စာရွေးဖတ်ပါ ဖတ်ပြီးလျှင်ပြန်အသုံးချပါ
ဒီလိုရေးလိုက်လို့ ဘာကို ရွေးရမှာလဲ။ စာဖတ်တာပဲ စာအုပ်တွေ ရွေးဖတ်နေရဦးမှာလားလို့ ပြောတဲ့လူတွေ ရှိလိမ့်မယ်ခဗျ။ အရင်ဆုံး စာစဖတ်ပါ ဆိုတာကို ကျွန်တော်တို့ ၁၀ နှစ်လောက်ကတည်းက ရင်းနှီးလာလိမ့်မယ်။ ပြီးတော့ စာစဖတ်လာမယ် အဲ့အချိန်မှာ စာအုပ်ရွေးစရာမလိုသေးဘူး။ ရသမျှ ကာတွန်း၊ အချစ်၊ သရဲ အကုန်ဖတ်ပေါ့ဗျာ။
ဒါပေမယ့် ကိုယ့်လူဟာ အသက် ၂၀ ကျော်လာပြီး ၃၀ နားကပ်နေပြီဆိုရင်တော့ ရွေးရတော့မယ်။ အသိ တစ်ယောက်ရှိတယ် အရင်တုန်းက စာအုပ်ဆိုင်တွေ ခေတ်ထတုန်းက။ တစ်နေ့ကို သူ့ရဲ့ စာဖတ်နှုန်းက ၇ အုပ်ကနေ ၁၂ အုပ်အထိရှိတယ်နော်။ ဘာအလုပ်မှမလုပ်ဘူး လူပျိုကြီး မိဘလုပ်စာထိုင်စားနေတာ၊ အရမ်းတော့ အားမကျနဲ့ ဦး သူဖတ်တာ ကာတွန်းစာအုပ်တွေပါ။ ဒီနေရာမှာ ကာတွန်းရေးတဲ့သူတွေကို အထင်သေးတာမဟုတ်ပါ။ ကာတွန်းစာအုပ်ဆိုတာ ကလေးတွေအတွက် သင်ယူနိုင်မယ့် အခြေခံဗဟုသုတ တွေပါဝင်ပေမယ့် လူကြီးတစ်ယောက်အတွက်ကတော့ အပန်းဖြေဖို့ကလွှဲပြီး ထူးထူးခြားခြား သိပ်မရှိပါ။ တွတ်ပီတို့ အခြားလူကြီးဖတ် ဘာသာပြန် ကာတွန်းတွေကလွဲလို့ ကလေးဖတ်ကာတွန်းစာအုပ်တွေနဲ့ အချစ်ကာတွန်းစာအုပ်တွေက အနှစ်မဲ့ပါတယ်။
နောက်ပြီးတော့ အချိန်။ စာဖတ်တယ်ဆိုတာ အချိန်ပေးရပါတယ်။ ဒီတော့ အချိန်လဲ ရင်းနှီးရတာပေါ့။ ရင်းနှီးမြှုပ်နှံတဲ့အထဲမှာ
အချိန်လဲပါပါတယ်။ နောက်အဖြစ်အပျက်တစ်ခုကတော့ အရင်တုန်းက အများသုံးဖုန်း တဲ
လေးတွေထဲက ကောင်မလေးတွေပါ။ စာဖတ်အား အရမ်းကောင်းပါတယ်။ တစ်နေ့လုံး
စာထိုင်ဖတ်နေတာပါ။ ဖတ်တဲ့စာအုပ်တွေကြည့်ရင် အပျော်တမ်းဖတ်တဲ့ အချစ် အလွမ်း
ဟာသတွေများပါတယ်။
ဒါကြောင့် စာဖတ်တယ် စာဖတ်တယ် ဆိုတဲ့နေရာမှာ အများကြီး ပညာသားလိုပါတယ်။ ကလေးအရွယ်မှာ စာအုပ်မရွေးဖတ်တာဟာ စာဖတ်သားကို လေ့ကျင့်ပေးတာဖြစ်ပြီးတော့ အသက်ကြီးလာတာနဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့နယ်ပယ် ကိုယ်စိတ်ဝင်စားတဲ့အရာ ၀ါသနာ စတာတွေနဲ့ ပက်သက်တဲ့ စာအုပ်တွေကို ရွေးချယ်တတ်ရပါမယ်။ အချစ်၊ အလွမ်း လုံးချင်း သိုင်းဝတ္တုအတွဲကြီးတွေနဲ့ ကာတွန်းတွေကို မဖတ်နဲ့လို့မပြောပါဘူး။ စာဖတ်တယ်ဆိုတာလဲ အပန်းပြေဖို့ ဖတ်သလို ပညာယူဖို့ ဖတ်တာလဲရှိပါတယ်။
နိုင်ငံခြား အောင်မြင်သူများရဲ့ ဇတ်လမ်းတွေ ဖော်ပြတဲ့ ၀က်ဆိုဒ်တစ်ခုမှာတော့ ကောင်မလေးတစ်ယောက်က စတိုးဆိုင်မှာ ၀န်ထမ်းလုပ်ပါတယ်။ ဆိုင်ရှင်းရင် သူစာဖတ်တယ်။ ဖတ်တဲ့စာအုပ်က လူ့ဆက်ဆံရေးလို လူမှုအသိုင်းအ၀ိုင်းတွေ အကြောင်းစာအုပ်တွေပါ။ အဲဒီစာအုပ်တွေထဲမှာ လူတစ်ယောက်ကို ဘယ်လိုဆက်ဆံရမယ် ဘယ်လိုလူမျိုးကို ဘယ်လိုဆက်ဆံရမယ် စသဖြင့်ပေါ့။ သူက စာအုပ်ဖတ်ပြီး စာအုပ်ထဲကအတိုင်း စကားပြောကြည့်တယ်။ အသုံးချတယ်ပေါ့။ သူဟာ နောက်ပိုင်းဆက်ဆံရေးမှာ အားသာလာပြီးတော့ ကိုယ်ပိုင်စတိုးဆိုင်ဖွင့်ကာ အရမ်းအောင်မြင်လို့ စတိုးဆိုင်ခွဲတွေဖွင့်ပြီး အခုတော့ ဆက်ဆံရေးနဲ့ပက်သက်တဲ့ သင်တန်းတွေ၊ စာအုပ်တွေထုတ်ဝေခဲ့ပါတယ်။
ဒီတော့ စာအုပ်တွေထဲကပဲ အသုံးချ စရာတွေ အများကြီးရှိပါတယ်။ အရင်တုန်းကလဲ ရေးခဲ့ဖူးပါတယ်။ အဖိုးကြီးနှစ်ယောက် စာအုပ်စင်ကြီးတွေနဲ့ တစ်ယောက်က ချမ်းသာတယ် နောက်တစ်ယောက်ကဆင်းရဲတယ် ဆင်းရဲတဲ့သူကတော့ စာအုပ်တွေကို ဖတ်ရုံသာဖတ်ပြီး ချမ်းသာတဲ့သူကတော့ စာအုပ်တွေကို ဖတ်ရုံမက အသုံးချလို့ ချမ်းသာသွားတဲ့ နိုင်ငံခြားဝထ္တုလေးပါ။
ကိုယ်တိုင်အနေနဲ့လဲ ကိုယ်ဝါသနာပါရာ၊ ကိုယ်လေ့လာချင်တဲ့ စာပေမျိုးတွေကို စာအုပ်မျိုးတွေကို ရွေးချယ်ပြီး အသုံးချဖို့လိုသလို အဲဒီနယ်ပယ်က ကျွမ်းကျင်တဲ့သူတွေကို နမူနာယူပြီး လေ့လာရင်း စာအုပ်တွေထဲကနေ အောင်မြင်မှုတွေ ရှာတွေ့နိုင်ပါစေကြောင်း
မောင်စိုင်း
ဒီလိုရေးလိုက်လို့ ဘာကို ရွေးရမှာလဲ။ စာဖတ်တာပဲ စာအုပ်တွေ ရွေးဖတ်နေရဦးမှာလားလို့ ပြောတဲ့လူတွေ ရှိလိမ့်မယ်ခဗျ။ အရင်ဆုံး စာစဖတ်ပါ ဆိုတာကို ကျွန်တော်တို့ ၁၀ နှစ်လောက်ကတည်းက ရင်းနှီးလာလိမ့်မယ်။ ပြီးတော့ စာစဖတ်လာမယ် အဲ့အချိန်မှာ စာအုပ်ရွေးစရာမလိုသေးဘူး။ ရသမျှ ကာတွန်း၊ အချစ်၊ သရဲ အကုန်ဖတ်ပေါ့ဗျာ။
ဒါပေမယ့် ကိုယ့်လူဟာ အသက် ၂၀ ကျော်လာပြီး ၃၀ နားကပ်နေပြီဆိုရင်တော့ ရွေးရတော့မယ်။ အသိ တစ်ယောက်ရှိတယ် အရင်တုန်းက စာအုပ်ဆိုင်တွေ ခေတ်ထတုန်းက။ တစ်နေ့ကို သူ့ရဲ့ စာဖတ်နှုန်းက ၇ အုပ်ကနေ ၁၂ အုပ်အထိရှိတယ်နော်။ ဘာအလုပ်မှမလုပ်ဘူး လူပျိုကြီး မိဘလုပ်စာထိုင်စားနေတာ၊ အရမ်းတော့ အားမကျနဲ့ ဦး သူဖတ်တာ ကာတွန်းစာအုပ်တွေပါ။ ဒီနေရာမှာ ကာတွန်းရေးတဲ့သူတွေကို အထင်သေးတာမဟုတ်ပါ။ ကာတွန်းစာအုပ်ဆိုတာ ကလေးတွေအတွက် သင်ယူနိုင်မယ့် အခြေခံဗဟုသုတ တွေပါဝင်ပေမယ့် လူကြီးတစ်ယောက်အတွက်ကတော့ အပန်းဖြေဖို့ကလွှဲပြီး ထူးထူးခြားခြား သိပ်မရှိပါ။ တွတ်ပီတို့ အခြားလူကြီးဖတ် ဘာသာပြန် ကာတွန်းတွေကလွဲလို့ ကလေးဖတ်ကာတွန်းစာအုပ်တွေနဲ့
နောက်ပြီးတော့ အချိန်။ စာဖတ်တယ်ဆိုတာ အချိန်ပေးရပါတယ်။ ဒီတော့ အချိန်လဲ ရင်းနှီးရတာပေါ့။ ရင်းနှီးမြှုပ်နှံတဲ့အထဲမှ
ဒါကြောင့် စာဖတ်တယ် စာဖတ်တယ် ဆိုတဲ့နေရာမှာ အများကြီး ပညာသားလိုပါတယ်။ ကလေးအရွယ်မှာ စာအုပ်မရွေးဖတ်တာဟာ စာဖတ်သားကို လေ့ကျင့်ပေးတာဖြစ်ပြီးတော့ အသက်ကြီးလာတာနဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့နယ်ပယ် ကိုယ်စိတ်ဝင်စားတဲ့အရာ ၀ါသနာ စတာတွေနဲ့ ပက်သက်တဲ့ စာအုပ်တွေကို ရွေးချယ်တတ်ရပါမယ်။ အချစ်၊ အလွမ်း လုံးချင်း သိုင်းဝတ္တုအတွဲကြီးတွေနဲ့ ကာတွန်းတွေကို မဖတ်နဲ့လို့မပြောပါဘူး။ စာဖတ်တယ်ဆိုတာလဲ အပန်းပြေဖို့ ဖတ်သလို ပညာယူဖို့ ဖတ်တာလဲရှိပါတယ်။
နိုင်ငံခြား အောင်မြင်သူများရဲ့ ဇတ်လမ်းတွေ ဖော်ပြတဲ့ ၀က်ဆိုဒ်တစ်ခုမှာတော့ ကောင်မလေးတစ်ယောက်က စတိုးဆိုင်မှာ ၀န်ထမ်းလုပ်ပါတယ်။ ဆိုင်ရှင်းရင် သူစာဖတ်တယ်။ ဖတ်တဲ့စာအုပ်က လူ့ဆက်ဆံရေးလို လူမှုအသိုင်းအ၀ိုင်းတွေ အကြောင်းစာအုပ်တွေပါ။ အဲဒီစာအုပ်တွေထဲမှာ လူတစ်ယောက်ကို ဘယ်လိုဆက်ဆံရမယ် ဘယ်လိုလူမျိုးကို ဘယ်လိုဆက်ဆံရမယ် စသဖြင့်ပေါ့။ သူက စာအုပ်ဖတ်ပြီး စာအုပ်ထဲကအတိုင်း စကားပြောကြည့်တယ်။ အသုံးချတယ်ပေါ့။ သူဟာ နောက်ပိုင်းဆက်ဆံရေးမှာ အားသာလာပြီးတော့ ကိုယ်ပိုင်စတိုးဆိုင်ဖွင့်က
ဒီတော့ စာအုပ်တွေထဲကပဲ အသုံးချ စရာတွေ အများကြီးရှိပါတယ်။ အရင်တုန်းကလဲ ရေးခဲ့ဖူးပါတယ်။ အဖိုးကြီးနှစ်ယောက် စာအုပ်စင်ကြီးတွေနဲ့ တစ်ယောက်က ချမ်းသာတယ် နောက်တစ်ယောက်ကဆင်းရဲတယ် ဆင်းရဲတဲ့သူကတော့ စာအုပ်တွေကို ဖတ်ရုံသာဖတ်ပြီး ချမ်းသာတဲ့သူကတော့ စာအုပ်တွေကို ဖတ်ရုံမက အသုံးချလို့ ချမ်းသာသွားတဲ့ နိုင်ငံခြားဝထ္တုလေးပါ။
ကိုယ်တိုင်အနေနဲ့လဲ ကိုယ်ဝါသနာပါရာ၊ ကိုယ်လေ့လာချင်တဲ့ စာပေမျိုးတွေကို စာအုပ်မျိုးတွေကို ရွေးချယ်ပြီး အသုံးချဖို့လိုသလို အဲဒီနယ်ပယ်က ကျွမ်းကျင်တဲ့သူတွေကို နမူနာယူပြီး လေ့လာရင်း စာအုပ်တွေထဲကနေ အောင်မြင်မှုတွေ ရှာတွေ့နိုင်ပါစေကြောင်း
မောင်စိုင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။