#အိပ်မက်ကိုဖျက်ဆီးသူများ။
မနေ့က.ဖေ့ဘွတ်မှာfri ဖြစ်နေတဲ့.အမျိုးသမီးတယောက်က.ကျနော့်စာအုပ်ရောင်းကောင်းတာကို.ချီးကျုးတဲ့mes sageလေးပို့လာပါတယ်။.messag eထဲမှာ.သူ့မရဲ့အိမ်မက်ဟာ."တ နေ့ကျရင်.အောင်မြင်တဲ့စာရေး ဆရာမတယောက်ဖြစ်လာဖို့ပါ"လို့ လဲရေးထားတယ်။.ကျနော်ကလဲ."ဘ ဝမှာ.ဖြစ်ချင်တဲ့အိပ်မက်ဆို တာ.လူတိုင်းရှိကြပါတယ်။.ဒါေ ပမဲ့.ကွာခြားတာက.အိပ်မက်ကို .လက်တွေ့အကောင်အထည်ဖေါ်သူနဲ့ အကောင်အထည်မဖေါ်သူတွေပဲ.ဖြစ် ပါတယ်"လို့ပြန်ရေးလိုက်ပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး.ဘယ်မှာဖတ်ခဲ့ဖူးမှန်းမသိတဲ့အကြောင်း အရာလေးတခု.ခေါင်းထဲပေါ်လာလို့ .ရေးပြချင်ပါတယ်။
အမေရိကန်နိုင်ငံက.တောရွာလေး တခုမှာပါ။.အဲဒီရွာကကျောင်းေ လးတခုရဲ့ဆရာမက.သူမရဲ့အတန်းထဲက.ကလေးတွေကို.သူတို့ကြီးလာ ရင်.ဘာဖြစ်ချင်သလဲဆိုတဲ့အိပ်မက်လေးတွေကို.စာရွက်တခုပေါ် မှာရေးပြီး.သူမဆီကိုအတန်းချိန်မပြီးခင်.တင်ခိုင်းလိုက် ပါတယ်။.ကလေးအားလုံးလဲ.ဆရာမေ ပြာတဲ့အတိုင်း.စာရွက်မှာရေး ပြီးတင်လိုက်ကြတယ်။
နောက်တနေ့ကျတော့.ဆရာမက.ကောင်လေးတယောက်ကို.သူ့အမေကိုလာေ တွ့ဖို့ပြောခိုင်းလိုက်တယ်။ .အဲဒီညနေပိုင်းမှာ.ကောင်လေး ရဲ့အမေဟာ.စိုးရိမ်တကြီးနဲ့ေ ကျာင်းကိုရောက်လာပါတယ်။.ဆရာ မက.သူ့သားရေးလိုက်တဲ့အိပ်မက်အကြောင်းကို.မကြိုက်လို့ပြ န်ရေးခိုင်းလိုက်ပါတယ်။
ညပိုင်းရောက်တော့.အိမ်ပြန်ေ ရာက်လာတဲ့ကောင်လေးအဖေကို.အေ မလုပ်သူက.အဲဒီအကြောင်းပြန်ေ ပြာလိုက်တယ်။.အဖေက.သူ့သားကစာရွက်ပေါ်မှာ.ဘာများရေးထားလို့လဲလို့မေးတယ်။.အမေက.စာရွက်ကိုထုတ်ပြလိုက်တယ်။.စာရွက် မှာရေးထားတာက."ကျနော်.ကြီလာ ရင်.ပြိုင်မြင်းတွေအများကြီးမွေးထားတဲ့.ဧက(၁၀၀)ကျယ်တဲ့ ခြံကြီးတခုပိုင်ဆိုင်ချင်တယ်"တဲ့။
အဖေ...."အဲဒါ.ဘာဖြစ်လို့လဲ" လို့မေးလိုက်တယ်။
အမေ..."ဆရာမကပြောတယ်။.ကျမတို့လိုဆင်းရဲတဲ့မိသားစုကပေါက်ဖွားလာတဲ့ကလေးတယောက်ရဲ့ဖြစ်ချင်တဲ့အိပ်မက်ဟာ.ဖြစ်မှမြ ဖစ်နိုင်တာပဲတဲ့"
အဖေ..."ဆရာမက.ဘယ်လိုရေးစေချ င်တာလဲ"
အမေ..."ဆရာမရေးစေချင်တာက.ကြီးလာရင်.ဆရာဝန်ဖြစ်ချင်တယ်။ .အင်ဂျင်နီယာဖြစ်ချင်တယ်။.ရုပ်ရှင်မင်းသားဖြစ်ချင်တယ်. အဲလိုဖြစ်နိုင်တာကိုပဲ.ရေးေ စချင်တယ်တဲ့"
အဖေက.သူ့သားကိုအနားလာဖို့.လှမ်းခေါ်လိုက်ပြီး."သားလေး.မ င်းအမေ.အခုပြောသွားတဲ့အထဲက. တခုခုဖြစ်ချင်တယ်လို့ရေးပြီး.မနက်ဖြန်ကျရင်.ဆရာမကိုတင် ပေးလိုက်ကွာ"လို့ပြောလိုက်တ ယ်။
ကောင်လေးက."ကျနော်.အဲဒါတြွေ ဖစ်ချင်တာမှ.မဟုတ်တာ။.ကျနော်ဖြစ်ချင်တာက.စာရွက်ပေါ်မှာေ ရးထားတဲ့အတိုင်းပဲ"
အဖေက."ဟုတ်ပါတယ်။.အခုရေးခို င်းတာက.မင်းအိပ်မက်မဟုတ်ဘူး ။.ဆရာမရဲ့အိပ်မက်ကွ။.ဒါကြော င့်.သူ့အိပ်မက်ကိုရေးပြီး.မ နက်ဖြန်ကျရင်.သူ့ဆီတင်ပေးလိုက်။.မင်းရေးထားတဲ့မင်းတကယ် ဖြစ်ချင်တဲ့အိပ်မက်စာရွက်ကို.မင်းရဲ့စာကြည့်စားပွဲက.အံ ဆွဲထဲမှာ.သိမ်းထားလိုက်။.ပြီးရင်.ညတိုင်းထုတ်ပြီး.ဖတ်ကွာ။.ပြီးတော့.မင်းရဲ့အိပ်မက်ကိုဖြစ်အောင်.အကောင်အထည်ဖေါ်ပါ။.ဖြစ်ကိုဖြစ်လာလိမ့်မယ် လို့.ငါ.လုံးဝယုံကြည်တယ်"လို့ပြောလိုက်တယ်။
နှစ်ပေါင်း၎ဝကြာတော့.အဲဒီကောင်လေးဟာ.ဈေးအလွန်ကြီးတြဲ့ ပိုင်မြင်းအကောင်တစ်ရာမွေးထားတဲ့ဧက(၁၀၀)ကျယ်တဲ့ခြံဝန်း ကျယ်ကြီးပိုင်ဆိုင်သူ.သူဋ္ဌေး ကြီးတယောက်ဖြစ်လာခဲ့ပါတယ်။
သင့်ဘဝမှာလဲ.သင့်အိပ်မက်ကို မဖြစ်နိုင်ဘူးလို့ပြောပြီး. အိပ်မက်ကိုဖျက်ဆီးသူများရှိနိုင်ပါတယ်။.အဲဒါတွေကို.နားမယောင်ပဲ.မိမိအိပ်မက်ကို.ယုံယုံကြည်ကြည်.ဇွဲရှိရှိနဲ့ အကောင်အထည်ဖေါ်သူတွေသာ.ဘဝမှာ ဖြစ်ချင်တာကိုဖြစ်အောင်လုပ် ပြီး.အောင်မြင်မှုရကြပါတယ်။
မှတ်ချက်။...မိဘတွေလဲ.သတိထားစေချင်ပါတယ်။.သင့်ကလေးရဲ့အိပ်မက်ကိုဖျက်ဆီးပစ်သူတယောက်.မဖြစ်ပါစေနဲ့လို့။
ဗန်းမော်သိန်းဖေ
၂၀၁၆၊ဇန္နဝါရီ(၁၇)ရက်
မနေ့က.ဖေ့ဘွတ်မှာfri ဖြစ်နေတဲ့.အမျိုးသမီးတယေ
အဲဒါနဲ့ပတ်သက်ပြီး.ဘယ်မှာဖတ
အမေရိကန်နိုင်ငံက.တောရွာလေး
နောက်တနေ့ကျတော့.ဆရာမက.ကောင
ညပိုင်းရောက်တော့.အိမ်ပြန်ေ
အဖေ...."အဲဒါ.ဘာဖြစ်လို့လဲ"
အမေ..."ဆရာမကပြောတယ်။.ကျမတိ
အဖေ..."ဆရာမက.ဘယ်လိုရေးစေချ
အမေ..."ဆရာမရေးစေချင်တာက.ကြ
အဖေက.သူ့သားကိုအနားလာဖို့.လ
ကောင်လေးက."ကျနော်.အဲဒါတြွေ
အဖေက."ဟုတ်ပါတယ်။.အခုရေးခို
နှစ်ပေါင်း၎ဝကြာတော့.အဲဒီကေ
သင့်ဘဝမှာလဲ.သင့်အိပ်မက်ကို
မှတ်ချက်။...မိဘတွေလဲ.သတိထာ
ဗန်းမော်သိန်းဖေ
၂၀၁၆၊ဇန္နဝါရီ(၁၇)ရက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။