Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 6, 2016

တိုးတက်မှုရဲ့ လျှို့ဝှက်ချက် ........ (၂)

တိုးတက်မှုရဲ့ လျှို့ဝှက်ချက် ........ (၂)
================
တိုးတက်မှု အမြန်ဆုံးဖြစ်ခဲ့တဲ့ စင်ကာပူနိုင်ငံပြီးရင် နောက်ထပ် တိုးတက်မှု အမြန်ဆုံးနှုန်းရခဲ့တဲ့ နိုင်ငံကတော့ ကွန်မြူနစ် တရုတ် နိုင်ငံပါပဲ။ တရုတ်နိုင်ငံရဲ့ အောင်မြင်မှု လမ်းစကိုတော့ စင်ကာပူနိုင်ငံ လီကွမ်ယုရဲ့ နည်းလမ်းတွေနဲ့ပဲ စတင်ခဲ့ပါတယ်။

၁၉၇၆ ခု ဥက္ကဌကြီး မော် ကွယ်လွန်ပြီးနောက် တရုတ်စီးပွားရေး ခြွတ်ခြုံကျ ကျန်ခဲ့တယ်။ ၁၉၇၈ တိန့်ရှောင်ဖိန် ဆက်ခံခဲ့ပြီး ဆင်းရဲတဲ့ တရုတ်နိုင်ငံကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရတော့မယ်ဆိုတာ သိခဲ့တယ်။ သာတူညီမျှရေး ကြွေးကြော်မှုကို စွန့်လွှတ်လိုက်ပြီး ကြွယ်ဝချမ်းသာမှုကို ကိုယ်တိုင်ရှာဖွေကြပါလို့ ဆိုလာတယ်။

ပြောင်းလဲကာစ ၁၀ နှစ်အတွင်း ရှန်ဟိုင်းဆိပ်ကမ်းကို သင်္ဘောနဲ့ ရောက်ဖူးတယ်။ မိုးထိတိုက်တွေ မရှိသေး၊ ပြည့်ကျပ်နေတဲ့ စက်ဘီးများ ၂ စီးတွဲ ဘတ်စ်ကားများသာ အများစုသုံးကြတယ်။ သင်္ဘောသားတွေ ကလပ်ကိုသွား အနောက်တိုင်း အက စကတတ်ခါစ တရုတ်မလေးတွေ တွဲကတတ်ကြတယ်။ ဒါပေမယ့် ည ၁၂ နာရီထက် နောက်ကျ ပြန်လို့တော့ မရပါဘူး။ မြန်မာ ရေဒီယိုအရာရှိ တစ်ယောက်တော့ မနက် ၆ နာရီမှ ပြန်လာတော့ ရဲတွေ လာခေါ်သွားတယ်။ ရေနွေးကြမ်း တိုက်လွှတ် လိုက်တယ်။ သဘောကောင်းသားလို့ မတွေးနဲ့။ တနေကုန် သူတို့ လက်ချာရိုက်တာ ခံရပြီး ညနေစောင်းမှ ရေနွေးကြမ်း ပွဲက ပြန်လွှတ်ပေးတာ။

တိန့်ရှောင်ဖိန်က ၁၉၇၈ မှာ စင်ကာပူ သွားလည်တော့ စင်ကာပူရဲ့အောင်မြင်မှုတွေကို ချီးကျူးခဲ့တယ်။
ဒါပေမယ့် စင်ကာပူ နိုင်ငံသေးလေးတော့ တိုးတက်ဖို့ လွယ်တာပေါ့... တရုတ်လို ကမ္ဘာ့ တတိယအကြီးဆုံး နိုင်ငံ အနေနဲ့ ဒီလမ်းနည်းနဲ့ တိုးတက်လာဖို့ မလွယ်ဖူးလို့ တွေးထင်ခဲ့တယ်။

ဒါပေမယ့် ကမ္ဘာ့ကွန်မြူနစ် ဘဝနဲ့ နစ်မွန်းကျန်ရစ်စေမယ့်အရေးကို ကယ်တင်ဖို့ အရင်းရှင် စနစ်တစ်မျိုးဆီပြောင်းမယ့် လီရဲ့ မဟာစိတ်ကူးကိုတော့ လက်ခံခဲ့တယ်။ သေးငယ်တဲ့ ဘီလူးအသေးစား စင်ကာပူအောင်မြင်သလို ထုတည်ကြီးမားတဲ့တရုတ်ပြည်ကိုတည်ဆောက်မယ့် စီမံကိန်းကြီးအတွက် လီကွမ်ယုက နည်းလမ်းတွေ ပေးခဲ့တယ်။

တိန်က လီ့ အကြံအတိုင်း လယ်သမားတွေကို မြေယာငှားပေးပြီး မြေပိုင်ရှင်တွေဖြစ်စေတယ်။ ကုန်ထုတ်လုပ်မှုတွေ တိုးတက်သွားတယ်။

ပင်လယ်ကမ်းခြေဒေသတွေမှာ အထူးစီးပွားရေးဇုန်တွေ တည်ပေးပြီး စီးပွားရေးတွေ ဖွင့်ချလိုက်တယ်။ စင်ကာပူတွေ အများကြီး တပြိုင်နက် တည်ထောင်လိုက်သလိုပေါ့။

၁၉၇၉ မှာ special economic zones ၄ ခု လုပ်ပေးခဲ့တယ်။ ဒီ SEZs ဇုန်တွေမှာ နိုင်ငံခြားသား အရင်းရှင်တွေကို မြေယာနဲ့ အခြေခံ အဆောက်အအုံ ပိုင်ဆိုင်ဖို့ အစီအမံ လုပ်ပေးခဲ့တယ်။

အရှေ့ဘက် ကမ်းရိုးတန်းများတလျှောက်နဲ့ ယန်စီမြစ်ဝကျွန်းပေါ်ကို အနောက်နိုင်ငံကုမ္ပဏီတွေ ကိုယ်တိုင် တည်ဆောက်ခွင့် ပေးခဲ့တယ်။ တရုတ်စီးပွားရေးနဲ့ အများပိုင် ကုမ္ပဏီများအတွက် အကျိုးများစေခဲ့တယ်။ ထို ဒေသတွေ အရှိန်ရလာပြီးနောက် ယန်စီ မြစ်ဝှမ်းတလျှောက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအတွက် ထပ်မံ ဖွင့်လှစ်ပေးတယ်။

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကြောင့် တံခါးဖွင့်ဝါဒဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ပိုမို အင်အားကောင်းလာစေခဲ့တယ်။ ၁၉၇၈ မှ ၁၉၉၄ ခု ၁၆ နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ရောက်ခဲ့တယ်။ FDI ရငွေတွေကနေ စက်ရုံတွေ ပြန်ဆောက်တယ်။ အလုပ်တွေရတယ်။ နည်းပညာတွေရတယ်။ တရုတ်တွေကို နိုင်ငံတကာ ဈေးကွက်ကို နားလည်လာစေတယ်။ ဒီအပြောင်းအလဲတွေက အခွန် အထူးအခွင့်အရေးပေးထားတဲ့ ဒါဇင်နဲ့ချီတဲ့ ကမ်းခြေစက်မှုဇုန်တွေမှာ များပြားခဲ့တယ်။

Apple, HP, Amazon, Sony, Microsoft လို့ IT ကုမ္ပဏီတွေကြောင့် အလုပ်သမား ၁.၄ သန်းကို ခန့်ပေးနိုင်ခဲ့တယ်။ ကုမ္ပဏီတွေလည်း ဈေးပေါတဲ့ လုပ်သားတွေကြောင့် အကျိုးရှိစေတယ်။ တရုတ်လုပ်သားတွေကို ပေးတဲ့လခဟာ ဖုန်း၊ တက်ဘလက် ထုတ်ကုန်တွေရဲ့ ၂% လောက်သာရှိတယ်။

လယ်ယာထုတ်ကုန်နဲ့လူသုံးကုန်များကို တဖြေးဖြေးနဲ့ ဈေးနှုန်းကိုယ်ပိုင်သတ်မှတ်ခွင့်ပေးတာနဲ့အညီ ငွေကြေးဖောင်းပွမှု လည်း မကြာခန ကြုံရတယ်။ အထိန်းအချုပ်မရှိ ဈေးနှုန်းသတ်မှတ်မှုတွေ မဖြစ်အောင်တော့ အစိုးရက သတိကြီးကြီးနဲ့ တားဆီးတယ်။ ငွေကြေးဖောင်းပွမှုတွေဟာ တိုးတက်မှုတွေကို အကြီးကျယ်ဆုံး ခြိမ်းခြောက်ပေမယ့် စီးပွားရေးကို အားရှိတာလည်း ဖြစ်စေပါတယ်။

ကုန်ထုတ်စွမ်းအားမြင့်ဖို့ များစွာ ရင်းနှီးမြုပ်နှံခဲ့တယ်။ စက်အသစ်များ၊ ပိုကောင်းတဲ့ နည်းပညာ နဲ့ အခြေခံ အဆောက်အအုံများကို ပိုမို ရင်းနှီးမြုပ်နှံခဲ့တယ်။ ကြီးမားတဲ့ အသုံး စရိတ်တွေ ရှိနေပေမယ့် ၁၉၇၉-၉၄ အတွင်း ၇% နီးပါးတိုးတက်ခဲ့တယ်။

ဗဟိုထိန်းချုပ်မှုဆိုတဲ့ ဝန်ထုတ်ဝန်ပိုးကြီး ရှိနေပေမယ့် ကုန်ထုတ်စွမ်းအားကို ဘာကြောင် တိုးမြှင့်နိုင်ခဲ့လဲ။ ၁၉၇၈ ခုနှစ် ပြုပြင်ပြောင်းလဲရေးအစမှာ စိုက်ပျိုးရေးကို ၈၀% လုပ်ကိုင်နေကြပေမယ့် ၁၉၉၄ မှာတော့ ၅၀% ကသာ စိုက်ပျိုးရေးလုပ်တော့တယ်။ ကျေးရွာတွေမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ထူထောင်ပေးတယ်။

စိုက်ပျိုးရေးထွက်ကုန်တွေ ဈေးမြင့်လာတာဟာလည်း လယ်သမား မိသားစုတွေရဲ့ ကုန်ထုတ်စွမ်းအားတိုးစေပြီး လုပ်အားကိုလည်း ပိုမို အကျိုးရှိစွာ အသုံးချလာနိုင်တယ်။ လုပ်သားတွေ ပိုလျှံလာပြီး ကျေးရွာကုန်ထုတ် လုပ်ငန်းတွေ လုပ်ကိုင်လာနိုင်တယ်။ ကျေးရွာကုန်ထုတ်လုပ်ငန်းမှ သန်းပေါင်းများစွာသောလူများကို အလုပ်ပေးနိုင်ခဲ့ပြီး ရိုးရာ စိုက်ပျိုးရေးထုတ်ကုန်မှနေ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ်လည်း ပြောင်းလဲ ထုတ်လုပ်လာနိုင်တယ်။

တရုတ်ကုန်ပစ္စည်းတွေဟာ ကမ္ဘာ့အနှံ တင်ပို့ ရောင်းချနိုင်ခဲ့တယ်။ အရည်အသွေးကောင်းပြီး ဈေးသက်သာတာကြောင့် လုပ်ငန်းတူ အမေရိကန် ကုမ္ပဏီများကို ထိခိုက်စေခဲ့တယ်။ trading ဟာ နှစ်စဉ် ၃၅% လောက်မှန်မှန် တိုးတက်ပြီး ၂၀၀၂ ခုနှစ်မှာ GDP ရဲ့ ၆၅% ရှိခဲ့တယ်။

လူတိုင်း အိမ်ယာပိုင်ဆိုင်စေဖို့ စင်ကာပူက စနစ်ကိုယူတယ်။ တရုတ် ဒုဝန်ကြီး ဟူရောင်ဂျီ ၁၉၉၀ ခု က လာ လေ့လာတယ်။ လူတိုင်းတိုက်ခန်းပိုင်အောင် ဘယ်လိုလုပ်လဲ။ ပုံစံတူ အိမ်ယာ စီမံကိန်းကို ရှန်ဟိုင်းမှာ အကောင်အထည်ဖော်ပေးခဲ့ပြီး အောင်မြင်ခဲ့တယ်။ အခြားဒေသတွေအတွက်တော့ နဲနဲ မွမ်းမံပြီး သုံးခဲ့ကြတယ်။

တရုပ်ရဲ့ အကောင်းဆုံး စူဂျိုးမြို့ကို လီကွမ်ယုက တည်ဆောက်ပေးခဲ့တယ်။ အဲဒီအချိန် တရုတ်က ဆင်းရဲသေးတော့ အစစ စင်ကာပူက အကုန်ခံခဲ့ရတယ်။ စတုရန်းမိုင် ၂၇ ရှိတဲ့ စိုက်ပျိုးရေးမြေမှာ မြို့တည်ပေးရာမှာ မြေလျော်ကြေး၊
အခြေခံအဆောက်အဦး၊ လျှပ်စစ်သွယ်တာ၊ လမ်းဖောက်တာကအစအကုန်တာဝန်ယူခဲ့တယ်။

စင်ကာပူကို တရုတ် အရာရှိ ၂၀၀၀ ကျော် လေ့လာရေး စီစဉ်ပေးခဲ့တယ်။ သူတို့ကို တရုတ်လို သင်တန်းပေးတယ်။ ပြန်တော့ စင်ကာပူက အရာရှိတွေပါ လိုက်သွားပြီး တည်ဆောက်ပေးခဲ့တော့ စူဂျိုးမြို့ဟာ အခုတော့ တန်ဖိုးထားရတဲ့ စံပြစီမံကိန်းဖြစ်နေပြီ။ ကျန်တဲ့ မြို့တွေကိုလည်း စူဂျိုးမြို့ကို နမူနာယူပြီး ဆက်တည်ဆောက်ကြတယ်။

စင်ကာပူ နည်းစနစ်အပြင် စင်ကာပူမှာ မရနိုင်တဲ့ သယံဇာတအင်အား၊ ဈေးပေါတဲ့ လုပ်သားအင်အား၊ သန့်စင်တဲ့ ရေ-နေ-လေ စွမ်းအင်များ ကြောင့်လည်း တိုးတက်မှု အလွန်လျင်မြန်ခဲ့ပြီး ဒုတိယ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံအဖြစ်ရောက်ခဲ့ကာ မကြာမှီနှစ်များ အတွင်း US ကို မလွဲမသွေ ကျော်ဖြတ်တော့မယ်။

တရုတ်ကို အလျင်အမြန်တိုးတက်စေတာ စင်ကာပူရဲ့ (MPH ဆိုတဲ့ လူတော်ကိုရွေးခြင်း၊ လက်တွေ့ကျခြင်း၊ အဂတိကင်းခြင်း) အပြင် အောက်ဖော်ပြတဲ့ အချက်တွေလဲ အဓိက ကျနေပါတယ်။

၁။ ဈေးပေါတဲ့ လုပ်သား-

တံခါးဖွင့်လာတာနဲ့ အညီ အလုပ်အကိုင်ပေါများလာတာကြောင့် ကျေးရွာများမှ မြို့ပေါ်ကို အတောမသတ် တက်လာကြတယ်။ ဒါကြောင့် ဈေးပေါတဲ့ လုပ်သားဟာ ရင်းနှီးမြုပ်နှံကြတဲ့ လုပ်ငန်းတွေအတွက် ပူစရာ မရှိခဲ့ကြဘူး။

၂။ အလုပ်ကြိုးစားကြတယ်-

တရုတ်တွေဟာ အမေရိကန်တွေ ဥရောပသားတွေထက် စာရင် အများကြီး အလုပ်ကြိုးစားတယ်။

၃။ ငွေအရင်းအနှီး ပေါကြွယ်ဝမှုနဲ့နိုင်ငံသားများ ငွေစုဆောင်းမှုမြင့်မားခြင်း-

ကြီးမားတဲ့ လုပ်ငန်းကြီးများကို အစိုးရ ပိုင်ဆိုင်မှု များပြားတယ်။ အကုန်မပိုင်တောင် ရှယ်ယာ အများစု ကိုင်ထားနိုင်တယ်။ ဒါကြောင့် ဝင်လာသမျှ GDP အများစုဟာလည်း အစိုးရ လက်ထဲကိုသာ ရောက်ရှိတယ်။ များပြားလှတဲ့ အလုပ်သမားနဲ့ ဝန်ထမ်းများရဲ့ ငွေစုဆောင်းမှု နှုန်းဟာလည်း မြင့်မားတယ်။ အစိုးရပိုင်ဖြစ်တဲ့ Bank ကြီး လေးခုကို အများစု လာအပ်ကြတဲ့ အတွက် အစိုးရအတွက် ကြီးမားလှတဲ့ စီမံကိန်းကြီးတွေ လုပ်ဆောင်ဖို့ ငွေအရင်းအနှီးဟာ အခက်အခဲ မရှိဘူး။

၎။ FDI အဝင်များခြင်း---

အခွန်နှုန်းထားနည်းပါးတာ၊ နည်းပညာကြောင့် ငွေလွှဲပြောင်းမှု ကုန်ကျစရိတ် လျော့ချနိုင်တာ၊ လုပ်သား ဈေးပေါတာ၊ စွန့်ဦးတီထွင်သူတွေ များပြားတာ၊ ကျွမ်းကျင်တဲ့ ဈေးကွက်အဖွဲ့အစည်းတွေ များပြားတာ၊ အခြေခံ အဆောက်အဦးတွေ ကောင်းမွန်တာတွေကြောင့် FDI ဝင်လာတာ သိပ်များပါတယ်။ FDI အဝင်များတာ ကြောင့်လည်း တရုတ်အစိုးရအတွက် နိုင်ငံခြားငွေပေါများခြင်း၊ နည်းပညာရခြင်းနဲ့ Management skill တိုးတက် လာခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိခဲ့တယ်။

၅။ ပညာရေးကို မြှင့်တင်ပေးခြင်း-

စင်ကာပူလိုပါပဲ တရုတ်တိုးတက်မှု နောက်ကွယ်မှာ ပညာရေးကို အစွမ်းကုန်မြှင့်တင်ပေးခဲ့တာ အရေး ပါပါတယ်။ အမေရိကန် တက္ကသိုလ်တွေမှာ တရုတ်ကျောင်းသားတွေ သင်ယူတာ ၃၁.၅% အထိ ရှိတယ်။ တရုတ်တွေက ဆရာတွေကို လေးစားကြတယ်။ သိပ္ပံနဲ့ သချာင်္မှာ အမေရိကန် ကလေးတွေထက် သာကြတယ်။ အမေရိကန်တက္ကသိုလ်တွေမှာ တရုတ် ဒေါက်တာပါမောက္ခတွေ အားကိုးနေရသလို အမေရိက လုပ်ငန်းကြီးတွေဟာလည်း တရုတ်အင်ဂျင်နီယာတွေ များစွာ ရှိကြတယ်။ ပညာရေးဟာ ၁၀-၂၀ နှစ်အတွင်း လုံးဝကို ပြောင်းလဲ စေပါတယ်။ ကိုယ်ပျောက် Jet fighter တွေ ထုတ်လုပ်လိုက်တာ၊ အမြန်ဆုံး စူပါကွန်ပျူတာ ထုတ်လုပ်နိုင်တာ၊ အရှည်ဆုံး Highway နဲ့ ရထားလမ်းတွေ ဖောက်ပြတာ၊ ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ် ဆောက်လုပ်တာ၊ လူကို အာကာသထဲ ပို့ဆောင်နိုင်တာတွေဟာ အမေရိကန်ကိုပင် တုန်လှုပ်စေခဲ့ပါတယ်။

၆။ IQ ပိုမြင့်ကြတယ်-

လေ့လာမှု များစွာ ပြုလုပ်ပြီးနောက်မှာတော့ အရှေ့အာရှ သားတွေ ဟာ IQ ပိုမိုမြင့်မားတယ်ဆိုတာ တွေ့ရှိခဲ့တယ်။ (လီကွမ်ယုကလည်း တရုတ် နဲ့ အိန္ဒိယ သားတွေ ဥာဏ်ကောင်းကြတယ် ဆိုတယ် ... သူတို့ ကြားက မြန်မာကောလို့ တွေး စရာရှိ၊ မြန်မာနိုင်ငံခြား ထွက်ဖူး၊ နိုင်ငံတကာပညာ သင်ဖူး လေ့လာဖူးရင်တော့ မြင့်သွားမယ် ... မဆလ ပညာရေးနဲ့ ကြီးပြင်းခဲ့သူတွေကတော့ တော်တော်နိမ့်တယ် ပြောရမယ်)

၇။ အာဏာရှင်အစိုးရဖြစ်လို့ စီမံကိန်းများ တုံဆိုင်းမှု မရှိခြင်း-

လူကြိုက်နည်းတဲ့ ဆုံးဖြတ်ချက်မျိုးကို ဒီမိုကရေစီနိုင်ငံတွေလို ကန့်ကွက်မှု မကြုံတွေ့ရဘဲ စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်ခဲ့အတွက် စီးပွားရေး နှောင့်နှေး တုံ့ဆိုင်းမှုမျိုး မရှိခဲ့ပါဘူး။
တရုတ်ပညာရှိ စွန်ဇူးဟာ တရုတ်တွေကို ဗျူဟာမြောက်တွေးတတ်ဖို့ သင်ပေးတယ်။ ဒီမိုကရေစီ စနစ်မှာတော့ ဟိုဘက် ဒီဘက် အသာမရနိုင်တဲ့ မျှခြေတွေကြောင့် လုပ်ငန်းတွေ နှောင့်နှေးတယ်။ တရုတ် နည်းစနစ်က သံတမန်ရေးအရ အပြောင်းအလဲတွေ လုပ်နိုင်ပြီး စီးပွားရေးအရလည်း ပိုမို အကျိုးရှိစေတယ်။

Writer Moe Hein

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။