English Speaking Basics (14) အင်္ဂလိပ်စကားပြောအခြေခံများ (၁၄)
…………………………………………………
ကျနော်တို့က လုပ်စရာ ပြောစရာ စသည်ဖြင့် တစ်ခုခုရှိနေတာကို အတိအကျ သေသေချာချာ ဖေါ်ပြဖို့ စကားလုံးရှာမရ ဖြစ်နေတဲ့အခါ ဘာလုပ်ဖို့ တစ်ခုရှိတယ် ညာလုပ်ဖို့တစ်ခုရှိတယ် စသည်ဖြင့် စကားခံပြီး ပြောဆိုလေ့ရှိကြပါတယ် ၊ အဲလိုပြောတာမျိုးကို အင်္ဂလိပ်လို ပြောချင်တဲ့အခါ ဒီပုံစံကို သုံးနိုင်ပါတယ်..
.
I HAVE SOMETHING + (VERB)
……………………………………….
When using the expression 'I have something' you are communicating that you need to do something that is unspecified or undetermined.
.
(1) I have something to complete.
ကျနော့်မှာ ပြီးပြည့်စုံအောင်လုပ်ဖို့ ကိစ္စတစ်ခုရှိတယ်
(2) I have something important to tell you.
ကျနော့်မှာ ခင်ဗျားကို ပြောဖို့ အရေးကြီးတဲ့ ကိစ္စတစ်ခုရှိတယ်
(3) I have something to share with you.
ကျနော့်မှာ ခင်ဗျားနဲ့ မျှဝေဖို့ တစ်စုံတစ်ခုရှိတယ်
(4) I have something to encourage you.
ကျနော်က ခင်ဗျားကို အားပေးအားမြှောက်ပြုဖို့ အကြောင်းတစ်ခု ရှိပါတယ်
(5) I have something special planned for your birthday.
ကျနော့်မှာ ခင်ဗျားရဲ့ မွေးနေ့အတွက် အထူးစီစဉ်ထားတဲ့ ကိစ္စတစ်ခု ရှိပါတယ်
(special planned က something (noun) ကို နောက်ကနေ အထူးပြုထားတဲ့ adj စာလုံးတွဲဖြစ်ပါတယ်)
(6) I have something else to consider.
ကျနော်မှာ ထည့်သွင်းစဉ်းစားဖို့ အခြားတစ်ခု ရှိပါတယ် (something else = အခြားတစ်ခု)
(7) I have something to attend tonight.
ကျနော့်မှာ ဒီနေည သွားတက်ဖို့ တစ်ခု ရှိပါတယ်
( မင်္ဂလာဆောင် ၊ ညစာစားပွဲ ..စသည်ဖြင့် ဘာရယ်လို့မပြောထားပါ )
(8) I have something to ask you.
ကျနော် ခင်ဗျားကို မေးဖို့ တစ်ခုရှိပါတယ်
(9) I have something to explain (to) you.
ကျနော်က ခင်ဗျားကို ရှင်းပြဖို့ အကြောင်းအရာတစ်ခုရှိပါတယ်
(10) I have something to apologize (to) you.
ကျနော်က ခင်ဗျားကို တောင်းပန်ဖို့ အကြောင်းတစ်ခုရှိပါတယ်
……………………………………………………………
အပို လျှာရှည်ခြင်း
………………….
** နံပါတ်စဉ် (၉) နဲ့ (၁၀) တို့မှာ verb ရဲ့ နောက်က “to” လေးပါနေတာကို သတိပြုလိုက်ပါ ၊ တစ်စုံတစ်ဦးအတွက် တိတိကျကျ ရည်ညွှန်းပြောဆိုတဲ့အခါ “ to” လေး ထည့်ပေးရပါမယ် ။
ဒါမျိုးကျ မထည့်တော့ဘူး
I apologize for being late.
ကျနော် နောက်ကျနေတဲ့ အတွက် တောင်းပန်ပါတယ်
………
ဒါမျိုးကိုတော့ ထည့်ပါ..
Brad apologized (to Simon) for his rudeness.
ဘရက်က ဆိုင်မွန်ကို သူ့ရဲ့ ရိုင်းပြမှုအတွက် တောင်းပန်ခဲ့တယ် .. (ဆိုင်မွန်ကို တိတိကျကျ ဦးတည်ထားတာ မဟုတ်ပါလားဗျာ )
…………….
ကဲ ခုတော့ သေသေချာချာသိသွားပြီနော်..
.
မေတ္တာဖြင့်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။