အဘကြောက်ရောဂါ ဖျောက်ကြပါ
-------------------------- -----------
အဘဟုဆိုရာ၌ စီနီယာအဘ နှင့်
ဂျူနီယာအဘ ဟူ၍ နှစ်မျိုးနှစ်စားရှိပါသည်။
ဗိုလ်ချုပ်များ ဝန်ကြီးများသည်ပင်လျှင်
အဘကြောက်ရောဂါစွဲကပ်လျက်ရှိ သည်။
အောက်ခြေရှိ အရာထမ်း အမှုထမ်းများဆိုလျှင် ဆိုဖွယ်ရာ မရှိပါ။
သည့်ထက်ဆိုးသည်က ပြည်သူများပင်ဖြစ်သည်။ စစ်အာဏာရှင်စနစ် စတင်အုပ်ချုပ်ခဲ့စဉ်မှ စတင်၍ ယနေ့ ထက်ထိတိုင် ဖိနှိပ်ခံပြည်သူများအနေဖြင့် 
ရွံ့ကြောက်နေမည်မှာ အမှန်ဖြစ်သည်။
အဘ ဆိုသည့်ဝေါဟာရကို ထပ်မံဋီကာဖွဲ့ပြရလျှင်
ဝိဇ္ဇာအဘ နှင့် ပြိတ္တာအဘ ဟူ၍ နှစ်မျိုးနှစ်စား
တွေ့ရှိရပါသည်။ ဝိဇ္ဇာအဘများကတော့
ကောင်းမှု ကုသိုလ်ပြုလုပ်ပြီး သူတော်ကောင်းတရားနှင့်ပျော် မွေ့သော်လည်း ပြိတ္တာအဘများမှာတော့ ကိုယ်ကျိုးအတ္တနှင့် မကောင်းမှုများသာပြုလုပ်ပြီး အကုသိုလ်ဖြင့်သာ
လူ့လောကတွင်အသက်ဆက်ရှင်သန်ေ နကြသည်။
မကောင်းမှန်းတော့သိကြသည်။
မစင်ပုံပျော် *လောက်* ကဲ့သို့  အာဏာဘုံပေါ်တွင်သာ ယစ်မူးနေသော *အာဏာရူး* များသာဖြစ်ကြသည်။
ခေတ်စနစ်များပြောင်းလဲလာသည် ဟု
မည်သို့ပင်ကြွေးကြော်နေကြသော်လည်း
မိမိကိုယ်ကိုလိမ်လည်နေသောသူ များသာ ဖြစ်လျက်ရှိသည်။ ယနေ့ခေတ် တရားဥပဒေစိုးမိုးရေးကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုလျှင်
ဥပမာ- တာဝန်ရှိသူတစ်ဦးမှ
ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန်
လုပ်ဆောင်မည်ဆိုသော်လည်း စီနီယာအဘများနှင့်ဆက်နွယ်နေ သော
အဘအနွယ်ဝင် တနွယ်ငင်တစ်စင်ပါများနှင့် တွေ့ကြသောအခါ ဥပဒေသည် အမှန်တရားပေါ်မှ သွေဖယ်၍ ပျောက်ဆုံးပျောက်ကွယ်သွားကြ သည်။
အောက်ခြေအဆင့်တွင် တာဝန်ထမ်းဆောင်နေသူများအား ကိုယ်ချင်းစာမိပါသည်။ သူတို့သည်ပင်လျှင် အဘများအား မလွန်ဆန်နိုင်ကြပါ။
အဘကြောက်ရောဂါများ ကုရာနတ္ထိဆေး
မရှိသေးပါ။
အီဘိုလာထက်ပြင်းသော အဘကြောက်ရောဂါများ၊ ဗိုင်းရပ်စ်များ မြန်မာပြည်တွင် ရှေးပဝေဏသီ ကတည်းက ပြန့်ပွားလျက်ရှိသည်။
ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းကြရာ၌ လမ်းသစ်ဖောက်သူ အစိုးရအဖွဲ့အစည်းအတွင်း၌ပင်
အဘကြောက်ရောဂါများသည်
ကပ်ဆိုးကြီးသဖွယ် ခြောက်လှန့်လျက်ရှိသည်။ အစိုးရအဖွဲ့နှင့်ပြည်သူ့ဝန် ထမ်းများ၏ အဘကြောက်ရောဂါကို ကုသဖို့  ...
-------------------------- --------------
Aung Aung Ma Shwe Moe
--------------------------
အဘဟုဆိုရာ၌ စီနီယာအဘ နှင့်
ဂျူနီယာအဘ ဟူ၍ နှစ်မျိုးနှစ်စားရှိပါသည်။
ဗိုလ်ချုပ်များ ဝန်ကြီးများသည်ပင်လျှင်
အဘကြောက်ရောဂါစွဲကပ်လျက်ရှိ
အောက်ခြေရှိ အရာထမ်း အမှုထမ်းများဆိုလျှင် ဆိုဖွယ်ရာ မရှိပါ။
သည့်ထက်ဆိုးသည်က ပြည်သူများပင်ဖြစ်သည်။ စစ်အာဏာရှင်စနစ် စတင်အုပ်ချုပ်ခဲ့စဉ်မှ စတင်၍ ယနေ့ ထက်ထိတိုင် ဖိနှိပ်ခံပြည်သူများအနေဖြင်
ရွံ့ကြောက်နေမည်မှာ အမှန်ဖြစ်သည်။
အဘ ဆိုသည့်ဝေါဟာရကို ထပ်မံဋီကာဖွဲ့ပြရလျှင်
ဝိဇ္ဇာအဘ နှင့် ပြိတ္တာအဘ ဟူ၍ နှစ်မျိုးနှစ်စား
တွေ့ရှိရပါသည်။ ဝိဇ္ဇာအဘများကတော့
ကောင်းမှု ကုသိုလ်ပြုလုပ်ပြီး သူတော်ကောင်းတရားနှင့်ပျော်
လူ့လောကတွင်အသက်ဆက်ရှင်သန်ေ
မကောင်းမှန်းတော့သိကြသည်။
မစင်ပုံပျော် *လောက်* ကဲ့သို့  အာဏာဘုံပေါ်တွင်သာ ယစ်မူးနေသော *အာဏာရူး* များသာဖြစ်ကြသည်။
ခေတ်စနစ်များပြောင်းလဲလာသည်
မည်သို့ပင်ကြွေးကြော်နေကြသေ
မိမိကိုယ်ကိုလိမ်လည်နေသောသူ
ဥပမာ- တာဝန်ရှိသူတစ်ဦးမှ
ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန်
လုပ်ဆောင်မည်ဆိုသော်လည်း စီနီယာအဘများနှင့်ဆက်နွယ်နေ
အဘအနွယ်ဝင် တနွယ်ငင်တစ်စင်ပါများနှင့် တွေ့ကြသောအခါ ဥပဒေသည် အမှန်တရားပေါ်မှ သွေဖယ်၍ ပျောက်ဆုံးပျောက်ကွယ်သွားကြ
အောက်ခြေအဆင့်တွင် တာဝန်ထမ်းဆောင်နေသူများအား ကိုယ်ချင်းစာမိပါသည်။ သူတို့သည်ပင်လျှင် အဘများအား မလွန်ဆန်နိုင်ကြပါ။
အဘကြောက်ရောဂါများ ကုရာနတ္ထိဆေး
မရှိသေးပါ။
အီဘိုလာထက်ပြင်းသော အဘကြောက်ရောဂါများ၊ ဗိုင်းရပ်စ်များ မြန်မာပြည်တွင် ရှေးပဝေဏသီ ကတည်းက ပြန့်ပွားလျက်ရှိသည်။
ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းကြရာ၌ လမ်းသစ်ဖောက်သူ အစိုးရအဖွဲ့အစည်းအတွင်း၌ပင်
အဘကြောက်ရောဂါများသည်
ကပ်ဆိုးကြီးသဖွယ် ခြောက်လှန့်လျက်ရှိသည်။ အစိုးရအဖွဲ့နှင့်ပြည်သူ့ဝန်
--------------------------
Aung Aung Ma Shwe Moe
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။