Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 6, 2016

ဘ၀တစ်ခုကျရှုံးခြင်း၏ အကြောင်းရင်းများကို လေ့လာသုံးသပ်ခြင်း

ဘ၀တစ်ခုကျရှုံးခြင်း၏ အကြောင်းရင်းများကို
လေ့လာသုံးသပ်ခြင်း
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

မြတ်စွာဘုရားရှင်သည် “မင်္ဂလသုတ်”ကို ဟော
တော်မူအပြီး နောက်ညတွင် “ပရာဘ၀သုတ်”ကိုဟော
တော်မူခဲ့သည်ဟု ပါဠိစာပေမှတ်တမ်းများအရ သိရပါ သည်။

“မင်္ဂလသုတ်”သည် ဘ၀တစ်ခု တိုးတက်ကြီးပွား
ကြောင်း (၃၈)မျိုးကို ပေါ့ပါးသည့် ပါဠိစာပေဝေါဟာရ အသုံးအနှုန်းလေးများဖြင့် ဟောပြောသင်ပြထားသည့် သုတ်ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်ကလေးသူငယ် များ
ပင် မင်္ဂလသုတ် ပါဠိစာသားများကို အလွတ်ရနေ
ကြပါသည်။

“ပရာဘ၀သုတ်”သည် မင်္ဂလသုတ်နှင့် တစ်ရက် တာ
ကလေးမျှခြားပြီး ဟောပြောသင်ပြထားသောသုတ်
ဖြစ်ပါလျက် နားလည်သဘောပေါက်သူ၊ အလွတ်ရသူ မရှိသလောက်ရှားသည်မှာ ထူးဆန်းသည့်အခြေအနေ
ဖြစ်ပါသည်။

“ပရာဘ၀သုတ်”တွင် မြတ်စွာဘုရားရှင်သည်
လူ့ဘ၀ ဆုတ်ယုတ်ကြောင်း (၂၄)မျိုးကို ဟောပြော
သင်ပြထားသော သုတ်ဖြစ်သောကြောင့် လေ့လာထားရန် အလွန်သင့်တော်သည့်သုတ် ဖြစ်ပါသည်။

မင်္ဂလသုတ် ဖြင့် အောင်မြင်ခြင်း၏အကြောင်း(၃၈)မျိုးကို
ပြဆိုထား ပြီး ပရာဘ၀သုတ်ဖြင့် ကျရှုံးခြင်း၏အကြောင်း
(၂၄) မျိုးကို ဖော်ပြထားပါသည်။

မင်္ဂလသုတ်ကို မြတ်စွာဘုရားရှင် နတ်သားတစ်ပါး မေးလျှောက်သောကြောင့် ဟောပြော သင်ပြတော်မူ
ထားသည်ဟု မူရင်းမင်္ဂလသုတ်နိဒါန်း ပါဠိစာပေ
မှတ်တမ်းကို လေ့လာသောကြောင့် သိရှိရပါသည်။

မင်္ဂလသုတ်၏မူရင်းပါဠိစာပိုဒ်(ဂါထာ)တစ်ခု တစ်ခု
၏အဆုံးတွင် “ဧတံ မင်္ဂလမုတ္တမံ”ဆိုသည့်စာသားလေး မှာ အလွန်တရာဆိုလို့ကောင်းသည့် ပါဠိစာသားဖြစ်ပါ သည်။

ပရာဘ၀သုတ်ကိုလည်း မြတ်စွာဘုရားရှင်သည်
နတ်သားတစ်ဦး မေးလျှောက်သောကြောင့် ဟောပြော
သင်ပြထားသည်ဟု ပါဠိမှတ်တမ်းရှိသောကြောင့်
သုတ် နှစ်ခုသည် အခြေခံချင်းတူညီသည်ဟုဆိုနိုင်ပါသည်။

ပရာဘ၀သုတ်မှစာပိုဒ်တစ်ခုတစ်ခု၏ အဆုံးတွင်
“ဧတံ ပရာဘ၀တော မုခံ”ဟုချည်း စာသားအတူပိုဒ်
လေးများကို သုံးနှုန်းထားသည်မှာ ပါဠိစာပေကို လေ့လာလိုသူများအတွက် အထူးခံတွင်းတွေ့
စေနိုင်ပါ၏။

အနောက်တိုင်းစာပေများတွင် တက်ကျမ်းများ အလွန်ရေပန်းစားလှပါသည်။ ပါဠိစာပေကို “ဘုန်းကြီး စာ
သို့မဟုတ် ဘုရားစာ”ဟု အများတကာခေါ်ဆိုလေ့ ရှိပြီး
လူတို့၏နေ့စဉ်ဘ၀ တိုးတက်ကြီးပွားရေးကို ပါဠိ စာပေတွင်
မတွေ့နိုင်ဟု ထင်မှတ်နေကြပါသည်။

အမှန်စင်စစ် ပါဠိစာပေတွင် ကမ္ဘာ့အကောင်းဆုံး ဒဿနအတွေးအခေါ်များကို အသေးစိတ် လေ့လာရရှိ
နိုင်သည်ကို သိရှိသူ အလွန်နည်းပါသည်။

ယနေ့ခေတ်တွင်မူ သီရိလင်္ကာပါဠိစာပေပညာရှင် တို့၏ကြိုးစားအားထုတ်မှုကြောင့် ပါဠိစာပေမှ အတွေး အခေါ်နှင့် လူ့ဘ၀အသုံးချပညာရပ်များကို Buddhist Philosophy,
Buddhist Ethics, Buddhist Economic,
Buddhist Science, Buddhist Metaphysis,
Buddhist Psychology,
Buddhist Psychotherapy စသည်စသည် တို့
ကမ္ဘာ့အတွေးအခေါ်နှင့် စာပေလောကသို့ ပြန့်နှံ့ လာသည်မှာ ၀မ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်ပါသည်။

“ပရာဘ၀-ပုဒ်ကို the causes down fall =
ကျရှုံးခြင်း၏အကြောင်း”ဟု ဘာသာပြန်ဆိုနိုင်ပါသည်။

ဘ၀ တစ်ခုတွင် အောင်မြင်ခြင်း၏အကြောင်းရင်းကို
သိရုံမျှ ဖြင့် မလုံလောက်သေးပါ။ လူ့ဘ၀ဟူသည်မှာ
လဲတတ် ကျတတ်သည့် သဘောတရားများစွာလည်း
ရှိသေး သောကြောင့် ကျရှုံးခြင်း၏အကြောင်းရင်းများကိုလည်း သိနားလည်ရန် လိုအပ်ပါသေးသည်။

ပါဠိစာပေမှ ““ပရာဘ၀သုတ်””တွင် ဗုဒ္ဓရှင်တော် သည် ကျရှုံးခြင်း၏အကြောင်းရင်း (၂၄)မျိုးကို အသေး စိတ် သုံးသပ် ဝေဖန်ပြထားပါသည်။

အဋ္ဌကထာ မှတ်တမ်းများတွင် ကျရှုံးခြင်းအကြောင်း
(၂၄)မျိုးလုံးကို မဆိုထားဘိ။ အကြောင်းတစ်ခုနှင့်
ပြည့်စုံနေလျှင်ပင် ဧကန်မုချ ကျရှုံးရသည်ဟု
ဖော်ပြထားပါသည်။

(၁) မှန်ကန်သည့်လမ်းစဉ်ကို မနှစ်သက်ခြင်း၊

(၂) လူမိုက်ကိုနှစ်သက်ခြင်း၊

(၃) သူတော်ကောင်းကို မမြတ်နိုးတတ်ခြင်း၊

(၄) လူမိုက်၏စကားကို နှစ်သက်ခြင်း၊

(၅) အအိပ်မက်ခြင်း၊

(၆) အပေါင်းအသင်းမက်လွန်းခြင်း၊

(၇) စကားအလွန်အကျွံများခြင်း၊

(၈) ပျင်းလွန်းခြင်း၊

(၉) အမျက်ဒေါသကြီးခြင်း၊

(၁၀)တတ်နိုင်ပါလျက် မိဘကို မထောက်ပံ့ခြင်း၊

(၁၁)အလှူခံပုဂ်္ဂိုလ်တို့အား ဖိတ်မံပြီးလျက်
လိမ်ညာလှည့်ပတ်ခြင်း၊

(၁၂)ပြည့်စုံသူဖြစ်ပါလျက် စားကောင်းသောက်ဖွယ်ကို
တစ်ယောက်တည်း စားသုံးခြင်း၊

(၁၃)ဇာတိမာန်(အမျိုးမာန်)ခက်ထန်ခြင်း၊

(၁၄)ဥစ္စာမာန်ခက်ထန်ခြင်း၊

(၁၅)အမျိုးအနွယ်မာန်ခက်ထန်ခြင်း၊

(၁၆)ဆွေမျိုးများကို မထီမဲ့မြင်ပြုခြင်း၊

(၁၇)မြာပွေခြင်း၊

(၁၈)အသောက်အစားများခြင်း၊

(၁၉)လောင်းကစားခြင်း၊

(၂၀)အပျော်အမျိုးသမီးနှင့်သွားလာလေ့ရှိခြင်း၊

(၂၁)သူတစ်ပါး၏အမျိုးသမီးနှင့်ပြစ်မှားခြင်း၊

(၂၂)ငယ်လွန်းသူနှင့်အိမ်ထောင်ပြုခြင်း၊

(၂၃)စည်းကမ်းမဲ့သည့်အမျိုးသမီး/အမျိုးသားကို
မိသားစု၏စီမံခန့်ခွဲရေးအရာတွင် ထားရှိခြင်း၊

(၂၄)ရာထူးရှိသောသူသည် လောဘကြီးပြီး စည်းစိမ်
မရှိခြင်း (၀မရှိဘဲ ၀ိလုပ်)

လူတိုင်း၏ပတ်ဝန်းကျင်တွင် မအောင်မြင်သူများ၊ ဆင်းရဲမွဲတေလွန်းသူများနှင့် ချမ်းသာပြီးကာမှပြန်လည် ဆင်းရဲနုံချာသည့်အခြေအနေသို့ ကျရောက်သွားသူများ
အပါအ၀င် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ပြီး
ကာမှ “လှေလှော်ရင်း တက်ကျိုးရသူများ”ကို များစွာ ပင် တွေ့မြင်ကြားသိနေရမည်ဖြစ်ပါသည်။

ပရာဘ၀သုတ်တွင် ဖော်ပြထားသည့် အခြေအနေ (၂၄)မျိုးမှ တစ်မျိုးတည်းကိုပင် အဆုံးစွန်အထိလိုက်စား မိလျှင် သေချာပေါက်ကျရှုံးရကြောင်းကို ကျရှုံးသူများ ၏နောက်ကြောင်းရာဇ၀င်များကို လေ့လာကြည့်လျှင် ထင်ရှားစွာတွေ့ရပါလိမ့်မည်။

တစ်ခါတစ်ရံ တချို့သူများသည် ကျရှုံးခြင်း၏ အကြောင်းပေါင်းများစွာကိုပြုနေပါလျက် အောင်မြင်နေ သည်ကိုတွေ့ရသောအခါ စိတ်မခိုင်သူတို့သည်
အားကျ စိတ် ဖြစ်တတ်ပါသည်။
အကုသိုလ်ကပဲ ကောင်းကျိုး ပေးနေသယောင်
ထင်မှားတတ်ပါသည်။

မမှန်ပါ။ ပို၍နက်နက်ဆွဲချလိုသဖြင့် တွင်းအနက် ဆုံးပြုပြင်နေခြင်းဖြစ်ပါသည်။

နောက်ဆုံးတွင် တစ်ချိန် က ကိုယ်အားကျခဲ့သည့်
လူမိုက်ကြီးများသည် မကြား ရက်လောက်သည်အထိ မရှုမလှဖြစ်ကြရသည်များကို တွေ့ကြရပါတော့သည်။

အထူးသဖြင့် လောင်းကစား၊ မြာပွေခြင်းနှင့် စိတ်ထင်တိုင်းကြဲနေရခြင်းတို့သည် အလွန်ကြိုက်စရာ
ကောင်းသည့် စည်းစိမ်များသဖွယ် ထင်မှတ်ရပါသည်။

သို့သော် မကောင်းသည့်အကျိုးကို တန်ပြန်
သက်ရောက်မှုပေးရန် အကြောင်းဆုံလာသော အခါ ခိုကိုးရာမဲ့ဘ၀သို့ကျရောက်ကြရပါသည်။

မရှက်တမ်းဝန်ခံရပါလျှင် စာရေးသူသည် အစား မက်သည့်အမျိုးအစားထဲတွင် ပါဝင်ပါသည်။ ပရာဘဝ
သုတ်ကို လေ့လာပြီးချိန်မှစပြီး ပစ္စည်းကောင်းကိုဖြစ် စေ၊ အစားကောင်းကိုဖြစ်စေ စားမည် သုံးစွဲမည်လုပ် တိုင်း
“ငါတစ်ဦးတည်း ခံစားလျှင် ပရာဘ၀သုတ်အရ
ကျရှုံးတော့မည်”ဟု နှလုံးသွင်းပြီး ဝေမျှ ခွဲဝေအသုံးပြု သည့်အလေ့အကျင့်ကို ပျိုးထောင်ဖြစ်ခဲ့ပါသည်။

စာရေးသူ၏အဘွား အပါအ၀င် မိတ်ဆွေများမှ ပေးပို့ကြသည့် အစားအစာနှင့်ပစ္စည်းများကိုလည်း ဝေမျှသုံးစွဲစားသုံးသည့်အကျင့်တစ်ခုကို ပရာဘ၀သုတ်မှ သင်ပေးခဲ့ခြင်းဖြစ်ပါသည်။

ဖော်ပြပြီးသည့် ဘ၀တစ်ခုကျရှုံးခြင်း၏အကြောင်း များကို စနစ်တကျလေ့လာသုံးသပ်ဆင်ခြင်ပြီး အောင်မြင်မှု
အတိပြီးသည့် လူ့ဘ၀ သုခဘုံစစ်စစ်ကို
ရရှိနိုင်ကြောင်း ရဲရဲအာမခံချက်ပေးနိုင်ပါသည်

အရှင်ကေ၀လ(အလင်းစက်)
❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ)
www.facebook.com/knowledgevillage11

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။