိုလည်း ထိန်းသိမ်း ပြီးသားဖြစ်သွားစေမယ်။ ဒီတော့ ဘာကြောင့်များနှစ်ယောက် ပူးတွဲ ဆုမရနိုင်မှာလဲ’’ဟု ထရန့်ကပြော ကြားခဲ့သည်။
ထို့အပြင် မိမိသာပြိုင်ပွဲကြီး ကြပ်သူအဖြစ် ဆက်ရှိနေပါက ယင်းကဲ့သို့ အမှားမျိုးမဖြစ်စေရ ဟုလည်း ထရန့်ကဆိုသည်။ ‘‘ဒါ မျိုးဖြစ်သွားတာ ၀မ်းနည်းစရာပါ။ လွန်ခဲ့တဲ့ခြောက်လက မယ်စကြ ၀ဠာပြိုင်ပွဲ ကျင်းပပိုင်ခွင့်ကို ကျွန်တော်တို့ စံချိန်တင်ဈေးနှုန်း တစ်ရပ်နဲ့ ရောင်းချခဲ့တယ်။ တ ကယ်လို့ အဲဒီလိုမရောင်းဖြစ်ရင် ဒီအမှားမျိုး လုံးဝဖြစ်မှာမဟုတ် ဘူး’’ဟု ၎င်းကကြွေးကြော်ခဲ့သည်။
ကြေညာချက်အမှားတစ်ခု နှင့်ဆက်စပ်ပြီး ပြဿနာမျိုးစုံ ဆက်လက်ဖြစ်ပွားနေပြီး ကိုလံဘီ ယာအလှမယ်အာရီဗာလိုအနေ ဖြင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့ကို ရော၊ ဟာဗေးကိုပါ တရားစွဲဆို သင့်ကြောင်း အကြံပြုမှုများလည်း ရှိနေသည်။ မယ်စကြ၀ဠာပြိုင်ပွဲ ကျင်းပရေးအဖွဲ့က ၎င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက်တွင် အဆို ပါဖြစ်ရပ်အတွက်တောင်းပန်ဖြေ ရှင်းထားသော်လည်း ကိုလံဘီ ယာပရိသတ်များ၏ အမျက်ဒေါသ ကို မဖြေဖျောက်နိုင်ချေ။ ‘‘ယုံပါ။ ဖြစ်ခဲ့သမျှ အားလုံးအတွက် ၀မ်း အနည်းရဆုံးသူက ကျွန်တော်ပါ ပဲ’’ဟု ဟာဗေးက ၎င်း၏အမှားနှင့် ပတ်သက်၍ ညည်းညူပြောဆို သွားသည်။
 http://www.7daydaily.com/story/53819

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။