Candy Fashion Blog added 4 new photos.
မျက်ကပ်မှန် တပ်သူတို့ သိထားသင့်သည့် အချက်များ....
အရောင်ပါတဲ့ မျက်ကပ်မှန်လေးတွေကို လူတွေစသတိထားမိတာ ဇင်ဇင်ဇော်မြင့်တို့ခေတ်ကထင်ပါတယ်။ သူစပေါ်လာတည်းက မျက်လုံးအပြာရောင်နဲ့ ကောင်မလေး ဆိုပြီး လူတွေက ပိုသတိထားမိလာကြတယ်။
ဒါပေမယ့် အဲ့ဒီအချိန်တုန်းက မျက်ကပ်မှန်ကို ခုလိုမျိုးအလွယ်တကူ နေရာမှာ ၀ယ်လို့ မရသေးတဲ့အပြင် အခုထက် သုံးလေးဆလည်း ဈေးကြီးပါသေးတယ်။ မျက်လုံးထဲကို မျက်ကပ်မှန် ဆိုတဲ့ အရာတစ်ခုထည့်ဖို့လည်း လူတွေ မ၀ံ့ရဲ့ကြသေးပါဘူး။
အခုတော့ မိန်းကလေးတွေတင်သာမက ယောက်ကျားလေးတွေပါ အလှတပ် မျက်ကပ်မှန် ကို တွင်တွင်ကျယ်ကျယ် ရဲရဲဝင့်ဝင့် အသုံးပြုလာကြပါပြီ။ အရင်ကထက် အလွန်တစ်ရာ ဈေးချိုတဲ့ မျက်ကပ်မှန်တွေကိုလည်း ပါဝါနဲ့ရော ပါဝါမပါဘဲနဲ့ရော ကိုယ်နဲ့လက်လှမ်းမီရာ စတိုးဆိုင်မှာတောင် အလွယ်တကူ ၀ယ်ယူလို့ရနိုင်နေပါပြီ။ Big Eye များတပ်လိုက်ပြီဆိုရင် ကိုယ့်ကိုကိုယ် အရုပ်မ မျက်လုံးလေးလို ၀ိုင်းဝိုင်းစက်စက်နဲ့ ချစ်စရာကောင်းလို့ ကြည့်မ၀ ဖြစ်နေကြတာမလား။
မျက်လုံးဆိုတာ ခန္တာကိုယ်တစ်ခုလုံးမှာ အနူးညံ့ဆုံးနဲ့ အထိအခိုက်မခံဆုံး ဖြစ်တဲ့အရာဆိုတာ့ အခု တပ်နေတဲ့ မျက်ကပ်မှန်တွေက မျက်လုံးကို ဘယ်ပုံဘယ်နည်းနဲ့ ထိခိုက်နေစေလည်း။ မျက်ကပ်မှန် ၀ယ်တဲ့အခါ ဘယ်လိုမျိုး မှန်မှန်ကန်ကန် ရွေးချယ်ဝယ်ယူရမလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီစာကို ဆက်ဖတ်ပေးပါနော်။
ဆက်လက်ဖော်ပြမယ့် အကြောင်းအရာတွေကိုတော့ American FDA Website မှာ ဖော်ပြထားတာတွေကို ကိုးကားရေးသားထားပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။