Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, August 16, 2016

အောင်မြင်သူတွေ ငယ်ငယ်က ဘာတွေလုပ်ခဲ့ကြသလဲ



သီဟ

Bill Gates ဟာ ဆယ်ကျော်သက်အရွယ်တုန်းက ကွန်ပျူတာဆိုင်ရာကုတ်တွေကို လေ့လာခဲ့ပါတယ်။ Warren Buffett ကတော့ ငယ်ငယ်တုန်းကအလုပ်ပေါင်းများစွာ လုပ်ခဲ့ပြီးတော့ အသက် ၁၆ နှစ်အရွယ်
မှာ ဒေါ်လာ ၅၃,၀၀၀ လောက်ရှာဖွေပြီးဖြစ်ပါတယ်။

တခြားအောင်မြင်ကျော်ကြားတဲ့လူတွေ ဆယ်ကျော်သက်အရွယ်တုန်းကဘာတွေလုပ်ခဲ့သလဲဆိုတာကို ကြည့်ကြည့်ရအောင်ပါ။


၁။ကွန်ပျုတာတွေကို အရမ်းစိတ်ဝင်စားခဲ့တဲ့ Bill Gates

Microsoft ကုမ္ပဏီကြီးကို စတင်တည်ထောင်ခဲ့တဲ့ Bill Gates ဟာဆယ်ကျော်သက်အရွယ်တုန်းက စီယယ်တယ်မြို့မှာရှိတဲ့ နာမည်ကျော်ကျောင်းတစ်ကျောင်းမှာ တက်နေတုန်းမှာ ကွန်ပျုတာနဲ့ ပတ်သက်တာတွေကိုအထူးစိတ်ဝင်စားခဲ့ပြီးတော့ tic-tac-toe ဂိမ်းကို ကွန်ပျူတာမှာ ကစားဖို့
ကုတ်တစ်ခုကို ရေးခဲ့ပါတယ်။

Gates နဲ့ Microsoft ကို အတူပူးတွဲတည်ထောင်ခဲ့တဲ့ Paul Allen တို့ဟာ အထက်တန်းကျောင်းမှာ
ကတည်းက ပူးပေါင်းပြီးတော့ အလုပ်လုပ်ခဲ့တာပါ။ Gates ၁၅ နှစ်အရွယ်မှာ သူတို့နှစ်ယောက်ဟာ အနီးနားဧရိယာက ယာဉ်အသွားအလာတွေကို စောင့်ကြည့်နိုင်တဲ့ Traf-O-Data ဆိုတဲ့ဆော့ဝဲလ်ကို
တီထွင်နိုင်ခဲ့ပါတယ်။ အထက်တန်းကျောင်းပြီးတဲ့အခါမှာ Bill Gates ဟာ Harvard University မှာ ကျောင်းဆက်တက်ခဲ့ပေမယ့် သူ့ကို ကမာ့္ဘအချမ်းသာဆုံးလူတစ်ယောက်ဖြစ်လာစေမယ့် Microsoft ကုမ္ပဏီမှာ အချိန်ပြည့် အလုပ်လုပ်နိုင် ဖို့အတွက် ၁၉၇၅ခုနှစ်မှာ Harvard ကနေ ကျောင်းထွက်ခဲ့ပါတယ်။

၂။ငယ်စဉ်ကတည်းက ငွေရှာကောင်းတဲ့ Berkshire Hathaway လုပ်ငန်းစုကြီးရဲ့CEO ဘီလီယံနာ Warren Buffett
သူ့အသက် ၁၆ နှစ်အရွယ်မှာတင် အခုခေတ်ငွေ ဒေါ်လာ ၅၃,၀၀၀ နဲ့ညီမျှတဲ့ပမာဏကို ရှာဖွေပြီးဖြစ်
ပါတယ်လို့ Alice Schroeder ရေးသားခဲ့တဲ့ Warren Buffett ရဲ့အတ္ထုပ္ပတ္တိမှာ ရေးသားထားပါတယ်။

Buffett ငယ်စဉ်က လုပ်ခဲ့တဲ့အလုပ်တွေထဲမှာ Washington Post သတင်းစာကိုလိုက်ပို့တဲ့အလုပ်လည်း
ပါ ပါတယ်။ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ တခြားလူတွေနဲ့ပေါင်းပြီးတော့လုပ်ငန်းတွေ
အများကြီး လုပ်ကိုင်ခဲ့ပြီးတော့ဂေါက်သီးဘောလုံးရောင်းဝယ်ရေး၊ တံဆိပ်ခေါင်း ရောင်းဝယ်ရေးနဲ့
ဆံပင်ညှပ်ဆိုင်တွေမှာ pinball ဂိမ်းစက်တပ်ဆင်တဲ့အလုပ်တွေကိုလည်းလုပ်ခဲ့ပါတယ်။

၃။ ရေဒီရိုအသံလွှင့်ဌာနတစ်ခုမှာ အလုပ်လုပ်ခဲ့တဲ့ Oprah Winfrey

သူငယ်ငယ်တုန်းက သူ့မိခင်နဲ့တူတူ နေထိုင်ခဲ့ပြီးတော့ အသက် ၁၄ နှစ်အရွယ်မှာ Tennessee ပြည်နယ် Nashville မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီးတဲ့နောက်မှာသူ့ဘ၀အများကြီးပြောင်းလဲသွားခဲ့ပါတယ်။

Winfrey ဟာ East Nashville High School မှာ ဂုဏ်ထူးတန်းတက်ခဲ့ပြီးတော့ အတန်းထဲမှာအကျော်ကြား
ဆုံး ကျောင်းသူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ပြီးတော့ သူမဟာ မီဒီယာပိုင်းကို စိတ်ဝင်စား လာပြီးတော့
ကျောင်းရဲ့Speech team အဖွဲ့ကို ၀င်ခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ်မှာ WVOL ရုပ်သံဌာနမှာ 
အလုပ်စလုပ်ခဲ့ပါတယ်။ TennesseeState University မှာ ကျောင်းတက်နေတုန်းမှာပဲ ရုပ်သံလိုင်း
တစ်ခုက ခေါ်ခဲ့တဲ့အတွက် ကျောင်းထွက်ပြီးတော့ မီဒီယာလောကထဲကို ၀င်ရောက်ခဲ့ပါတယ်။

၎။ ငယ်ငယ်ကတည်းက ကွန်ပျူတာပရိုဂရမ် ရေးခဲ့တဲ့ Mark Zuckerberg
ကွန်ပျူတာကုတ်တွေရေးရတာကို Zuckerberg က ငယ်စဉ်ကတည်းက၀ါသနာပါခဲ့တာဖြစ်ပြီး
အသက် ၁၂ နှစ်အရွယ်မှာ သူ့အဖေရဲ့သွားဆေးခန်းအတွက် message ပို့တဲ့ ပရိုဂရမ်တစ်ခု
ရေးဆွဲပေးခဲ့ပါတယ်။

Phillips Exeter Academy မှာ ကျောင်းတက်နေတုန်းက Zuckerberg ဟာသီချင်းနားထောင်တဲ့
ပရိုဂရမ် တစ်ခုကို ရေးဆွဲနိုင်ခဲ့ပြီးတော့ AOL နဲ့ Microsoftတို့ရဲ့စိတ်ဝင်စားမှုကိုရခဲ့ပေမယ့်
သူတို့ရဲ့ကမ်းလှမ်းချက်တွေကို လက်မခံခဲ့ပါဘူး။ Harvard တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့အချိန်မှာပဲ Zuckerberg ဟာ သူရဲ့အဆောင်ခန်းထဲကနေပဲ Facebook ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ Harvard တက္ကသိုလ် ဒုတိယနှစ်မှာပဲ ကျောင်းထွက်ခဲ့ပြီးတော့ ဆိုရှယ်မီဒီယာလုပ်ငန်းကိုပဲ ဇောက်ချပြီးတော့ လုပ်ကိုင်ခဲ့ပါတယ်။

၅။ ဗီဒီယိုဂိမ်းတွေရေးခဲ့တဲ့ လျှပ်စစ်ကားကုမ္ပဏီ Tesla ရဲ့ CEO Elon Musk
Tesla နဲ့ Space X ရဲ့ CEO Elon Musk ဟာ သူ့ရဲ့ပထမဦးဆုံးကွန်ပျူတာကိုအသက် ၁၀ နှစ်မှာ ၀ယ်ခဲ့ပြီး တော့ နောက် နှစ်နှစ်ကြာတဲ့အခါမှာ Blasterလို့ခေါ်တဲ့ ဗီဒီယိုဂိမ်းတစ်ခုအတွက် ကုတ်တွေကို ရေးသားခဲ့ ပါတယ်။ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ South Africa က Pretoria ယောက်ျားလေး အထက်တန်းကျောင်းမှာ ကျောင်းပြီးခဲ့ ပြီးတဲ့နောက်မှာ Canada ကို ပြောင်းရွှေ့ပြီးနောက်မှာ Queen’s
University ကို တက်ခဲ့ပါတယ်။

၆။ အမှိုက်အိတ်တွေရောင်းတာကနေ စခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူစီးပွားရေးလုပ်ငန်းရှင် Mark Cuban
Dalls Mavericks ရဲ့ပိုင်ရှင်နဲ့ Mark Cuban ဟာ သူ့ရဲ့စွန့််ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်ဘ၀ကို
အသက် ၁၂ နှစ်မှတင်စတင်ခဲ့ပါတယ်။ သူက တစ်အိမ်တက်တစ်အိမ်ဆင်း အမှိုက်အိတ်တွေကို ဗူးနဲ့လိုက်ရောင်းခဲ့တာ ဖြစ်ပြီးတော့တစ်ဗူးကို ၃ ဒေါ်လာစီ အမြတ်ရခဲ့ပါတယ်။အမှိုက်အိတ်တွေ 
အပြင် အပိုဝင်ငွေရဖိုအတွက် တံဆိပ်ခေါင်းတွေကိုလည်းရောင်းခဲ့ပြီး စားသောက်ဆိုင် စားပွဲထိုးလည်း လုပ်ခဲ့ပါသေးတယ်။

၇။ ငယ်ငယ်တုန်းက နွားတွေကို သင်းကွပ်ခဲ့တဲ့ Amazon သူဌေး Jeff Bezos
Amazon ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ ဘီလီယံနာ Jeff Bezos ဟာ အသက်၎ နှစ်ကနေ ၁၆ နှစ်အထိ
နွေရာသီကျောင်းပတ်ရက်တွေမှာ သူရဲ့အဘိုးအဘွားတွေရဲ့လယ်ထဲမှာ နေထိုင်ခဲ့ပါတယ်။ လယ်ထဲမှာ လိုအပ်တာတွေလုပ်ကိုင်ပေးရင်း အပျက်အစီးတွေကို ပြင်တာနဲ့ နွားတွေကို သင်းကွပ်တာတွေကို လုပ်ခဲ့
ရပါတယ်။ အားတဲ့အချိန်တွေမှာလည်း McDonald စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့ပါတယ်။

၈။ အသက် ၁၇ နှစ်အရွယ်မှာ စီးပွားရေးစလုပ်ခဲ့တဲ့ Richard Branson
၁၉၆၈ ခုနှစ်မှာ အသက် ၁၇ နှစ်အရွယ် Richard Branson ဟာ Student ဆိုတဲ့ လူငယ်မဂ္ဂဇင်း
တစ်ခုကို ထုတ်ခဲ့ပြီးတော့ ပထမဆုံးစာအုပ်မှာပဲ ဒေါ်လာ၈,၀၀၀ ဖိုး ကြော်ငြာရောင်းရခဲ့ပါတယ် ။နှစ်နှစ်ကြာပြီးတဲ့အခါမှာ Branson ဟာစာပို့လုပ်ငန်းကတစ်ဆင့် သီချင်းခွေတွေကို ရောင်းချခဲ့ပြီးတော့ လုပ်ငန်းကြီးထွားလာကာ Virgin Records ဆိုတဲ့ ဓာတ်ပြားတိုက်ကြီးဖြစ်လာပါတယ်။

၉။ အားကစားတစ်ယောက်ဖြစ်ခဲ့တဲ့ Phil Knight
NIKE ကို စတင်တည်ထောင်ခဲ့တဲ့ Knight ဟာ Portland မြို့၊ Oregonပြည်နယ်က Clevelan High School ရဲ့တာတိုပြေးသမားတစ်ယောက်ဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်တွေမှာ သူရဲ့နည်းပြနဲ့ပေါင်းပြီးတော့ အပြေးဖိနပ်တွေရောင်းချခဲ့ပါတယ်။

၁၀။ အတန်းထဲမှာ အတော်ဆုံးဖြစ်ခဲ့တဲ့ Janet Yellen
အမေရိကန်နိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်တဲ့ Janet Yellen ဟာ ငယ်ငယ်ကတည်းက ထူးချွန်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ Brooklyn၊ New Yorkမြို့ရဲ့ Fort Hamilton HighSchool မှာ တက်နေတုန်းမှာပဲ Columbia Universityပို့ချတဲ့ သင်္ချာဘာသာရပ်ကိုလည်း သင်ယူခွင့်ရခဲ့ပါတယ်။
၁၉၆၃ ခုနှစ်မှာ ဘွဲ့ရခဲ့ပြီးတော့ အတန်းထဲမှာ အတော်ဆုံးဆုရခဲ့ပါတယ်။
ကျောင်းသတင်းစာရဲ့ အယ်ဒီတာချုပ် အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
                                                  
စာညွှန်း- Business Insider မှ What 10 successful people were doing
as teenagers ကို ဆီလျော်အောင် ဘာသာပြန်ထားတာဖြစ်ပါတယ်။

SFJ Strategy First Journal
 http://www.thutazone.com/2016/08/blog-post_68.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။