ကျွန်တော် နမ်းလို့  မဝသေးတဲ့ ပါးတစ်ခြမ်း ။
ကျွန်တော့် မိန်းမက သူ ကိုယ်ဝန်ရှိနေပြီ လို့ ပြောတော့
ကျွန်တော် မြန်မာ ဗီဒီယို ကားထဲက မင်းသားတွေ ပျော်သလိုမျိုး ဟိုလျောက်ပြေး ဒီလျောက်ပြေး ၊ဟိုအော်ဒီအော် ပုံစံမျိုးနဲ့ မပျော်ခဲ့ပါဘူး
မိန်းမက လည်း သူကိုယ်ဝန်ရှိနေတာကို ရုပ်ရှင်ထဲကလို နား နားကပ်ပြီးမပြောပါဘူး
ကြေးအိုး ဆိုင်မှာ ကြေးအိုးစားရင်းပလုပ်ပလောင်းနဲ့ ပြောတာ ၊ကိုယ်ဝန်ရှိနေပြီထင်တယ်တဲ့
ကျွန်တော် လည်း ဟုတ်လား
ပျော်စရာကြီးပေါ့၊လို့ ပြောလိုက်တယ် ဒီလောက်ပါပဲ
အာထရာ စောင်းရိုက်ကြည့်တော့ သမီးလေး လို့သိရတယ်
ငါ သမီးလေးရတော့ မယ်၊ ကလေးအဖေ ဖြစ်တော့မယ် ဒီထက်ကြိုးစား ရတော့မယ်ဆိုတဲ့ အသိ တော့ ရှိလာတာအမှန်ပဲ
သမီးလေးကို SSC ရွှေဂုံတိုင် ဆေးရုံမှာမွေးတာ
မိန်းမမွေးခန်း ဝင်တော့ စိတ်တော့ပူသား ၊ မိန်းမ နေကောင်းဖို့ နဲ့ သမီးလေး ကောင်းကောင်းမွန်မွန်ဖြစ်ဖို့
ရုပ်ရှင်ထဲက ကလေးအဖေတွေလို ဆပ်ပြာသည်လင်ပျောက်သလိုတော့ မဖြစ်ပါဘူး
မွေးခန်း ထဲက နပ်(စ်) မက ဘေဘီ ချောစုဝင်း ရှိလား တဲ့
ဒီ နပ်(စ်)မ က ငါ မိန်းမ ကို ဘေဘီလို့ ခေါ်တာ သူဘယ် လိုများသိသွားသလည်းပေါ့ ။
ဟုတ် ကျွန်တော်ပါ ကျွန်တော်ပါ
ရော့ --- မွေးခန်း အသုံးစာရိတ် ၊ဘောက်ချာ ကလေးရောလူကြီးရောကျန်းမါပါတ ယ်
ကလေးကိုအရင်မပြသေးဘူး ၊ဘောက်ချာအရင်ပြတာ
ဘောက်ချာကြည့် လိုက်တော့ ၅၀၀၀၀၀ (၅) သိန်း ကျတယ်
ဟယ် တန်ဖိုးရှိလိုက်တဲ့ ငါ့ သမီးလေးပါလားဆိုပြီး ငွေ သွားသွင်းရတယ်
ငွေသွင်းပြီးတော့မှ ကလေးကိုပြတာ ၊ ငွေ သာမသွင်းရင် ကလေး ကို ပြန်ပေးဆွဲ မယ့်သဘောရှိတယ်။
သမီးလေးမြင်တော့  အော် ငါ ကလေးအဖေဖြစ်ပြီ
ငါ သမီးလေး တစ်ယောက်ရပြီပေါ့ ။
ဖြစ်ချင်တော့ သမီးလေး ၂ ရက် နေတော့ အသားဝါ လို့ကလေးဆေးရုံကြီးကိုတင်ရတ ယ်
ကလေးတွေနေ မကောင်းဖြစ်ရင် ကိုယ်သာဖြစ်လိုက်ချင်တယ် ၊
မိန်းမ က ရွှေဂုံတိုင်ဆေးရုံမှာ ၊သမီးက ကလေးဆေးရုံကြီးမှာ ကျွန်တော် က သမီးလေးတက်တဲ့ ကလေးဆေးရုံလိုက်သွားလိုက်တယ်
ယောက္ခက သူ့ သမီးကို စိတ်ပူ ကျွန်တော်က ကျွန်တော့သမီးကို စိတ်ပူပေါ့
သမီးလေး သူငယ်တန်း စ ထားတဲ့ နေ့ 
သမီးက မျက်နှာငယ်လေးနဲ့ အတန်းဖေါ်တွေကြားထဲမှာ
သမီးလေးရေ ဒါ လောက သင်ခန်းစာ အစ ပဲ၊ငါ့ သမီးလေး အဆင်ပြေမှာပါဆိုပြီး
သမီးကို ကျောင်းခန်းထဲပို့လိုက်တယ်၊ ကျွန်တော် နောက်ကို လုံးဝလှည့်မကြည့်ဘူး ၊
သမီးလေး ကို ထားခဲ့ရတာကို မကြည့်ရဲလို့
မနေနိင်လို့လှည့်ကြည့်လိုက် တော့ သမီးက ကျွန်တော့ကို့ ကြည့်နေတာ ၊
ကျွန်တော်ကြည့်နေတာလည်းသိသွားရော
ပါပါး ဆိုပြီး ပြေးထွက်လာတယ် ၊ကျွန်တော်ကလည်း သမီးလေးဆိုပြီး ပြေးဖက် လိုက်တယ်
သမီး လေး ပါးပေါ်မှာ ကျွန်တော်လိမ်းပေးလိုက်တဲ့ သနပ်ခါး ပါးကွက်လေး ၊မျက်ရည်ကြောင့် နှစ်ခြမ်း ကွဲသွားသလို
ကျွန်တော့် ရဲ့ အသဲတွေလည်း ကွဲနေပါပြီ
ကျွန်တော့် ကို ဖက်ပြီး ပါးပါး ပြန်လိုက်ခဲ့မယ်
သမီး... ပါပါး အခန်းအပြင်ကစောင့်နေမယ်နော် ၊ပါးပါး ဘယ်မှ မသွားဘူး
ဆိုပြီးအခန်းထဲပြန်ပို့ရတယ် ။
မိုးဖွဲဖွဲ လေးကျပြီး မိုးမင်းကြီးက ကျွန်တော်
တို့ သားအဖ ကို ပိုပြီး ကြေကွဲအောင်များ လုပ်နေရော့သလား၊
ကျွန်တော့် သမီးလေးကို ဖက်ပြီး ကျောင်းခန်းထဲ လိုက်ပို့ တဲ့ အခန်း ကို ရုပ်ရှင်ရိုက် ရင် သမီးရော ကျွန်တော်ရော အကယ်ဒမီ ရမှာ သေချာ တယ်
သမီးကို ပို့ပြီး ၊ကျွန်တော်ကားပေါ်ရောက်တဲ့ အထိ ချက်ချင်း မပြန်သေးဘူး
ကား စတီယာတိုင် ပေါ်မှာ ခေါင်းကို မှောက်ပြီး မျက်ရည်ကျခဲ့တယ်ဆိုတာကို ဝန်ခံပါရစေ
စဉ်းစားကြည့်လေ လာတုန်းက သမီးလေးနဲ့ ၊အခုတစ်ယောက်တည်းပြန်ရမှာ
ကျောင်းခန်းထဲက ကမ္ဘာမကြေ သီချင်းသံကြားမှ ငါ့သမီးလေး သီချင်းဆိုနေပြီဆိုပြီး အိမ်ပြန်ခဲ့ရတယ်။
အခု သမီး က ၁၄ နှစ်
ဟိုတလော က သူ့ ရဲ့  ဖုန်း ring မြည်နေလို့ 
ကိုင်လိုက်တော့
ဟဲလို
ဟိုဘက်က ကျွန်တော့အသံကြားသွားလို့ ထင်တယ်
ဦးလေး ၊အဲ အန်ကယ် ရည်မွန်ရှိလား ခင်မျ
ယောကျာင်္း တွေဆိုတာ သံလိုက် သဘောရှိတယ်
အဖို နဲ့ အမ လောက်ပဲ ကပ်ချင်တဲ့သဘော
ငါ့ ကိုများ အန်ကယ်တဲ့ ၊တော်သေးတာပေါ့ Dady မခေါ်လို့
ယောကျာင်္းလေးတစ်ယောက်ရဲ့  အသံကြားတော့
လို့အပ်သည့်အသံထက် ၆ ဆ လောက်မြင့်လိုက်ပြီး
အေး ခဏ ကိုင်ထားဆိုပြီး ၊ရုပ်ရှင်ထဲက ဦးသိန်း မောင်လေသံနဲ့
ဖုန်းနားကပ်ပြီး ရည်မွန် လို. တစ်ချက်အော်ခေါ်လိုက် တယ်
ဟို ဘက် က တစ်ယောက်လည်းလန့်  သွားအောင်လို့
သမီးကလည်း အခြေအနေကို ရိပ်မိနေတဲ့သဘောရှိတယ်
ရေဒီယို ဟာသရရွှင်ဆေး ထဲက မိန်းတစ်ယောက်ရဲ့ အသံမျိုးနဲ့  ရှင်---- ပါပါး ဆိုပြီး ဖုန်းဆီအလာ
သမီးလမ်းလျောက်ရာလမ်း ကို ကျွန်တော့် ဆိုက်ကြည့်နေလို့
သမီး သူ့ ခြေထောက်အချင်းချင်းတောင် ခလုပ်တိုက်တယ် ။
သမီးက လိုင်းမမိလို့  အခန်းထဲသွားပြောတာ
ဘယ်ရမလဲ ကျွန်တော်က တံခါးကို နားနဲ့ ကပ်ပြီးနားအထောင်
သမီးက အခန်းထဲကအထွက် တံခါးပြန်အဖွင့်
နှစ်သားတိုက်မိလို့
ရှက်ရမ်းရမ်းပြီး ဟောက်လိုက်ရတယ်
ဘယ်လိုဖြစ်နေတာလည်း ယောက်ယက်ကို ခတ်နေတာပဲလို့
အမှန် ယောက်ယက်ခတ်နေတာက ကျွန်တော် ပါ
သမီးက ဧည့်ခန်းထဲဖုန်းသွားပြောတာ
ဘယ်ရမလဲ အောင်မျိုးအေးပဲ ဧည့်ခန်းထဲ တံမြက်စီး လှဲချင်ယောင်ဆောင်ပြီး နားထောင်နေတာပေါ့
သမီးက နဂါးမင်းနဲ့  ဖွတ်ကျား စစ်ခင်းတော့မယ့်
အခြေအနေကို သိသွားတယ်ထင်တယ်
အော်အေ အော်အေအေ အော်အေ ဆိုပြီး ဖုန်းချပြီး ပွဲကို အမြန်ဆုံး သိမ်းပစ်လိုက်တယ်။
ဘယ်သူလဲသမီး
ကျောင်း ကပါ ၊ကျောင်းမတက်လို့ စာမေးတာပါ
ရိုးနေပြီ ဒါငါ့အကွက်တွေ ၊ပထမစာမေးမယ်၊ပြီးရင်ထမင်းစားပြီးပြီလားမေးမယ် ၊ပြီးရင်ဂရုစိုက်နော်ဆိုပြီး ဖုန်းချသွားမယ်
သမီးကိုတော့မပြောပါဘူး ၊စိတ်ထဲကပဲ ပြောနေတာပါ
မချောစု သမီးဖုန်း ကိုလည်း ဂရုစိုက်ဦး
တိုးတိုးတိတ်တိတ်မှာထားရတယ်
သမီးက ငယ်ပါသေးတယ် ၊ကျွန်တော့်က စိုးရိမ်လွန်နေတာပါ
အော် သမီးသမီး အချိန်တန်ရင်တော့ သမီးလေးနဲ့ခွဲရမှာပါလေ ----လို့တွေးမိရင်း
တကယ်တော့ ---
သမီး လေးဟာ ကျွန်တော် နမ်း လို့ မဝသေးတဲ့ပါးတစ်ခြမ်းပါ။
credit to မောင်ပင်လယ်။
ကျွန်တော့် မိန်းမက သူ ကိုယ်ဝန်ရှိနေပြီ လို့ ပြောတော့
ကျွန်တော် မြန်မာ ဗီဒီယို ကားထဲက မင်းသားတွေ ပျော်သလိုမျိုး ဟိုလျောက်ပြေး ဒီလျောက်ပြေး ၊ဟိုအော်ဒီအော် ပုံစံမျိုးနဲ့ မပျော်ခဲ့ပါဘူး
မိန်းမက လည်း သူကိုယ်ဝန်ရှိနေတာကို ရုပ်ရှင်ထဲကလို နား နားကပ်ပြီးမပြောပါဘူး
ကြေးအိုး ဆိုင်မှာ ကြေးအိုးစားရင်းပလုပ်ပလောင်
ကျွန်တော် လည်း ဟုတ်လား
ပျော်စရာကြီးပေါ့၊လို့ ပြောလိုက်တယ် ဒီလောက်ပါပဲ
အာထရာ စောင်းရိုက်ကြည့်တော့ သမီးလေး လို့သိရတယ်
ငါ သမီးလေးရတော့ မယ်၊ ကလေးအဖေ ဖြစ်တော့မယ် ဒီထက်ကြိုးစား ရတော့မယ်ဆိုတဲ့ အသိ တော့ ရှိလာတာအမှန်ပဲ
သမီးလေးကို SSC ရွှေဂုံတိုင် ဆေးရုံမှာမွေးတာ
မိန်းမမွေးခန်း ဝင်တော့ စိတ်တော့ပူသား ၊ မိန်းမ နေကောင်းဖို့ နဲ့ သမီးလေး ကောင်းကောင်းမွန်မွန်ဖြစ်ဖိ
ရုပ်ရှင်ထဲက ကလေးအဖေတွေလို ဆပ်ပြာသည်လင်ပျောက်သလိုတော့
မွေးခန်း ထဲက နပ်(စ်) မက ဘေဘီ ချောစုဝင်း ရှိလား တဲ့
ဒီ နပ်(စ်)မ က ငါ မိန်းမ ကို ဘေဘီလို့ ခေါ်တာ သူဘယ် လိုများသိသွားသလည်းပေါ့ ။
ဟုတ် ကျွန်တော်ပါ ကျွန်တော်ပါ
ရော့ --- မွေးခန်း အသုံးစာရိတ် ၊ဘောက်ချာ ကလေးရောလူကြီးရောကျန်းမါပါတ
ကလေးကိုအရင်မပြသေးဘူး ၊ဘောက်ချာအရင်ပြတာ
ဘောက်ချာကြည့် လိုက်တော့ ၅၀၀၀၀၀ (၅) သိန်း ကျတယ်
ဟယ် တန်ဖိုးရှိလိုက်တဲ့ ငါ့ သမီးလေးပါလားဆိုပြီး ငွေ သွားသွင်းရတယ်
ငွေသွင်းပြီးတော့မှ ကလေးကိုပြတာ ၊ ငွေ သာမသွင်းရင် ကလေး ကို ပြန်ပေးဆွဲ မယ့်သဘောရှိတယ်။
သမီးလေးမြင်တော့  အော် ငါ ကလေးအဖေဖြစ်ပြီ
ငါ သမီးလေး တစ်ယောက်ရပြီပေါ့ ။
ဖြစ်ချင်တော့ သမီးလေး ၂ ရက် နေတော့ အသားဝါ လို့ကလေးဆေးရုံကြီးကိုတင်ရတ
ကလေးတွေနေ မကောင်းဖြစ်ရင် ကိုယ်သာဖြစ်လိုက်ချင်တယ် ၊
မိန်းမ က ရွှေဂုံတိုင်ဆေးရုံမှာ ၊သမီးက ကလေးဆေးရုံကြီးမှာ ကျွန်တော် က သမီးလေးတက်တဲ့ ကလေးဆေးရုံလိုက်သွားလိုက်တယ
ယောက္ခက သူ့ သမီးကို စိတ်ပူ ကျွန်တော်က ကျွန်တော့သမီးကို စိတ်ပူပေါ့
သမီးလေး သူငယ်တန်း စ ထားတဲ့ နေ့ 
သမီးက မျက်နှာငယ်လေးနဲ့ အတန်းဖေါ်တွေကြားထဲမှာ
သမီးလေးရေ ဒါ လောက သင်ခန်းစာ အစ ပဲ၊ငါ့ သမီးလေး အဆင်ပြေမှာပါဆိုပြီး
သမီးကို ကျောင်းခန်းထဲပို့လိုက်တယ်၊
သမီးလေး ကို ထားခဲ့ရတာကို မကြည့်ရဲလို့
မနေနိင်လို့လှည့်ကြည့်လိုက်
ကျွန်တော်ကြည့်နေတာလည်းသိသွ
ပါပါး ဆိုပြီး ပြေးထွက်လာတယ် ၊ကျွန်တော်ကလည်း သမီးလေးဆိုပြီး ပြေးဖက် လိုက်တယ်
သမီး လေး ပါးပေါ်မှာ ကျွန်တော်လိမ်းပေးလိုက်တဲ့ သနပ်ခါး ပါးကွက်လေး ၊မျက်ရည်ကြောင့် နှစ်ခြမ်း ကွဲသွားသလို
ကျွန်တော့် ရဲ့ အသဲတွေလည်း ကွဲနေပါပြီ
ကျွန်တော့် ကို ဖက်ပြီး ပါးပါး ပြန်လိုက်ခဲ့မယ်
သမီး... ပါပါး အခန်းအပြင်ကစောင့်နေမယ်နော်
ဆိုပြီးအခန်းထဲပြန်ပို့ရတယ်
မိုးဖွဲဖွဲ လေးကျပြီး မိုးမင်းကြီးက ကျွန်တော်
တို့ သားအဖ ကို ပိုပြီး ကြေကွဲအောင်များ လုပ်နေရော့သလား၊
ကျွန်တော့် သမီးလေးကို ဖက်ပြီး ကျောင်းခန်းထဲ လိုက်ပို့ တဲ့ အခန်း ကို ရုပ်ရှင်ရိုက် ရင် သမီးရော ကျွန်တော်ရော အကယ်ဒမီ ရမှာ သေချာ တယ်
သမီးကို ပို့ပြီး ၊ကျွန်တော်ကားပေါ်ရောက်တဲ့ အထိ ချက်ချင်း မပြန်သေးဘူး
ကား စတီယာတိုင် ပေါ်မှာ ခေါင်းကို မှောက်ပြီး မျက်ရည်ကျခဲ့တယ်ဆိုတာကို ဝန်ခံပါရစေ
စဉ်းစားကြည့်လေ လာတုန်းက သမီးလေးနဲ့ ၊အခုတစ်ယောက်တည်းပြန်ရမှာ
ကျောင်းခန်းထဲက ကမ္ဘာမကြေ သီချင်းသံကြားမှ ငါ့သမီးလေး သီချင်းဆိုနေပြီဆိုပြီး အိမ်ပြန်ခဲ့ရတယ်။
အခု သမီး က ၁၄ နှစ်
ဟိုတလော က သူ့ ရဲ့  ဖုန်း ring မြည်နေလို့ 
ကိုင်လိုက်တော့
ဟဲလို
ဟိုဘက်က ကျွန်တော့အသံကြားသွားလို့ ထင်တယ်
ဦးလေး ၊အဲ အန်ကယ် ရည်မွန်ရှိလား ခင်မျ
ယောကျာင်္း တွေဆိုတာ သံလိုက် သဘောရှိတယ်
အဖို နဲ့ အမ လောက်ပဲ ကပ်ချင်တဲ့သဘော
ငါ့ ကိုများ အန်ကယ်တဲ့ ၊တော်သေးတာပေါ့ Dady မခေါ်လို့
ယောကျာင်္းလေးတစ်ယောက်ရဲ့  အသံကြားတော့
လို့အပ်သည့်အသံထက် ၆ ဆ လောက်မြင့်လိုက်ပြီး
အေး ခဏ ကိုင်ထားဆိုပြီး ၊ရုပ်ရှင်ထဲက ဦးသိန်း မောင်လေသံနဲ့
ဖုန်းနားကပ်ပြီး ရည်မွန် လို. တစ်ချက်အော်ခေါ်လိုက် တယ်
ဟို ဘက် က တစ်ယောက်လည်းလန့်  သွားအောင်လို့
သမီးကလည်း အခြေအနေကို ရိပ်မိနေတဲ့သဘောရှိတယ်
ရေဒီယို ဟာသရရွှင်ဆေး ထဲက မိန်းတစ်ယောက်ရဲ့ အသံမျိုးနဲ့  ရှင်---- ပါပါး ဆိုပြီး ဖုန်းဆီအလာ
သမီးလမ်းလျောက်ရာလမ်း ကို ကျွန်တော့် ဆိုက်ကြည့်နေလို့
သမီး သူ့ ခြေထောက်အချင်းချင်းတောင် ခလုပ်တိုက်တယ် ။
သမီးက လိုင်းမမိလို့  အခန်းထဲသွားပြောတာ
ဘယ်ရမလဲ ကျွန်တော်က တံခါးကို နားနဲ့ ကပ်ပြီးနားအထောင်
သမီးက အခန်းထဲကအထွက် တံခါးပြန်အဖွင့်
နှစ်သားတိုက်မိလို့
ရှက်ရမ်းရမ်းပြီး ဟောက်လိုက်ရတယ်
ဘယ်လိုဖြစ်နေတာလည်း ယောက်ယက်ကို ခတ်နေတာပဲလို့
အမှန် ယောက်ယက်ခတ်နေတာက ကျွန်တော် ပါ
သမီးက ဧည့်ခန်းထဲဖုန်းသွားပြောတာ
ဘယ်ရမလဲ အောင်မျိုးအေးပဲ ဧည့်ခန်းထဲ တံမြက်စီး လှဲချင်ယောင်ဆောင်ပြီး နားထောင်နေတာပေါ့
သမီးက နဂါးမင်းနဲ့  ဖွတ်ကျား စစ်ခင်းတော့မယ့်
အခြေအနေကို သိသွားတယ်ထင်တယ်
အော်အေ အော်အေအေ အော်အေ ဆိုပြီး ဖုန်းချပြီး ပွဲကို အမြန်ဆုံး သိမ်းပစ်လိုက်တယ်။
ဘယ်သူလဲသမီး
ကျောင်း ကပါ ၊ကျောင်းမတက်လို့ စာမေးတာပါ
ရိုးနေပြီ ဒါငါ့အကွက်တွေ ၊ပထမစာမေးမယ်၊ပြီးရင်ထမင်းစ
သမီးကိုတော့မပြောပါဘူး ၊စိတ်ထဲကပဲ ပြောနေတာပါ
မချောစု သမီးဖုန်း ကိုလည်း ဂရုစိုက်ဦး
တိုးတိုးတိတ်တိတ်မှာထားရတယ်
သမီးက ငယ်ပါသေးတယ် ၊ကျွန်တော့်က စိုးရိမ်လွန်နေတာပါ
အော် သမီးသမီး အချိန်တန်ရင်တော့ သမီးလေးနဲ့ခွဲရမှာပါလေ ----လို့တွေးမိရင်း
တကယ်တော့ ---
သမီး လေးဟာ ကျွန်တော် နမ်း လို့ မဝသေးတဲ့ပါးတစ်ခြမ်းပါ။
credit to မောင်ပင်လယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။