ဒေါ်အောင်ဆန်းစုကြည်ထံမှ ထွက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဒေါက်တာ တင်မာအောင်ကိုယ်တိုင်ဖြေကြားချက်
ဒေါက်တာတင်မာအောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ မည်သည့်အကြောင်းကြောင့် ထွက်ခဲ့ရခြင်းနှင့်ပတ်သက်၍ ကောလာဟလအမျိုးမျိုးထွက်နေလျှက်ရှိသည်။
ထို့ကြောင့် ယခုနှစ် ဧပြီလ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု လော့စ်အိန်းဂျလိစ်မြို့ဝယ် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ဒေါက်တာတင်မာအောင်ကိုယ်တိုင်ပြန်လည်ဖြေကြားထားခြင်းအား အမေရိကန်ပြည်ထောင်စု အခြေစိုက် မန္တလေးဂေဇက် သတင်းစာက မှတ်တမ်းတင်ရုပ်သံရိုက်ကူးထားခြင်းမှ
ခွင့်ပြုချက်တောင်း၍ ဖော်ပြလိုက်ရပါသည်။ ထို့အတွက် မန္တလေးဂေဇက်(USA)မှ
တာဝန်ရှိသူများအား Popular News ဂျာနယ်မှ ကျေးဇူးအထူးတင်ရှိပါကြောင်း ။
"NLD ဟာ အစိုးရဖြစ်တော့မယ်။ အစိုးရနဲ့ အတိုက်အခံ လုပ်ငန်းတွေဟာမတူပါဘူး။ အတိုက်အခံအချိန်မှာ အရမ်းခက်ခဲပါတယ်။ ဒီ အတိုက်အခံအချိန်မှာ ရှေ့တန်းတက်လာတဲ့သူ အရမ်းရှားပါတယ်။ အဲဒီအချိန်မှာ ကျွန်မအနေနဲ့ စွမ်းစွမ်းတမံ ကျွန်မလုပ်ခဲ့တယ်။ ဘာမှကိုမကွယ်မ၀ှက်ပဲနဲ့ တစ်ကယ့်ကို ရိုးရိုးသားသားနဲ့ ကျွန်မကူညီခဲ့တယ်။ အဲဒီတော့ ဒီလို အစိုးရဖြစ်လာတဲ့ အချိန်ကျရင် အစ်မကို ကူညီနိုင်မယ့် အစိုးရ၀န်ထမ်းတွေက အပြည့်ပါ။ ကျွန်မ ဒါကိုယုံကြည်ပါတယ်။ ဘယ်နိုင်ငံကို ကြည့်ကြည့်ပါ။ အစိုးရ၀န်ထမ်းက အမြဲတမ်းရှိနေတယ်။ အစိုးရတွေသာပြောင်းသွားတာပါ ။
အဲဒီတော့ ကူညီနိုင်မယ့် အစိုးရ၀န်ထမ်းတွေဟာ အစ်မရဲ့ဘေးမှာ ၀န်းရံမယ်ဆိုတာ
ကျွန်မသိလိုက်ပါတယ်။ ပြီးတော့ ကျွန်မအနေနဲ့ ကျွန်မပြောခဲ့ပါတယ်။ အစ်ကိုကလဲ
ဖတ်ပြသွားပါတယ်။ ကျွန်မရဲ့ ကျွမ်းကျင်တဲ့လုပ်ငန်းက ကျန်းမာရေးနဲ့ ပညာရေးပါ။
ကျွန်မတစ်ကယ်လဲလုပ်ခဲ့ပါတယ် ။ တစ်ကယ်လဲယုံကြည်ပါတယ်။ ကျွန်မ ယူနီဆက်မှာလဲလုပ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ကလေးတွေဟာ
ကျန်းမာရေးဆိုင်ရာအသိ အရမ်းနိမ့်ကျပါတယ်။ မသိလဲမသိဘူး။ ဆရာ ဆရာမတွေကလဲ
မသင်ပေးဘူး။ အဲဒီတော့ အဆင်သင့်ဖြစ်နေတဲ့အခါမှာ သူတို့သင်ပေးနိုင်မယ်ဆိုတာ
ကျွန်မယုံကြည်တယ်။ နောက် ကျွန်မအနေနဲ့ ကိုယ်စွမ်းနိုင်တဲ့ဟာ ဒီ
လေ့ကျင့်ပေးရေး ထရိမ်နင်နဲ့ပတ်သက်တဲ့ဟာ ကျွန်မလုပ်နိုင်တယ်။ နောက်
ကျွန်မရဲ့ တပိုင်တနိုင်လဲ ကျွန်မလုပ်နိုင်တဲ့ဟာကို ကျွန်မလုပ်ချင်တဲ့အတွက်
အစ်မကို တောင်းဆိုပါတယ်။ ကျွန်မအနေနဲ့ လွပ်လပ်စွာနဲ့ ကိုယ်တတ်တဲ့ပညာနဲ့
တိုင်းပြည်ကို ပြန်ပြီးတော့ အကျိုးပြုချင်ပါတယ်။ အဲဒါကြောင့် ကျွန်မ
အဲလိုပြောပြီးတော့ အစ်မကလဲ ခွင့်ပြုတဲ့အတွက်ကြောင့် ကျွန်မထွက်ခဲ့တာပါ။"
PN002
Source - https://www.youtube.com/ watch?v=H0rQ0DMzxt4&feature =youtu.be
ဒေါက်တာတင်မာအောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ မည်သည့်အကြောင်းကြောင့် ထွက်ခဲ့ရခြင်းနှင့်ပတ်သက်၍ ကောလာဟလအမျိုးမျိုးထွက်နေလှ
ထို့ကြောင့် ယခုနှစ် ဧပြီလ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု လော့စ်အိန်းဂျလိစ်မြို့ဝယ် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ဒေါက်တာတင်မာအောင်ကိုယ်တိုင
"NLD ဟာ အစိုးရဖြစ်တော့မယ်။ အစိုးရနဲ့ အတိုက်အခံ လုပ်ငန်းတွေဟာမတူပါဘူး။ အတိုက်အခံအချိန်မှာ အရမ်းခက်ခဲပါတယ်။ ဒီ အတိုက်အခံအချိန်မှာ ရှေ့တန်းတက်လာတဲ့သူ အရမ်းရှားပါတယ်။ အဲဒီအချိန်မှာ ကျွန်မအနေနဲ့ စွမ်းစွမ်းတမံ ကျွန်မလုပ်ခဲ့တယ်။ ဘာမှကိုမကွယ်မ၀ှက်ပဲနဲ့ တစ်ကယ့်ကို ရိုးရိုးသားသားနဲ့ ကျွန်မကူညီခဲ့တယ်။ အဲဒီတော့ ဒီလို အစိုးရဖြစ်လာတဲ့ အချိန်ကျရင် အစ်မကို ကူညီနိုင်မယ့် အစိုးရ၀န်ထမ်းတွေက အပြည့်ပါ။ ကျွန်မ ဒါကိုယုံကြည်ပါတယ်။ ဘယ်နိုင်ငံကို ကြည့်ကြည့်ပါ။ အစိုးရ၀န်ထမ်းက အမြဲတမ်းရှိနေတယ်။ အစိုးရတွေသာပြောင်းသွားတာပါ
PN002
Source - https://www.youtube.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။