လန်ချား
▄▄▄▄▄
ခင်ဗျားတို့တော်တော်လေးခေတ် နောက်ကျနေကြပြီ။ သူများတွေက အင်္ဂါဂြိုလ်မှာနေထိုင်ဖို့အတွက်တောင်
ပြင်ဆင်နေပြီ။ ခင်ဗျားတို့က အခုထက်အထိ ဟိုဟာဒီဟာလုပ်နေတဲ့
အဆင့်ပဲရှိနေသေးပါလား။ Pass Port ကိုင်ပြီး ခင်ဗျားတို့ လေဆိပ်ကနေ
အခြားနိုင်ငံတစ်ခုကို သွားကြည့်လိုက်ပါ၊ သူများနိုင်ငံ ရောက်သွားရင်
ခင်ဗျားကိုကချင်လို့ လည်းမခေါ်ဘူး၊ ကရင်လို့လည်းမပြောဘူး၊ မွန်ဆိုတာလည်း မသိ
ဘူး၊ ကုလား၊တရုတ်လို့ ဆိုနေတာတွေလည်းမရှိဘူး။ မြန်မာ Pass Port ကိုင်ထားရင်ခင်ဗျား ဘာတိုင်းရင်းသားဖြစ်ဖြစ် ဘယ်ဘာသာ ကိုးကွယ် ကိုးကွယ် ခင်ဗျား မြန်မာလို့ပဲခေါ်ခံရမှာ။ လေဆိပ်မှာ တ ခြားနိုင်ငံသားတွေရဲ့ အနောက်ဆုံးကနေ တန်းစီရမှာပါ။
အမေရိကန်သမ္မတ Mr.Obama ရန်ကုန်ကိုလာသွားတုန်းက ပြော သွားတာတစ်ခုရှိတယ်။ သူတို့အမေရိကန် ပြည်ထောင်စုထဲမှာ နေ ထိုင်တဲ့ လူမျိုးစုတွေအများကြီး၊မတူညီတဲ့ဘာသာတရား
ကိုးကွယ် တဲ့ လူတွေလည်း အများကြီး၊ အဖြူ၊ အမဲ၊ အညို၊ အ၀ါ အရောင်စုံ
လူတွေရှိကြပါတယ်တဲ့။ ဘယ်သူ့ကိုမေးမေး ငါအမေရိကန် လို့ပဲ ဖြေကြပါတယ်တဲ့။
ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်နိုင်ငံသား ဖြစ်ရတာကို ဂုဏ်ယူကြလို့ပါတဲ့။
နေရာနဲ့နံမည်ဆိုတာအဓိကမကျပါ ဘူး၊
တိုင်းပြည်ချစ်တဲ့စိတ်က အဓိကပါ။ အခုထက်အထိ ငါကောင်းစားရေး ဆိုတဲ့
လူမျိုးကြီးဝါဒ ကျင့်သုံးဦးမယ်ဆိုရင် မကြာခင် ခင်ဗျားတို့
တွေ့တဲ့လူကိုကြောက် ရတဲ့ ကြောက်ခေတ်ကိုပြန် ရောက်ကြတော့မှာပါ။ လူငယ်တွေသေ
ကြရတာကို ပြန်မြင်ရလာတော့မယ်။ သေဆုံးသွားရတဲ့ လူငယ်တွေ အတွက်
ငိုကြွေးနေကြတဲ့ မိခင်တွေ၊ ဇနီးမယား သားသမီးတွေကို ပြန်မြင်လာရပါလိမ့်မယ်။
ယမ်းငွေ့တွေကို ပြန်လည်ရှူရှိက် ကြရပါ လိမ့်မယ်။
အခွင့်အရေးရတယ်၊အခွင့်အရေးရှိတယ်ဆိုတာလောက်ပဲစဉ်းစားပြီး နောက်ဖြစ်လာမဲ့လူတွေအတွက်မစ ဉ်းစား
တတ် သေးဘူးဆိုရင် ခင်ဗျားတတ်ထားတဲ့ပညာတွေ၊ ရထားတဲ့ ဂုဏ်တွေဟာ တန်ဘိုးမရှိ
တဲ့ အရာတွေလို့ သတ်မှတ်ရပါတော့မယ်။ ခင်ဗျားရဲ့သမိုင်းကြောင်း တွေကိုလည်း
နွားတင်းကုတ်လောက်ရှိတဲ့ ပြတိုက်ထဲမှာပဲ ထား လိုက်ရတော့မယ်ထင်ပါတယ်။
ခေတ်နဲ့အညီမသွားပဲ ခေတ်နောက် ပြန်ဆွဲနေတဲ့ စကားတွေ ထပ်ပြောနေမယ် ဆိုရင်တော့
ခင်ဗျားဟာ နောက်ပြန်ဆွဲရတဲ့ လန်ချားနဲ့ တူတဲ့လူတစ်ယောက်ပါပဲ။
ဟန်စိုး
(၄-၉-၂၀၁၆)
▄▄▄▄▄
ခင်ဗျားတို့တော်တော်လေးခေတ်
အမေရိကန်သမ္မတ Mr.Obama ရန်ကုန်ကိုလာသွားတုန်းက ပြော သွားတာတစ်ခုရှိတယ်။ သူတို့အမေရိကန် ပြည်ထောင်စုထဲမှာ နေ ထိုင်တဲ့ လူမျိုးစုတွေအများကြီး၊မတူည
နေရာနဲ့နံမည်ဆိုတာအဓိကမကျပါ
အခွင့်အရေးရတယ်၊အခွင့်အရေးရ
ဟန်စိုး
(၄-၉-၂၀၁၆)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။