Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 9, 2016

“လူနာဆောင် အမှတ်-၆” (သို့ မဟုတ်)..................

“လူနာဆောင် အမှတ်-၆” (သို့ မဟုတ်)..................

(ဒီစာလေးက ၂၀၁၅ သြဂုတ်လက ပြည်ခိုင်ဖြိုးပါတီအတွင်း သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌအဖြစ်ကနေ ဖယ်ရှားတဲ့ အချိန်တုန်းက ရေးခဲ့တာပါ..)

မြန်မာပြည်မှာ ဗိုလ်ချုပ်တွေ တစ်ယာက်ကို တစ်ယောက် အာဏာနဲ့  ဖြုတ်ချတာမြင်တိုင်း.. “လူနာဆောင်အမှတ်-၆” ဆိုတဲ့ ဝတ္ထုလေးကို သတိရတယ်။ ကမ္ဘာကျော် ရုရှစာရေးဆရာကြီး ချက်ကော့ ရေးတဲ့  Ward Six ကို ဆရာ ဖေမြင့် ဘာသာ ပြန်ထားတာပါ။

ဇာတ်လမ်းလေးက ဆေးရုံတစ်ရုံ၊ ဆေးရုံအုပ်ဆရာဝန်ကြီး တစ်ယောက်နဲ့  စိတ္တဇ လူနာတွေ ထားတဲ့ အကျဉ်းစခန်းလို အုတ်တိုက်ငယ်လေးတစ်ခု အကြောင်း။ အဲဒီခေတ်က စိတ်မမှန်တဲ့ လူနာတွေကို စိတ်ရောဂါ ရှိတဲ့သူတွေလို့ မသတ်မှတ်ပဲ အရူးတွေ၊လူ့ လောက အပြင်ဘက်ကလူတွေ လို့ သဘောထားတဲ့ အချိန်ပေါ့ ။ဒါကြောင့်  အဲဒီဆရာဝန်ကြီးရဲ့  ဆေးရုံဝင်းထဲ ခပ်ဝေးဝေး၊ချောင်ကျကျတစ်နေရာက အုတ်တိုက် ငယ်လေးတခု ကို ဒီလူနာတွေထားဖို့  အဆောင်တခုသတ်မှတ်ပြီး “လူနာဆောင် အမှတ်-၆” လို့  သတ်မှတ်ထားတာ။”အရူးဆောင်” ပေါ့ ။
တကယ်တော့ လူနာဆောင်လို့ သာ ဆိုတယ်...အချုပ်ခန်းလို အခန်း၊ သံတံခါးကို တနေကုန်ပိတ်ထားတာ။အဲဒီ အဆောင်ကို စောင့် ဖို့ တော့  မိုက်မိုက်ကန်းကန်း တပည့်  တစ်ယောက်ကို ဆရာဝန်ကြီးကခန့် ထားပြီး အဆာင်ထဲက လူနာတွေ ထွက်ပြေးရင်၊ ဆူပူရင် ထိုးကြိတ်ဖို့ သူ့ ကို အာဏာ အပြည့် ပေးထားတယ်။ဆရာဝန်ကြီးကလဲ သွားကြည့် ချင်မှကြည့် ၊ ခြုံနွယ်ပိတ်ပေါင်း တွေကို လဲရှင်းချင်မှရှင်း၊ အခန်းကလဲ ညစ်ပါတ်စုတ်ပြတ်နဲ့  “အစွန့် ပစ်ခံနေရာ” တခုလို ဖြစ်နေတာပေါ့ ။
တိုတိုပြောရရင်..နောက်ရောက်လာတဲ့ ဆရာဝန်လေးရဲ့ ယုတ်မာကြံစီမှုကြောင့် နောက်ဆုံး အဲဒီဆရာဝန်ကြီးကို တကယ်မရူးပဲနဲ့  တစ်ဆေးရုံလုံး၊တမြို့ လုံးက အရူးလို့  သတ်မှတ်ပါ လေရော..နောက်ဆုံး သူ့ ကိုလဲ အဲဒီ “လူနာဆောင် အမှတ်-၆” ကို ပို့ လိုက်တာပေါ့ ။ အဲဒီတော့ မှ ဆရာဝန်ကြီး သဘောပေါက်သွားတယ်.ဒီအဆောင်ဘယ်လောက် ညစ်ပါတ်စုတ်ပြတ်ပြီး ဆိုးရွာနေတယ်ဆိုတာ။အဲဒီ တော့ မှ သူ နားလည်သွားတယ်.သူမှာ ဒီအဆောင်ကို ကောင်းအောင် လုပ်နိုင်တဲ့  အာဏာရှိတုန်းက ကောင်းအောင် မလုပ်ခဲ့ မိတာ.ဒါပေမယ့် သူ အသိနောက်ကျသွားပြီ။ အဆောင်စောင့် တဲ့ သူ့ တပည့် ကို “ငါ မရူးပါဘုးကွာ..အပြင်ထွက်ခွင့် ပေးပါ” လို့ .. ခခယယ ပြောတာတောင် တပည့် က မယုံပဲ တပည့် ထိုးကြိတ်တာ ခံခဲ့ ရတယ်..နောက် တရက် ဆရာဝန်ကြီး သေသွားတယ်.. ဇာတ်လမ်းက ဒါပါပဲ။
ဒါပေမယ့် အဲဒီ ၀တ္ထု ဖတ်ကထဲ..ကျနော် ရလိုက်တဲ့ အသိက “လူတွေ အနေနဲ့  အာဏာတွေ၊ လုပ်ပိုင်ခွင့် တွေရှိတုန်း မကောင်းဘူး၊မသင့် တော်ဘူးလို့ ထင်တာတွေ ပြု ပြင် ပြင်ဆင်ကြရမယ်။လူနာဆောင် အမှတ်-၆ ကို ကိုယ်တော့ မရောက်နိုင်ဘူးမထင်နဲ့ ။ အာဏာလက်နက်နဲ့  အနိုင်ကျင့် တဲ့ စနစ်မပြင်နိုင်ရင် တနေ့ ကို်ယ် ဒီနေရာရောက်နိုင်တယ်.. ရောက်မှ နောင်တတွေရ နေရလို့ အပိုပဲ... လို့ ”။
ဒီတော့ အာဏာရှိသူတွေ အာဏာရှိတုန်း၊လုပ်ပို်င်ခွင့် ရှိသူတွေလုပ်ပိုင်ခွင့် ရှိတုန်း.. မကောင်းတဲ့  စနစ်တွေကိုပြင်ဆင်နိုင်ကြပါစေ.. ပိုကောင်းမွန်တဲ့ လူ့ အဖွဲ့အစည်း၊တိုင်းပြည် ဖြစ်ဖို့  ဆောင်ရွက် နို်င်ကြပါစေ..လို့ ။

အားလုံးအောင်မြင်ပျော်ရွှင်ကြပါစေ..
ဒေါက်တာအောင်မျိုး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။