Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 14, 2016

လေးဖြူနဲ့ ပြောဖြစ်သမျှ


🎶 လေးဖြူနဲ့ ပြောဖြစ်သမျှ 🎶


ကိုလေးဖြူ Show ပြန်ဆိုတဲ့ သတင်းက မီဒီယာလောကမှာ ထိပ်တန်းသတင်း ဖြစ်နေပါတယ်။ ကိုလေးဖြူရဲ့ Bay of Bangal (B.O.B) အခွေသစ်ကလည်း ထွက်ဖို့နီးနေပြီ။ အလင်္ကာကို ပုံစံ စပြောင်းတဲ့လမှာ ကိုလေးဖြူက အဖုံးရိုက်ပေးမယ်ဆိုတော့ ကျွန်တော်တို့ အမှတ်တရ ပိုဖြစ်ခဲ့ပါတယ်။

အလင်္ကာတွေ ဖတ်ချင်နေတဲ့ ကိုလေးဖြူရဲ့ အဖြေစကားတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။



မေး - ကိုလေးဖြူရဲ့ B.O.B ကို ကြားရဖို့ နီးပြီလား။
ဖြေ - စက်တင်ဘာ ၁၁ ရက် ၉ နာရီမှာ လုပ်မယ်လို့ ချစ်စမ်းမောင်က ချိန်းပါတယ်။ ဘယ်အချိန် ပြီးမလဲဆိုတာတော့ အကြမ်းဖျဉ်း ရက် ၂၀ ပြီးတော့မှ ထွက်ဖို့ ပြင်ဆင်ရမှာဆိုတော့ Nov ထင်ပါတယ်။ ၂၀၀၈ တော့ ကျော်လို့မရဘူး။

မေး - ဘင်္ဂလားပင်လယ်အော်က အသံတွေနဲ့ ကိုလေးဖြူရဲ့ B.O.B က အရင်အခွေတွေနဲ့ မတူတဲ့ ပုံစံအသစ်တွေ ပါမလား။
ဖြေ - ပုံစံအသစ်ရအောင် အတင်းအဓမ္မတော့ မလုပ်ထားပါဘူး။ သီချင်းတွေက အသစ်တွေဆိုတော့ နားထောင်ရတာ အသစ်အဆန်း နည်းနည်းဖြစ်မယ်ပေါ့။ ရယ်ဂျီနဲ့ နောနော်သီချင်းတွေက ကျွန်တော့်ကို နည်းနည်း ဒုက္ခပေးတယ်။ သူတို့သီချင်း သူတို့ဆိုတာက ပိုမိုက်တယ်။ ဒါပေမယ့် ကျွန်တော့်ကိုပေးဖို့ ရည်ရွယ်ပြီး ရေးလာကြတယ်ဆိုတော့ ကျွန်တော့်ဘက်က သေအောင်ဆိုတော့ပေါ့။

မေး - B.O.B မှာပါတဲ့ သီချင်းတွေကို ကိုလေးဖြူတို့ Song Produce ဘယ်လိုဘယ်ပုံ လုပ်ကြသလဲ ဆိုတာကို သိချင်ပါတယ်။ ကိုလေးဖြူတို့ တစ်အုပ်စုလုံး ချီတက်သွားပြီး အသံအပြီး သွင်းခဲ့တာဆိုတော့ အဲဒီတုန်းက ကြုံတွေ့ခဲ့ရတဲ့ အပျော်အရွှင်၊ အခက်အခဲ၊ အသစ်အဆန်းတွေကို အလင်္ကာပရိသတ်အတွက် ပြန်ဖောက်သည် ချပေးပါဦး။
ဖြေ - အဲဒါကိုတော့ နည်းနည်းပြောချင်တယ်။ ဂျာနယ်တွေမှာ မှားရေးကြလို့ သူတို့ထင်တာက အဲဒီရောက်မှ သီချင်း စရေးတယ်လို့ ထင်သွားတယ်။ ကျွန်တော်တို့ ရန်ကုန်မှာကတည်းက သီချင်းအားလုံးကို အကြမ်းတီးဆိုပါတယ်။ ကိုယ်ထည် အာကြမ်းရမှ သွားတာပါ။ သီချင်းစီးဆင်းမှုကတော့ ဟိုရောက်မှပဲ အပြီးလုပ်တာပဲ။ တစ်ဖွဲ့လုံး ပင်လည်းပင်ပန်း၊ ပျော်လည်းပျော်ပါတယ်။ ချစ်စမ်းမောင်အတွက်တော့ နည်းနည်းခက်သွားတယ်။ သူလိုချင်သလောက် ကိရိယာတန်ဆာပလာ အစုံအလင် မပါသွားတော့လေ။ ဘယ်သီချင်းမှာ ဘာလေးလိုမယ်ဆိုတာ အသေးစိတ်မှ မသိနိုင်တာကိုး။ သီချင်းတစ်ပုဒ်ဆိုရင် ကို Jမောင်မောင်က Intro ဘာဂျာကို ဒီပြန်ရောက်မှ ထပ်သွင်းရပါတယ်။ အဲဒီလိုပေါ့။ ဒါပေမယ့် ကျွန်တော်တို့ အရင့်အရင်ခွေတွေနဲ့တော့ စုစည်းပုံ ကွဲပြားသွားပါတယ်။ အရသာလည်းကွဲသွားတာ သီချင်းတွေမှာ မြင်သာပါတယ်။

မေး - B.O.B Album ကနေ ကိုလေးဖြူ ပရိသတ်တွေကို ဘယ်လို အရသာတွေ ပေးထားလဲ။
ဖြေ - ကျွန်တော်တို့ ဒီခွေကို လမ်းကြောင်းလွှဲဖို့လုပ်တာ မဟုတ်ပါဘူး။ အရသာပိုင်းကိုပဲ မတူအောင် ကြိုးစားထားတာပါ။

မေး - ကိုလေးဖြူ ဂီတာသင်တန်း ဖွင့်ခဲ့တယ်ဆိုတဲ့အကြောင်းကို ရှေးဟောင်းနှောင်းဖြစ် ပြန်ပြောပြပေးပါလား။
ဖြေ - ကြာပြီဗျာ။ ဟိုးရှေးရှေးတုန်းက ...လို့ စပြော ရမလိုဖြစ်နေတယ်။ တော်ပါတော့နော်။

မေး - တက္ကသိုလ်ကျောင်းသား ဘဝက Fresher Welcome တွေမှာ ကိုလေးဖြူဟဲခဲ့တဲ့ သီချင်းတွေနဲ့ အဲဒီတုန်းက ခေတ်စားတဲ့ သီချင်းတွေအကြောင်း အလွမ်းပြေ ပြောပြပါလား။
ဖြေ - ခေတ်စားတာတော့ အများကြီးဗျ။ ဒီခေတ်လိုပဲ အမျိုးအစားတွေ အများကြီးပဲ။ ကျွန်တော့် အဆောင်ပိုင်ရှင်ဆိုရင် Disco ကြိုက်တယ်။ မိုးလင်းရင် ABBA ကျတော့ ဖွင့်တယ်။ ဒါပေမယ့် ကျွန်တော်တို့အဖွဲ့တွေက ဆံပင်အရှည်၊ မျက်နှာဆေးခြယ်ပြီး ပေါင်ကျပ်သရေအနက်တွေနဲ့ အရုပ်ဆိုးဆိုး ဂီတသံတွေ ဆူညံပြီး မီးလောင်သလို အော်နေတဲ့ အသံကွဲတွေကိုပဲ နှစ်သက်ခဲ့ကြတယ်။

မေး - ကိုလေးဖြူတို့ လူငယ်ဘဝက လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုမှာ သီချင်းကို နားထောင်ရတဲ့ Feeling နဲ့ အခုခေတ် ဘော်လုံးပွဲ၊ 5 Movies ကြားမှာ လက်ဖက်ရည်သောက်ရင်း သီချင်းနားထောင်နေရတဲ့ လူငယ်တွေရဲ့ Feeling ကွာခြားမှုက အရမ်း ဟသွားသလိုပဲ။ ကိုလေးဖြူ အခု လက်ဖက်ရည်ဆိုင်ထိုင်ရင် အရင်က Feeling တွေ ပြန်မလွမ်းဘူးလား။
ဖြေ - ဟုတ်ကဲ့၊ လွမ်းပါတယ်။ မန္တလေးမောနင်းစတား (တိရစ္ဆာန်ရုံ) မှာပဲ ထိုင်သောက်ပါတယ်။ နောက်ပိုင်း ကော်ဖီ ပိုကြိုက်သွားတယ်။

မေး - ကျွန်တော်တို့ အလင်္ကာကို ဖုန်းနဲ့ရော၊ စာနဲ့ရော၊ E.Mail နဲ့ရော မေးကြတာရှိတယ်။ သူတို့မေးတာက။
(က) - ရန်ပုံငွေပွဲ ပြီးတဲ့နောက်မှာ ကိုလေးဖြူ Show ပြန်ဆိုဦးမလား။
ဖြေ - လောလောဆယ် ကျွန်တော်တို့ အစီအစဉ် မရှိသေးပါဘူး။

မေး - (ခ) - ကိုလေးဖြူက သူများကို သီချင်းရေးပေးပြီး ကိုလေးဖြူရေးတဲ့ သီချင်းကို ကိုလေးဖြူ ပြန်မဆိုဘူးလား။
ဖြေ - ကျွန်တော် သီချင်း သိပ်မရေးတတ်ပါဘူး။ တေးရေးသမား ဘဝကိုလည်း လက်မခံရဲပါဘူး။ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုမယ့်အပုဒ် မရှိသေးပါဘူး။

မေး - (ဂ) - ကိုလေးဖြူဦးဆောင်ပြီး အဆိုတော်အသစ်တွေ တင်ဖို့ရှိလား။
ဖြေ - ကျွန်တော့်ဘဝတောင် ကျွန်တော်ဦးဆောင်ဖို့ ကြိုးစားနေတုန်းပါ။ Band မှာလည်း ကျွန်တော်က ခေါင်းဆောင်မဟုတ်ပါဘူး။ သူငယ်ချင်းတွေ၊ ပါတနာတွေ ညီအစ်ကိုတွေ အလုပ်လုပ်ကြတာပါ။ မိသားစု ပိုဆန်ပါတယ်။ ကြီးတဲ့လူကပြောရင် ငယ်တဲ့လူတွေက အလေးအနက်ထား စဉ်းစားကြတဲ့ ပုံစံမျိုးပဲ ရှိပါတယ်။

မေး - ကိုလေးဖြူ ဆိုခဲ့တဲ့ Show တွေကို Record အနေနဲ့ ဗွီဒီယိုရိုက်ပြီး သိမ်းထားတာ ရှိလား။
ဖြေ - အရင်တုန်းကတော့ စုထားတယ်။ မှိုတွေတက်ကုန်တာနဲ့ ပစ်လိုက်ရတယ်။

မေး - "ကန္တရလမင်း" ထွက်ပြီးခါစက ကိုလေးဖြူကို Show ပေါ်မှာ တီရှပ်အပြဲ၊ ဘောင်းဘီအပြဲ ဖက်ရှင်နဲ့ ကြည့်ခဲ့ရဖူးတယ်။ အခုနောက်ပိုင်းမှာ ကိုလေးဖြူက ဂျင်းန်ပင်နဲ့ ရှပ်အင်္ကျီနဲ့ပဲ Show တက်တာတွေ့ရတယ်။ အခု အသက်အရွယ်မှာ ကိုလေးဖြူဝတ်ချင်တဲ့ Rock Fashion က ဘယ်လို ပုံစံဖြစ်မလဲ။
ဖြေ - သိပ်ပြီးမစဉ်းစားမိပါဘူး။

မေး - အခုခေတ် လူငယ်တွေထဲမှာ Rock ကိုပဲ ကြိုက်ကြိုက်၊ Hip Hop ကိုပဲ ကြိုက်ကြိုက် တူတာတစ်ခုက သူတို့တွေ ကိုလေးဖြူကို Crazy ဖြစ်ကြတယ်။ ကြိုးစားပြီး အခွေ မထွက်လာနိုင်သေးတဲ့ အဲဒီလို လူမျိုးတွေအတွက် ကိုလေးဖြူ ဘာ Guide Line ပေးချင်လဲ။ သူတို့ကလည်း ကိုလေးဖြူလို လူမျိုးရဲ့ Guide Line ကို လိုချင်နေမှာပဲလေ။
ဖြေ- များများဆိုပေါ့ဗျာ။ ဒါပဲ ပြောတတ်တော့တယ်။ ဒီခေတ်မှာ သီချင်းဆိုတယ်ဆိုတာ လူတိုင်းဆိုနေတာပဲလေ။ ကြီးကြီးငယ်ငယ် ဆိုကြတယ်။ ဆိုလိုက်ရရင် ရင်ထဲပေါ့ပြီး နေလို့ကောင်းသွားကြတယ်။ "Guide Line" လို့တော့ သဘောမထားပါနဲ့နော်။ တစ်ယောက်အယူအဆနဲ့ နောက်တစ်ယောက် မတူနိုင်ပါဘူး။ ကျွန်တော့်အမြင်ကျတော့ ပြီးပြီးရော ဆိုတာထက်စာရင် သီချင်းတစ်ပုဒ်ကို လေးလေးစားစား လေးလေးနက်နက် ခံစားပြီး ဆိုစေချင်ပါတယ်။ နားထောင်ပြီး သင်ယူတဲ့ အချိန်မှာရောပေါ့။ ကျွန်တော်တို့ နိုင်ငံမှာက ခံစားချက်ကိုပဲ အားကိုးရမယ့် အခြေအနေမို့ပါ။ အတတ်ပညာပိုင်းက သူများတွေလို အခြေအနေ မပေးဘူးလေ။

မေး -ကိုလေးဖြူအရင်က မျိုးကြီး၊ ကဗျာဘွဲ့မှူးတို့ကို ထုတ်ပေးခဲ့တဲ့ Sound Record က အခုနောက်ပိုင်း မတွေ့ရတော့ဘူးနော်။ အဲဒီလို အစီအစဉ်တွေရော နောက်လုပ်ထားတာရှိလား။
ဖြေ - ရှိပါတယ်။ "Sound Music" က ထပ်ထွက်မယ့်ခွေတွေ ရှိပါတယ်။

မေး - ကျွန်တော်တို့ဆီက မီဒီယာလောကထဲမှာ ဂီတသီးသန့် မဂ္ဂဇင်း၊ ဂျာနယ်တွေ၊ TV Channel တွေ မရှိသလောက် နည်းနေတဲ့အကြောင်းကို ဘာကြောင့်လို့ထင်လဲ။ ကိုလေးဖြူ ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ - ဂီတသမားများအတွက် သီးသန့်ပြေးလမ်းတစ်ခု အလွန်လိုအပ်ပါတယ်။
အဲလိုဖြစ်ဖို့ကလည်း ဂီတနယ်က လူတွေကပဲ ဝိုင်းပြီးရှင်းထွင်ပြီး ထူထောင်ရဦးမှာပါ။

မေး - ဖြတ်သန်းမှုများပြီး အသက်အရွယ်ရလာတဲ့ ဂီတသမားတွေဟာ
တခြားအနုပညာတွေဆီကို ကူးပြောင်း ဖန်တီးတာတွေရှိတယ်။ ဥပမာ - ပန်းချီဆွဲတာ၊ စာရေးတာ၊ ဓာတ်ပုံရိုက်တာမျိုးတွေပေါ့။ ကိုလေးဖြူရော ဂီတအပြင် တခြားလုပ်ချင်တဲ့
အနုပညာလုပ်ငန်းမျိုး ရှိလား။
ဖြေ - မရှိပါဘူး။

မေး - ဒီအင်တာဗျူးကို ဘယ်လိုစကေးနဲ့ ကိုလေးဖြူ သိမ်းချင်လဲ။
ဖြေ - မင်္ဂလာပါပေါ့ဗျာ။

#မိုနိုလေး

Vol 10, No 8
October 2008
အလင်္ကာဂီတဂျာနယ်

Posted by Ko Naing & Ka Lee

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။