စလုံး added 3 new photos.
အင်ဒိုနီးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မြန်မာနိုင်ငံ၏အထင်ကရခေါင်းဆောင်တစ်ဦးဓါတ်ပုံကားချပ်ကို ဂုဏ်ယူစွာဖြင့်ပြသထား။
===============
ဂျကာတာ စက်တင်ဘာလ ၁၃ ရက်
အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာ ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်အမည်ကတော့ Soekarno-Hatta International airport ဖြစ်ပါတယ်။
အဆိုပါလေဆိပ်အမည်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဦးဆုံး သမ္မတ Soekarno နှင့် ဒုတိယသမ္မတ Mohammad Hatta တို့နှစ်ဦးလုံးကို ဂုဏ်ပြုပြီး မှည့်ထားတဲ့ နာမည်ဖြစ်ပါတယ်။
Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးဟာ နိုင်ငံတကာလေဆိပ်များထဲမှာ ၁၈ ခုမြောက် အသုံးပြုသူအများဆုံးလေဆိပ်ကြီးလည်းဖြစ်ပါတယ်။
အဆိုပါလေဆိပ်ကြီးရဲ့ ဆိုက်ရောက်ခန်းမဆောင်ကြီးထဲမှာ နိုင်ငံတကာမှ ထင်ရှားကျော်ကြားသောခေါင်းဆောင်ကြီးများရဲ့ ပုံတူဓါတ်ပုံကားချပ်များကို ဂုဏ်ယူစွာနဲ့ပြသထားလျက်ရှိပါတယ်။
အဲဒီထဲမှာ မြန်မာနိုင်ငံမှ ဝန်ကြီးချုပ်ဟောင်း ဦးနု ရဲ့ ပုံတူဓါတ်ပုံကားချပ်လည်း ပါနေတာကိုဝမ်းသာစွာတွေ့ရပါတယ်။
မြန်မာဝန်ကြီးချုပ်ဟောင်း ဦးနု ဟာ မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ယူခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
စလုံးpage

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။