သမ္မတဧည့်သည်
------ ------ ------
အမေရိကန်ပြည်ထောင်စုမှာ သမ္မတကဖိတ်ကြားလို့တရားဝင်ခရီးရောက်ရှိလာတဲ့
ပြည်ပခေါင်းဆောင်တွေဟာ အိမ်ဖြူတော်မျက်စောင်းထိုးယွန်းယွန်းမှာရှိတဲ့ Blair House မှာတည်းခိုကြပါတယ်။ ဒေါ်စုဟာ အိုဘားမားကဖိတ်ကြားလို့ ဝါရှင်တန်ဒီစီကိုရောက်လာမှာ မို့ Blair House မှာတည်းဖို့က သေချာပါတယ်။
လန်ဒန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းတည်းခဲ့ ဖူးတဲ့
Dorchester ဟိုတယ်က ဗိုလ်ချုပ်နေခဲ့ဖူးတဲ့ အခန်းမှာပဲ နေရာချထားပေးတယ်
ဧည့်သည်ဆိုတော့ အိမ်ရှင်နေရာချထားပေးသလို တည်းရတယ်ဆိုပေမဲ့
သမိုင်းဝင်သွားတာပါပဲ ၂၀၁၂ ခုစက်တင်ဘာမှာ ဒေါ်စု ဝါရှင်တန်ဒီစီရောက်လာပြီး
မြန်မာမိသားစုတွေ
နဲ့တွေ့တဲ့ American University ဟာလည်း နေအိမ်အကျယ်ချုပ်ကျချိန်က အမေရိကန်မှာ မြန်မာ့ဒီမိုကရေစီရေးနဲ့ ဒေါ်စုလွတ်မြောက်ရေးအတွက် ပထမဆုံးလှုပ်ရှားခဲ့တဲ့ သမိုင်းဝင်နေရာပါပဲ။
တရားဝင်နိုင်ငံ့ခေါင်းဆောင် တဦးအဖြစ် ၂၀၁၆ စက်တင်ဘာမှာ ရောက်လာချိန်မှာ ဝါရှင်တန်ဒီစီကနေမှ နယူးယောက်မှာကျင်းပတဲ့ ကုလသမဂွ အထွေထွေ ညီလာခံကို တက်ရောက်မှာပါ။
ဦးသိန်းစိန်နိုင်ငံ့ခေါင်း ဆောင်ဘဝက အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော် ဝါရှင်တန်ဒီစီရောက်လာတုန်းက Four Season ဆိုတဲ့ ဟိုတယ်မှာ တည်းခဲ့တာပါ Blair House မှာ မဟုတ်ပါ။
ဒီ Blair House မှာ နောက်ဆုံးတည်းခဲ့တဲ့ မြန်မာ့ခေါင်းဆောင်ကအမေရိကန်
အစိုးရဧည့်သည်တော်အဖြစ် ၁၉၆၆ စက်တင်ဘာလမှာပဲ ရောက်လာခဲ့တဲ့
ဦးနေဝင်းပါပဲ။ နိုင်ငံတော်ကောင်စီ ဥက္ကဌအနေနဲ့ပါ။
အမေရိကန်သမ္မတ Johnson ရဲ့ဧည့်သည်တော်အနေနဲ့ တခမ်းတနား ကြိုဆိုတာ
ဗဟိုရုပ်ရှင်ကပြပါတယ်။
ဒါပေမဲ့ ဒီခရီးစဉ်မှာ အမေရိကန်- မြန်မာခေါင်းဆောင်နှစ်ဦး မသင့်မမြတ်ဖြစ်ခဲ့တယ်
လို့ဆိုပါတယ်။ ဒီနောက်ဒီBlairHouseကိုဘယ်ြ မန်မာခေါင်းဆောင်မှ ခြေမချခဲ့ဘူး။
၁၉၆၆ ကနေ ခု ၂၀၁၆ အနှစ် ၅၀ နေမှ တကြိမ်ပြန်ခြေချမယ့် မြန်မာ့ခေါင်းဆောင်
ရောက်လာမယ် ။ဘုရားရေ လူတယောက်လူလားကောင်းကောင်းေ မြာက်နိုင်တဲ့
အနှစ် ၅၀ တောင်ပါလား။
အမေရိကန်ပြည်ထောင်စုကို လာရောက်ခဲ့ဖူးတဲ့ မြန်မာ့ခေါင်းဆောင်စာရင်းကို
နိုင်ငံခြားရေးဌာနက ဖော်ပြထားတာကတော့ ဝန်ကြီးချုပ်ဦးနုက ၁၉၅၅ ဇူလိုင်။ သမ္မတ မန်းဝင်းမောင်က ၁၉၅၇ ဒီဇင်ဘာ နောက် ဦးနေဝင်း၊ ၂၀၁၃ မှာတော့ ဦးသိန်းစိန် ဆိုတာပါပဲ။
ဗြိတိန်နန်းသက်ရှည်ဘုရင်မ အဲလီဇဘက်တည်းခဲ့တဲ့ Blair House ကို
၂၀၁၆ စက်တင်ဘာမှာတော့ ဒေါ်စု ရောက်ပြီပေါ့။
NewsWatch
------ ------ ------
အမေရိကန်ပြည်ထောင်စုမှာ သမ္မတကဖိတ်ကြားလို့တရားဝင်ခရ
ပြည်ပခေါင်းဆောင်တွေဟာ အိမ်ဖြူတော်မျက်စောင်းထိုးယ
လန်ဒန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းတည်းခဲ့
နဲ့တွေ့တဲ့ American University ဟာလည်း နေအိမ်အကျယ်ချုပ်ကျချိန်က အမေရိကန်မှာ မြန်မာ့ဒီမိုကရေစီရေးနဲ့ ဒေါ်စုလွတ်မြောက်ရေးအတွက် ပထမဆုံးလှုပ်ရှားခဲ့တဲ့ သမိုင်းဝင်နေရာပါပဲ။
တရားဝင်နိုင်ငံ့ခေါင်းဆောင်
ဦးသိန်းစိန်နိုင်ငံ့ခေါင်း
ဒီ Blair House မှာ နောက်ဆုံးတည်းခဲ့တဲ့ မြန်မာ့ခေါင်းဆောင်ကအမေရိကန
အစိုးရဧည့်သည်တော်အဖြစ် ၁၉၆၆ စက်တင်ဘာလမှာပဲ ရောက်လာခဲ့တဲ့
ဦးနေဝင်းပါပဲ။ နိုင်ငံတော်ကောင်စီ ဥက္ကဌအနေနဲ့ပါ။
အမေရိကန်သမ္မတ Johnson ရဲ့ဧည့်သည်တော်အနေနဲ့ တခမ်းတနား ကြိုဆိုတာ
ဗဟိုရုပ်ရှင်ကပြပါတယ်။
ဒါပေမဲ့ ဒီခရီးစဉ်မှာ အမေရိကန်- မြန်မာခေါင်းဆောင်နှစ်ဦး မသင့်မမြတ်ဖြစ်ခဲ့တယ်
လို့ဆိုပါတယ်။ ဒီနောက်ဒီBlairHouseကိုဘယ်ြ
၁၉၆၆ ကနေ ခု ၂၀၁၆ အနှစ် ၅၀ နေမှ တကြိမ်ပြန်ခြေချမယ့် မြန်မာ့ခေါင်းဆောင်
ရောက်လာမယ် ။ဘုရားရေ လူတယောက်လူလားကောင်းကောင်းေ
အနှစ် ၅၀ တောင်ပါလား။
အမေရိကန်ပြည်ထောင်စုကို လာရောက်ခဲ့ဖူးတဲ့ မြန်မာ့ခေါင်းဆောင်စာရင်းကိ
နိုင်ငံခြားရေးဌာနက ဖော်ပြထားတာကတော့ ဝန်ကြီးချုပ်ဦးနုက ၁၉၅၅ ဇူလိုင်။ သမ္မတ မန်းဝင်းမောင်က ၁၉၅၇ ဒီဇင်ဘာ နောက် ဦးနေဝင်း၊ ၂၀၁၃ မှာတော့ ဦးသိန်းစိန် ဆိုတာပါပဲ။
ဗြိတိန်နန်းသက်ရှည်ဘုရင်မ အဲလီဇဘက်တည်းခဲ့တဲ့ Blair House ကို
၂၀၁၆ စက်တင်ဘာမှာတော့ ဒေါ်စု ရောက်ပြီပေါ့။
NewsWatch

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။