ဆောင်းရာသီ အချိန်တွေမှာ လက်သည်း၊ ခြေသည်းရင်းက အရေမာအရစ်တွေ ခြောက်သွေ့ခြင်းနဲ့ အက်ကွဲခြင်းတွေက အဖြစ်များတဲ့ ပြသနာတစ်ခု ဖြစ်ပါတယ်။ ဒါဟာ အရေခွံကွာစေတဲ့အပြင် သွေးပါထွက်စေကာ အခံရခက်တဲ့ နာကျင်မှုနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်စေပါတယ်။ ခုလို ဖြစ်နေတဲ့ အရေမာ အရစ်များကို အခြေအနေ ပိုဆိုးမသွားစေဖို့ အောက်ပါအချက်တို့ကို ဂရုစိုက်ပေးဖို့သာ လိုပါတယ်။
· မခွာပစ်လိုက်ပါနဲ့
· မဖြစ်မနေလိုအပ်ပါက လက်သည်းညှပ်လေးနဲ့ ဖြတ်ပါ။
· အခြေအနေ ဆိုးရွားနေရင် အနာကပ်ပလာစတာ ကပ်ပေးလိုက်ပါ။
· ရေနံဂျယ်လီ ခပ်ထူထူလေး ညတိုင်း သေသေချာချာ လိမ်းပေးရပါမယ်။
· လက်အိတ်စွတ်ပါ။ အသားရေ စိုပြေစေပါလိမ့်မယ်။
· လက်တွေနဲ့ ခြေသည်း၊ လက်သည်းတွေဆေးပြီးတိုင်း အသားရေစိုပြေစေဖို့ အလှဆီလိမ်းပေးပါ။
Ref: TOI
Trend Myanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။