"ကလေးကို ချစ်ရင်ခိုင်းပါ "
ကျမတို့ သက်ကြီးတရားစခန်း ဝင်ကြတယ် . ကျမနဲ့ ရွယ်တူနီးပါး အစ်မကြီးတစ်ယောက်နဲ့ တူတူ တခန်းထဲအိပ်ရပါတယ် . ရက်ရှည်တရားစခန်းဆိုတော့ စနေ တနင်္ဂနွေဆို ကျမရဲ့ အခန်းဖော် အစ်မကြီးရဲ့သားက အပတ်တိုင်း သူ့အမေဆီလလာပီး အကြောဖြေဆေးတွေ သူ့အမေကို လိမ်းပေး နင်းနှိပ်ပေးနဲ့ သူရဲ့အကြောင်းတွေတိုင်ပင် ပြောဆို နေသံလေးတွေကြားရပါတယ် . သူ့တို့သားအမိကြည့်ရတာ ကျရင်ထဲ အေးချမ်းလှပါတယ် .
ကျမလဲ အလွန်အားကျတဲ့စိတ်ကလေးနဲ့ " အစ်မရယ် အစ်မရဲ့သားလိုမျိုးသာရမယ်ဆို ၁၀ ယောက်လောက် မွေးလိုက်ချင်တယ်" ဆိုပီး ပြောလိုက်တဲ့အခါမှာ အဲ့အစ်မကြီးက ကျမကိုပြုံးကြည့်ပီး "သားသမီးကို ချစ်ရင်ခိုင်းပါ "တဲ့ .
သူ့စကားလေးကြားလိုက်တဲ့အခါမှာ ကျမစိတ်ထဲ အင်မတန်စိတ်မကောင်းဖြစ်သွား ပါတယ်
. ကျမကလေးတွေ မွေးထားပီး သူတို့တွေ ငယ်ငယ်လေးထဲက လိုလေသေးမရှိအစစ
အရာရာလိုက်လုပ်ပေးထားတော့ သူ့တို့လေးတွေပာာ မိဘကို ဘယ်လိုတာဝန်ယူရမလဲ
ဘယ်လို စောင့်ရှောက်ပေးရမလဲ တာဝန်ဘယ်လိုယူရမလဲဆိုတာ မသိတော့ပါဘူး .
အဲ့အစ်မကြီးက ဒီလိုပြောပါတယ် . "ကျမလေ ကျမသားကို သိပ်ချစ်တာ တစ်ဦးတည်းသောသားဆိုတော့လေ ကျမမရှိတော့တဲ့ တချိန် သူ့ကိုသူ တာဝန်မယူတတ်မှာ မိဘကို မချစ်မှာ ဂရုမစိုက်မှာ အရမ်းစိုးရိမ်တာပဲ . အဲ့တော့လေ သူငယ်ငယ်လေးထဲက ကျမသူ့ကို အကုန်ခိုင်းတယ် . သူ့အလုပ်တွေ သူ့ပာာသူလုပ်ခိုင်းတယ် . ကျမက နဲနဲပဲလမ်းပြလုပ်ပေးတယ် . အများကြီးခိုင်းတာမပာုတ်ပါဘူး
.. သားရေ မေမေရေသောက်ချင်လို့ ရေခပ်ပေးပါဦးတို့ မေမေညောင်းနေတာ
နှိပ်ပေးပါဦးသားလေးရယ် ဆိုပီး ချော့မော့ခိုင်းတယ် . ပီးရင် သူ့ကို
ချီးကျူးတာပေါ့ ငါ့သားလေးတော်လိုက်တာဆိုပီး . ငယ်ငယ်လေးထဲက သူ့ကိုခိုင်းထားတော့လေ
သူကြီးလာတဲ့အခါ သူ့ကိုယ်သူ ဦးဆောင်တတ်လာတယ်. မိဘကိုလည်း တာဝန်ယူလိုစိတ် ရှိလာတယ် .
ကျမကတော့ ကလေးကိုချစ်ရင် ခိုင်းတယ် ညီမရယ် "
....
ကျမကလေးတွေကို ကျမ မခိုင်းခဲ့မိဘူး .
သူတို့လေးတွေ ပင်ပန်းမှာဆိုးလို့ ကျမပဲ အကုန်လုံးလိုက်လုပ်ပေးခဲ့တာ .
အခုတော့ ကျမမှားခဲ့ပီလား ?
သူတို့သားအမိကို ကြည့်ရင်း အားကျတဲ့စိတ် နောင်တရတဲ့စိတ်ကလေးများနဲ့ အတူ .........
ကျမတို့ သက်ကြီးတရားစခန်း ဝင်ကြတယ် . ကျမနဲ့ ရွယ်တူနီးပါး အစ်မကြီးတစ်ယောက်နဲ့ တူတူ တခန်းထဲအိပ်ရပါတယ် . ရက်ရှည်တရားစခန်းဆိုတော့ စနေ တနင်္ဂနွေဆို ကျမရဲ့ အခန်းဖော် အစ်မကြီးရဲ့သားက အပတ်တိုင်း သူ့အမေဆီလလာပီး အကြောဖြေဆေးတွေ သူ့အမေကို လိမ်းပေး နင်းနှိပ်ပေးနဲ့ သူရဲ့အကြောင်းတွေတိုင်ပင် ပြောဆို နေသံလေးတွေကြားရပါတယ် . သူ့တို့သားအမိကြည့်ရတာ ကျရင်ထဲ အေးချမ်းလှပါတယ် .
ကျမလဲ အလွန်အားကျတဲ့စိတ်ကလေးနဲ့ " အစ်မရယ် အစ်မရဲ့သားလိုမျိုးသာရမယ်ဆိ
သူ့စကားလေးကြားလိုက်တဲ့အခါမ
အဲ့အစ်မကြီးက ဒီလိုပြောပါတယ် . "ကျမလေ ကျမသားကို သိပ်ချစ်တာ တစ်ဦးတည်းသောသားဆိုတော့လေ ကျမမရှိတော့တဲ့ တချိန် သူ့ကိုသူ တာဝန်မယူတတ်မှာ မိဘကို မချစ်မှာ ဂရုမစိုက်မှာ အရမ်းစိုးရိမ်တာပဲ . အဲ့တော့လေ သူငယ်ငယ်လေးထဲက ကျမသူ့ကို အကုန်ခိုင်းတယ် . သူ့အလုပ်တွေ သူ့ပာာသူလုပ်ခိုင်းတယ် . ကျမက နဲနဲပဲလမ်းပြလုပ်ပေးတယ် . အများကြီးခိုင်းတာမပာုတ်ပါဘ
သူကြီးလာတဲ့အခါ သူ့ကိုယ်သူ ဦးဆောင်တတ်လာတယ်. မိဘကိုလည်း တာဝန်ယူလိုစိတ် ရှိလာတယ် .
ကျမကတော့ ကလေးကိုချစ်ရင် ခိုင်းတယ် ညီမရယ် "
....
ကျမကလေးတွေကို ကျမ မခိုင်းခဲ့မိဘူး .
သူတို့လေးတွေ ပင်ပန်းမှာဆိုးလို့ ကျမပဲ အကုန်လုံးလိုက်လုပ်ပေးခဲ့တာ
အခုတော့ ကျမမှားခဲ့ပီလား ?
သူတို့သားအမိကို ကြည့်ရင်း အားကျတဲ့စိတ် နောင်တရတဲ့စိတ်ကလေးများနဲ့ အတူ .........
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။