Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 14, 2016

တစ်စုံတစ်ခု ကြီးကြီးကျယ်ကျယ် လုပ်ပြဖို့ ကမ္ဘာကြီးက သင့်ကို အလိုရှိသည် ...

တစ်စုံတစ်ခု ကြီးကြီးကျယ်ကျယ် လုပ်ပြဖို့ ကမ္ဘာကြီးက သင့်ကို အလိုရှိသည် ...

တစ်ခုသောမနက်ခင်းမှာ Tom ဟာ အာရုံမတက်မီ အိပ်ရာကထပြီး သူ့ချစ်ဇနီးဖြစ်သူ Cheryl McGuinness ကိုနှုတ်ဆက်ပြီး အလုပ်ကို သွားပါတယ်။ အလုပ်ကို မသွားခင်မှာလည်း သူလုပ်နေကျအတိုင်း သူကဇနီးကို နမ်းပါတယ်။

နာရီအနည်းငယ်ကြာတဲ့အချိန်မှာ Cheryl နိုးလာတယ်။ သူမရဲ့ ဆယ်ကျော်သက်အရွယ် သမီးနဲ့ သားကို ကျောင်းကို ပို့တယ်။ ပြီးတော့ နေ့စဉ် ထုံးစံအတိုင်း လုပ်စရာရှိတာတွေကို လုပ်တယ်။

ပြီးတော့ သူမကို သူငယ်ချင်းတစ်ယောက်က ဖုန်းခေါ်တယ်။ Tom တစ်ယောက် အိမ်မှာရှိလားတဲ့။ ခဏနေတော့ နောက်တစ်ယောက်က ထပ်ခေါ်တယ်။ သူမ သိလိုက်တယ်။ တစ်ခုခုတော့ ဖြစ်နေပြီ။ ဒါပေမယ့် သူမမှာ ဘာဖြစ်နေတယ်ဆိုတာ သိဖို့ ဘာသဲလွန်စမှ မရှိဘူး။ သူအဖြေကို ရှာတဲ့အချိန်မှာ သိလိုက်တယ်။ သူ့သူငယ်ချင်းက နောက်ဆုံးမှာ အဖြေပေးတယ်။ “လေယာဉ်ပျံတစ်စင်း ပြန်ပေးဆွဲခံနေရပြီ”တဲ့။

အဲဒါကတော့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ခင်းဖြစ်ပြီး Cheryl ရဲ့ ခင်ပွန်း Tom ဟာ Amreican Airlines ရဲ့ လေယာဉ်မှူးတစ်ယောက်ဖြစ်ပါတယ်။

နောက်တော့ သူမရဲ့အိမ်မှာ သူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေ၊ တခြားလေယာဉ်မှူးတွေ၊ သူတို့ ဘုရားရှိခိုးကျောင်းကလူတွေနဲ့ ပြည့်နေပြီး နာရီအတော်ကြာတဲ့အထိ သူမဟာ သူမမေးခွန်းတွေအတွက် အဖြေမရှာနိုင်ဘူး ဖြစ်နေပါတယ်။ ဒါပေမယ့် လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးချုပ်ကို သယ်ဆောင်လာတဲ့ ကားတစ်စီး သူမအိမ်ရှေ့ကို ရောက်လာတဲ့အခါမှာတော့ သူမဟာ ဘာတွေဖြစ်ခဲ့ပြီဆိုတာ သိရှိလိုက်ပါတယ်။ သူမရဲ့ ခင်ပွန်း တွဲဖက်လေယာဉ်မှူးလုပ်နေတဲ့ အမေရိကန်အဲလိုင်း လေယာဉ်အမှတ် ၁၁ ဟာ World Trade Center ကို ၀င်တိုက်တဲ့ ပထမ လေယာဉ်အစင်း ဖြစ်ပြီး သူမခင်ပွန်း Tom အပါအ၀င် လေယာဉ်ပေါ်မှာ ပါဝင်သူအားလုံးဟာ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ကံဆိုးမိုးမှောင်ကျတဲ့ အဖြစ်အပျက်ကနေ လွတ်မြောက်လာတဲ့လူအများစုလိုပဲ Cheryl အနေနဲ့ အတတ်နိုင်ဆုံး သူမကိုယ်သူမ ထိန်းပါတယ်။ တစ်ချို့သူတွေဟာ ခက်ခက်ခဲခဲ ကြိုးစားရချိန်မှာ တစ်ချို့လူတွေဟာ ဆိုးဝါးတဲ့အဖြစ်အပျက်တွေကို ကောင်းစွာ စီမံခန့်ခွဲနိုင်ပါတယ်။ ကျွမ်းကျင်သူများရဲ့ အဆိုအရ World Trade Center အတိုက်ခံရပြီး ပြန်လည်နိုးထလာကြတဲ့အချိန်မှာ လူတော်တော်များများဟာ စိတ်ဖိစီးမှုများ၊ စိတ်ကျရောဂါများ၊ စိတ်ကစဥ့်ကလျားဖြစ်တဲ့ရောဂါများကို ခံစားကြရပါတယ်။

9/11 ဖြစ်စဉ်ကနေ သူမဘ၀နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ၀မ်းနည်းစရာအဖြစ်အပျက်ကို ရင်ဆိုင်ရသော်လည်း Cheryl အနေနဲ့ အခက်အခဲတွေအောက်မှာ ကောင်းစွာ လုပ်ကိုင်နိုင်ခဲ့ပါတယ်။ သူမရဲ့ Beauty Beyond the Ashes ဆိုတဲ့ စာအုပ်မှာ သူမက ဒီလိုရေးခဲ့ပါတယ်။

“မဖြစ်နိုင်ဘူး၊ သဘာဝမကျဘူး၊ မတရားဘူးလို့ မြင်ရတဲ့ ဒီအဖြစ်အပျက်ကြောင့် ကံဆိုးမိုးမှောင်ကျပြီးတဲ့နောက်မှာ ကျွန်မတို့မှာ လုပ်စရာတွေရှိနေပါသေးတယ်။ ကျွန်မတို့ မှာ ၀င်ဖြည့်လုပ်ကိုင်ရမယ့် နေရာတွေ ရှိတယ်။ ကျွန်မတို့မှာ မိသားစုရယ်၊ တခြားလူတွေရယ်အတွက် တာဝန်ဝတ္တရားတွေ ရှိတယ်။ ဘ၀အကြောင်းအရာဟာ ခဏတာ ရပ်တန့်သွားပေမယ့် လုံးဝ ရပ်တန့်သွားတာ မဟုတ်ဘူး။ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ အဲဒါ အမှန်တရားပဲ”

Cheryl အနေနဲ့ သူမရဲ့ ကဏ္ဍကို သူမ အင်အားရယ်၊ ဆုံးဖြတ်ချက်တွေရယ်နဲ့ ပြည့်အောင် ဖြည့်ဆည်းခဲ့ပါတယ်။ သူမ ခင်ပွန်းရဲ့ ဈာပနကို ပြင်ဆင်တယ်။ အဲဒီမှာ သူမစကားပြောတယ်။ အဲဒါဟာ သူမအတွက် Comfort Zone ကနေ ထွက်ရတာပါပဲ။ သူမကလေးတွေကို ဂရုစိုက်တယ်။ သူမရဲ့ အိမ်ထောင့်တာဝန်တွေအတွက် Single Parent တစ်ယောက်အနေနဲ့ စတင်ထမ်းရွက်တယ်။ မုဆိုးမတစ်ယောက်အနေနဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို သူမ လျင်မြန်စွာ သင်ယူတယ်။

အတွေ့အကြုံတွေ အားလုံးဟာ သူမရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းတွေပဲ ဖြစ်ခဲ့တယ်။ သူမရေးတယ်။

“ကျွန်မနေ့တိုင်း ပိုပြီးသင်ယူတယ်။ 9/11 အဖြစ်အပျက်တွေက ကျွန်မ ဘယ်သူလဲဆိုတာကို ရှာဖွေဖို့ ကျွန်မကို တွန်းအားတွေပေးတယ်။ ကျွန်မဘယ်တုန်းကမှ မရင်ဆိုင်ဖူးတဲ့အခြေအနေနဲ့ ကျွန်မကိုယ်ကျွန်မ ရင်ဆိုင်ဖို့ တွန်းအားတွေ ပေးတယ်။ ဘုရားသခင်ကို ကျွန်မဆီကနေ ဘာတွေလိုချင်တာလဲ၊ ကျွန်မကိုယ်ထဲမှာရှိတဲ့ ဘုရားသခင်ရဲ့ စွမ်းအားတွေနဲ့ ကျွန်မဘာတွေလုပ်နိုင်မလဲ၊ တခြားလူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ကို ကျွန်မကို ဘုရားသခင်က ဘယ်လိုအသုံးချမလဲ ဆိုတဲ့ မေးခွန်းတွေကို မေးဖို့ တွန်းအားတွေ ပေးတယ်”

ပြီးတော့ အခု သူမလေ့လာတာဟာ သူမရဲ့ ခင်ပွန်း Tom ကနေ တဆင့်မဟုတ်ပဲ သူမဟာ သူမလေ့လာနေတာဖြစ်တယ်။ Cheryl က ပြောတယ်။ သူမ ဘယ်လောက် ရူးကြောင်ကြောင် နိုင်ခဲ့တယ်ဆိုတာ Tom မဆုံးခင်အချိန်အထိ သူမ မသိခဲ့ဘူးတဲ့။ သူမ ခင်ပွန်း မဆုံးခင်က သူမအနေနဲ့ သူမတိုးတက်ဖို့အတွက် ခင်ပွန်းသည်ကိုပဲ မှီခိုခဲ့တာဖြစ်တယ်။ အခုဆိုရင်တော့ သူ့တာဝန်ကို သူ့ဟာသူ ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

သူမတိုးတက်လာတဲ့ ကဏ္ဍတွေထဲမှာ တစ်ခုကတော့ လူအများရှေ့မှာ စကားပြောခြင်းဖြစ်ပါတယ်။

“9/11 မတိုင်ခင်မှာ ကျွန်မဟာ Public Speaker ကောင်းတစ်ဦး မဖြစ်ခဲ့ဘူး။ လူအများကြီးရှေ့မှာ စကားပြောဖို့ အတွေးတစ်ခုကတောင် ကျွန်မကို ကြောက်ရွံ့စေတယ်။ Tom ရဲ့ နာရေးမှာ ကျွန်မစကားပြောတုန်းက အဲဒီတစ်ရက်အတွက် ကျွန်မရဲ့ ကြောက်ရွံ့စိတ်ကို ဖယ်ရှားထားခဲ့တယ်။ ဒါဟာ ဘ၀မှာ တစ်ခါတည်းသော အခွင့်အရေး ဆိုပြီးတော့ဖြစ်တယ်။ နောက်တစ်ကြိမ် လူရှေ့မှာ စကားပြောဖို့တော့ ကျွန်မလုံးဝ မမျှော်လင့်ထားခဲ့ဘူး”

ဒါပေမယ့် လူတွေက သူမကို စကားပြောဖို့ တောက်လျှောက်တိုက်တွန်းတဲ့အခါမှာ သူမဟာ တစ်ဆင့်ချင်း Public Speaker တစ်ဦး ဖြစ်လာခဲ့တယ်။ သူမဟာ သူမရဲ့ ဆုံးရှုံးမှုတွေကို အခြားလူတွေအတွက် အကျိုးရှိစေဖို့အတွက် ဆုံးဖြတ်ချက် ချခဲ့တယ်။

သူမကလေးတွေ ကြီးလာတဲ့အခါမှာ သူမ နောက်အိမ်ထောင်ပြု ဖြစ်ပါတယ်။ သူမရဲ့ နောက် ခင်ပွန်းနာမည်က Doug Hutchins လို့ ခေါ်တယ်။ သူမဟာ ဘ၀မှာ ပြည့်ပြည့်၀၀ အနှစ်သာရရှိရှိ နေထိုင်လျက်ရှိပါတယ်။ 9/11 ဆယ်နှစ်ပြည့်တဲ့အချိန်မှာ သူမကို ကံဆိုးမိုးမှောင်ကျမှု အကြောင်းကို မေးကြတယ်။

"အဲဒါက ဘယ်သူမှ မေ့ဖျောက်နိုင်မယ်လို့ ကျွန်မ မထင်တဲ့ အရမ်း၊ အရမ်း၊ အရမ်းကို ဆိုးရွားတဲ့နေ့ဖြစ်တယ်။ စက်တင်ဘာ ၁၁ ရက်နေ့ရဲ့ ပြာမှူန်တွေ လွင့်ပျယ်သွားချိန်မှာ၊ အုတ်ခဲပုံ အကျိုးအပျက်တွေ ဖယ်ရှားပြီးချိန်မှာ ကျွန်မ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အချိန်ကထက် ပိုပြီး ခွန်အားရှိလာပြီ ဖြစ်ကြောင်း ကောင်းကောင်း ပြောနိုင်ပါပြီ”

ဒါကတော့ ဆိုးဝါးတဲ့ အတွေ့အကြုံတွေကို ကောင်းစွာ စီမံခန့်ခွဲနိုင်တဲ့သူတစ်ဦးအနေနဲ့ ဖြစ်လာနိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်လေးက ကျွန်တော့်ရဲ့ Mentor John C. Maxwell ပြောပြတဲ့ ပုံပြင်လေး ဖြစ်ပါတယ်။

တစ်ခုခု ဆုံးရှုံးရပြီဆိုရင် ဘ၀ရဲ့ အစိတ်အပိုင်းအားလုံးမှာ ထိခိုက်ကြရတယ်။

အဲဒီတော့ နာကျင်ရတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ရင် အမှန်တရားတွေက ဘာတွေလဲ။

နံပါတ် ၁

တွေ့သမျှလူကို မေးကြည့်ပါ။ လူတိုင်းမှာ နာကျင်စရာ အတွေ့အကြုံတွေ ရှိတယ်။

တစ်ချို့ရက်တွေမှာ ကျွန်တော်တို့ ပျော်ရင် ပျော်တယ်၊

တစ်ချို့ ရက်တွေမှာ ကျောက်ရုပ်ကြီးလိုနေမယ်။ ငူငူကြီးနေမယ်။

နံပါတ် ၂

နာကျင်မှုနဲ့ ပတ်သက်လာရင် လူတိုင်း အဲဒါကို မကြိုက်ဘူး။ ဘယ်လောက်ပဲ သင်ခန်းစာတွေ ရမယ်ဖြစ်ဖြစ် ဘယ်လို စိတ်မှန်တဲ့လူမျိုးကမှ သူတို့ ဘ၀မှာ မကောင်းတာ တွေ ဖြစ်လာဖို့ မမျှော်လင့်ဘူး။

အဲဒီ အချိန်မှာ ရအောင် ရုန်းကန်ရင်း ရုန်းကန်ရင်းနဲ့ ကျွန်တော်တို့ ကြိုက်လာလိမ့်မယ်။ ဘာကိုလဲဆိုရင် သင်ခန်းစာတွေကို ကြိုက်လာလိမ့်မယ်။

ကျွန်တော်တို့ သင်ခန်းစာတွေကို ကြိုက်ရမယ်။ မကောင်းတဲ့ အတွေ့အကြုံတွေကိုတော့ ကြိုက်မှာ မဟုတ်ဘူး။

နံပါတ် ၃

ဒါပေမယ့် တစ်ချို့လူတွေကပဲ အဲဒီအတွေ့အကြုံတွေကို ကောင်းတဲ့အတွေ့အကြုံတွေအဖြစ် ဖန်တီးယူနိုင်ကြတယ်။

ဘယ်လိုနာကျင်မှုမျိုးတွေ ရှိလဲ။

- အတွေ့အကြုံမရှိလို့ နာကျင်ရတယ်။

- ကျွမ်းကျင်မှုမရှိလို့နာကျင်ရတယ်။

- စိတ်ဓါတ်ကျလို့ နာကျင်ရတယ်။

- ပြဿနာတွေ ဖြစ်လို့ နာကျင်ရတယ်။

- ပြောင်းလဲမှုတွေလုပ်ရလို့ နာကျင်ရတယ်။

- ကျန်းမာရေး မကောင်းလို့ နာကျင်ရတယ်။

- ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရလို့ နာကျင်ရတယ်။

- ငွေကြေးဥစ္စာတွေ ဆုံးရှုံးရလို့ နာကျင်ရတယ်။

- ချစ်ခင်သူတွေကို ဆုံးရှူံးရလို့ နာကျင်ရတယ်။

- ကိုယ်က နံပါတ် ၁ ဖြစ်ချင်တာ မဖြစ်ရလို့ နာကျင်ရတယ်။

- ခရီးသွားရလို့ နာကျင်ရတယ်။

- တာဝန်ယူရလို့ နာကျင်ရတယ်။

အဲဒီတော့ နာကျင်တာတွေကို ဘာလုပ်ရမလဲ

ကိုယ့်ရဲ့ နာကျင်မှုတွေကနေ အကျိုးရှိတာတွေ ဖြစ်အောင် ပြောင်းလဲပစ်ရမယ်။

ကိုယ့်ရဲ့ဘ၀ကို အပြုသဘောဆောင်တဲ့ ရပ်တည်မှုတွေနဲ့ ရွေးချယ်ရမယ်။

Life Stances ဆိုတာ ဘာလဲ။

လူတွေရဲ သူ့တို့ကိုယ် ကိုယ်တို့ အပေါ်မှာ ဖြစ်စေ

တခြားလူတွေအပေါ်မှာဖြစ်စေ

သူတို့ရဲ့ ပတ်ဝန်းကျင်က ကမ္ဘာကြီးအပေါ်မှာဖြစ်စေ ထားတဲ့ စိတ်နေသဘောထားတွေ၊ ခန့်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ ကို ခေါ်တယ်။

Positive Life Stance ရှိတယ်။ Negative Life Stance ရှိတယ်။

အားလုံး လက်ခံထားရမယ့် အချက်တွေ ရှိတယ်။

ဘ၀ဆိုတာ ကောင်းတာတွေရော ဆိုးတာတွေရော ဒွန်တွဲနေတယ်။ အဲဒါက ဘယ်သူမှ ငြင်းမရတဲ့ အချက်ပဲ။

အခုစာဖတ်နေတဲ့ မိတ်ဆွေရဲ့ စိတ်ထဲမှာ တွေးမိလိမ့်မယ်။ သင်လည်း မကောင်းတာတွေ ကြုံဖူးတယ်။ အဲဒီလိုပဲ တခြားစာဖတ်တဲ့သူတွေလည်း မကောင်းတာတွေ အများကြီးကြုံဖူးတယ်။ ခံစားဖူးတယ်။ သင်တစ်ယောက်တည်း မဟုတ်ဘူး။

ကျွန်တော်တို့ Coaching Business လုပ်တဲ့အခါမှာ စီးပွားရေးအရ ငွေကြေးနဲ့ လုပ်ရပေမယ့် Client တစ်ဦးအနေနဲ့ သူ့ဘ၀မှာ Breakthrough (အခက်အခဲမှ လွန်မြောက်မှု) ကို ရအောင် လုပ်ပေးနိုင်တဲ့အခါမှာ အရမ်းကို ကျေနပ်စရာကောင်းပါတယ်။

တစ်ချို့အကောင်းတွေ၊ အဆိုးတွေက ကျွန်တော်တို့ ထိန်းချုပ်လို့ မရဘူး။ အဲဒါက ဘ၀ပဲ။

တစ်ချို့ ကောင်းတာတွေ၊ ဆိုးတာတွေက ကျွန်တော်တို့ဆီကိုမှ တည့်တည့်ကြီး ရောက်လာတတ်တယ်။

အကယ်၍ ကျွန်တော်တို့မှာ Positive Life Stance ရှိတယ်ဆိုရင် အကောင်းတွေဖြစ်ဖြစ် အဆိုးတွေဖြစ်ဖြစ် အခြေအနေတွေက ပိုပြီးတော့ ကောင်းမွန်လာမယ်။

ကျွန်တော်တို့မှာ Negative Life Stance ရှိတယ်ဆိုရင် အကောင်းတွေ၊ အဆိုးတွေက ပိုပြီး ဆိုးရွားလာမယ်။

အဲဒါကလည်း ငြင်းမရတဲ့ အချက်ပဲ

အဲဒါကြောင့် ကျွန်တော်တို့ Positive Life Stance ကိုရွေးချယ်ရမယ်။

ကိုယ့်ရဲ့ ဘ၀ဟာ အခြေခံအားဖြင့် ကောင်းတယ်လို့ ဆုံးဖြတ်ချက် ချရမယ်။

ကိုယ့်ရဲ့ တီထွင်ကြံဆနိုင်စွမ်းကို လိုလိုလားလားနဲ့ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ရမယ်။

တီထွင်ကြံဆနိုင်စွမ်းဟာ ကိုယ့်ကို လမ်းအသစ်တွေ ပြသနိုင်ရမယ်။

မကောင်းတဲ့ အတွေ့အကြုံတွေမှာရှိတဲ့ တန်ဖိုးကို နှစ်သက်ရမယ်။

ကျွန်တော်တို့ အားလုံးမှာ မကောင်းတဲ့အတွေ့အကြုံတွေ ရှိကြတယ်။ ဒါပေမယ့် အဲဒါတွေကနေ မသင်ယူမိကြဘူး။

အဲဒီကနေ တိုးတက်လာအောင် မလုပ်ခဲ့ကြဘူး ။

အဲဒါကြောင့် အခုစာဖတ်နေတဲ့ မိတ်ဆွေတွေ တစ်ခုခု ဆုံးရှုံးမှုကြောင့် နာကျင်မှုတွေ ရှိနေခဲ့ရင် စိတ်မပျက်ပါနဲ့။ အဆင်ပြေလာမှာပါ။

ထပါ။ စဉ်းစားပါ။ လုပ်စရာ ရှိတာတွေ လုပ်ရမယ်။

သင့်ရဲ့ အကူအညီကို လိုအပ်နေတဲ့သူတွေ ရှိတယ်။

သင်လုပ်ပေးရမယ်။

အဲဒီတော့ မကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပြီးရင် ကောင်းတဲ့ပြောင်းလဲမှုတွေကို ပြုလုပ်ပါ။

မကျေမခြမ်းဖြစ်တဲ့စိတ်ကို စွန့်လွှတ်လိုက်ပါ။

Take Responsibility for your life

ကိုယ့်ဘ၀ကိုယ် တာဝန်ယူပါ။

သင်ဟာ သားကောင်တစ်ကောင်လား အခက်အခဲတွေကို အောင်နိုင်သူလား။

ကိုယ့်ဘ၀ကို တာဝန်ယူမှု၊ တာဝန်ခံမှုတွေရဲ့ အမှန်တရားကတော့ အခုနက မေးခွန်းနည်းနည်းလေးကို ဖြေကြည့်ရင် သိနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ Comfort Zone ကနေ ထွက်လိုက်ပြီဆိုရင် ဘ၀အသစ်စတင်ပါတယ်။

အခြေအနေတွေက သတ်မှတ်တာကို လက်မခံပါနဲ့။

ရုန်းကန်ပါ။ အသားကုန်လုပ်ပါ။

ကိုယ့်ဘ၀ကိုယ် အကောင်းဆုံး တည်ဆောက်ပါ။

စိတ်ဓါတ်ကျနေတဲ့သူတွေရှိရင် ဒီစာလေးကို ဖတ်ပြီး ရုန်းထလို့ ဘ၀ကို အနှစ်သာရ ရှိရှိ ပြန်လည် တည်ဆောက်နိုင်ကြပါစေ။

အဲဒီတော့ အခုစာဖတ်တဲ့ ကျွန်တော့် မိတ်ဆွေကို စာဖတ်ပြီး မေ့သွားရုံမဟုတ်ပဲ အမှန်တကယ် တိုးတက်မှု ရှိစေချင်တဲ့အတွက် ကျွန်တော့်အနေနဲ့ Virtual Coaching လုပ်ပေးပါရစေ …

အခု ဒီစာဖတ်ပြီး သွားရင် ဆန်းစစ်ကြည့်ပါ …

☑️ သင့်မှာ ဘာတွေ အားသာချက်တွေ ရှိလဲ … (၃ ချက်ရေးပါ)

☑️ ဘာအားနည်းချက်တွေ ရှိလဲ … (၃ ချက်ရေးပါ)

☑️ အပေါ်ကစာကိုဖတ်ပြီးတဲ့အပြင် သင့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သင်ကိုယ်တိုင် ဆန်းစစ်ပြီးတဲ့နောက်

☑️ အဲဒါတွေကို ပိုကောင်းလာအောင် တစ်လအတွင်း ဘယ်လို Action တွေ လုပ်မလဲ ချရေးကြည့်ပါ။

☑️ အနည်းဆုံး အချက် ၃ ချက်ကို ချရေးပါ။

☑️ ဘယ်တော့လုပ်မလဲ အချိန်တစ်ခါတည်း သတ်မှတ်ပါ။

☑️ အခုနက ၃ ချက် တစ်ချက်ချင်း အောက်မှာ လူတိုင်း နားလည်နိုင်မယ့် အသေးစိတ် အစီအစဉ်လေးတွေ ဆွဲပါ။

☑️ လုပ်မယ့် အချိန်တစ်ခါတည်း သတ်မှတ်ပါ။

တကယ်လုပ်ကြည့်ပါ။

ကောက်ရိုးမီး မလုပ်ပါနဲ့။

အချိန်တစ်ခုရောက်တဲ့အခါ သင့်ကိုယ်သင် အံ့သြရလောက်အောင်ကို အကျိုးရှိလာပါလိမ့်မယ်။

သင့်လိုပဲ ကြိုးစားချင်စိတ်ရှိတဲ့ သူငယ်ချင်းတွေကိုလည်း ဒီစာလေးကို ပြပါ။

လုပ်ခိုင်းပါ။

Real People, Real Results!!!

စစ်မှန်တဲ့သူများဟာ စစ်မှန်တဲ့ Result များကို ရရှိမှာ သေချာပါတယ်။

"Make Myanmar A Better Place"

ပိုမိုကောင်းမွန်တဲ့ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာအောင် ဆောင်ရွက်ကြပါစို့။

I am your friend.

ကျွန်တော် အခုစာဖတ်နေတဲ့သူ အားလုံးရဲ့ မိတ်ဆွေ ဖြစ်ပါတယ်။

Naing Win Aung - Executive Coach
Leadership Development Facilitator
MBA (Northampton, UK)
Certified NLP Master Coach
Certified John Maxwell Coach, Trainer & Speaker
11.9.2016
#‎KoNaingGyiNotes

Strongest Coaches focus on the RESULTS of their clients. So do I.

အကောင်းဆုံး Coach တွေဟာ သူတို့ Client တွေ ရဲ့ Result တွေကိုပဲ အာရုံစိုက်ပါတယ်။

ကျွန်တော်လည်း တူတူပါပဲ။

ယခု Post တင်သူ Naing Win Aung - Executive Coach ၏ Page ဖြစ်ပါတယ်။ အခုလို Post လေးတွေရမကြာခဏ ဖတ်နိုင်အောင် Like & See First လုပ်ထားနိုင်ပါတယ်။

https://www.facebook.com/naingwinaungexecutivecoach

LinkedIn Profile https://www.linkedin.com/in/naingwinag

ကျွန်တော့် လုပ်ငန်းအတွက် Page ပါ။

https://m.facebook.com/BreakthroughCompanyLimitedMyanmar/

➡️ လုပ်ငန်းခွင်အတွင်း ခေါင်းဆောင်မှု စီမံခန့်ခွဲမှု အခက်အခဲများ အကြောင်း ဆွေးနွေးနိုင်တဲ့ One By One Executive Coaching

➡️ စီးပွားရေးလုပ်ငန်းအတွက် ဖြစ်စေ၊ ဘ၀အောင်မြင်မှုအတွက်ဖြစ်စေ၊ မည်သည့်အခက်အခဲကိုမဆို အကောင်းဆုံကျော်လွှားနိုင်စေရေးအတွက်ဖြစ်စေ အကောင်းဆုံး အထောက်အပံ့ဖြစ်စေနိုင်သော တစ်ဦးချင်း 12 Hours NLP Breakthrough Coaching

➡️ အသင်းအဖွဲ့၏ Objective များကို ရရှိစေရန် အထောက်အပံ့ပေးနိုင်သော Team Coaching

➡️ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် John Maxwell Team ရဲ့ အစီအစဉ်အတိုင်း ပြုလုပ်ပေးမယ့် Leadership Development Coaching & Leadership Corporate Training

➡️ Professional Coaching Career ကို စတင်လိုသူများ၊ လုပ်ငန်းခွင်မှာ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုပိုမိုတိုးတက်လိုသူများနဲ့ ဘ၀မှာ အောင်မြင်မှု၊ ပျော်ရွှင်မှုများ ရရှိလိုသူများ အားလုံးအတွက် American Board of NLP မှ အသိအမှတ်ပြု NLP Practitioner & Coaching Triple Certification သင်တန်းများ

အစရှိသည့် အစီအစဉ်များအတွက် ဆက်သွယ်လိုပါက

Breakthrough Company Limited အမှတ် ၅၃၊ ပထမထပ်၊ ဇလွန်လမ်း (စမ်းချောင်းမြို့နယ်)၊ ဂွဈေးအနီး၊ လင်းလွန်းတောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ 09254712530, 095506539 တို့ကို ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်။

အချိန်အခက်အခဲကြောင့် တစ်ယောက်ချင်း ပြန်မပြောနိုင်ရင် ခွင့်လွှတ်စေချင်ပါတယ်။

Photo: painandthelawofattraction

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။