ပလေတိုနှင့် ဂူတွင်းပုံပြင်
--------------------
ရှေးဂရိလူမျိုးတွေဟာ တော်တော်လေးကို လေးနက်စွာ တွေးတောခဲ့ကြသူများ ဖြစ်တယ်။ သူတို့ အလို အရ အတွေးအခေါ်နဲ့ ဒဿနဆိုတာ စိတ္တဇ နိယာမတွေကို သာမန် အသေးစိတ် တွေးတောပြီး ကျေနပ် ရုံလောက် မဟုတ်ခဲ့ပါဘူး။
တကယ့်ကို လူတစ်ယောက်အတွက် ဘဝမှာ ပျော်ရွှင်စွာ နေထိုင်နိုင် ဖို့နဲ့ ကောင်းမွန်စွာ သေဆုံးနိုင်ဖို့ နားလည်အပ်တဲ့ အသိပညာဖြစ်ပါတယ်။ ဒီအသိပညာ အပေါ်မှာ အခြေခံပြီးမှ ကိုယ့်အတွက် လေ့ကျင့် ထားအပ်တဲ့ ကိုယ်ကျင့်သီလတွေကို ဖြည်းဖြည်းစီ စတင်လေ့ကျင့်လိုက်နာမယ်။ ဒီကနေမှ ပိုမို သာယာ တဲ့ အနာဂတ်ကို ဦးတည်လိမ့်မယ်လို့ နက်နက်နဲနဲ တွေးတောခဲ့ကြသူများ ဖြစ်ပါတယ်။
တခြားလူတွေတော့ နက်နဲစွာ တွေးတောသူများ ဟုတ်ချင်မှ ဟုတ်မယ်။ ပလေတိုကတော့ အဲ့သလို လူစားမျိုး ဖြစ်ပါတယ်။ သူဟာ သူ့ပတ်ဝန်းကျင်ကလူတွေကို အမြဲတစေ စိတ်အစာကျွေးနေသူလို့ ပြောလို့ ရပါတယ်။ တစ်ခါတစ်ရံမှာ သူဟာ လူအနည်းငယ်ကို စုရုံးပြီးတော့လည်း တွေးခေါ်ရေး လေ့ကျင့်ခန်း ပါတဲ့ ပုံပြင်လေးတွေ ပြောပြ လေ့ ရှိတယ်။ ဒီပုံပြင်တွေထဲက အထင်ကရ အဖြစ်ဆုံး ကတော့ ဂူတွင်းပုံပြင် ဆိုတဲ့ အနာလော်ဂျီ ပုံပြင် တစ်ပုဒ် ဖြစ်ပါတယ်။
အဲ့သည် ခိုင်းနှိုင်းပုံပြင်လေးရဲ့ ရည်ရွယ်ချက်ကတော့ ပညာရေးရဲ့ အဓိကကျပုံနဲ့ အဆိုပါ ပညာရေး ကင်းမဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ စရိုက်ကို ပုံပြင်က အချက်အလက်တွေနဲ့ ချိန်ထိုးသုံးသပ်ဖို့ ဖြစ်တယ်လို့ ပလေတိုက အဖွင့်မှာ ဆိုထားပါတယ်။
သူ့ရဲ့ နံပါတ် (၇) မြောက် စာအုပ် "The Republic" မှာ ဒီပုံပြင်လေးကို စဖွင့်ထားတာကတော့...
"ဟိုးရှေးရှေးတုန်းက မှောင်နေတဲ့ ဂူကြီးတစ်ဂူထဲမှာ ပိတ်မိနေတဲ့ လူသားတွေ ရှိခဲ့ကြသတဲ့။"
တစ်သက်လုံး ဂူထဲမှာပဲ မမြင်မကန်းနဲ့ နေထိုင်ခဲ့ကြသူတွေ ဖြစ်တဲ့အလျောက် ပြင်ပလောကဆိုတာ ဘာမှန်း သူတို့ မသိကြပါဘူး။ မီးဖိုကလာတဲ့ အလင်းရောင်ကို အတောက်ပဆုံး ထင်ကြတယ်။ ဂူနံရံ ဆိုတာ သူတို့အတွက် အဝေးဆုံးအရပ်ဖြစ်တယ်။ အေးစိမ့်တဲ့နံရံမှာ ကျောလေးကပ်ပြီးနေရင်ကို အေးချမ်း လှပြီ ထင်ကြတယ်။
မီးရောင်ကြောင့် နံရံမှာ ထင်ဟပ်နေတဲ့ အရိပ်တွေကို ကြည့်ပြီး နာမည်တွေ ပေးကြတယ်။ ဟိုဟာလေး က သစ်ပင်၊ ဒါလေးက လူ၊ ဒါလေးက ငှက် စသဖြင့် အရိပ်တွေ မျိုးစုံကို တကယ့် ရုပ်ဝတ္ထု သက်ရှိတွေ အလား ခေါ်ဝေါ်သမုတ်ကြတယ်။
ဒီ အရိပ်တွေကို နားလည်အောင် ကြိုးစားနိုင်တဲ့အခါ ဘဝမှာ အောင်မြင်လာလိမ့်မယ်လို့ ယုံကြည် ကြတဲ့ အထိပါပဲ။ သူတို့ဟာ အရိပ်ကို အရိပ်လို့ မသိကြရုံ သာမကပါဘူးဗျာ။ ဒီအရိပ် အပေါ်မှာ အခြေခံ ပြီး ဖြစ်တည်လာတဲ့ အသိပညာ တွေရယ် ခက်ခဲတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေရယ် အပေါ်မှာတောင် လက်မ ထောင်လို့ ဂုဏ်မောက် နေကြတဲ့ ဂူအောင်းလူသားတွေ ပေါ့။
ဒါနဲ့ တစ်နေ့မှာတော့ လူတစ်ယောက်ဟာ ဂူကနေ ထွက်တဲ့လမ်းကို အမှတ်မထင် ရှာဖွေ တွေ့ရှိ သွား ပါတယ်။
ထွက်ထွက်ချင်းမှာ မျက်လုံးတွေ ပြာသွားစေတဲ့အထိ တောက်ပလွန်းတဲ့ နေရောင်ကို ဦးစွာ သူ မြင်တွေ့ လိုက်ရပါတယ်။ တအောင့်နေတော့မှ လောကအသစ်မှာ မျက်လုံးဟာ ကျင့်သားရ လာတဲ့ အခါ ရုပ်ဝတ္ထုတွေ တစ်ခုစီ တစ်ခုစီကို အရောင်အသွေးစုံစုံလင်လင်နဲ့ စပြီးတော့ တွေ့လာတယ်။
သူ့ဘဝတစ်လျှောက်လုံး အမှန်တရားလို့ မြင်ထားခဲ့တဲ့ ငှက်အရိပ်တွေ၊ အပြည့်စုံဆုံးလို့ သိထားခဲ့တဲ့ သစ်ပင် အရိပ်တွေဟာ တကယ်တော့ ဆန်းပြားတဲ့ အရောင်အသွေးတွေနဲ့ ပြောပြလို့ မရနိုင် လောက် အောင် ခမ်းနားကြောင်း သိလာတယ်။ ရုပ်ဝတ္ထုတွေဆိုတာ ရှုထောင့်တွေ မျိုးစုံ ရှိတာကိုလည်း လက်တွေ့ သိမြင်လာတယ်။ ဒီတော့မှ အရိပ်ဆိုတဲ့ အမှန်တရားရဲ့ ဘေးထွက် ပုံရိပ်ယောင်ကို အမှန် လို့ ထင်ခဲ့ပါလား ဆိုပြီးတော့ သူ နောင်တရလာတယ်။
ပြင်ပလောကမှာ ဝအောင် လှည့်လည် ကြည့်ရှုပြီးတဲ့နောက်မှာတော့
သူဟာ ဂူထဲကို ပြန်ချင်စိတ် ပေါ် လာတယ်။ သူ တွေ့လာတဲ့ အချက်ကို
ပြန်မျှဝေချင်စိတ်တွေ ပေါ်လာပါတယ်။ ဒီတော့ သူဟာ ဂူထဲကို ဝမ်းသာအားရ
ပြန်ဝင်လာ ခဲ့လိုက်တယ်။ အလင်းထဲကနေ အမှောင်ကို ပြန် ချဉ်းကပ်တာ ဖြစ်တဲ့
အတွက် ဂူထဲမှာ ဟိုတိုက် ဒီတိုက် မမြင်မစမ်းနဲ့ နောက်ဆုံး မီးဖို ရှိရာ
ဂူအလယ်ကို ရောက်လာ ခဲ့ ပါတယ်။
ဝမ်းသာအားရနဲ့ သူဟာ ဂူထဲက လူတွေကို ရှင်းပြရှာပါတယ်။ ဂူနံရံထက် ပိုကျယ်ပြန့်တဲ့ အပြာရောင် ကောင်းကင်ဆိုတာ ရှိကြောင်း သူပြောတယ်။ ဒီမီးဖိုထက် ပိုတောက်ပတဲ့ မီးရောင်ဆိုတာလည်း အဲဒီ ကောင်းကင် အထက်မှာ ရှိကြောင်း ထပ်ပြောပါတယ်။ ပြီးတော့ အရောင်အသွေး စုံလင် လှတဲ့ တကယ့် သဘာဝ သရုပ် အစစ်အမှန်တွေ အကြောင်းနဲ့ ဒီဂူထဲမှာ သူတို့ မြင်နေတဲ့ အရိပ်တွေ အကြောင်း စီကာပတ်ကုံး ပြောပြပြန်ပါတယ်။
ဒါပေမယ့်... ဂူထဲကို စဝင်လာ ကထဲက ခြေလှမ်းတွေ ပျက်နေတဲ့ သူ့ကို ဂူထဲကလူတွေက မယုံကြ ပါဘူး။ မယုံကြည်မှုက ကြီးထွားလာပြီးတော့ နောက်ဆုံးမှာ ဒေါသထွက်လာတဲ့ လူအုပ်ကြီးဟာ သူ့ကို မီးပုံထဲ ပစ်ချပြီး အဆုံးစီရင်လိုက်ပါတော့တယ်။
ဂူတွင်းပုံပြင်ကလေးဟာ တကယ်တော့ အတွေးအခေါ် မြင့်မားသူ (ဝါ) အမှန်တရားကို သိမြင်သူတို့ရဲ့ ဘဝဖြစ်စဉ်ကို သရုပ်ဖော် ထားခြင်း ဖြစ်ပါတယ်။
ပုံပြင်လေးထဲက ဂူအောင်းလူသားတွေဟာ ကောင်းစွာ တွေးခေါ်နိုင်စွမ်း မဖြစ်တည်သေးတဲ့ ကျွန်တော် တို့ လူသားတွေကို တင်စားထားတာ ဖြစ်ပြီး အရိပ်တွေဆိုတာကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံ့ အပေါ် အမြင်၊ လူမျိုး အပေါ် အမြင်၊ ဘာသာ အပေါ် အမြင်၊ ယဉ်ကျေးမှု၊ ဂုဏ်နဲ့ ဓနငွေကြေး စတဲ့ အရာတွေ အပေါ် အသီးသီး မြင်ကြတဲ့ အမြင်တွေပဲ ဖြစ်ပါတယ်။
တကယ့်တကယ်တမ်းမှာတော့ ဒီအမြင်တွေဟာ အရိပ်တစ်ခုမျှသာ ဖြစ်တည်မှု ကြာချိန် တိုတောင်း လွန်းပါတယ်။ ကွဲကြေလွယ်ပါတယ်။ ပျောက်ကွယ်လွယ်ပါတယ်။ ဂူအပြင်ကို ထွက်ကြည့်မှသာလျှင် အရိပ် ဖြစ်တည်ရာ အမှန် သဘာဝကို စတင် တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီလို တွေ့မှသာလျှင် ဘယ်ဟာ က အရိပ်၊ ဘယ်ဟာက အစစ်ဆိုတာ လေးလုံးကွဲလာပါလိမ့်မယ်။
တကယ်ဆိုရင် ကျွန်တော်တို့ဟာ ငယ်စဉ်ကထဲက ဂူထဲမှာသာ ကြီးပြင်းလာကြတာပါ။ ဘယ်သူ့ ဘယ်သူကမှ သန္ဓေမှား မွေးလာတယ်ဆိုတာ မရှိကြပါဘူး။ ဘယ်သူ့ ဘယ်သူကမှလည်း ဒီဂူထဲမှာ မွေး လာအောင် တမင် ဖန်တီးယူလာခဲ့တာ မဟုတ်ကြပါဘူး။ ဒီကသာ အားလုံးဟာ စကြတာ မဟုတ်လား။
သို့သော် လူတိုင်းဟာ ဂူထဲမှာ မွေးလာခဲ့ပေမယ့် ဂူထဲမှာပဲ သေဆုံးစရာ မလိုဘူးလို့ ကျွန်တော် ထင်ပါ တယ်။ ကိုယ့်လွတ်လပ်မှုကို ကိုယ့်ဘာသာ ထွက်ရှာခွင့် လူတိုင်းမှာ ရှိတယ်။ ထွက်ရှာနိုင်ဖို့ လိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလည်း ကျွန်တော်တို့မှာ ပါတယ်။
အဲဒီအစိတ်အပိုင်းကတော့ ဦးနှောက်ဖြစ်တယ်။ သုံးရမှာက အတွေးအခေါ်ဖြစ်တယ်။ ဂူအောင်း လူသား တွေဟာ ခြေထောက်နဲ့ ဂူအပြင်ရောက်အောင် ထွက်သလို ကျွန်တော်တို့သည်လည်း အတွေးအခေါ်နဲ့ ဘောင်အပြင်ကို ရောက်အောင် ထွက်လို့ရတယ်။ ဒါ့ကြောင့် ဂူထဲကနေ အပြင်ထွက် ကြပါ။ ဘောင်အပြင်မှာ အရောင်အသွေးတွေ ပိုစုံပါတယ်ဗျာ။ လို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက် ရပါတယ်။
#kyawnge
--------------------
ရှေးဂရိလူမျိုးတွေဟာ တော်တော်လေးကို လေးနက်စွာ တွေးတောခဲ့ကြသူများ ဖြစ်တယ်။ သူတို့ အလို အရ အတွေးအခေါ်နဲ့ ဒဿနဆိုတာ စိတ္တဇ နိယာမတွေကို သာမန် အသေးစိတ် တွေးတောပြီး ကျေနပ် ရုံလောက် မဟုတ်ခဲ့ပါဘူး။
တကယ့်ကို လူတစ်ယောက်အတွက် ဘဝမှာ ပျော်ရွှင်စွာ နေထိုင်နိုင် ဖို့နဲ့ ကောင်းမွန်စွာ သေဆုံးနိုင်ဖို့ နားလည်အပ်တဲ့ အသိပညာဖြစ်ပါတယ်။ ဒီအသိပညာ အပေါ်မှာ အခြေခံပြီးမှ ကိုယ့်အတွက် လေ့ကျင့် ထားအပ်တဲ့ ကိုယ်ကျင့်သီလတွေကို ဖြည်းဖြည်းစီ စတင်လေ့ကျင့်လိုက်နာမယ်။ ဒီကနေမှ ပိုမို သာယာ တဲ့ အနာဂတ်ကို ဦးတည်လိမ့်မယ်လို့ နက်နက်နဲနဲ တွေးတောခဲ့ကြသူများ ဖြစ်ပါတယ်။
တခြားလူတွေတော့ နက်နဲစွာ တွေးတောသူများ ဟုတ်ချင်မှ ဟုတ်မယ်။ ပလေတိုကတော့ အဲ့သလို လူစားမျိုး ဖြစ်ပါတယ်။ သူဟာ သူ့ပတ်ဝန်းကျင်ကလူတွေကို အမြဲတစေ စိတ်အစာကျွေးနေသူလို့ ပြောလို့ ရပါတယ်။ တစ်ခါတစ်ရံမှာ သူဟာ လူအနည်းငယ်ကို စုရုံးပြီးတော့လည်း တွေးခေါ်ရေး လေ့ကျင့်ခန်း ပါတဲ့ ပုံပြင်လေးတွေ ပြောပြ လေ့ ရှိတယ်။ ဒီပုံပြင်တွေထဲက အထင်ကရ အဖြစ်ဆုံး ကတော့ ဂူတွင်းပုံပြင် ဆိုတဲ့ အနာလော်ဂျီ ပုံပြင် တစ်ပုဒ် ဖြစ်ပါတယ်။
အဲ့သည် ခိုင်းနှိုင်းပုံပြင်လေးရဲ့ ရည်ရွယ်ချက်ကတော့ ပညာရေးရဲ့ အဓိကကျပုံနဲ့ အဆိုပါ ပညာရေး ကင်းမဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ စရိုက်ကို ပုံပြင်က အချက်အလက်တွေနဲ့ ချိန်ထိုးသုံးသပ်ဖို့ ဖြစ်တယ်လို့ ပလေတိုက အဖွင့်မှာ ဆိုထားပါတယ်။
သူ့ရဲ့ နံပါတ် (၇) မြောက် စာအုပ် "The Republic" မှာ ဒီပုံပြင်လေးကို စဖွင့်ထားတာကတော့...
"ဟိုးရှေးရှေးတုန်းက မှောင်နေတဲ့ ဂူကြီးတစ်ဂူထဲမှာ ပိတ်မိနေတဲ့ လူသားတွေ ရှိခဲ့ကြသတဲ့။"
တစ်သက်လုံး ဂူထဲမှာပဲ မမြင်မကန်းနဲ့ နေထိုင်ခဲ့ကြသူတွေ ဖြစ်တဲ့အလျောက် ပြင်ပလောကဆိုတာ ဘာမှန်း သူတို့ မသိကြပါဘူး။ မီးဖိုကလာတဲ့ အလင်းရောင်ကို အတောက်ပဆုံး ထင်ကြတယ်။ ဂူနံရံ ဆိုတာ သူတို့အတွက် အဝေးဆုံးအရပ်ဖြစ်တယ်။ အေးစိမ့်တဲ့နံရံမှာ ကျောလေးကပ်ပြီးနေရင်ကို အေးချမ်း လှပြီ ထင်ကြတယ်။
မီးရောင်ကြောင့် နံရံမှာ ထင်ဟပ်နေတဲ့ အရိပ်တွေကို ကြည့်ပြီး နာမည်တွေ ပေးကြတယ်။ ဟိုဟာလေး က သစ်ပင်၊ ဒါလေးက လူ၊ ဒါလေးက ငှက် စသဖြင့် အရိပ်တွေ မျိုးစုံကို တကယ့် ရုပ်ဝတ္ထု သက်ရှိတွေ အလား ခေါ်ဝေါ်သမုတ်ကြတယ်။
ဒီ အရိပ်တွေကို နားလည်အောင် ကြိုးစားနိုင်တဲ့အခါ ဘဝမှာ အောင်မြင်လာလိမ့်မယ်လို့ ယုံကြည် ကြတဲ့ အထိပါပဲ။ သူတို့ဟာ အရိပ်ကို အရိပ်လို့ မသိကြရုံ သာမကပါဘူးဗျာ။ ဒီအရိပ် အပေါ်မှာ အခြေခံ ပြီး ဖြစ်တည်လာတဲ့ အသိပညာ တွေရယ် ခက်ခဲတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေရယ် အပေါ်မှာတောင် လက်မ ထောင်လို့ ဂုဏ်မောက် နေကြတဲ့ ဂူအောင်းလူသားတွေ ပေါ့။
ဒါနဲ့ တစ်နေ့မှာတော့ လူတစ်ယောက်ဟာ ဂူကနေ ထွက်တဲ့လမ်းကို အမှတ်မထင် ရှာဖွေ တွေ့ရှိ သွား ပါတယ်။
ထွက်ထွက်ချင်းမှာ မျက်လုံးတွေ ပြာသွားစေတဲ့အထိ တောက်ပလွန်းတဲ့ နေရောင်ကို ဦးစွာ သူ မြင်တွေ့ လိုက်ရပါတယ်။ တအောင့်နေတော့မှ လောကအသစ်မှာ မျက်လုံးဟာ ကျင့်သားရ လာတဲ့ အခါ ရုပ်ဝတ္ထုတွေ တစ်ခုစီ တစ်ခုစီကို အရောင်အသွေးစုံစုံလင်လင်နဲ့
သူ့ဘဝတစ်လျှောက်လုံး အမှန်တရားလို့ မြင်ထားခဲ့တဲ့ ငှက်အရိပ်တွေ၊ အပြည့်စုံဆုံးလို့ သိထားခဲ့တဲ့ သစ်ပင် အရိပ်တွေဟာ တကယ်တော့ ဆန်းပြားတဲ့ အရောင်အသွေးတွေနဲ့ ပြောပြလို့ မရနိုင် လောက် အောင် ခမ်းနားကြောင်း သိလာတယ်။ ရုပ်ဝတ္ထုတွေဆိုတာ ရှုထောင့်တွေ မျိုးစုံ ရှိတာကိုလည်း လက်တွေ့ သိမြင်လာတယ်။ ဒီတော့မှ အရိပ်ဆိုတဲ့ အမှန်တရားရဲ့ ဘေးထွက် ပုံရိပ်ယောင်ကို အမှန် လို့ ထင်ခဲ့ပါလား ဆိုပြီးတော့ သူ နောင်တရလာတယ်။
ပြင်ပလောကမှာ ဝအောင် လှည့်လည် ကြည့်ရှုပြီးတဲ့နောက်မှာတော့
ဝမ်းသာအားရနဲ့ သူဟာ ဂူထဲက လူတွေကို ရှင်းပြရှာပါတယ်။ ဂူနံရံထက် ပိုကျယ်ပြန့်တဲ့ အပြာရောင် ကောင်းကင်ဆိုတာ ရှိကြောင်း သူပြောတယ်။ ဒီမီးဖိုထက် ပိုတောက်ပတဲ့ မီးရောင်ဆိုတာလည်း အဲဒီ ကောင်းကင် အထက်မှာ ရှိကြောင်း ထပ်ပြောပါတယ်။ ပြီးတော့ အရောင်အသွေး စုံလင် လှတဲ့ တကယ့် သဘာဝ သရုပ် အစစ်အမှန်တွေ အကြောင်းနဲ့ ဒီဂူထဲမှာ သူတို့ မြင်နေတဲ့ အရိပ်တွေ အကြောင်း စီကာပတ်ကုံး ပြောပြပြန်ပါတယ်။
ဒါပေမယ့်... ဂူထဲကို စဝင်လာ ကထဲက ခြေလှမ်းတွေ ပျက်နေတဲ့ သူ့ကို ဂူထဲကလူတွေက မယုံကြ ပါဘူး။ မယုံကြည်မှုက ကြီးထွားလာပြီးတော့ နောက်ဆုံးမှာ ဒေါသထွက်လာတဲ့ လူအုပ်ကြီးဟာ သူ့ကို မီးပုံထဲ ပစ်ချပြီး အဆုံးစီရင်လိုက်ပါတော့တယ်။
ဂူတွင်းပုံပြင်ကလေးဟာ တကယ်တော့ အတွေးအခေါ် မြင့်မားသူ (ဝါ) အမှန်တရားကို သိမြင်သူတို့ရဲ့ ဘဝဖြစ်စဉ်ကို သရုပ်ဖော် ထားခြင်း ဖြစ်ပါတယ်။
ပုံပြင်လေးထဲက ဂူအောင်းလူသားတွေဟာ ကောင်းစွာ တွေးခေါ်နိုင်စွမ်း မဖြစ်တည်သေးတဲ့ ကျွန်တော် တို့ လူသားတွေကို တင်စားထားတာ ဖြစ်ပြီး အရိပ်တွေဆိုတာကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံ့ အပေါ် အမြင်၊ လူမျိုး အပေါ် အမြင်၊ ဘာသာ အပေါ် အမြင်၊ ယဉ်ကျေးမှု၊ ဂုဏ်နဲ့ ဓနငွေကြေး စတဲ့ အရာတွေ အပေါ် အသီးသီး မြင်ကြတဲ့ အမြင်တွေပဲ ဖြစ်ပါတယ်။
တကယ့်တကယ်တမ်းမှာတော့ ဒီအမြင်တွေဟာ အရိပ်တစ်ခုမျှသာ ဖြစ်တည်မှု ကြာချိန် တိုတောင်း လွန်းပါတယ်။ ကွဲကြေလွယ်ပါတယ်။ ပျောက်ကွယ်လွယ်ပါတယ်။ ဂူအပြင်ကို ထွက်ကြည့်မှသာလျှင် အရိပ် ဖြစ်တည်ရာ အမှန် သဘာဝကို စတင် တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီလို တွေ့မှသာလျှင် ဘယ်ဟာ က အရိပ်၊ ဘယ်ဟာက အစစ်ဆိုတာ လေးလုံးကွဲလာပါလိမ့်မယ်။
တကယ်ဆိုရင် ကျွန်တော်တို့ဟာ ငယ်စဉ်ကထဲက ဂူထဲမှာသာ ကြီးပြင်းလာကြတာပါ။ ဘယ်သူ့ ဘယ်သူကမှ သန္ဓေမှား မွေးလာတယ်ဆိုတာ မရှိကြပါဘူး။ ဘယ်သူ့ ဘယ်သူကမှလည်း ဒီဂူထဲမှာ မွေး လာအောင် တမင် ဖန်တီးယူလာခဲ့တာ မဟုတ်ကြပါဘူး။ ဒီကသာ အားလုံးဟာ စကြတာ မဟုတ်လား။
သို့သော် လူတိုင်းဟာ ဂူထဲမှာ မွေးလာခဲ့ပေမယ့် ဂူထဲမှာပဲ သေဆုံးစရာ မလိုဘူးလို့ ကျွန်တော် ထင်ပါ တယ်။ ကိုယ့်လွတ်လပ်မှုကို ကိုယ့်ဘာသာ ထွက်ရှာခွင့် လူတိုင်းမှာ ရှိတယ်။ ထွက်ရှာနိုင်ဖို့ လိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလည်း ကျွန်တော်တို့မှာ ပါတယ်။
အဲဒီအစိတ်အပိုင်းကတော့ ဦးနှောက်ဖြစ်တယ်။ သုံးရမှာက အတွေးအခေါ်ဖြစ်တယ်။ ဂူအောင်း လူသား တွေဟာ ခြေထောက်နဲ့ ဂူအပြင်ရောက်အောင် ထွက်သလို ကျွန်တော်တို့သည်လည်း အတွေးအခေါ်နဲ့ ဘောင်အပြင်ကို ရောက်အောင် ထွက်လို့ရတယ်။ ဒါ့ကြောင့် ဂူထဲကနေ အပြင်ထွက် ကြပါ။ ဘောင်အပြင်မှာ အရောင်အသွေးတွေ ပိုစုံပါတယ်ဗျာ။ လို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက် ရပါတယ်။
#kyawnge
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။