Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 14, 2016

သိက္ခာရှိရှိ၊ တာဝန်ယူမှုရှိရှိနဲ့ Facebook သုံးပါ

သိက္ခာရှိရှိ၊ တာဝန်ယူမှုရှိရှိနဲ့ Facebook သုံးပါ

Facebook သုံးတဲ့အခါ ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်ဓာတ်ပုံအစစ်၊ ကိုယ့်နာမည်အစစ်နဲ့ သုံးတာက အကောင်းဆုံးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအရှိဆုံးပဲ။

အဲ့ဒီလိုသုံးတဲ့သူတွေက လေးစားဖို့လည်းကောင်းတယ်။ ယုံကြည်ဖို့လည်း ထိုက်တန်တယ်။ ကိုယ့်သိက္ခာကိုလည်း ကိုယ်ထိန်းတယ်။ တာဝန်ယူမှုလည်းရှိတယ်။ မိုက်မိုက်ရိုင်းရိုင်းတွေဆိုလည်း မရေးသလောက်ပဲ။

ပြီးတော့ အကောင့်အစစ်တွေနဲ့ friend ဖြစ်ရတာစိတ်ချမ်းသာတယ်။ လုံခြုံမှုရှိတယ်လို့ ခံစားရတယ်။ စကားလာပြောရင်လည်း သေချာပြန်ပြောဖြစ်တယ်။ ကိုယ်လည်း တစ်ခါတစ်လေ သွားပြောတယ်။ ယုံကြည်လို့ပေါ့။

အကောင့်အစစ်တွေ ရေးတဲ့ပိုစ့်၊ share တဲ့ပိုစ့်ဆိုလည်း သေချာဖတ်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူတို့က တရားလက်လွတ်ဘယ်တော့မှ မလုပ်ကြလို့။ ကိုယ့်သိက္ခာ ကိုယ်ထိန်းကြလို့။

ဓာတ်ပုံကလည်း တင်ချင်တာတင်၊ နာမည်ကလည်း ပေးချင်တာပေးထားတဲ့ အကောင့်တုတွေဆို ဘာရေးရေး၊ ဘာတင်တင် အရေးမလုပ်တာများတယ်။ စကားလာပြောလည်း မေးထူးခေါ်ပြောတောင် သိပ်မလုပ်ချင်ဘူး။ နောက်ကွယ်က ဘယ်သူတွေသုံးနေမှန်းမသိလို့

ကျွန်တော့် friend တွေထဲမှာ profile picture ရော၊ နာမည်ကိုရော ပေးချင်တာပေးထားတဲ့ အကောင့်တွေ အများကြီးရှိတယ်။ တစ်နေ့နေ့တော့ သူတို့ကို သေချာပေါက် ရှင်းထုတ်ပစ်မယ်လို့ တွေးထားတယ်။

တချို့ကျတော့လည်း ပုဂ္ဂိုလ်ရေးခံစားချက်အရ Facebook ပေါ်မှာ ကိုယ်ဓာတ်ပုံအစစ်ကို မတင်ချင်တာတို့၊ ကိုယ့်နာမည်အမှန်ကို မရေးချင်တာတို့ရှိတယ်။

အဲ့ဒါမျိုးကတော့ နားလည်ပေးလို့ရပါတယ်။ သို့သော် အဲ့လိုမျိုး မျက်နှာဖုံးစွပ်ပြီး သုံးမယ်ဆိုရင်တော့ ကျင့်ဝတ်လေးတွေကို လိုက်နာစေချင်တယ်။ ပဋိပက္ခဖြစ်စေမယ့် အရေးအသားတွေ၊ သွေးထိုးတဲ့၊ ရိုင်းစိုင်းတဲ့ အရေးအသားတွေကို ရှောင်ပြီး အေးအေးလူလူသုံးစေချင်တယ်။

သူများကို မထိခိုက်ဘူးဆိုရင်တော့ မျက်နှာဖုံးစွပ်ပြီး Facebook သုံးတာက ပြဿနာသိပ်မရှိပါဘူး။ နားလည်ပေးလို့ရပါတယ်။ သို့သော် သူ့အနေနဲ့ သိထားသင့်တာကတော့ တခြားသော Facebook user အစစ်တွေရဲ့ လေးစားမှုနဲ့ ယုံကြည်မှုကိုတော့ ရာနှုန်းပြည့် မရနိုင်ဘူး ဆိုတာကိုပါ။

တချို့ကျတော့လည်း profile picture ကို campaign တစ်ခုအနေနဲ့သော်လည်းကောင်း၊ အမှတ်တရတစ်ခုအနေနဲ့သော်လည်းကောင်း၊ လေးစားမှုတစ်ခုအနေနဲ့သော်လည်းကောင်း အခါအားလျော်စွာ ပြောင်းကြတာရှိတယ်။ အဲ့ဒါမျိုးကျတော့ ချွင်းချက်ပေါ့လေ။ ပြဿနာမရှိပါဘူး။

နာမည်ဆိုရင်လည်း တချို့ကျတော့ ကိုယ့်အပေါင်းအသင်းတွေ ကိုယ့်ကိုပိုသိစေတဲ့ nickname တွေ ဘာတွေ ပေးတာရှိတယ်။ နာမည်ကို နှစ်သက်တဲ့ တခြားနာမည်တစ်ခုခုနဲ့ ပေါင်းပေးတာရှိတယ်။ အဲ့ဒါမျိုးဆိုလည်း ပြဿနာမရှိဘူး။ အပြင်မှာ ကိုယ်ဘယ်သူလည်းဆိုတာကို ကိုယ့် friend တွေ သိနေတယ်ဆိုရင် လုံလောက်ပြီ။

တချို့ကျတော့ အပြင်မှာ ဘယ်သူမှန်းလဲမသိ၊ share လိုက်ပြီဟေ့ဆိုရင်လည်း တကယ့်ရိုင်းရိုင်းစိုင်းစိုင်းတွေ၊ မန့်လိုက်ပြီ၊ ရေးလိုက်ပြီဟေ့ဆိုရင်လည်း တကယ့် အောက်တန်းစားအတွေးအခေါ်တွေ။ အင်မတန်စိတ်ပျက်ဖို့ကောင်းတဲ့ လူ့အမှိုက်တွေပေါ့။

အဲ့တော့ နောက်ဆုံးပြောချင်တာကဗျာ။ ဖြစ်နိုင်မယ်ဆိုရင် Facebook သုံးတဲ့အခါ အကောင်းဆုံးက ကိုယ့် profile picture အစစ်၊ ကိုယ့်နာမည်အစစ်နဲ့ သုံးကြပါ။ ဒီလိုမဟုတ်ဘဲ ကိုယ့်ခံစားချက်နဲ့ကိုယ် တိုးတိုးတိတ်တိတ်ပဲ သုံးချင်တာဆိုရင်လည်း ပတ်ဝန်းကျင်ကို ပြဿနာမရှာပါနဲ့။ အေးအေးလူလူသုံးပါ ဘာမှမဖြစ်ပါဘူး။

ဒါပေမဲ့ မျက်နှာဖုံးတွေစွပ်ပြီးတော့လည်း အတုတွေနဲ့ သုံးသေးတယ်။ ရိုင်းစိုင်းကြမ်းတမ်းပြီး လူသိလည်း မခံဝံ့ဘူးဆိုရင်တော့ ကိုယ့်ရဲ့သတ္တိ၊ ကိုယ့်ရဲ့သိက္ခာ၊ ကိုယ့်ရဲ့တာဝန်ယူမှုနဲ့ တာဝန်ခံမှုကို ပြန်ဆန်းစစ်ဖို့ လိုနေပါပြီ။

သိက္ခာရှိတဲ့လူဆိုတာက Facebook သုံးရင်တောင် တာဝန်ယူတတ်ရပါတယ်။ တာဝန်ခံတတ်ရပါတယ်။ အကောင့်တုနဲ့ သုံးတာ ငါ့ကို ဘယ်သူမှ မသိဘူးဆိုပြီး ရိုင်းချင်တိုင်းရိုင်း၊ စိုင်းချင်တိုင်းစိုင်းနေပေမယ့် ကိုယ့်ကိုယ်ကိုတော့ သိပါတယ်။ ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာပျက်နေတာကိုတော့ ကိုယ်ကိုယ်တိုင်သိပါတယ်။

အကောင်းဆုံးက နောက်ဆို အကောင့်အတုတွေကို လက်မခံကြပါနဲ့။ friend ဖြစ်နေရင်လည်း အေးအေးလူလူမနေတဲ့ အကောင့်တုတွေဆို ရှင်းထုတ်ပစ်ပါ။ အချိန်ရရင် ရသလို friend ဖြစ်နေတဲ့ အကောင့်တုတွေကို ရှင်းထုတ်ပစ်ပြီး ကိုယ့်ရဲ့ Facebook ပတ်ဝန်းကျင်ကိုသန့်စင်ပါ။

Credit To Original Writter

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။