ဒေါ်နယ်ထရမ့်ထက် ချမ်းသာတဲ့ လမ်းဘေးသူတောင်းစား။
ဒေါ်နယ်ထရမ့်ဆိုတာ အခုလာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် အသက် ၇၀ အရွယ် ဘီလျံနာသူဋ္ဌေးကြီးဆိုတာ လူအတော်များများ သိကြပါတယ်။
ဘယ့်နှယ်သူတောင်းစားက သူ့ထက်ချမ်းသာတယ်ဆိုတော့ ဗန်းမော်သိန်းဖေတစ်ယောက် ဘာပေါက်ကရတွေများ ရေးလိုက်တာလဲလို့ ထင်သွားကြမှာပါ။ ပေါက်ကရမဟုတ် အမှန်တကယ်ပါ။
အဲဒီစကားကို သူဋ္ဌေးကြီး ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ပြောခဲ့တာပါ။ သူ ဘယ်လိုပြောခဲ့သလဲဆိုတာကို အောက်မှာ ဖတ်ကြည့်လိုက်ပါ။
ကျနော်ဟာ အိုးအိမ်တွေ ဆောက်လုပ်ရောင်းစားတဲ့ အဖေ ဖရက်ဒ်အောက်မှာ လုပ်ရင်းနဲ့ ပညာတွေ အများကြီး ရလိုက်တယ်။ ကျနော် ဘွဲ့ရပြီးတော့ ကိုယ်ပိုင်စီးပွားရေးအဖြစ် အိုးအိမ်တွေ၊ ဟိုတယ်ကြီးတွေ၊ ရုံးခန်းမျှော်စင်ကြီးတွေ ဆောက်လုပ်ပြီး အခန်းတွေ ရောင်းတယ်၊ ငှားစားတယ်။ ဒီလိုနဲ့ ၁၉၈၀ ခုနှစ်ကျော်ကာမှာ ကျနော့်စီးပွားရေး အရမ်းကောင်းပြီး ချမ်းသာလာတယ်။ ကျနော့်မှာ ကိုယ်ပိုင်လေယဉ်ပျံ၊ ကိုယ်ပိုင်ရွက်လှေ၊ ကြီးကျယ်ခမ်းနားတဲ့ ခြံကျယ်ကြီးနဲ့ အိမ်ကြီး ပိုင်ဆိုင်နေပြီ။ ဒီထဲက ကျနော်ရေးတဲ့ စာအုပ်ကလည်း အမေရိကန်နိုင်ငံမှာ Best Seller စာရင်းဝင်ဖြစ်နေတယ်။ မဂ္ဂဇင်းတွေက ကျနော် ထိသမျှဟာ ရွှေဖြစ်နေတယ်လို့ ရေးကြတယ်။ အဲဒါတွေ ဖတ်ပြီး ဘဝင်က မိုးထိ မြင့်တက်နေတယ်။
အဲဒီအချိန်မှာ ကျနော့်အသက်က ၃၀ ကျော်ရုံနဲ့ လူပျိုကလည်းဖြစ်တော့ စဉ်းစားကြည့်ပေါ့ဗျာ။ ပိုက်ဆံကလည်း ကျိကျိတက်ချမ်းသာ မိန်းမတွေကလည်း ဝိုင်းဝိုင်းလည်နေတော့ ကျနော် အရမ်းမြောက်နေမိတယ်။ ဥရောပတခွင်ကို ကိုယ်ပိုင်လေယဉ်နဲ့သွားတယ်။
လုပ်ငန်း သွားလုပ်တာ မဟုတ်ဘူး။ ဈေးအကြီးဆုံးဟိုတယ်တွေမှာ တည်းပြီး
ဖက်ရှင်ပြပွဲတွေ လိုက်ကြည့်တယ်။ အဲဒီမှာ လပေါင်းအတော်ကြာကြာနေလိုက်တ ယ်။ ကျနော့်လုပ်ငန်းတွေကို အောက်ကလူတွေနဲ့ပဲ လွဲအပ်ထားပြီး ပြန်မကြည့်ဖြစ်ဘူး။
အဲဒီအချိန်မှာပဲ အမေရိကန်နိုင်ငံမှာ အိမ်မြေအရောင်းအဝယ်တွေ ရုတ်ချဉ်းရပ်ဆိုင်းသွားတယ်။
ကျနော်ဆောက်ထားတဲ့ အိမ်တွေ၊ ဟိုတယ်တွေ လုံးဝ မရောင်းရတော့ဘူး။ အဲဒီတော့
ကျနော့်မှာ အကြွေးတွေ တင်သွားတယ်။ ဘယ်လောက်ထင်လဲ။ ပေးစရာအကြွေး စုစုပေါင်း
ဒေါ်လာ ၉.၂ ဘီလီယံပါ။
တနေ့ မြို့ထဲမှာ လမ်းလျှောက်သွားရင်းနဲ့ လမ်းဘေးမှာ တောင်းစားနေတဲ့ လူတစ်ယောက်ကို တွေ့လိုက်တော့ ကျနော့်ကိုယ် ကျနော်ပြောလိုက်မိတယ်။ သူတောင်းစားက ငါ့ထက် ဒေါ်လာ ၉.၂ ဘီလီယံ ပိုချမ်းသာတယ်လို့။ ဘာလို့လဲဆိုတော့ ကျနော့်မှာ အကြွေး ၉.၂ ဘီလီယံရှိနေပြီး သူ့မှာပေးစရာ အကြွေးမှ မရှိတာကိုး။
တကယ်လို့ သင့်မှာ အကြွေးမရှိခဲ့ဘူးဆိုရင် ကားကောင်းကြီးစီးနေတဲ့ သူဋ္ဌေးကြီးတွေကိုတွေ့ရင် သင်ဟာ သူတို့ထက် အများကြီးချမ်းသာတယ်လို့ မှတ်လိုက်ပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ အကြွေးတွေနဲ့ မကင်းကြလို့ပါ။ ပိုချမ်းသာသူဟာ အကြွေးပိုများတတ်ပါတယ်။
ဗန်းမော်သိန်းဖေ
၁၆-၀၈-၁၆
ဒေါ်နယ်ထရမ့်ဆိုတာ အခုလာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် အသက် ၇၀ အရွယ် ဘီလျံနာသူဋ္ဌေးကြီးဆိုတာ လူအတော်များများ သိကြပါတယ်။
ဘယ့်နှယ်သူတောင်းစားက သူ့ထက်ချမ်းသာတယ်ဆိုတော့ ဗန်းမော်သိန်းဖေတစ်ယောက် ဘာပေါက်ကရတွေများ ရေးလိုက်တာလဲလို့ ထင်သွားကြမှာပါ။ ပေါက်ကရမဟုတ် အမှန်တကယ်ပါ။
အဲဒီစကားကို သူဋ္ဌေးကြီး ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ပြောခဲ့တာပါ။ သူ ဘယ်လိုပြောခဲ့သလဲဆိုတာကို အောက်မှာ ဖတ်ကြည့်လိုက်ပါ။
ကျနော်ဟာ အိုးအိမ်တွေ ဆောက်လုပ်ရောင်းစားတဲ့ အဖေ ဖရက်ဒ်အောက်မှာ လုပ်ရင်းနဲ့ ပညာတွေ အများကြီး ရလိုက်တယ်။ ကျနော် ဘွဲ့ရပြီးတော့ ကိုယ်ပိုင်စီးပွားရေးအဖြစ် အိုးအိမ်တွေ၊ ဟိုတယ်ကြီးတွေ၊ ရုံးခန်းမျှော်စင်ကြီးတွေ ဆောက်လုပ်ပြီး အခန်းတွေ ရောင်းတယ်၊ ငှားစားတယ်။ ဒီလိုနဲ့ ၁၉၈၀ ခုနှစ်ကျော်ကာမှာ ကျနော့်စီးပွားရေး အရမ်းကောင်းပြီး ချမ်းသာလာတယ်။ ကျနော့်မှာ ကိုယ်ပိုင်လေယဉ်ပျံ၊ ကိုယ်ပိုင်ရွက်လှေ၊ ကြီးကျယ်ခမ်းနားတဲ့ ခြံကျယ်ကြီးနဲ့ အိမ်ကြီး ပိုင်ဆိုင်နေပြီ။ ဒီထဲက ကျနော်ရေးတဲ့ စာအုပ်ကလည်း အမေရိကန်နိုင်ငံမှာ Best Seller စာရင်းဝင်ဖြစ်နေတယ်။ မဂ္ဂဇင်းတွေက ကျနော် ထိသမျှဟာ ရွှေဖြစ်နေတယ်လို့ ရေးကြတယ်။ အဲဒါတွေ ဖတ်ပြီး ဘဝင်က မိုးထိ မြင့်တက်နေတယ်။
အဲဒီအချိန်မှာ ကျနော့်အသက်က ၃၀ ကျော်ရုံနဲ့ လူပျိုကလည်းဖြစ်တော့ စဉ်းစားကြည့်ပေါ့ဗျာ။ ပိုက်ဆံကလည်း ကျိကျိတက်ချမ်းသာ မိန်းမတွေကလည်း ဝိုင်းဝိုင်းလည်နေတော့ ကျနော် အရမ်းမြောက်နေမိတယ်။ ဥရောပတခွင်ကို ကိုယ်ပိုင်လေယဉ်နဲ့သွားတယ်။
အဲဒီအချိန်မှာပဲ အမေရိကန်နိုင်ငံမှာ အိမ်မြေအရောင်းအဝယ်တွေ ရုတ်ချဉ်းရပ်ဆိုင်းသွားတယ်။
တနေ့ မြို့ထဲမှာ လမ်းလျှောက်သွားရင်းနဲ့ လမ်းဘေးမှာ တောင်းစားနေတဲ့ လူတစ်ယောက်ကို တွေ့လိုက်တော့ ကျနော့်ကိုယ် ကျနော်ပြောလိုက်မိတယ်။ သူတောင်းစားက ငါ့ထက် ဒေါ်လာ ၉.၂ ဘီလီယံ ပိုချမ်းသာတယ်လို့။ ဘာလို့လဲဆိုတော့ ကျနော့်မှာ အကြွေး ၉.၂ ဘီလီယံရှိနေပြီး သူ့မှာပေးစရာ အကြွေးမှ မရှိတာကိုး။
တကယ်လို့ သင့်မှာ အကြွေးမရှိခဲ့ဘူးဆိုရင် ကားကောင်းကြီးစီးနေတဲ့ သူဋ္ဌေးကြီးတွေကိုတွေ့ရင် သင်ဟာ သူတို့ထက် အများကြီးချမ်းသာတယ်လို့ မှတ်လိုက်ပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ အကြွေးတွေနဲ့ မကင်းကြလို့ပါ။ ပိုချမ်းသာသူဟာ အကြွေးပိုများတတ်ပါတယ်။
ဗန်းမော်သိန်းဖေ
၁၆-၀၈-၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။