Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 9, 2016

အရမ်းချမ်းသာသူများရဲ့ သင်အတုယူသင့်သော အမူအကျင့် (၇) ခု

အရမ်းချမ်းသာသူများရဲ့ သင်အတုယူသင့်သော အမူအကျင့် (၇) ခု

ဒီဆောင်းပါးကိုရေးသားတဲ့ Inc. မဂ္ဂဇင်းရဲ့ ဆောင်းပါးရှင် Murray Newlands ဟာ ဆောင်းပါးအစမှာ အောက်ပါအတိုင်း ဟာသနှောပြီး ရေးသားထားပါတယ်.။

“ပုံမှန်အားဖြင့် မီလျံနာဖြစ်လာသူများဟာ မတော်တဆဖြစ်လာကြတာမဟုတ်ပါဘူး.။ လူနည်းစုကတော့ ထီပေါက်ပြီး ချမ်းသာလာတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်.။ ဒါပေမယ့် အဲဒီလိုထီပေါက်ဖို့ဆိုတာ အကြိမ်ရေ 304 billion မှာမှ တစ်ကြိမ်ဖြစ်နိုင်တာပါ.။ နောက်ထပ်ပြောရရင် ယနေ့ခေတ် ဆေးဝါးတွေမှီဝဲနေတဲ့ ချမ်းသာတဲ့ မိဘတွေဟာ ကိုယ်တွေထက်တောင် အသက်ရှည်ရင် ရှည်နိုင်ပါတယ်.။”

ဒီလိုရေးသားပြီးနောက် သူဟာ ယနေ့ကမ္ဘာမှာ မီလျံနာမက ဘီလျံနာအထိ ချမ်းသာနေကြသူများရဲ့ အလေ့အကျင့်တွေကို စုဆောင်းစာရင်းပြုစုပြီး အောက်ပါအတိုင်း ဖော်ပြထားပါတယ်.။

ယနေ့ခေတ်မှာ အရမ်းချမ်းသာသူတွေဟာ

(1) မနက်စောစောထကြပါတယ်.။

“ကမ္ဘာတဝှမ်းက အချမ်းသာဆုံး မီလျံနာ အယောက် ၁၀၀ ကိုရွေးထုတ်လိုက်ပါ.။ တစ်ယောက်မှ အိပ်ရာထ နောက်မကျဘူးဆိုတာ ကျွန်တော်လောင်းရဲပါတယ်.။” လို့ သူက ဆိုပါတယ်.။ အများစုဟာ မနက် 6 နာရီမှ 7 နာရီအတွင်း အိပ်ရာထတတ်ကြပါတယ်.။

တကယ်လို့ သင်ဟာ သူတို့လို မီလျံနာတစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်တဲ့ အချိန်နဲ့ Energy ကို လိုချင်တယ်ဆိုရင်တော့ မနက်စောစောထပြီး သူများတွေဘာမှမလုပ်ရသေးခင်မှာ နေ့သစ်ကို စတင်ဖို့ လိုပါတယ်.။

(2) နေ့စဉ်လေ့ကျင့်ခန်းလုပ်ကြပါတယ်.။

ချမ်းသာတဲ့ပုဂ္ဂိုလ်များဟာ မနက်မိုးလင်း နေထွက်စဉ်ကနေ ညနေနေဝင်ချိန်အထိ Project အသစ်တွေ၊ နေ့စဉ်ဝတ္တရားတွေနဲ့ အလုပ်တွေရှုပ်နေတတ်ကြပေမယ့် သူတို့အတွက် လေ့ကျင့်ခန်းလုပ်ချိန်ကိုတော့ ရှာဖွေနိုင်ကြပါတယ်.။

(3) ကိုယ့်ကိုယ်ကို သံသယ ဝင်မှုတွေကို ချေဖျက်နိုင်တယ်.။

လူတိုင်းလူတိုင်းက စွန့်စားမှုကြောင့်ဖြစ်လာမယ့် ပြဿနာတွေကို မုန်းတီးကြသလို ချမ်းသာသူများကလဲ မုန်းတီးကြတာပါပဲ.။ ကွာခြားသွားတဲ့အချက်ကတော့ အဲဒီပြဿနာတွေကို သူတို့ရင်ဆိုင်ဖြေရှင်းနိုင်ကြပါတယ်.။ စွန့်စားမှုလုပ်တယ် Risk ယူတယ်ဆိုတာ ကောင်းတဲ့ကိစ္စပါ.။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတယ်.။ သတ္တိတွေ ရှိလာစေပါတယ်.။ ချမ်းသာသူတွေဟာ ကိုယ့်ကိုယ်ကို သံသယမဝင်ဘူးတော့မဟုတ်ပါဘူး.။ ဒါပေမယ့် သူတို့ အဲဒီသံသယတွေကို ချေဖျက်နိုင်ကြပါတယ်.။

(4) ကိုယ့်အတွက် အလုပ်ဖြစ်တဲ့ကိစ္စတွေကို ဆုပ်ကိုင်ထားတတ်ကြတယ်.။

စီးပွားရေးလောက ဆိုတာ ရှုပ်ထွေးပါတယ်.။ ပြဿနာမျိုးစုံတက်နိုင်သလို ကျရှုံးမှုတွေ၊ အောင်မြင်မှုတွေလဲ ရှိမှာပါပဲ.။ ချမ်းသာသူတွေဟာ နည်းနည်းလေးကျရှုံးတာနဲ့ စိတ်ပျက်မသွားတတ်ကြသလို ကိုယ့်အတွက် အလုပ်ဖြစ်တဲ့ကိစ္စတွေကို ဆုပ်ကိုင်ထားတတ်ကြပါတယ်.။ ဟိုကိစ္စက ပိုကောင်းသလိုလို ရှိလို့ အဲဒီဘက်ကို မဆင်မခြင် ကူးသွားမယ်ဆိုတာမျိုး မရှိပါဘူး.။ တစ်ခုပြီးတစ်ခု ဆက်တိုက်လဲ မလုပ်တတ်ကြပါဘူး.။ တစ်ခုခုကို ဆုပ်ကိုင်မိပြီဆိုရင်၊ အဲဒီတစ်ခုခုကလဲ ကိုယ့်အတွက် အကျိုးတစ်ခုခုရှိတယ်ဆိုရင် လက်မလွှတ်တတ်ကြပါဘူး.။

(5) သူတို့ဟာ နေ့စဉ် နေ့လည်စာစားချိန် အနည်းဆုံး တစ်နာရီ ယူတတ်ကြပါတယ်.။

သူတို့ နေ့လည်စာစားချိန် တစ်နာရီယူတယ်ဆိုတာ အချိန်ဖြုန်းဖို့ ဟိုဒီသွားဖို့ မဟုတ်ပါဘူး.။ ဦးနှောက်နဲ့ မျက်လုံးကို အနားပေးတဲ့သဘောပါပဲ.။ ဦးနှောက်မှာ အာရုံစူးစိုက်နိုင်စွမ်းဟာ အကန့်အသတ်ရှိပါတယ်.။ ဒါကြောင့် ဦးနှောက်ကို အနားပေးဖို့လိုအပ်ပါတယ်.။ မျက်လုံးတွေဟာလဲ ဒီအတိုင်းပါပဲ.။ အချိန်အကြာကြီး အသုံးပြုနေတဲ့အခါ မျက်လုံးတွေနာပြီး ခေါင်းတွေကိုက်လာပါလိမ့်မယ်.။ ဒါကိုသိတဲ့အတွက် သူတို့ဟာ နေ့လည်စာစားချိန်ကို ကြာကြာယူပြီး ကိုယ့်ကိုကိုယ် Break ပေးလိုက်တာပါ.။

(6) ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာ သိပါတယ်.။

သူတို့ဟာ ဘာကိုမှ အလွန်အကျွံမလုပ်ကြပါဘူး.။ အလုပ်လုပ်ခြင်းကို ဘယ်အချိန်ရပ်ရမလဲသိပါတယ်.။ ဘယ်အချိန်မှာ ကိုယ့်ကိုကိုယ် အနားပေးပြီး အိပ်စက်ရမလဲသိပါတယ်.။ ဘယ်အချိန်မှာ လေ့ကျင့်ခန်းလုပ်တာ ရပ်ရမလဲသိပါတယ်.။ တစ်ခါတစ်လေ အလုပ်အရမ်းလုပ်လွန်သွားပြီး နောက်တစ်နေ့ဘာမှ မလုပ်နိုင်တော့တာမျိုး၊ ကိုယ်ဝါသနာပါရာ စိတ်ပျော်ရာလေးတွေကို မလုပ်ဖြစ်တော့တာမျိုးတွေကို သူတို့ အဖြစ်မခံပါဘူး.။

(7) နေ့စဉ် လေ့လာသင်ယူဖို့အတွက် အချိန်တစ်ခုပေးတတ်ကြပါတယ်.။

ဒီအချက်ဟာ အတော်များများကျော်သွားတတ်ကြတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်.။ လေ့လာသင်ယူမှုဆိုတာ ဘွဲ့ရပြီးတာနဲ့ ပြီးသွားတာမဟုတ်ပါဘူး.။ တစ်နှစ်ကို ဒေါ်လာတစ်သိန်း ရတဲ့ အလုပ်တစ်ခုရတဲ့အချိန်မှာလဲ လေ့လာသင်ယူမှုဟာ မပြီးသေးပါဘူး.။ အမြဲလေ့လာသင်ယူနေဖို့ လိုအပ်ပါတယ်.။ သင်ယူတဲ့နေရာမှာ အခြားအရေးကြီးတာတစ်ခုကတော့ အခြားသူတွေရဲ့ ကျရှုံးမှုတွေကို လေ့လာပြီး အဲဒီထဲက သင်ယူတာပဲ ဖြစ်ပါတယ်.။ သူများတွေလုပ်ခဲ့တဲ့ အမှားထဲက သင်ခန်းစာယူပြီး ကိုယ်တိုင်မမှားရအောင် သင်ယူသင့်ပါတယ်.။

Written by: အောင်မွန်ချမ်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။