“သူဋ္ဌေးဖြစ်စေတဲ့  IQ (Financial IQ)”
နဲနဲ ရ နဲနဲသုံး၊ များများရ များများ သုံးပြီး ငွေကြေး နဲ့ အမြဲ နပန်းလုံးနေရ တဲ့ လူတွေ အကြောင်း(ကိုယ်ရော၊သူများေ ရာပေါ့)
စဉ်းစားမိရင်..တခါတလေ တွေးမိတယ်.... ငယ်ငယ်က သင်ရတဲ့ ဘာသာရပ် တွေထဲမှာ
ငွေကို လက်တွေ့ စီမံခန့် ခွဲတဲ့ ဘာသာရပ် ဘာလို့ ထဲ့မသင်ရတာလဲ..လို့ ။
ကျနော်တို့ သင်ခဲ့ ရတဲ့ ..ပထ၀ီတို့ ၊သမိုင်းတို့ ၊ရူပ၊ဓာတု တို့ ဆိုတာလူ
့ဘ၀တလျှောက်မှာ အမြဲ သုံးရတာမှ မဟုတ်ဘဲ။
ငွေကြေးစီမံခန့် ခွဲ တယ်ဆိုတာကတော့ အမြဲ လိုလို သုံးနေရတာ။ အနဲဆုံး
တလတခါ(လခထုတ် ရက်)တော့ သူ့ အကြောင်း စဉ်းစားရတာပဲ။ ဘယ်ဟာတွေ
ဘယ်လောက်ကုန်မလဲ။ ဘယ်ဟာတွေတော့ ချွေတာမလဲ.. အစရှိသဖြင့်ပေါ့။
Robert T. Kiyosaki ကလဲ ဒီလို ပဲ အကြံပြုတယ်..ဒီ ငွေကြေးသုံးစွဲ မှု ဘာသာရပ် ကို ငယ်ငယ်ထဲ က ထဲ့ သင်ရမှာတဲ့။ သူ့ ကို တော့ တော်တော်များများ သိကြမယ်ထင်ပါတယ်၊ “Rich Dad,Poor Dad” (ချမ်းသာဖေဖေ၊ဆင်းရဲ ဖေဖေ) ဆိုတဲ့ စာအုပ်နဲ့ ကမ္ဘာကျော် ခဲ့တဲ့ သူပေါ့ ။သူက အဲဒီစာအုပ်ထဲမှာ အဖေ ၂ယောက် အကြောင်းရေးထားတာကို တော်တော်များများဖတ်ဖူးမယ်ထ င်ပါတယ်။
တစ်ယာက်က ပညာတွေသိပ်တတ်ပေမယ့်  ငွေကြေးအတွက်အမြဲ စိတ်ပုနေရတဲ့ 
တက္ကသိုလ်ပါမောက္ခအဖေ နဲ့  နောက်တစ်ယောက် က သာမာန်ဘွဲ့ ရ ဖြစ်ပေမယ့် 
ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင် အဖေ အကြောင်းပါ။
(၀င်ငွေဘယ်လောက်ပဲရှိရှိ)ငွေကြေးကို စီမံခန့်ခွဲ နိုင်တဲ့အပေါ်မူတည် ပြီး ဆင်းရဲသူ နဲ့ ချမ်းသာတဲ့သူအဖြစ် ခြားနာသွားကြတယ် ဆိုတာ ပြောပြထားတာ....
အခုပြောပြချင်တာက..သူရေးတဲ့ 
နောက်စာအုပ်တစ်အုပ် ထဲကအကြောင်း.. ”Increase your Financial IQ” (သင်
့ရဲ့ ငွေကြေးစီမံခန့် ခွဲ နိုင်စွမ်း IQ ကို တိုးတက်အောင် လုပ်ပါ) ဆို တဲ့ 
စာအုပ်ပါ။ အဲဒီစာအုပ်ထဲမှာ တဦးချင်းအနေနဲ့  ငွေကို စီမံခန့် ခွဲ တဲ့ 
အဆင့် ၅ ဆင့် ကို ပြောပြထားပါတယ်။(တကယ်တော့ ကျနော်တို့ သိနေတဲ
့အချက်တွေပါပဲ။ မကျင့် သုံး ဖြစ် လို့ သာ။)
(၁)Making more money-ငွေ ပို ရအောင် ရှာပါ။
(၂)Protect your money-ရှာလို့ ရ တဲ့ ငွေ ကို ထိန်းသိမ်းစောင့်ရှောက်ပါ။
(ကျနော် တို့ ငွေ လေးနဲ နဲ ရှိရင် ဟို သုံးချင်။ဒီသုံး ချင် ဖြစ်တဲ့ စိတ်ကိုလဲထိန်းသိမ်းဖို့ ။)
(၃) Budgeting your money-ငွေကို ဘတ်ဂျက်နဲ့  စနစ်တကျ စီမံခန့် ခွဲ သုံးပါ။
(၄) Leveraging your money-ငွေကို တိုးပွားအောင် လုပ်ပါ။
(သူက.. စုမိတဲ့ ငွေ၊ပိုတဲ့ ငွေ ကို စီးပွားရေး၊ဒါမှမဟုတ် ရင်းနှီးမြှုတ်နှံမှု တခု ခု လုပ် ဖို့ အကြံပြုပါတယ်။ငွေနဲ့ ငွေကို ပြန် ရှာ စေချင်တာပါ။)
(၅)Improve your financial information-ငွေကြေးဆိုင်ရာ ဗဟုသုတပညာတွေ၊ သတင်းအချက်အလက်တွေ ပို သိအောင်၊ပိုရအောင်လုပ်ပါ.. တဲ့ ။
ကျနော်တွေးမိတာ တစ်ခုရှိတယ်..မှန်မမှန်တော
့မသိဘူး။ အရင်တခါ ပြောခဲ့ တဲ့ IQ တွေထဲ မှာ Analytical IQ
(ခွဲခြမ်းစိတ်ဖြာတဲ့ IQ) မြင့်သူတွေ က ပညာရှင် တွေဖြစ်သွားပြီး Financial
IQ (ငွေကြေးစီမံခန့် ခွဲတဲ့ IQ) မြင့်တဲ့ သူတွေ က လုပ်ငန်းရှင်တွေ၊သူဌေးတွေ
ဖြစ်သွားသလား..လို့ ။
Robert T. Kiyosaki ကပြောတယ်။ Financial IQ (ငွေကြေးစီမံခန့် ခွဲတဲ့ IQ) က လဲ လေ့ကျင့်ယူရင် ရပါတယ်..တဲ့။ ကဲ..ကျနော်တို့ အဆင့်  ၅ ဆင့်ထဲ က ဘယ်အဆင့်မှာ အားနဲသလဲ။ Financial IQ အားကောင်း အောင် လေ့ကျင့် ကြည့် ကြရ အောင်။
အားလုံး အောင်မြင်ပျော်ရွှင်ကြပါစေ..
ဒေါက်တာအောင်မျိုး
နဲနဲ ရ နဲနဲသုံး၊ များများရ များများ သုံးပြီး ငွေကြေး နဲ့ အမြဲ နပန်းလုံးနေရ တဲ့ လူတွေ အကြောင်း(ကိုယ်ရော၊သူများေ
Robert T. Kiyosaki ကလဲ ဒီလို ပဲ အကြံပြုတယ်..ဒီ ငွေကြေးသုံးစွဲ မှု ဘာသာရပ် ကို ငယ်ငယ်ထဲ က ထဲ့ သင်ရမှာတဲ့။ သူ့ ကို တော့ တော်တော်များများ သိကြမယ်ထင်ပါတယ်၊ “Rich Dad,Poor Dad” (ချမ်းသာဖေဖေ၊ဆင်းရဲ ဖေဖေ) ဆိုတဲ့ စာအုပ်နဲ့ ကမ္ဘာကျော် ခဲ့တဲ့ သူပေါ့ ။သူက အဲဒီစာအုပ်ထဲမှာ အဖေ ၂ယောက် အကြောင်းရေးထားတာကို တော်တော်များများဖတ်ဖူးမယ်ထ
အခုပြောပြချင်တာက..သူရေးတဲ
(၁)Making more money-ငွေ ပို ရအောင် ရှာပါ။
(၂)Protect your money-ရှာလို့ ရ တဲ့ ငွေ ကို ထိန်းသိမ်းစောင့်ရှောက်ပါ။
(ကျနော် တို့ ငွေ လေးနဲ နဲ ရှိရင် ဟို သုံးချင်။ဒီသုံး ချင် ဖြစ်တဲ့ စိတ်ကိုလဲထိန်းသိမ်းဖို့ ။)
(၃) Budgeting your money-ငွေကို ဘတ်ဂျက်နဲ့  စနစ်တကျ စီမံခန့် ခွဲ သုံးပါ။
(၄) Leveraging your money-ငွေကို တိုးပွားအောင် လုပ်ပါ။
(သူက.. စုမိတဲ့ ငွေ၊ပိုတဲ့ ငွေ ကို စီးပွားရေး၊ဒါမှမဟုတ် ရင်းနှီးမြှုတ်နှံမှု တခု ခု လုပ် ဖို့ အကြံပြုပါတယ်။ငွေနဲ့ ငွေကို ပြန် ရှာ စေချင်တာပါ။)
(၅)Improve your financial information-ငွေကြေးဆိုင်ရာ
ကျနော်တွေးမိတာ တစ်ခုရှိတယ်..မှန်မမှန်တော
Robert T. Kiyosaki ကပြောတယ်။ Financial IQ (ငွေကြေးစီမံခန့် ခွဲတဲ့ IQ) က လဲ လေ့ကျင့်ယူရင် ရပါတယ်..တဲ့။ ကဲ..ကျနော်တို့ အဆင့်  ၅ ဆင့်ထဲ က ဘယ်အဆင့်မှာ အားနဲသလဲ။ Financial IQ အားကောင်း အောင် လေ့ကျင့် ကြည့် ကြရ အောင်။
အားလုံး အောင်မြင်ပျော်ရွှင်ကြပါစေ..
ဒေါက်တာအောင်မျိုး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။