သာမန်ဆေးလိပ်သောက်ခြင်းနဲ
့အီလက်ထရောနစ်ဆေးလိပ်တွေ သောက်ခြင်းဟာ ကျန်းမာရေးပိုင်းမှာ
သိသာတဲ့ခြားနားမှုမျိုး မရှိဘူးလို့ သိရပါတယ်။ E - စီးကရက်တွေမှာပါဝင်တဲ့
အဆိပ်အတောက်ဓာတ်တွေဟာလည်း ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်ပျက်စီးမှု မျိုးကို
ဖြစ်စေနိုင်ကြောင်းတွေ့ ရှိခဲ့ပါတယ်။
“ ကျွန်တော်တို့ ရဲ့လေ့လာမှုအရ အီလက်ထရောနစ်စီးကရက်တွေဟာ လူထုဆီ ဈေးကွက်တင်ရောင်းချတဲ့အခါ ဖော်ပြထားသလောက် စိတ်ချရမှုမရှိဘူးလို့ အခိုင်အမာဆိုချင်ပါတယ်” အမေရိကန်နိုင်ငံ၊ ဆန်ဒီယေဂိုမြို့ ၊ စစ်မှုထမ်းဟောင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဌာနက သုတေသန ပညာရှင်တွေဟာ ဈေးကွက်အတွင်းက နာမည်ကြီး e- စီးကရက် တံဆိပ်နှစ်မျိုးကို လေ့လာခဲ့ကြ ပါတယ်။ တွေ့ ရှိချက်အရ အဆိုပါတံဆိပ်နှစ်မျိုးစလုံးဟာ အသားပို၊အကြိတ်ဖြစ်စေနိုင်တဲ့ ဆဲလ်ပျက်စီးမှုမျိုး ဖြစ်ပေါ်စေကြောင့်တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။
တစ်ချို့ နိုင်ငံတွေဟာ e - စီးကရက်ကိုတားမြစ်ပိတ်ပင်ထားပေမယ့် အမေရိကန်နဲ့ ဗြိတိန်မှာတော့ အဆိုပါ အီလက်ထရောနစ်စီးကရက်တွေကို သောက်သုံး၊ရောင်းချခြင်းကို တရားဝင်လုပ်ဆောင်နိုင်ပါတယ်။သုတေသန ပညာရှင်တွေဟာ petri dish ခေါ် ဓာတ်ခွဲခန်းသုံးစမ်းသပ်ဘူးထဲမှာ လူသားတွေရဲ့ဆဲလ်ကို အီလက်ထရောနစ်စီးကရက်ရဲ့အခိုးအငွေ့ နဲ့ ထိတွေ့ စေကာ စမ်းသပ်လေ့လာခဲ့ကြပါတယ်။ ဒီစမ်းသပ်ခံဆဲလ်တွေဟာ သာမန်ဆဲလ်တွေနဲ့ ယှဉ်ရင် DNA ပျက်စီးမှုနဲ့  ဆဲလ်သေဆုံးမှု ဖြစ်နိုင်ခြေပိုများနေတာကို တွေ့ ရှိခဲ့ရတာ ဖြစ်ပါတယ်။
“ နီကိုတင်းဟာ ဆဲလ်ပျက်စီးမှုကိုဖြစ်စေနိုင်ကြောင်း သက်သေပြထားတဲ့လေ့လာမှုတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် နီကိုတင်းတင်မကဘဲ တခြားဓာတ်ပစ္စည်း အမျိုးမျိုးကပါ ဒီလိုပျက်စီးမှုကိုဖြစ်စေနိုင်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ ရှိခဲ့ရပါတယ်” လို့ ပရော်ဖက်ဆာ Wang-Rodriguez က ပြောပြပါတယ်။ “ e-စီးကရက်မှာ နီကိုတင်းလုံးဝမပါဘူးလို့ တော့ မဟုတ်ပါဘူး။ အနည်းအကျဉ်းလေးလောက်သာပါဝင်ပြီး ဒီလို ဆဲလ်ပျက်စီးပြောင်းလဲမှုတွေ ဖြစ်စေနိုင်လောက်အောင် ပမာဏ မများပါဘူး။ ဒါကြောင့် ဒီလိုဆဲလ်ပျက်စီးမှုဖြစ်စေနိုင်တဲ့ တခြားပါဝင်ပစ္စည်းတွေ e- စီးကရက်မှာရှိနေပါလိ့်မ်မယ်” လို့  ပရော်ဖက်ဆာက ရှင်းပြခဲ့ပါတယ်။ယခုအခါမှာ သိပ္ပံပညာရှင်တွေဟာ ဒီတခြား ပါဝင်ပစ္စည်းတွေနဲ့ သူတို့ ရဲ့ အကျိုးသက်ရောက်မှုတွေကို ခွဲခြားလေ့လာဖို့ ကြိုးပမ်းလျက်ရှိပါတယ်။
Ref: DailyMail
Trend Myanmar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။