မြန်မာစာ ရေးသားရာမှာ မှားယွင်းတတ်၊ ရောထွေးတတ်တဲ့ စကားလုံးတွေကို ရိုးရာလေးက အပတ်စဉ် ဖော်ပြပေးနေပါတယ်။
အခုတစ်ပတ်မှာတော့ “ဖူး” နဲ့ “ဘူး” ရဲ့
ကွာခြားပုံတွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။ “ဖူး” နဲ့ “ဘူး” အသုံးပြုပုံကို
လူအများစုက သိပြီးသား ဖြစ်လောက်ပေမယ့် တစ်ခါတစ်လေ သတိလက်လွတ်နဲ့
မှားယွင်းသုံးစွဲမိတာတွေ၊ ရောထွေးနေတတ်တာတွေ ရှိနိုင်တဲ့ အတွက် အခု ပြန်လည်
မျှဝေလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
“ဖူး ကို ရောက်ဖူးတာ ၊ ဖြစ်ဖူးတာ၊ အရင်က တွေ့ကြုံခံစားဖူးတာတွေ အတွက် သုံးပါတယ်။
“ မင်း ပုဂံကို ရောက်ဖူးသလား”
“ဟုတ်ကဲ့ ၊ ကျွန်တော်ရောက်ဖူးပါတယ် “
ဒီဥပမာမှာ ပုဂံကို ရောက်ဖူးတာ၊ ဒီအဖြစ်အပျက်ကို အရင်ကဖြစ်ခဲ့တဲ့ အတွေ့အကြုံရှိခဲ့တာကို ပြဖို့ “ဖူး” ကို သုံးတာပါ။
“ဘူး” ကိုတော့ ငြင်းပယ်တဲ့ သဘောနဲ့ သုံးပါတယ်။
ဥပမာ - ကျွန်တော်မသိဘူး ။ ဒီနေ့ မိုးမရွာဘူး ။
ဒီရှင်းပြချက်တွေကို သဘောပေါက်သွားပြီဆိုရင် နောက်ဆုံးဥပမာ တစ်ခုကို ကြည့်ကြပါစို့ ။
“ နိုင်ငံခြား သွားဖူးသလား “
“မသွားဖူး ပါဘူး “
ဒီ အဖြေမှာ “ဖူး” ကို အရင်က သွားဖူးတဲ့ အတွေ့အကြုံ ရှိ၊မရှိ ဆိုတာနဲ့ ဆက်စပ်သုံးထားပြီး “ဘူး” ကိုတော့ အငြင်းသဘောနဲ့ သုံးထားတယ်ဆိုတာ မြင်နိုင်မှာပါ။
မှားယွင်းရောထွေးတတ်တဲ့ မြန်မာစာ အသုံးအနှုန်းတွေကို ရိုးရာလေးက ပုံမှန်တင်ဆက် မျှဝေပေးလျက် ရှိနေပါတယ်။ အရင် post တွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ကိုးကား ။ ။ ပညာရေး ဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် “မြန်မာစာ မြန်မာစကား”
(Design - Ti Nyain)
http://yoyarlay.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။