အမြင်နဲ့အတွေး
===========
သားအဖနှစ်ဦး လမ်းထွက်လျှောက်ကြရင်း ကြယ်ငါးပွင့်ဟိုတယ်ရှေ့တွင် နောက်ဆုံးပေါ်ကားတစ်စီးရပ်ထားသည်ကို တွေ့လိုက်သည်။
သား ။ ။ “ဒီလို ကားမျိုးစီးတဲ့လူက ဗိုက်ထဲမှာ အသိပညာမရှိတဲ့လူပဲ ဖြစ်ရမယ်”
ဖခင် ။ ။ “ဒီလိုစကားပြောတဲ့လူက အိတ်ထဲမှာ ပိုက်ဆံမရှိတဲ့လူပဲဖြစ်ရမယ် ”
အရာဝတ္ထုတစ်ခုပေါ် ကြည့်တဲ့ ကိုယ့်အမြင်ဟာ ကိုယ့်ရဲ့အတွင်းစိတ် သဘောထားအမှန်ကို ဖော်ပြနေသလား။
ညနေစာစားပြီးသော် အမေနှင့် သမီးဖြစ်သူက နောက်ဖေးတွင် ပန်းကန်များကို ဆေးကြောနေခဲ့ပြီး သားအဖနှစ်ဦးက ဧည့်ခန်းတွင် တီဗီထိုင်ကြည့်နေသည်။ ရုတ်တရက် နောက်ဖေးမှ ပန်းကန်ကျကွဲသံကို ကြားလိုက်ရပြီး ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
သား ။ ။ “မေမေ့ကြောင့် ကျကွဲတာဖြစ်ရမယ်”
ဖခင် ။ ။ “ သားကဘယ်လိုလုပ်သိလဲ ”
သား ။ ။ “ ဆဲသံမကြားလို့ဖေဖေ ”
တချို့လူတွေက မတူညီတဲ့ စံထားနဲ့ ကြည့်တဲ့အမြင်တွေ ကွဲပြားတတ်ကြတယ်။ တခြားလူလုပ်ရင် အပြစ်ရှိတယ်။ ကိုယ်လုပ်ရင်တော့ အပြစ်မရှိဘူး။
တစ်ခါက ဂျပန်နိုင်ငံရှိ ကျွန်းတစ်ကျွန်းသို့ ခရီးသည်များ သွားရောက်လည်ပတ်ကြသည်။ ထိုကျွန်းရှိ လမ်းများမှာ အလွန်ဆိုးပြီး ချိုင့်ခွက်များဖြင့် မညီမညာဖြစ်နေသည်။ လမ်းပြတစ်ဦးက ခရီးသည်များကိုလမ်းမှာ ကျောက်ပေါက်နေသူနှင့် တူသည်ဟု ပြောဆိုတောင်းပန်ခဲ့သည်။ အခြားလမ်းပြတစ်ဦးက “ ကျွန်တော်တို့ အခုလျှောက်နေတဲ့ လမ်းကတော့ ဒီနယ်တစ်ဝိုက်မှာ နာမည်ကြီးတဲ့ ပါးချိုင့်လမ်းလေးပေါ့” ဟု ကဗျာဆန်ဆန် ပြောခဲ့သည်။
တူညီတဲ့အဖြစ်အပျက်မှာ မတူညီတဲ့ အမြင်ကြောင့် ကွဲပြားတဲ့ ရလာဒ်ကို ခံစားကြရတယ်။ အတွေးဆိုတာ ထူးဆန်းတဲ့ အရာတစ်မျိုးပါ။ ကိုယ်တွေးရင် တွေးသလိုခံစားရတယ်။ အကောင်းတွေးရင် စိတ်ချမ်းသာရပြီး အဆိုးတွေးရင် ကိုယ်ပဲခံစားရပါတယ်။
အပေါ်ကပုံပြင်နှင့် ခပ်ဆင်ဆင်တူသော ပုံပြင်တစ်ပုဒ်က တတိယတန်း ကျောင်းသားကလေးများကို ဆရာမက "ကိုယ့်ဆန္ဒ" ဟူသော စာစီစာကုံးတစ်ပုဒ်ကို ရေးခိုင်းခဲ့သည်။ ကျောင်းသားတစ်ယောက်က သူ၏ဆန္ဒမှာ မိန်းကလေးတစ်ယောက်ဖြစ်ရန်ဟု ရေးထားသည်။ ထိုအဖြေကို အရှေ့တိုင်းရှိဆရာမက ဤသို့ပြောခဲ့သည်။
“ ဒီကျောင်းသားက ကြီးပွားမဲ့သူမဟုတ် ”
သို့သော် အနောက်တိုင်းရှိ ဆရာမတစ်ဦးက “ဒီကျောင်းသားဟာ တစ်ကမ္ဘာလုံးကို အပြုံးတွေ ဖြန့်မယ့်သူဖြစ်တယ်” ဟုမှတ်ချက်ချပေးခဲ့သည်။
တချို့လူတွေက အားပေးမှုကို လိုလားသော်လည်း အောင်မြင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို အကျယ်မဖွင့်ဆိုချင်ကြဘူး။
သူတောင်းစား ။ ။ “၁၀ ကျပ်လောက်ပါ စွန့်ခဲ့ပါခင်ဗျာ”
လမ်းလျှောက်သူ။ ။ “ငါးကျပ်ပဲ ပါတယ်ခင်ဗျာ”
သူတောင်းစား ။ ။ “ငါးကျပ်ကို အကြွေးမှတ်ထားလိုက်မယ်”
တချို့လူတွေက ရတာနဲ့တင် မရောင့်ရဲတတ်ကြဘဲ လောဘစိတ်က ကျေးဇူးတင်စိတ်ကို လွှမ်းမိုးသွားတတ်ကြတယ်။
ဇနီးမောင်နှံနှစ်ဦး ရှေးဟောင်းပြတိုက်တစ်ခုသို့
သွားရောက်လည်ပတ်ကြတယ်။ မိန်းမဖြစ်သူက ယောက်ျားအား “သြော်
တစ်လမ်းလုံးငေးလာလို့ လမ်းလျှောက်တာ အဲဒီလောက်နှေးနေတာကိုး” ဟု
အပြစ်တင်လေသည်။
တချို့လူတွေက ဘဝလမ်းကြောင်းပေါ်မှာ ပြေးနေဖို့ပဲသိပြီး ခံစားဖို့မေ့နေတတ်ကြတယ်။
မိန်းမဖြစ်သူက မီးဖိုချောင်ထဲတွင် ကြော်လှော် ချက်ပြုတ်နေသည်။ ယောက်ျားဖြစ်သူက ဘေးမှနေ၍ မိန်းမဖြစ်သူအား “ဖြည်းဖြည်းလုပ်။ ဆားထည့်။ ဆီများသွားပြီ။ မီးပြင်းပြန်ပြီ။ ငါးကို လှန်လိုက်။ ဟော တူးပြန်ပြီ။ ဟာ အိုးစောင်းသွားပြီ” စသည်ဖြင့် ဆရာလုပ်နေသည်။
“ ရှင်တော်တော့၊ ကျွန်မထက်ရှင် ဟင်းချက်တတ်လို့လား”
“ မောင့်ထက် ရှင်မက ဟင်းချက်ပိုတော်ပါတယ်။ မောင်ကားမောင်းနေတဲ့အချိန်မှာ ရှင်မလည်း မောင့်ဘေးကနေ အဲလို တတွတ်တွတ်ရွတ်နေလို့ ကိုယ်ချင်းစာတတ်အောင် တမင်ပြောနေတာပါ”
သူ့နေရာဝင်ခံစားကြည့်မယ်၊ သူ့ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် တခြားသူကို ကိုယ်ချင်းစာတတ်ဖို့ဆိုတာ မခက်ပါဘူး။
Healthcare.com.mm
Ref:
နိုင်းနိုင်းစနေ စမ်းချောင်းလေးရဲ့ ခရီးစဉ် စိတ်ခွန်အားပြည့် စာစုများ စာအုပ်မှကောက်နှုတ်ထားပါသည်။
===========
သားအဖနှစ်ဦး လမ်းထွက်လျှောက်ကြရင်း ကြယ်ငါးပွင့်ဟိုတယ်ရှေ့တွင်
သား ။ ။ “ဒီလို ကားမျိုးစီးတဲ့လူက ဗိုက်ထဲမှာ အသိပညာမရှိတဲ့လူပဲ ဖြစ်ရမယ်”
ဖခင် ။ ။ “ဒီလိုစကားပြောတဲ့လူက အိတ်ထဲမှာ ပိုက်ဆံမရှိတဲ့လူပဲဖြစ်ရမယ်
အရာဝတ္ထုတစ်ခုပေါ် ကြည့်တဲ့ ကိုယ့်အမြင်ဟာ ကိုယ့်ရဲ့အတွင်းစိတ် သဘောထားအမှန်ကို ဖော်ပြနေသလား။
ညနေစာစားပြီးသော် အမေနှင့် သမီးဖြစ်သူက နောက်ဖေးတွင် ပန်းကန်များကို ဆေးကြောနေခဲ့ပြီး သားအဖနှစ်ဦးက ဧည့်ခန်းတွင် တီဗီထိုင်ကြည့်နေသည်။ ရုတ်တရက် နောက်ဖေးမှ ပန်းကန်ကျကွဲသံကို ကြားလိုက်ရပြီး ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
သား ။ ။ “မေမေ့ကြောင့် ကျကွဲတာဖြစ်ရမယ်”
ဖခင် ။ ။ “ သားကဘယ်လိုလုပ်သိလဲ ”
သား ။ ။ “ ဆဲသံမကြားလို့ဖေဖေ ”
တချို့လူတွေက မတူညီတဲ့ စံထားနဲ့ ကြည့်တဲ့အမြင်တွေ ကွဲပြားတတ်ကြတယ်။ တခြားလူလုပ်ရင် အပြစ်ရှိတယ်။ ကိုယ်လုပ်ရင်တော့ အပြစ်မရှိဘူး။
တစ်ခါက ဂျပန်နိုင်ငံရှိ ကျွန်းတစ်ကျွန်းသို့ ခရီးသည်များ သွားရောက်လည်ပတ်ကြသည်။ ထိုကျွန်းရှိ လမ်းများမှာ အလွန်ဆိုးပြီး ချိုင့်ခွက်များဖြင့် မညီမညာဖြစ်နေသည်။ လမ်းပြတစ်ဦးက ခရီးသည်များကိုလမ်းမှာ ကျောက်ပေါက်နေသူနှင့် တူသည်ဟု ပြောဆိုတောင်းပန်ခဲ့သည်။ အခြားလမ်းပြတစ်ဦးက “ ကျွန်တော်တို့ အခုလျှောက်နေတဲ့ လမ်းကတော့ ဒီနယ်တစ်ဝိုက်မှာ နာမည်ကြီးတဲ့ ပါးချိုင့်လမ်းလေးပေါ့” ဟု ကဗျာဆန်ဆန် ပြောခဲ့သည်။
တူညီတဲ့အဖြစ်အပျက်မှာ မတူညီတဲ့ အမြင်ကြောင့် ကွဲပြားတဲ့ ရလာဒ်ကို ခံစားကြရတယ်။ အတွေးဆိုတာ ထူးဆန်းတဲ့ အရာတစ်မျိုးပါ။ ကိုယ်တွေးရင် တွေးသလိုခံစားရတယ်။ အကောင်းတွေးရင် စိတ်ချမ်းသာရပြီး အဆိုးတွေးရင် ကိုယ်ပဲခံစားရပါတယ်။
အပေါ်ကပုံပြင်နှင့် ခပ်ဆင်ဆင်တူသော ပုံပြင်တစ်ပုဒ်က တတိယတန်း ကျောင်းသားကလေးများကို ဆရာမက "ကိုယ့်ဆန္ဒ" ဟူသော စာစီစာကုံးတစ်ပုဒ်ကို ရေးခိုင်းခဲ့သည်။ ကျောင်းသားတစ်ယောက်က သူ၏ဆန္ဒမှာ မိန်းကလေးတစ်ယောက်ဖြစ်ရန်ဟု
“ ဒီကျောင်းသားက ကြီးပွားမဲ့သူမဟုတ် ”
သို့သော် အနောက်တိုင်းရှိ ဆရာမတစ်ဦးက “ဒီကျောင်းသားဟာ တစ်ကမ္ဘာလုံးကို အပြုံးတွေ ဖြန့်မယ့်သူဖြစ်တယ်” ဟုမှတ်ချက်ချပေးခဲ့သည်။
တချို့လူတွေက အားပေးမှုကို လိုလားသော်လည်း အောင်မြင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို အကျယ်မဖွင့်ဆိုချင်ကြဘူး။
သူတောင်းစား ။ ။ “၁၀ ကျပ်လောက်ပါ စွန့်ခဲ့ပါခင်ဗျာ”
လမ်းလျှောက်သူ။ ။ “ငါးကျပ်ပဲ ပါတယ်ခင်ဗျာ”
သူတောင်းစား ။ ။ “ငါးကျပ်ကို အကြွေးမှတ်ထားလိုက်မယ်”
တချို့လူတွေက ရတာနဲ့တင် မရောင့်ရဲတတ်ကြဘဲ လောဘစိတ်က ကျေးဇူးတင်စိတ်ကို လွှမ်းမိုးသွားတတ်ကြတယ်။
ဇနီးမောင်နှံနှစ်ဦး ရှေးဟောင်းပြတိုက်တစ်ခုသို့
တချို့လူတွေက ဘဝလမ်းကြောင်းပေါ်မှာ ပြေးနေဖို့ပဲသိပြီး ခံစားဖို့မေ့နေတတ်ကြတယ်။
မိန်းမဖြစ်သူက မီးဖိုချောင်ထဲတွင် ကြော်လှော် ချက်ပြုတ်နေသည်။ ယောက်ျားဖြစ်သူက ဘေးမှနေ၍ မိန်းမဖြစ်သူအား “ဖြည်းဖြည်းလုပ်။ ဆားထည့်။ ဆီများသွားပြီ။ မီးပြင်းပြန်ပြီ။ ငါးကို လှန်လိုက်။ ဟော တူးပြန်ပြီ။ ဟာ အိုးစောင်းသွားပြီ” စသည်ဖြင့် ဆရာလုပ်နေသည်။
“ ရှင်တော်တော့၊ ကျွန်မထက်ရှင် ဟင်းချက်တတ်လို့လား”
“ မောင့်ထက် ရှင်မက ဟင်းချက်ပိုတော်ပါတယ်။ မောင်ကားမောင်းနေတဲ့အချိန်မ
သူ့နေရာဝင်ခံစားကြည့်မယ်၊ သူ့ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် တခြားသူကို ကိုယ်ချင်းစာတတ်ဖို့ဆိုတာ မခက်ပါဘူး။
Healthcare.com.mm
Ref:
နိုင်းနိုင်းစနေ စမ်းချောင်းလေးရဲ့ ခရီးစဉ် စိတ်ခွန်အားပြည့် စာစုများ စာအုပ်မှကောက်နှုတ်ထားပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။