Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 6, 2016

တိုးတက်မှုရဲ့ လျှို့ဝှက်ချက်...(၁)

တိုးတက်မှုရဲ့ လျှို့ဝှက်ချက်...(၁)
==================

စင်ကာပူဟာ လူသားရယ်လို့ အစပြုကတည်းက အအောင်မြင်ဆုံး လူ့အဖွဲ့အစည်းဖြစ်ခဲ့တယ်။ သူတို့ဟာ ကမ္ဘာ့ ထိပ်ဆုံးအဆင့်အတန်းကို လှမ်းတက်ရာမှာ တုနှိုင်းလို့ မရအောင် အလွန်လျင်မြန်လှပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က လွတ်လပ်ရေးစရပြီး မြန်မာနိုင်ငံနဲ့ သံတမန် အဆက်အသွယ် စတင်ချိန်၊ တစ်ဦးချင်း ဝင်ငွေ ဒေါ်လာ ၃၂၀ သာရှိတဲ့ နိုင်ငံလေးဟာ ယနေ့တော့ ကမ္ဘာ့ အတိုးတက်ဆုံး နိုင်ငံဖြစ်လာတယ်။

အဲဒီအချိန်က သူ့မှာ သံယံဇာတလဲမရှိ၊ နယ်မြေအကျယ်အဝန်းလဲ မရှိ၊ စီးပွားရေးလဲ ကောင်းရှာခဲ့တာ မဟုတ်ဘူး။
ယနေ့တော့ သူ့ရဲ့ တစ်ဦးချင်းဝင်ငွေဟာ ၈၅၀၀၀ US$ ကျော်ဖြစ်လာကာ တတိယ ကမ္ဘာ့ တစ်ဦးချင်း ဝင်ငွေအများဆုံးဖြစ်ခဲ့ပြီး အမေရိကန်၊ ဂျပန်ကို ကျော်တက်နိုင်ခဲ့တယ်။ ။ သူ့ထက် များတဲ့ ကာတာ(၁)နဲ့ လူဇင်ဘတ်(၂) တို့ကတော့ လူ့စွမ်းအားအရင်းအမြစ်နဲ့ပဲ တည်ဆောက်ထားတာ မဟုတ်ကြဘူး။ ကာတာက ရေနံ gas သယံဇာတ တွေပေါ်မှာ အခြေခံထားတာဖြစ်တယ်။

လူဦးရေ လေးသန်းလောက်သာ ရှိပြီး ရန်ကုန် တစ်မြို့စာလောက်သာ အကျယ်အဝန်းရှိတဲ့ နိုင်ငံရဲ့ GDP (၂၀၁၅) ကတော့ US$ ၃၀၇ ဘီလီယံ ရှိပါတယ်။ သူ့ထက် အဆပေါင်း ၆၀၀ ကျော်ကျယ်ဝန်းပြီး လူဦးရေ ၁၃ ဆ လောက် ရှိတဲ့ သံယံဇာတတွေ ဘုန်းပေါလအော ထွက်တဲ့ မြန်မာနိုင်ငံရဲ့ GDP ထက်ကို ၇.၆ ဆ များနေပါတယ်။ (၂၀၁၅ ခုနှစ် Gross domestic product (GDP) တစ်နိုင်ငံလုံးရဲ့ ထွက်ကုန်တန်ဖိုး မြန်မာက ဘီလီယံ ၇၀ နီးပါးရှိပါတယ်)

မြန်မာနိုင်ငံထက်တင် မဟုတ်ပါဘူး သူ့ထက်ကြီးတဲ့ ကမ္ဘာ့ နိုင်ငံတွေရဲ့ ၄ ပုံ ၃ ပုံဟာ သူ့GDP ရဲ့ အောက်မှာသာ ရှိပါတယ်။ အိုင်ယာလန်၊ ပေါ်တူဂီ၊ ဂရိ၊ ဟန်ဂေရီ၊ နယူးဇီလန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင် တို့ဟာ စင်ကာပူ အောက်မှာပါ။ စင်ကာပူဟာ ဘာမှ သံယံဇာတ မရှိတဲ့အတွက် သူ့ရဲ့ဝင်ငွေအားလုံးဟာ ၄ သန်းလောက် ရှိတဲ့ ကျွန်းသားတွေရဲ့ ဥာဏ စွမ်းအား ကာယစွမ်းအားတွေက ရတာလို့ တွက်နိုင်ပါတယ်။

ကာယစွမ်းအားက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သိပ်မကွာလှလို့ ပြည်သူတွေရဲ့ ကြီးမားလှတဲ့ ဥာဏစွမ်းအားက နိုင်ငံကို အကျိုးပြုနေခြင်းဖြစ်တယ်။ စီးပွားရှာနိုင်တဲ့ ဥာဏ်ပညာမှာတော့ ကမ္ဘာမှ တုနှိုင်းလို့မရတဲ့ ပထမလို့ ဆိုနိုင်ပါတယ်။

အဲဒီမှာ တချို့ ပြောကြတယ်။ မြန်မာတောင်ဘက်စွန်း ကော့သောင်ကနေ ထိုင်းကို တူးမြောင်းဖြတ်ဖောက်လိုက်ရင် စင်ကာပူ ကျသွားမယ် ဆိုတယ်။ ၁၉၈၀ ခုနှစ်တွေကဆိုရင်တော့ မှန်ပါလိမ့်မယ်။ အခုက စင်ကာပူရဲ့ စီးပွားရေးတွေ အရမ်းကျယ်ပြန့်သွားပြီး ကဏ္ဍ တစ်ခုတည်းကို မှီခိုနေတာ မဟုတ်တော့လို့ပဲ။

စင်ကာပူဟာ တကယ်ပဲ အခြားနိုင်ငံများထက် လျင်မြန်စွာ တိုးတက်ခဲ့ပါသလား...။

၁၉၆၅ ခုမှ ၂၀၁၄ အထိ GDP ဘယ်လောက်တိုးတက်ကြလဲ ယှဉ်ကြည့်ရာမှာ US ဟာ အဆ ၃ ဆ တိုးတက်ခဲ့ပြီး စင်ကာပူကတော့ အဆ ၃၇ ဆ တိုးတက်ခဲ့ပါတယ်။ ဒီနှုန်းကတော့ သံယံဇာတ မရှိတဲ့ နိုင်ငံတွေမှာ ဘယ်လိုမှမရနိုင်တဲ့ နှုန်းဖြစ်ပါတယ်။

စင်ကာပူဟာ ၁၉၆၅ မှာ မလေးရှားကမောင်းထုတ်ခံရပြီး မလိုချင်တဲ့ လွတ်လပ်ရေး ရရှိခဲ့စဉ်က တစ်ဦးချင်း ဝင်ငွေဟာ အာဖရိက ဂါနာနိုင်ငံရဲ့ ဝင်ငွေလောက်သာ ရှိခဲ့တယ်။ အရမ်း မဆင်းရဲပေမယ့် အဟာရချို့တဲ့ကြတယ်။ ဒါကြောင့် ကျောင်းတွေမှာ ကျွေးမွေးကြတဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့တယ်။

ကလေးသေပျောက်မှုနှုန်း ကျဆင်းအောင်လည်း လျင်မြန်စွာ ချပေးနိုင်တယ်။ ၁၉၆၅ မှာ ၁၀၀၀ ကို ၃၅ ယောက် သေနှုန်းရှိခဲ့ရာမှာ ၁၉၈၅ မှာ ၁၀.၉ နှုန်းကို ကျသွားစေခဲ့တယ်။

ကလေးကြီးပြင်းလာခဲ့ရင်လည်း ကမ္ဘာ့ အကောင်းဆုံး ပညာရေးဟာ အသင့် စောင့်ကြိုနေပါတယ်။ OECD ranking မှာ ၁၅ နှစ်အရွယ် စင်ကာပူကလေးတွေဟာ သင်္ချာနဲ့ သိပ္ပံမှာ ကမ္ဘာ့အဆင့် ၁ ဖြစ်တယ်လို့ သတ်မှတ်တယ်။

ဆင်းရဲသားရပ်ကွက်တွေဟာလည်း ပျောက်ကွယ်သွားပြီး နှစ် ၅၀ အတွင်း အိမ်ခန်းပေါင်း တစ်သန်းကို အစိုးရမှ ဆောက်ပေးနိုင်ခဲ့ကာ ကမ္ဘာ့မှာ အမြင့်ဆုံး အိမ်ယာပိုင်ဆိုင်မှုဖြစ်တဲ့ ၉၀% အထိ အိမ်ယာ ပိုင်ဆိုင်ခဲ့ကြတယ်။ လစာတွေ မြန်စွာ မြင့်တက်လာတာနဲ့ ငွေ မစုမနေရ စနစ် (CPF) တွေဟာ စင်ကာပူနိုင်ငံသားတွေရဲ့ အိမ်ပိုင်ဆိုင်မှု နှုန်းကို အံ့သြဘွယ် မြင့်တက်စေခဲ့တာ ဖြစ်တယ်။

ကမ္ဘာမှာ top 10 ဝင်ထားတဲ့ rankings တွေကတော့
စီးပွားရေးလုပ်ရအလွယ်ကူဆုံး နိုင်ငံမှာ နံပါတ် (၁) အဖြစ် ၇ နှစ် ဆက်တိုက်ရခဲ့တယ်။
ဥာဏပစ္စည်း မူပိုင်ခွင့် ကာကွယ်ပေးမှုတွင်လည်း နံပါတ် (၁) ဖြစ်တယ်။
Global Enabling Trade Report မှာလည်း နံပါတ် (၁) ပါပဲ။
စီးပွားရေး လွတ်လပ်ခွင့်အရှိဆုံးမှာတော့ နံပါတ် (၂) ဖြစ်တယ်။
လူတစ်ဦးချင်းစီရဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကတော့ ကမ္ဘာ့ ဒုတိယဖြစ်တယ်။
Global Information Technology မှာတော့ နံပါတ် (၂) ပါ။
ကမ္ဘာမှာ ပြိုင်ဆိုင်မှုအကောင်းဆုံး တိုင်းပြည်အနေနဲ့ တတိယဖြစ်တယ်။
နိုင်ငံခြားအရံငွေ စုဆောင်းထားနိုင်မှုကတော့ ကမ္ဘာမှာ နံပါတ် (၁၀) ဖြစ်တယ်။
ကမ္ဘာ့ အသန့်ရှင်းဆုံး မြို့တော် စာရင်းမှာတော့ နံပါတ် (၇) ပါ။~
အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံစာရင်းမှာတော့ ဒိန်းမတ်၊ နယူးဇီလန် နဲ့ ပူးတွဲ နံပါတ် (၁)ပါ။

စင်ကာပူ ဘာကြောင့် ဒီလောက်ထိ အောင်မြင်လဲ...။ လွယ်လွယ်ဖြေရရင် ထူးခြားလွန်းတဲ့ ခေါင်းဆောင်မှုတွေကြောင့် ဖြစ်တယ်။

ဒီခေါင်းဆောင်တွေက Meritocracy, Pragmatism and Honesty (MPH) ဆိုတဲ့ လမ်းစဉ် ၃ ရပ်ကိုချခဲ့တယ်။
၁။ အတော်ဆုံးသူကိုသာ အုပ်ချုပ်ရေးတွင် ခန့်အပ်ခြင်း၊
၂။ လက်တွေ့ ဆန်တဲ့ မူဝါဒ၊ (ရေဗူးပေါက်တာ မလို ရေပါရမယ် ဆိုတဲ့ ဝါဒမျိုးမဟုတ်ဘဲ အပြင်လောက မှာ တကယ်အလုပ်ဖြစ်ရမယ်ဆိုတဲ့ မူ)
၃။ ရိုးသားမှု (အဂတိကင်းခြင်း) ဆိုတဲ့ ၃ ရပ် တင်းတင်းကျပ်ကျပ် ကျင့်သုံးစေတယ်။

(၁) အတော်ဆုံးသူသာ အုပ်ချုပ်ခြင်း (Meritocracy)
---------------------------------------------------------
လီကွမ်ယုက ပြောခဲ့တယ် “ဘယ်တော့မှ မပြောင်းလဲတဲ့ အမှန်တရားတစ်ခုကတော့ ဒီလို စင်ကာပူ လုံးဝ လုံလုံခြုံခြုံနေဖို့ ဆက်လက်တိုးတက်နေစေဖို့ အတော်ဆုံးလူတွေကသာ ဦးဆောင်မှုပေးနိုင်မယ်” တဲ့။

“ကျွန်တော်တို့မှာ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတာဝန်တွေ ထမ်းဆောင်နိုင်တဲ့ အရည်အချင်းမြင့်မားသူတွေကို အစဉ်လိုက် မှန်မှန်တန်းစီထားတာ မရှိရင် အနီစက်လေးဖြစ်နေတဲ့ စင်ကာပူက အနက်စက် လေးဖြစ်သွားမယ်” ဆိုပြန်တယ်။

လီကွမ်ယုဟာ လူတော်တွေ ပြတ်သွားတဲ့အချိန်တိုင်း ဝန်ကြီးတွေကို အခြားနယ်ပယ်တွေက လှည့်ရှာရတယ်။ ဒါကြောင့် ဝန်ကြီးတွေကို ပုံမှန်လစာမသတ်မှတ်ဘဲ မူလဝင်ငွေပေါ်ကြည့်ပြီး ပေးဖို့ မူချခဲ့တယ်။
ဝန်ကြီးတွေရဲ့ လစာတွေ များလွန်းတယ်လို့ စင်ကာပူလူမျိုးတွေ ဝေဖန်တော့လဲ ရှင်းရှင်းပဲ ပြန်ပြောခဲ့တယ်။

“စင်ကာပူတော်တော်များများက ဝန်ကြီးတွေကို ဂုဏ်သိက္ခာရှိဖို့ပဲ အလုပ်လုပ်သင့်တယ်လို့ ထင်နေကြတယ်။ ဘယ်သူက သက်တမ်းတစ်ခုထက်ပိုပြီးအလုပ်လုပ်မလဲ။ ငါတို့ကလွဲရင်ပေါ့။ ငါတို့က တို့ယုံကြည်ရာကို လုပ်ဖို့ အသက်တောင် လောင်းကြေးထပ်ထားတာ”
“ဒီလိုမှ မဟုတ်ရင် ဒီအစိုးရထဲကို ဗီဗီယန်၊ ရှန်မူဂန်၊ အန်အိန်ဟင်တို့ ဝင်လာမယ်ထင်လား။ အန်အိန်ဟင်ဆို တစ်နှစ်ကို ၃ မီလီယံလောက်ရတဲ့ ကင်ဆာခွဲစိတ်အထူးကု၊ ရှန်မူဂန်ဆို ရှေ့နေ အဆင်ပြေတဲ့နှစ်တွေမှာ ငါးမီလီယံလောက် ဝင်တယ်။ သူ့ကို မင်းလစာ ၃ သောင်းပေးမှာလား။ ငါက တစ်နှစ် ၁ မီလီယံကျော်ပေးတယ်။ သူက ငွေသိပ်မမက်တဲ့ သူမို့ လက်ခံတယ်” လို့ ပြတ်ပြတ်သားသား ဆိုခဲ့တယ်။

နောက်တက်လာတဲ့ မျိုးဆက်တွေထဲက အတော်ဆုံးလူတွေ အမြဲရွေးချယ်နေခဲ့တယ်။ အဲဒီထဲမှာမှ အတော်ဆုံး တစ်ယောက်ကို ကာကွယ်ရေး ဝန်ကြီးပေးတတ်တာဟာ သူ့နိုင်ငံ့ အိမ်နီးချင်းတွေရဲ့ အန္တရာယ်ရှိနေတာ သိလို့ဖြစ်တယ်။

သူ့နိုင်ငံအတွက်ပဲ ပြောခဲ့တဲ့စကားများဟာ မြန်မာနိုင်ငံအတွက်လဲ သင်ခန်းစာ ယူစရာပါပဲ။

ခပ်ညံ့ညံ့တစ်ယောက် ထိပ်တန်းရောက်သွားခဲ့ရင် စနစ်ကြီးတစ်ခုလုံး ပုံကျတော့တာပဲ။ ရှောင်လွှဲလို့ မရဘူး။ ဒါကြောင့် လွှတ်တော်နဲ့ အစိုးရထဲမှာ မစွံသူတွေ ပါလာမှာကို ငါတားမြစ်ရတယ်။

(၂) လက်တွေ့ ဆန်တဲ့ မူဝါဒ၊ (Pragmatism)
---------------------------------------------------------
ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲခေါ်နိုင်ဖို့ လုံခြုံတဲ့ ပတ်ဝန်းကျင်၊ အဂတိကင်းစင် ပြီး အခွန်နည်းပါးတဲ့ အခြေအနေနဲ့ လေဘာ ယူနီယံတွေကြောင့် လုပ်ငန်းတွေ နှောင့်နှေးမှု မရှိအောင် ဖန်တီးယူခဲ့တယ်။
လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂများကို ကန့်သတ်ထားပြီး အစိုးရ ထိန်းချုပ်နိုင်တဲ့ NTUC (National Trade Union Congress) အဖွဲ့ အောက်မှာ စုပေါင်းတည်ရှိစေတယ်။ တင်းတင်း ကျပ်ကျပ် အုပ်ချုပ်ခဲ့တာကြောင့် အပြည့်အဝ လွပ်လပ်ခွင့် မရှိဘူးလို့ တချို့ကတော့ ယူဆခဲ့တယ်။

မူးယစ်ဆေး ရောင်းဝယ်သူ သေဒဏ် သတ်မှတ်တယ်။
နိုင်ငံ နဲ့ လုပ်ငန်းကြီးတွေကို ခြိမ်းခြောက်ထိခိုက်စေသူတွေကို ထောင်ချတယ်။
ပြင်းထန်ပေမယ့် စီးပွားရေးသမားတွေပေါ် ပြူငှာတဲ့ ဥပဒေတွေကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူတွေ အများအပြားလာကြတယ်။

cargo တွေ အများအပြားလက်ခံနိုင်ပြီး မြန်မြန်ဆန်ဆန်တင်ပို့နိုင်လို့ ထုတ်ကုန်လုပ်ငန်းတွေ အများအပြား လာ တည်ထောင်ဖြစ်ခဲ့တယ်။
လွတ်လပ်ရေး ရပြီး ၇ နှစ်အကြာမှာတော့ စင်ကာပူ ကုန်ထုတ်လုပ်ငန်းရဲ့ ၄ ပုံ ၁ ပုံဟာ နိုင်ငံခြားသားများ ပိုင်ဖြစ်လာတယ်။ အမေရိကန်နဲ့ ဂျပန်ဟာ ထိပ်တန်း ရင်းနှီးမြှုပ်နှံသူ ၂ ဦးဖြစ်တယ်။ ဥပဒေတွေဟာ တည်ငြိမ်တာနဲ့ အမျှ ၇ နှစ် အတွင်းစီးပွားရေးဟာ ကြီးထွားခဲ့ပြီး GDP ဟာ ၂ ဆ တိုးသွားစေခဲ့တယ်။

နိုင်ငံတကာ အရင်းအနှီးတွေ ဒလဟော ဝင်လာတဲ့အခါ စင်ကာပူဟာ သူ့ရဲ့ လူ့စွမ်းအားအရင်းအဖြစ်ကို ဗဟိုထားလာခဲ့သလို အခြေခံအဆောက်အအုံတွေလည်း တည်ဆောက်တယ်။ နည်းပညာကျောင်းများဖွင့်လှစ်ခဲ့သလို အခပေး အပြည်ပြည်ဆိုင်ရာကျောင်းကြီးများကို လက်ခံပြီး အလုပ်သမားများအတွက် အိုင်တီ၊ ရေနံဓာတု နဲ့ အီလက်ထရောနစ်များအတွက် ကျွမ်းကျင်မှုသင်ပေးစေတယ်။

စက်မှုလုပ်ငန်းမဝင်ချင်သူများ အတွက်လည်း တိုးရစ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ နေရာချတယ်။ ၁၉၇၀ နောက်ပိုင်းမှာတော့ စင်ကာပူဟာ ချည်ထည်၊ အဝတ်အစား၊ အခြေခံ အီလက်ထရောနစ်ပစ္စည်းများ တင်ပို့သူဖြစ်လာတယ်။ ၁၉၉၀ နှစ်များမှာတော့ နိုင်လွန်ချည်ထည်၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဇီဝနည်းပညာ သုတေသနများ၊ ဆေးဝါးလုပ်ငန်းများ၊ IC ဆားကက်စ်ပြားများနဲ့ အာကာသအင်ဂျင်နည်းပညာအထိ ကျွမ်းကျင်လာကြတယ်။

ယနေ့စင်ကာပူကတော့ အလွန့်ကို စက်မှုထွန်းကားတဲ့ နိုင်ငံဖြစ်လာတဲ့အပြင် ကုန်သိုလှောင်ဖို့အချက်အခြာ နေရာဖြစ်လာတယ်။ စင်ကာပူဆိပ်ကမ်းဟာ ကမ္ဘာ့ အလုပ်အများဆုံး ဆိပ်ကမ်းဖြစ်တယ်။ တန်ချိန်အနေနဲ့ တွက်ရင် တော့ ရှန်ဟိုင်း (တရုတ်) ပြီး ဒုတိယ အများဆုံး ကိုင်တွယ်နိုင်တဲ့ ဆိပ်ကမ်းဖြစ်တယ်။

စင်ကာပူကို တိုးရစ် နှစ်စဉ် ၁၀ သန်းကျော် အလည်လာကြတယ်။ တိရိစ္ဆာန်ရုံ၊ ည ဆာဖာရီ၊ သစ်တော ဥယျဉ်များ ရှိတယ်။
ပြင်ပနိုင်ငံများမှ ဆေးလာကုသသူများ၊ ချက်ပြုတ်ခြင်းနဲ့ဆိုင်တဲ့ ခရီးသွားလုပ်ငန်း လုပ်ငန်းတွေမှလည်း ဝင်ငွေတော်တော်ရတယ်။ အခြားယဉ်ကျေးမှု အမွေအနှစ်တွေကို လက်ခံထားတာနဲ့ အဆင့်မြင့် ဆေးပညာ စွမ်းအား တွေကြောင့် ဖြစ်တယ်။

ဆွစ်ဇာလန် အခွန် ဥပဒေသစ်တွေ ထုတ်လိုက်တာကြောင့် ဆွစ်ဘဏ်မှ စင်ကာပူဘဏ်ကို ပိုမို ရွှေ့ပြောင်းလာကြပြီး ဘဏ်လုပ်ငန်းလည်း နိုင်ငံနဲ့ မလိုက်အောင် အလွန် ကြီးထွားလာခဲ့တယ်။

ဇီဝနည်းပညာလုပ်ငန်းလည်း ပွင့်လန်းလာပြီး ဆေးလုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ GlaxoSmithKline, Pflizer, and Merck & Co လုပ်ငန်းတွေ တည်ထောင်ကြတယ်။
ရေနံသန့်စင်လုပ်ငန်းတွေဟာလည်း စင်ကာပူစီးပွားရေးရဲ့ အဓိကနေရာမှာ ရှိနေတယ်။

နိုင်ငံသေးပေမယ့် အမေရိကန်ရဲ့ ၁၅ ခု မြောက် အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်တယ်။ ခိုင်မာတဲ့ ကုန်သွယ် သဘောတူ စာချုပ်တွေကို တောင်အမေရိက၊ ဥရောပနဲ့ အာရှနိုင်ငံများနဲ့လည်း ချုပ်ဆိုထားတယ်။ ကမ္ဘာ့လုပ်ငန်းကြီး ပေါင်း ၃၀၀၀ ကျော်ဟာ စင်ကာပူမှာ အခြေစိုက်ထားကြတယ်။ သူတို့ရဲ့ထွက်ကုန် ၃ ပုံ ၂ ပုံ ဟာ export ရောင်းဖို့ ဖြစ်တယ်။

စင်ကာပူဟာ လက်တွေ့ အသုံးတည့်တဲ့ မူဝါဒများ ချမှတ်သလို ဘီလီယံချီတဲ့ လုပ်ငန်းကြီးတွေ လုပ်လိုက်တိုင်းလဲ အမြဲအကျိုးရှိခဲ့သလို လွယ်လွယ်ကူကူနဲ့ အရင်းပြန်ကျေတယ်။

ဒေါ်လာ ၃ ဘီလီယံကျော်ကုန်ကျတဲ့ water project ဟာ မလေးရှားကို ရေအတွက် မှီခိုနေရမှု လျော့ချနိုင်တယ်။ ဒေါ်လာ ၃ ဘီလီယံကျော် ကုန်ကျတဲ့ MRT လျှပ်စစ်ရထား ဟာလည်း သွားရေးလာရေး လွယ်ကူသက်သာပြီး အချိန်တိုနဲ့အရင်းပြန်ရစေတယ်။ ၄ ဘီလီယံလောက်ကျတဲ့ marina bay project ဟာလည်း ကာစီနိုတင် တစ်နှစ်ကို အခွန်ငွေ US$ ၂ ဘီလီယံလောက်ပြန်ရစေတယ်။

မြန်မာနိုင်ငံမှာတော့ အရင်အစိုးရဟောင်းလက်ထက်က မူဝါဒတွေ ချမှတ်တိုင်း ခဏ ခဏ ပြန်ပြင်ရတယ်။ အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတောင် ပြည်တွင်း တစ်မျိုး ပြည်ပ တစ်မျိုး ထုတ်လိုက်မိတော့ ပြန်ပြင်ရတော့တယ်။ လုပ်လိုက်တဲ့ လုပ်ငန်းကြီးတွေလဲ ပိုက်ဆံတွေသာကုန်တယ် အကျိုးရရှိမှုနည်းပါးခဲ့တယ်။ ဥပမာ ghost city လို့ နာမည်ကြီးတဲ့ နေပြည်တော်မြို့တော်ကြီး၊ လူမတည်းတဲ့ ဟိုတယ်တွေ နောက်ဆုံး နိုင်ငံတကာ လေဆိပ်တောင် tourist မဆင်းလို့ လုပ်ပိုင်ခွင့်ရ ကုမ္ပဏီက ပြန်အမ်းတဲ့ အထိပဲ။ ကားတွေ လာမထိုးတဲ့ တောင်ဥက္ကလာ ကားပတ်ကင်ညီနောင်၊ လူမစီးတဲ့ လျှပ်စစ်ရထား၊ လူမကူးတဲ့ ကုန်းကျော်တံတား စုံလို့ပါပဲ။ ဒါတွေကို အစိုးရသစ်လက်ထက် တော်တော် ပြင်ယူရဦးမယ်။

မြန်မာပြည်က တံခါးဖွင့်ပြီး တောက်လျောက် FDI ဘီလီယံ ၂၀ရအောင် မနဲလုပ်နေရချိန်မှာ စင်ကာပူဟာ ဘီလျှံ ၂၇၄ နဲ့ ကမ္ဘာ့အဆင့် ၁၇ချိတ်ပါတယ်။

၃။ အဂတိလိုက်စားမှု ကင်းစင်ရေး (Honesty)
----------------------------------------------------
အဂတိ ကင်းဖို့ဆိုတာက အခက်အခဲ ဆုံးဖြစ်တယ်။ တတိယ ကမ္ဘာ့နိုင်ငံများစွာ မတိုးတက်လာဘဲ ကျဆုံးရတာ အဂတိကြောင့်ဖြစ်တယ်။
လီကွမ်ယုနဲ့ သူ့အဖွဲ့ဝင်တွေ ရာထူးလက်ခံဖို့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ အင်္ကျီ ဘောင်းဘီ အဖြူဝတ်ခဲ့တယ်။ အစိုးရကို သန့်ရှင်းအောင် ထားမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ပြတဲ့သဘောပဲ။

လီကွမ်ယုက “ပတ်ဝန်းကျင်နိုင်ငံတွေက သိပ်ပြီး အဂတိလိုက်စားမှု မကင်းကြဘူး၊ ငွေက အဓိက ဆုံးဖြတ်ပေးနေတယ်။ တစ်ယောက်ကပြောမယ်။ ဒီလိုင်စင်ချပေးမယ်။ ဒီလိုင်စင်နဲ့ ဒေါ်လာ မီလီယံချီပြီး ရှာလို့ရတယ်။ ရရင် ဘယ်လောက်ပေးရမယ်တဲ့။ တို့က အဂတိလိုက်စားမှုကင်းအောင်လုပ်တယ်။
သူတို့က ဥပဒေတွေ မတည်ငြိမ်ဘူး။ တို့က တသမတ်တည်းသွားတယ်။ တစ်ခုခုကို ငါတို့က သဘောတူဆုံးဖြတ်လိုက်ပြီးပြီ ဆိုရင် ဒီအတိုင်းပဲ မပြောင်းဘူး။ ဒီတော့ ရင်းနှီးမြှုပ်နှံသူတွေက ငါတို့ ကို ယုံကြည်စိတ်ချလာတယ်” တဲ့။

ဝန်ထမ်းတွေ ခြစားတဲ့ လမ်းပေါ် မရောက်သွားအောင် ကာကွယ်ဖို့ အလွန်အရေးကြီးတယ်ဆိုတာ လီကွမ်ယုက နားလည်တယ်။ အဂတိလိုက်စားတဲ့ အစိုးရကြောင့် နိုင်ငံတွေဟာ ကျကွဲသွားတဲ့ သောက်ရေအိုးလို အကောင်းအတိုင်း ပြန်မဖြစ်နိုင်ဘူးဆိုတယ်။

ဒီတော့ စင်ကာပူအစိုးရဟာ လာဘ်စားမှုတိုက်ဖျက်ဖို့ စည်းကမ်းဥပဒေများပြဌာန်းခဲ့ပါတယ်။
၁။ အာဏာကုန်လွှဲအပ်ခံရသော CPIB (Corrupt_Practices_Investigation_Bureau) လာဘ်စားမှု တိုက်ဖျက်ရေးအဖွဲ့ကြီးဟာ အစိုးရဌာနရော ပုဂ္ဂလိကကုမ္ပဏီအားလုံးကို လွတ်လပ်စွာစစ်ဆေးပိုင်ခွင့်ရှိသည်။
၂။ အစိုးရဝန်ထမ်းတဦးဟာ လာဘ်စားတယ်လို့.စွပ်စွဲခံရရင် သူဟာ မကျူးလွန်ကြောင်း သက်သေပြနိုင်ရမယ်။
၃။ လာဘ်ယူသူဟာ လာဘ်ယူပြီးနောက် လာဘ်ပေးသူအလိုကျ လိုက်မလုပ်ပေးသော်လည်း ပြစ်ဒဏ်ကျခံရမယ်။
၎။ အစိုးရဝန်ထမ်းများဟာ လက်ဆောင်ပဏ္ဏာယူခြင်း လုံးဝမလုပ်ရဘူး။
၅။ ဝန်ထမ်းတယောက်ဟာ လာဘ်ယူလို့ ထောင်ဒဏ် ငွေဒဏ်ကျခံရပြီးသော်လည်း လာဘ်ယူထားငွေ အတိအကျကို ပြန်ပေးရမယ်။
၆။ ဒီလာဘ်စားမှုတိုက်ဖျက်ရေးဥပဒေဟာ စင်္ကာပူနိုင်ငံပြင်ပမှာလဲ သက်ရောက်ပါတယ်။.

ခြစားမှုတိုက်ဖျက်ရေး ဌာနဖြစ်တဲ့ အကျင့်ပျက်မှုစုံစမ်းစစ်ဆေးရေးဗျူရို (CPIB) ဟာဆိုရင် အင်အား အထောက်အပံ့ ပြည့်စုံပြီး လွတ်လပ်စွာ ဆောင်ရွက်နိုင်တယ်။ နိုင်ငံရဲ့ ဝန်ထမ်းတွေရဲ့ လစာကို ပုဂ္ဂလိကဝန်ထမ်းတွေရဲ့ လစာနဲ့ ချိန်ညှိပြီး သင့်တင့်အောင်၊ လက်တွေ့ကျအောင် သတ်မှတ်ထားတယ်။

အကျင့်ပျက်မှုကို လက်မခံတဲ့ လူမှုအဖွဲ့အစည်းပုံစံ တည်ထောင်တယ်။ စင်ကာပူ လူ့အဖွဲ့အစည်းဟာ သန့်ရှင်းတဲ့ စနစ်ကို တောင်းဆိုတယ်၊ အကျင့်ပျက်မှုကို တွေ့လာရင်လည်း တိုင်တန်းဖို့ ဝန်မလေးဘူး။

၁၉၈၆ က လီကွမ်ယုနဲ့ ခင်မင်တဲ့ Teh Cheang Wan (Minister for National Development) ကိုဒေါ်လာ ၈ သိန်း လာဘ်ပေးမှုအတွက် စစ်ဆေးတယ်။ အဲဒီမှာ သူငယ်ချင်းဖြစ်သူ လီကွမ်ယုကို တွေ့ခွင့်တောင်းတယ်။ ဒါပေမယ့် လီကွမ်ယုက အမှု စစ်ပြီးမှသာ တွေ့နိုင်မယ်ဆိုတယ်။ သူလဲ ခုံရုံးတင်ဖို့ လုပ်တုန်းမှာပဲ ကိုယ့်ကို သတ်သေသွားခဲ့တယ်။ လီကွမ်ယုက ဒီလောက်ထိပြတ်သားတယ်။

၁၉၉၆ တုန်းက မစ္စတာ လီကွမ်ယုနဲ့ လီရှန်လွန်း အိမ်ဝယ်တဲ့ ကိစ္စမှာ မမှန်မကန် လျှော့ဈေးနဲ့ ရပါတယ်လို့ သတင်းတွေထွက်တော့ ဝန်ကြီးချုပ်ဖြစ်တဲ့ ဂိုချုပ်တောင်က စုံစမ်းစစ်ဆေးမှုတွေ အပြည့်အစုံ လုပ်ဖို့ အမိန့်ထုတ်ခဲ့တယ်။

အဲဒီမှာ လီကွမ်ယုက "ကျနော် ဝယ်တာရော ဒုဝန်ကြီးချုပ်ဖြစ်တဲ့ ကျနော့သား ဝယ်တာရောကို လက်လွှတ်မပေးဘဲ စုံစမ်းစစ်ဆေးခံရတာကို ဂုဏ်ယူ ကျေနပ်တယ်။ စစ်ကြောခံရမှုမှာ ဘယ်သူမှ ကင်းလွတ်ခွင့်မရှိတာရယ်၊ ဘယ်လောက်ကြီးတဲ့ ဝန်ကြီး မဆို အာဏာနဲ့ အကျင့်ပျက် ရယူတယ်လို့ ယူဆခံရရင် စုံစမ်း စစ်ဆေးခံရတာတွေဟာ စင်ကာပူအတွက် အလွန် အရေးကြီးတယ်" ဆိုတယ်။
နောက်ဆုံး သူ့ပါတီဟာ ရိုးသားမှု လျော့နည်းလာပြီဆိုရင် သူ့ကို ဖြုတ်ချလိုက်ပါ ဆိုတယ်။

တိုင်းပြည်အတွက်သာကြည့်ပြီး ကိုယ်ကျိုးမကြည့်တဲ့ ပညာတတ်ခေါင်းဆောင်တွေ အုပ်ချုပ်လိုက်တော့ နှစ် ၅၀ အတွင်း စင်ကာပူဟာ နတ်ရေကန်တွင်းချလိုက်သလို ဖြစ်သွားခဲ့တယ်။
မြန်မာနဲ့ စင်ကာပူ သံတမန် ဆက်ဆံရေးလဲ နှစ် ၅၀ ကျော်ခဲ့ပြီ။ စင်ကာပူတိုးတက်သွားပေမယ့် မြန်မာနိုင်ငံက ပြောင်းပြန် ဆုတ်ယုတ်ခဲ့ရတယ်။ အာရှမှာ ထိပ်တန်းနိုင်ငံအဆင့်ကနေ နှစ် ၅၀ ကျော်အတွင်း လျောကျပြီး LDC (Least developed country) တောင်ဖြစ်ခဲ့ရပြီ။ ဒါကို NLD အစိုးရသစ် အတော်ကြီး ကြိုးစား အမှီလိုက်ရဦးမယ်။

နှစ် ၅၀ အတွင်း မြန်မာ ကျရှုံးမှုနဲ့ စင်ကာပူရဲ့ အောင်မြင်မှု ၂ ခု ယှဉ်ပြီးတော့ သင်ခန်းစာယူစရာနဲ့ အတုယူစရာတော့ အများအပြား ရှိနေတာတော့ အမှန်အကန်ပါပဲ။

Writer Moe Hein

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။